အထူးပြဋ္ဌာန်းချက်များ ကျင့်သုံးသည့် မြန်မာနိုင်ငံရှိ နယ်မြေများ။

 
 အင်္ဂလိပ်လက်အောက်မှာ မြန်မာတနိုင်ငံထဲက တိုင်းရင်းသားတွေကို သွေးခွဲ အုပ်ချုပ်တယ်လို့ ပြောကြတာ ကြားဖူးလိမ့်မယ်။ နယ်ခြားဒေသက လူတွေက သူတို့ဟာ မြန်မာနိုင်ငံနယ်နိမိတ်ထဲမှာ အခြေခံဥပဒေ တခုအောက်မှာ အတူတူ ရှိနေပြီး ( မြင်လွယ်အောင်  - ခပ်ဆင်ဆင်တူတာ  ယနေ့  ပလောင်၊ ပအို့ဝ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေလို) အထူးပြဒါန်းထားသော ပြည်တွင်း ဒေသတွေသာ ဖြစ်တယ်။ သိတဲ့ သူတွေ သိပြီး ဖြစ်ပေမယ့် ခွန်မားကိုဘန်လို မျိုးရန်နောင်သိမ်းလို ပညာတတ်ပြီး ပြည်သူကို မျက်စိ နားဖွင့်ပေးသူတွေက " သီးခြားနိုင်ငံ၊ လွတ်လပ်သော နိုင်ငံ" တွေ ဖြစ်ပြီး ပင်လုံစာချုပ်မှာ နိုင်ငံချင်း ပူးပေါင်းတာလို   အရမ်းကာရော တလွဲတွေ ရေးသား ပြောဆို နေကြတာ အင်မတန် အံ့ဩလွန်းလို့ ဒီသက်သေကို ပြသတာပါ။ ခွန်မားကိုဘန် ဆိုရင် မြင်ဆရာပါ။ ဒါပေမယ့် သူ့စာအုပ်မှာ တလွဲဘာသာပြန်ထားတာတွေ မြင်ရတယ်။ ကာလာမသုတ္တန်အတိုင်း မူရင်းစာရွက်ကို ရှာတွေ့မှ လွဲနေတာ သိတော့တယ်။  CRPH NUCC ကို အကြံပေးချင်တာက မူရင်း စာရွက်စာတမ်းတွေကို ရှာပြီး လေ့လာပါ။ အဆင့်ဆင့် ကူးချထားတဲ့ ဖက်ဒရယ် စာတမ်းတွေ စာအုပ်တွေ ဖတ်ပြီး ဂျင်းထည့် မခံပါနဲ့။ စာကြောင်းတိုင်းက အညွန်းတွေကို ကာလာမသုတ္တန်အတိုင်း စာကြည့်တိုက်တွေထဲမှာ ရှာဖွေပါ။ လေ့လာပြီးမှ ဥပဒေရေးကြပါ။ သမိုင်းအမှား အယူအမှားတွေကြောင့်  နောင်တချိန်အက်ကြောင်းမထင်ဖို့ လိုပါတယ်။ အခြားတိုင်းရင်းသားတွေ စိတ်ထဲ သမိုင်းအမှားတွေကို စားသုံး၊ အယူမှားတွေနဲ့ မြန်မာ (ဗမာ) ဟာ  ပင်လုံစာချုပ်နဲ့ လူပါးဝတယ် ထင်နေရင် အင်မတန် အန္တရယ်များပါတယ်။   စစ်အာဏာရှင် စနစ် တိုက်ဖျက်ရေး ထက် ဗမာလူမျိုး ချိုးနှိမ်ရေး ဟာ ရှေ့တန်းရောက်နေတာ ဒီအယူမှားတွေက မြစ်ဖျားခံတယ်လို့ သုံးသပ်ရပါတယ်။ တချို့သော တိုင်းရင်းသား လက်နက်ကိုင်တွေကို ကြည့်ရင် " ငါ့အပိုင်စားရတဲ့ ဒေသ ကို မထိပါးရင် စစ်အာဏာရှင် စနစ် ကို မျှဝေ လက်ခံလို့ ရပါတယ်။  ဗမာလူမျိုးကြီး စွပ်စွဲချက်ကတော့ ပြောနေရမှာပဲ " ဆိုတဲ့ လူတွေ ဖြစ်တယ်။ 

  Government of Burma Act, 1935
၁၉၃၅ မြန်မာနိုင်ငံတော် စီရင်အုပ်ချုပ်မှု အက်ဥပဒေ 


SECOND SCHEDULE.
ဒုတိယဇယား။
Areas in Burma to which special provisions apply.
အထူးပြဋ္ဌာန်းချက်များ ကျင့်သုံးသည့် မြန်မာနိုင်ငံရှိ နယ်မြေများ။

 Part I.
အပိုင်းတစ်။
   
(1) The Federated Shan States as specified in Notification No.31, dated 27th September 1922, of the Political Department of the Government of Burma as amended by any subsequent notification made before the commencement of this Act.
(၁) ဤအက်ဥပဒေမစတင်မီက၊ ဤအက်ဥပဒေ မစတင်မီက ၊ အခြားမည်သည့် နောက်ဆက်တွဲ အကြောင်းကြားချက် မဆို ပြင်ဆင်ချက်အဖြစ်၊ မြန်မာနိုင်ငံအစိုးရ နိုင်ငံရေးဌာန၏ ၁၉၂၂ ခုနှစ် စက်တင်ဘာလ ၂၇ ရက် နေ့  ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် ၃၁ တွင် သတ်မှတ်ထားသည့် ဖက်ဒရယ်ရှမ်းပြည်နယ်များ။ 

(ရှင်းလင်းချက် - ယခု လက်ရှိ ရှမ်း ပြည်နယ်တွင်  ပါဝင် သည်။)


(2) The Shan States specified in Notification No.41, dated 5th October, 1992, of the Political Department of the Government of Burma, as amended by any subsequent notification made before the commencement of this Act other than the Federated Shan States. 

(၂) ဖက်ဒရယ်ရှမ်းပြည်နယ်များ မှတပါး၊  ဤအက်ဥပဒေ မစတင်မီက ၊ အခြားမည်သည့် နောက်ဆက်တွဲ အကြောင်းကြားချက် မဆို ပြင်ဆင်ချက်အဖြစ်၊ မြန်မာနိုင်ငံအစိုးရ နိုင်ငံရေးဌာန၏ ၁၉၉၂ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့၊ အောက်တိုဘာလ ၅ ရက်နေ့ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် ၄၁ တွင် သတ်မှတ်ထားသည့်  ရှမ်းပြည်နယ်များ။ 

(ရှင်းလင်းချက် - ဖက်ဒရယ်ရှမ်းပြည်နယ်များတွင် ထည့်သွင်းခြင်း မပြုသည့်  သောင်သွပ်၊ ဆင်ကလိုန် ခန္တီးလုံး ၊ ခန္တီးလုံ ပြည်နယ်များ ဖြစ်သည်။ လက်ရှိ  စစ်ကိုင်းတိုင်း မြောက်ပိုင်းတွင် စုစည်းပါဝင်သည်။)


(3) The Arakan Hill Tracts.
(၃)  ရခိုင်တောင်တန်းဒေသများ။ 

(ရှင်းလင်းချက် -  ပလက်ဝဒေသ နှင့် မြောက်ပိုင်းရှိ တောင်တန်းဒေသများ။ လက်ရှိ  ချင်းပြည်နယ်တွင်  ပါဝင် သည်။)

(4) The Chin Hill District.
(၄)  ချင်းတောင်တန်းခရိုင်။

(ရှင်းလင်းချက် -   လက်ရှိ ချင်းပြည်နယ်တွင်  ပါဝင်သည် )

(5) The Kachin Hill Tracts of the Myitkyina, Bhamo and Katha District.
(၅) မြစ်ကြီးနား၊ ဗန်းမော်နှင့် ကသာခရိုင်ရှိ ကချင်တောင်တန်းများ။

(ရှင်းလင်းချက် -  လက်ရှိ ကချင် ပြည်နယ်တွင် ပါဝင်သည်။)

(6) The Somra Tract.
(၆)  ဆော်မရဒေသ။ 

(ရှင်းလင်းချက် -  နာဂတောင်တန်းဒေသ လက်ရှိ စစ်ကိုင်းတိုင်းမြောက်ပိုင်းတွင် ပါဝင်သည်။)

(7) They are known as the Triangle.
(၇) တြိဂံနယ်မြေဆိုသည့် ဒေသ။ 

(ရှင်းလင်းချက် -  မေခနှင့်မလိခမြစ်နှစ်သွယ်ကြားရှိ ဒေသ။  လက်ရှိ ကချင် ပြည်နယ်တွင် ပါဝင်သည်။)

(6) The Area known as the Hukawng Valley lying to the north of the Upper Chindwin District.
(၆) အထက်ချင်းတွင်းခရိုင်၏ မြောက်ဘက်တွင် ဟူးကောင်းတောင်ကြားဟု လူသိများသော နယ်မြေ။

(ရှင်းလင်းချက် - လက်ရှိ   စစ်ကိုင်းတိုင်း မြောက်ပိုင်းနှင့် ကချင် ပြည်နယ်တွင် ပါဝင်သည်။)


(9) The Salween District.
(၉) သံလွင်ခရိုင်။ 

(ရှင်းလင်းချက် - လက်ရှိ  ကရင် ပြည်နယ်တွင်  ပါဝင်သည်။ ၁၉၅၂ ခုနှစ်၊ နိုဝင်ဘာလ (၇) ရက် နေ့တွင် သံလွင်ခရိုင်ခေါ်  ဖာပွန်နယ်နှင့် ဘားအံ၊ လှိုင်းဘွဲ့၊ သံတောင်နယ်များကို စုစည်း၍ ကရင် ပြည်နယ်  ဖြစ်သတ်မှတ်သည်။ ၁၉၅၄ ခုနှစ် ဇွန်လ (၁) ရက်နေ့တွင် ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီးနယ်များအပါအဝင် ကရင် ပြည်နယ်  ဖြစ် တိုးချဲ့ သတ်မှတ်သည်။ ထို့ကြောင့်လက်ရှိ ကရင် ပြည်နယ် သည် အပိုင်းတစ် နယ်မြေနှင့် အပိုင်းနှစ် နယ်မြေများ ပါဝင်သည်။)


(10) All tribal territories which at the date of coming into operation of this Act are unadministered.
(၁၀) ဤအက်ဥပဒေ စတင်အာဏာတည်သည့်နေ့ တွင် အုပ်ချုပ်ရေး လက်လှမ်းမမီသော နယ်မြေဒေသများ။

(ရှင်းလင်းချက် -   'ဝ' စော်ဘွားနယ်မြေ။  လက်ရှိ ရှမ်းပြည်နယ်တွင် ပါဝင်သည်။)



Part Two
အပိုင်းနှစ်

(1) Such Parts of the Myitkyina and Bhamo Districts as are not included in Part One of this Schedule.
(၁) ဤဇယား၏ အပိုင်းတစ်တွင် မပါဝင်သည့် မြစ်ကြီးနားနှင့် ဗန်းမော် ခရိုင်တို့မှ အစိတ်အပိုင်းများ။ 
 
(ရှင်းလင်းချက် -  လက်ရှိ ကချင် ပြည်နယ်တွင် ပါဝင်သည်။)

(2) Such Parts of the Upper Chindwin Districts as constitute the Homalin sub division together with the village tracts which were included in the former Tamu township of the Mawlaik sub-division on the preceding abolition.

(၂) ဖျက်သိမ်းသည့် မော်လိုက်တိုင်းခွဲ၏ ယခင်က တမူးမြို့နယ်တွင် ပါဝင်သော  ကျေးလက်ဒေသများ နှင့်ဟုမ္မလင်း တိုင်းခွဲ နှင့်အတူ  ဖွဲ့စည်းထားသည့် အထက်ချင်းတွင်းခရိုင်၏ အစိတ်အပိုင်းများ။ 

 (ရှင်းလင်းချက် -  လက်ရှိ  စစ်ကိုင်းတိုင်းမြောက်ပိုင်းတွင် ပါဝင်သည်။)

(၃) The Kyain township, the Myawaddy Circle of the Kawkareik township, and so much of the Karen Hill tracts in the eastern half of the Toungoo District and the Thaton District as may be prescribed by His Majesty in Council.
(၃) ဘုရင်မင်းမြတ်သည် ကောင်စီ၌ သတ်မှတ်သည့်အတိုင်း တောင်ငူခရိုင်နှင့် သထုံခရိုင် အရှေ့ဘက်ခြမ်းရှိ ကရင်တောင်တန်း အများစု၊  ကော့ကရိတ်မြို့နယ်မှ မြဝတီတိုက်နယ်၊   ကြာအင်းမြို့နယ်။ 

(ရှင်းလင်းချက် - လက်ရှိ  ကရင် ပြည်နယ်တွင် ပါဝင်သည်။)
 


Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား