စစ်ပြိုင် ငြိမ်းချမ်းရေး ? ခေတ်သစ်သမိုင်း စမှတ် ?

မန္တလေးမြို့နေရာဟာ ပုဂံခေတ်မှာ အလောင်းစည်သူမင်းကြီးက မင်းရှင်စော ကို  နှင်ထုတ်လိုက်လို့ ထွန်တုံးပူတက် အရပ်ကို ပြေးတယ်။ အဲဒီအရပ်ဟာ မိုးခေါင်ရေရှားလို့ လူနေလို့ မရဘူး။ မင်းရှင်စောရဲ့ နောက်လိုက်ဗိုလ်ပါတွေဟာ ကန်တိလိကို ဆည်ဖို့ပြီး အောင်ပင်လယ်ကန် တည်တယ်။ နောက် နန္ဒာကန် တူးတယ်။ နောက် ဇောင်ကလော၊ တမုတ်ဆိုးကန်တွေ တည်တယ်။ ငါးရံ့တွင်းတွေ တူးတယ်။ အဲဒီကစပြီး ရွာတွေဖြစ်လာတယ်။ 
အဲဒီရွာတွေမှာ မြန်မာလူမျိုးတွေ နေတယ်။ မွန်ဂိုဖျက်လို့ ပုဂံပျက်တော့ သတိုးမင်းဖျားက အင်းဝကို တည်တယ်။ ထွန်တုံးပူတက် နဲ့ သိပ်မဝေးဘူး။ အင်းဝဟာ မွန် ဒလဗန်းဖျက်လို့ ပျက်တယ်။ အလောင်းမင်းတရား သားတော် ဗဒုံမင်းက အင်းဝ နဲ့ ကပ်ရက်မှာ အမရပူရ တည်တယ်။ မင်းတုံးမင်းက နန်းလု သွေးစွန်းခဲ့ရတဲ့ အမရပူရမှာ မနေချင်။ ထွန်တုံးပူတက် အရပ်ကို ရတနာပုံလို့ သမုတ်ပြီး မြို့တည်တယ်။ ကျုံးပတ်လည် နန်းမြို့တည်တယ်။ လေးပြင်လေးရပ် မှာ အသည်သားတွေ  နေရာချတယ်။ 

ဒီလိုနဲ့ မန်းလေးမြို့ကြီးဟာ မူလက ဘိုးဘေးဘီဘင်တွေ နေခဲ့တဲ့ မြန်မာနေရာမှာ လေးပြင်လေးရပ် မြို့ကွက်ရိုက်ပြီး မြန်မာ၊ မွန်၊ ရှမ်း၊ ယိုးဒယား၊ ပုဏ္ဏား၊ ဂေါ် ရင်ဂျီ၊ တရုပ်၊ ကလား အသည်သားတွ  နေထိုင်ကြတယ်။ အနှီ  အသည်သားတွေမှာလည်း ပဒေသရာဇ်ခေတ် ထုံးစံ မြေဂရမ်တို့ မြေယာပိုင်ဆိုင်မှု ဥပဒေတို့ မရှိ။ တရားတဘောင်ဖြစ်လည်း မြို့ဝန် ဆုံးဖြတ်ချက်ပဲ။

ဒီလိုနဲ့ အင်္ဂလိပ်က မြန်မာပြည်ကို သိမ်းတယ်။ အဲဒီမှာ နောက်မှ ဝင်ရောက်လာတဲ့ အိန္ဒိယ၊ တရုပ်၊ လူမျိုးစုံ တွေဟာ  မြေယာပိုင်ဆိုင်မှု ဥပဒေတွေ မြေဂရံစာရွက်စာတမ်းတွေ မြေအရောင်းအဝယ် စာချုပ်တွေနဲ့ ဥပဒေနည်းကျ လုပ်လာတယ်။  တရားဝင် ပိုင်ဆိုင်မှု ဆိုတာ ဖြစ်လာတယ်။ 

အဲဒီအင်္ဂလိပ်ခေတ်က ပိုင်ဆိုင်မှု အထောက်အထားတွေနဲ့ပဲ ဒီမြေကွက်ကို ဘယ်သူပိုင်တယ် သတ်မှတ်တယ်။   မြန်မာတွေက "မင်းရှင်စောလက်ထက်က ဓားမဦးချ မြန်မာပိုင် ဖြစ်တယ်၊ ငါတို့ ဘိုးဘွားပိုင် မြေ ငါတို့ ပြန်ပေး "  ဆိုပြီး ဒုတ်ဓားတွေကိုင်ပြီး ပြန်လုကြတာ မရှိဘူး။

ဒီတော့ အရိုင်းခေတ်နဲ့ အယဉ်ခေတ်ကို လက်ခံနိုင်ကြဖို့လိုတယ်။ မြေရှင် ပဒေသရာဇ်ခေတ်မှာ လက်နက်အားကိုး မြေလုတာ အပြစ်မဟုတ်၊ ဒီမိုကရေစီခေတ်မှာ ပြည်သူ့ဆန္ဒခံယူလို့ ရနိုင်ပါရက်နဲ့၊ လက်နက်အားကိုး မြေလု နေကြတာ ပြန်စဉ်စားသင့်တယ်။ rule of law ဥပဒေနဲ့ အုပ်ချုပ်ခြင်း ကို လေးစားသူတိုင်း စာချုပ်တွေ၊ ဥပဒေတွေနဲ့ပဲ စကားပြောသင့်တယ်။

ရှေးပဝေသဏီတွေ လျှောက်ပြောရင် "ပျူ စစ်ရင် မြန်မာ" စာတမ်းတွေက သမိုင်းသုတေသန သက်သက် မဟုတ်ပဲ နိုင်ငံရေး စစ်ရေးမှာ မီးတောက်လိမ့်မယ်။ 


ဒါကြောင်း့ "ခေတ်သစ်သမိုင်း စမှတ်" ဟာ လိုအပ်တယ်။ မြန်မာပြည်က လူမျိုးတွေ အချင်းချင်း အငြင်းမပွါး ရန်မဖြစ်တဲ့ ကာလက အင်္ဂလိပ်ခေတ်ပဲ။ ဒီအချက်ဟာ အရေးကြီးတယ်။ အင်္ဂလိပ်ခေတ် ၁၉၄၇ ပင်လုံကာလကို စမှတ်ထားသင့်တယ်။

လူမျိုးစွဲ ပြည်နယ်တွေ ဖွဲ့မိတာက တချက် ၊ သမိုင်းသုတေသန အားနည်းတာက တချက်၊ မြန်မာစစ်တပ်က စစ်အင်အားရှိမှ လူရာဝင်မယ် ဆိုတဲ့ အခြေအနေကို ဖန်တီးခဲ့တာက တချက်၊ စစ်အာဏာရှင်စနစ်ရဲ့ သွေးခွဲ အုပ်ချုပ်ရေး ​ကြောင့် ပိုမို ရန်လိုလာကြတာ တချက်ကြောင့် ..

ဒီနိုင်ငံမှာ ငြိမ်းချမ်းရေးကို အဓိပ္ပါယ် တမျိုး ဖွင့်ဆိုကြတယ်။ မြန်မာစစ်တပ်နဲ့ EAO တွေ ပြောနေတဲ့ ငြိမ်းချမ်းရေးဆိုတာ တယောက်ခေါင်းကို တယောက် သေနတ်နဲ့ ထောက်ထားတာတဲ့ " စစ်ပြိုင် ငြိမ်းချမ်းရေး " ဖြစ်တယ်။

တကယ့် ငြိမ်းချမ်းရေးအစစ်က  
(၁) ခေတ်နောက်ပြန်ဆွဲ မြေလုတဲ့ မြေရှင် ပဒေသရာဇ် အတွေးအခေါ်တွေ လွှတ်ချရမယ် 
(၂) မွဲဆေးဖော်နေတဲ့  အမြဲတမ်းစစ်အင်အားတွေ အားလုံးလျော့ချရမယ် 
(၃) အဲဒါကို အစားထိုးဖို့ လူတိုင်း အလှည့်ကျ စစ်မှုထမ်းရမယ်။  
(၄) စစ်တပ်ထောင်ပြီး လူထုကို ဖိနှိပ်မယ့် အရေးက တားဆီးဖို့ လူတိုင်း လက်နက်ငယ်ကိုင်ခွင့်ရှိရမယ် 

အာဏာသည် သေနတ်ပြောင်းက ထွက်တဲ့ အခြေအနေမှာ ပြည်သူတိုင်း သေနတ်ပြောင်းကို ကိုင်ထားခွင့်ရှိရမယ်။ လူတိုင်းမဲပေးခွင့်ရှိရမယ်။ သေနတ်တဖက်၊ မဲတဖက် နည်းဟာ  လူတိုင်းဟာ defacto အာဏာရော၊ dejure အာဏာရော ကိုင်ထားတာပဲ။

အဲဒီအခါ ဘာတပ် ညာတပ် ဆိုပြီး သေနတ်ပြလုပ်စားမယ့် ဖောက်ပြန်မယ့် သူတွေ မလုပ်ဝံ့ကြဘူး။ ပြည်နယ်တွေမှာ ပြည်နယ်တပ်တွေရှိမယ်။ အလှည့်ကျ စစ်မှုထမ်းရတဲ့အတွကိ ၊ လူဦးရေ နည်းပါး တဲ့ အခြား တိုင်းရင်းသားတွေဟာ အမြဲတမ်း စစ်သားလုပ်စရာ မလိုဘူး။ ပညာရှာ၊ ကုန်ထုတ်လုပ် ၊ လူသားစစ်စစ်ဘဝ ကို ရမယ်။ 

"၀" ကို လူတွေက အားကျနေတယ်။ တကယ်တော့ တဖက်က သောင်ထွန်းပြီး တဖက်က ကမ်းပြိုနေတယ်။ " စစ်ပြိုင်ငြိမ်းချမ်းရေး" မှာ စစ်အင်အားအတွက် ပုံအောနေရတယ်။  ဝ ကျေးလက်ဒေသတွေဟာ မွဲတေနေတယ်။ ဝ စစ်သားတွေဟာ လစာငွေ 7.5 ဒေါ်လာပဲရတယ်။

  လူမျိုးနာမည်ပြည်နယ် စနစ်ကြောင့်၊ ခေတ်မမှီတော့တဲ့ လူမျိုးရေးဝါဒဟာ လူမျိုးတိုင်းကို အရိုင်းခေတ် ပြန်ပို့နေတယ်။ ပဒေသရာဇ်နယ်ချဲ့ ဝါဒ ထွန်ကားနေတယ်။  


အနူတောမှ လူချောဖြစ်နေတဲ့ ဝ ကို အခြားတိုင်းရင်းသားတွေက ကြည့်ပြီး အားကျကြတယ် ။ ဒါပေမယ့်  ဝ ကျေးလက်ဟာ ယိုးဒယားကျေးလက်လို တိုးတက်သင့်တယ်။ ဝ မြို့နယ်တွေဟာ တရုပ်မြို့ကြီးတွေ အဆင့်အတန်း ရောက်သင့်တယ်။ စစ်အစိုးရတွေက တံတားဆောက်၊  ဆည်ဆောင်၊ နေပြည်တော်တာ်တာကို တိုးတက်မှုလို့ အမြဲကြွားတယ်။ တကယ့်တိုးတက်မှုဟာ ပြည်သူတွေရဲ့ လူနေမှုဘဝ နဲ့ ဘဝပျော်ရွှင်မှု ဟာ အိမ်နီးချင်းတွေ တန်းတူ တိုးတက်တာမျိုးကို ခေါ်တယ်။ 

 စစ်သား ဖြစ်ချင်စိတ်မရှိပဲ စစ်ပြိုင်ဝါဒ အတင်းရိုက်သွင်းပြီး မွေးထဲက သေတဲ့အထိ အမြဲတမ်းစစ်သား ဖြစ်နေတဲ့ ဝ လူငယ်အများစုဟာ ၊ အခြားတိုင်းရင်းသားတွေက အားကျလို့ အဟုတ်မှတ်၊ ဘဝင်မြင့်နေတာပါ။ တကယ်တော့ နိုင်ငံတကာက လူငယ်တွေနဲ့ နှိုင်းယှဉ်ရင် သနားစရာပါ

သမိုင်းစမှတ်ကို အားလုံး က ကျေနပ်စွာ လက်ခံလိုက်ရင် မြေလုသူရော၊ မြေဖဲ့သူရော ဖက်ဒရယ် ဒီမိုကရေစီ အစစ်ကို မျက်နှာမူနိုင်ကြလိမ့်မယ်။ ၈ ပြည်ထောင်မူ၊ ဗမာပြည်နယ်မူ၊ လူမျိုးစွဲပြည်နယ်၊ ကွန်ဖက်ဒရိတ်မူတွေဟာ ( သူတို့ရှု့ထောင့်က ကြည့်ရင် မှန်တယ်ချည်း ဇွတ်ပြောကြပေမယ့်)  ဖက်ဒရယ် ဒီမိုကရေစီနဲ့ ဘာမျှ မဆိုင်ဘူး။  တလွဲဆံပင်ကောင်းနေကြတာဖြစ်တယ်။ 

ငါဘာလူမျိုးလဲ ဆိုတာ နဲ့ ဗမာ လူများတယ် ချိုးနှိပ်ထားရမယ် ဆိုတဲ့ စိတ်ကို ဘေးဖယ်နိုင်လို့ ရင်  ကိုယ်တိုင် ဖက်ဒရယ် ဒီမိုကရေစီ ဗိသုကာ နေရာက တခါလောက် ဝင်ရောက် တွေးကြည့်စမ်းပါ။  

"စစ်ပြိုင် ငြိမ်းချမ်းရေး" ဝါဒ သမားတွေရော ၊ တလွဲဆံပင်ကောင်းနေသူတွေရော ပေးဆပ်ဖို့ လိုပါပြီ။ လွှတ်ချဖို့ လိုပါပြီ။ 

လူမျိုး ၁၀၀ မှာ ၅၀ လောက်က ကိုယ်ပိုင်တပ်တွေနဲ့  warring states တွေ ဖြစ်နေရင် 

(၁)  ဗမာမုန်းတီးရေး၊ လူမျိုးအချင်းချင်း မုန်းတီးရေးကို ဆက်လုပ်နေရမယ် ( ဒါမှ မျိုးချစ်စိတ်ပေါ်မှာ)
 (၂) မှောင်ခိုလက်နက်တွေ ဈေးကြီးပေးဝယ်ဖို့  ချွေးနည်းစာတွေ အမြဲတမ်း သွန်းလောင်းနေရမယ်။ ဒါမှမဟုတ် ငွေရလွယ်တဲ့ မကောင်းမှု တွေလုပ်ရမယ် 
(၃) လူငယ်တွေဟာ ပညာမတတ်ဘူး၊ လွတ်လပ်တဲ့ တွေးခေါ်မှု အားပေးလို့ မရဘူး ( ပုန်ကန်မှာစိုးလို့) ဝါဒဖြန့်ခံထားရမယ်၊ စစ်ယန္တရားအောက်မှာ ဘဝတွေ လှုပ်ရှားနေရမယ် 
(၄) စိုက်ပျိုး၊ ကုန်ထုတ် လုပ်ငန်း လျော့နည်း ၊ နေမ​ပျော်၊ လုပ်စားမရ၊ စစ်မက် စိုးရိမ်၊ ပြည်ပထွက်ရင်း လူဦးရေ နည်းလာမယ်။ 

ဒါကြောင့် အယဉ်ခေတ်ကို ရွေးမလား၊ အရိုင်းခေတ်ကို နှစ်သက်သလား ရွေးချယ်ကြရတော့မယ်။















Comments

Popular posts from this blog

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား

ဖ၊ဆ၊ပ၊လ ပဏာမ ပြင်ဆင်မှု ညီလာခံမိန့်ခွန်း