ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဖို့

ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဖို့ 
▪️ အခြေခံမူ ခိုင်မာပြီးလား
ရခိုင်က ကွန်ဖက်ဒရိတ်၊
ကျန်တရသတွေက ဖက်ဒရယ်
ဝ က  တပါတီအာဏာရှင်
အဲဒီမှာတင် ...
"ဖက်ဒရယ် ဒီမိုကရေစီ" မူဘောင်ထဲ မဝင်တော့ဘူး
အချိုး မညီဘူး။ နိုင်ငံရေး တန်းတူ မဖြစ်ဘူး။ မူပျက်ပြီ။

▪️ ပြည်နယ် သတ်မှတ်ပြီးပြီလား
ပြည်နယ်ရ လူမျိုးကြီး တွေက ပြောတယ်။ "ဗမာပြည်နယ် ဖွဲ့ပါ။ ၈ ပြည်နယ် လုပ်ပါ"
ပြည်နယ် မရ လူမျိုးငယ် တွေက ပြောတယ် ။ " ၈ ပြည်နယ် လက်မခံပါ။  ပြည်နယ်သစ်ပေးပါ"
တဖက်ကို ဘက်လိုက်မိရင် ၊ ကျန်တဖက်က မအလ နဲ့ ပေါင်းပြီး PDF   တွေကို တိုက်လိမ့်မယ်။ ယွက်ဆစ်က PDF ဟာ ဒမြတွေ ဖြစ်လာမယ်လို့ စကားခံထားတယ်။ မအလနဲ့ စစ်ရေးစာချုပ်ရှိတယ်။

▪️ ပြည်နယ် နယ်နိမိတ် သတ်မှတ်ပြီးပြီလား
ဗမာပြည်နယ် ဖွဲ့ခိုင်းတယ်။ ဗမာပြည်နယ် နယ်နိမိတ်ဟာ ပျူခေတ် နယ်နိမိတ်အရ ယခု ပြည်ထောင်စု တခုလုံးနီးပါးပဲ။ အဲဒီ နယ်နိမိတ် ပြန်ပေးသင့်တယ်။

ရှမ်းနီပြည်နယ် အတွက် မြစ်ကြီးနား၊ ဗန်းမော်ခရိုင် ကို ကချင်က စွန့်လွှတ်ရမယ်

ဝပြည်နယ်ကို ဘယ်အထိ ပေးမလဲ။ ကျိုင်းတုံပြည်နယ်မှာ ဝ တွေ နေခဲ့ဖူးတယ် ဆိုပြီး ဝ ချန်နယ်က လွှင့်နေပြီ။ ခွန်ဆာဆီက ယူထားတဲ့ မိုင်းဆက် ပြည်နယ်ကို ရှမ်းတွေ တရားဝင် စွန့်လွှတ်မလား။ လူဦရေးများတဲ့ လာဟူးတွေက ကျိုင်းတုံ တဝက်ကို ပြည်နယ်မရသင့်ဘူးလား။

ကချင်က ၁၉၄၇ မှာ မြောက် သိန္နီ ၊ မိုးမိတ် နှင့် တောင်ပိုင်  ပြည်နယ်ထဲ substate တောင်းတယ်။ မြစ်ကြီးနား၊ ဗန်းမော်ခရိုင် နဲ့ အလဲအထပ်လုပ်တယ်။ ၂၀၂၂ မှာ ကချင် substate အသံထွက်လာတယ်။ တအာင်းနဲ့ ရှမ်း သဘောတူလား

တအာင်းက တအာင်းစော်ဘွား ခွန်ပန်းစိန် အစားရတဲ့ တောင်ပိုင်ပြည်နယ် ၊ တရုပ်ထွက်ပေါက်အတွက်   မြောက် သိန္နီ ၊ မိုးမိတ် ပြည်နယ် က  နယ်မြေတွေ ကိုရော  လိုချင်တယ်။ ကချင်နဲ့ ရှမ်း သဘောတူလား



ကရင်နီ ၅ ပြည်နယ်ရှိခဲ့တယ်။ ကယန်းတပြည်နယ် ပြန်လိုချင်တယ်။ ပအိုဝ်း ပြည်နယ်က သထုံအထိ ပါတယ်။
ပလက်ဝ ကို ရခိုင် က လိုချင်တယ်။ ချင်းပြည်နယ်က ဆွဲထုတ်ထည့်မလား

အဲဒါတွေ အိမ်စာ ကြေမှ ဆက်ပြောကြတာပေါ့

( မြန်မာ့သမိုင်းကော်မရှင် အဖွဲ့ က ဦးရည်စိန် ၁၉၈၂ ထုတ် စာတမ်းကို တချက်ကြည့်။ .. ဗမာပြည်နယ် ဖွဲ့ခိုင်းတာ အိပ်နေတဲ့ ကျားမြီးသွားဆွဲတာပဲ။












Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား