အခြားတိုင်းရင်းသားတွေဟာ ဖက်ဒရယ် ဒီမိုကရေစီကိုလည်း ဆန့်ကျင်နေတဲ့ အချက် ၂ ချက်

အခြားတိုင်းရင်းသားတွေဟာ စစ်အာဏာရှင်စနစ်ကိုပဲ ဆန့်ကျင်နေတာ မဟုတ်ဘူး။ ဖက်ဒရယ် ဒီမိုကရေစီကိုလည်း ဆန့်ကျင်နေတဲ့ အချက် ၂ ချက်ရှိတယ်။ ဒါကို မသိရင် ရှေ့ဆက်သွားလို့ မရဘူး

(၁)  အမေရိကန် ဗြိတိသျှ ကနေဒါ ဩစတြေးလျ ရုရှ စတဲ့ ဖက်ဒရယ် ပြည်ထောင်စုတွေမှာ ရှိသလို ပြည်ထောင်စု အဆင့် ပါတီကြီး ၂ ခု၊ ၃ ခု က ရွေးကောက်ပွဲ ဝင်တဲ့ ဒီမိုကရေစီ စနစ်ကို မြန်မာပြည်က 
အခြားတိုင်းရင်းသားတွေက ဆန့်ကျင်တယ်။

ဖဆပလ နဲ့ NLD မှ မဟုတ်၊ နောင်တချိန် လူမျိုးစုံ ဖက်ဒရယ် ပါတီကြီး တခု ပေါ်လာရင်လည်း ပြည်ထောင်စု အဆင့် ပါတီကြီး  စနစ်ကို ဆန့်ကျင်ကြမှာပဲ။ 

ဒါကြောင့် အခြားတိုင်းရင်းသားတွေဟာ မအလတပ်နဲ့ NLD ကို ဆန့်ကျင်ရေး ၂ ခုကြား ၊ အလေးအပေါ့ မတူပဲ၊ NLD က ပြည်နယ်တွေမှ မဲနိုင်တာကို အငြိုးသို​ပြီး မအလနဲ့ ပေါင်းသင်းနေကြသူတွေ ရှိနေတာ ဖြစ်တယ်။

(၂)  ဖက်ဒရယ် စနစ်ဟာ မျှဝေရေး ဖြစ်တယ်။  သယံဇာတ၊ လူသား၊ စစ်အင်အား၊ အုပ်ချုပ်ရေး ယန္တရား၊ ဘက်ဂျက် တွေကို မျှဝေရေး ဟာ အခြေခံ ဖြစ်တယ်။ အခြားတိုင်းရင်းသားတွေဟာ မျှဝေရေး ကို ဆန့်ကျင်တယ်။ 

သူတို့ဆန့်ကျင်ပုံက ထူးဆန်းတယ်။ ဗဟိုအစိုးရဆီက ထောက်ပံ့မှုကို လိုချင်တယ်၊ ဒါပေမယ့် မိမိပြည်နယ်က ထွက်သမျှ ကို အခြားပြည်နယ်တွေ အတွက် မပေးချင်ဘူး။  သူတို့ ကိုယ်ကျိုးစီးပွားဟာ ပရနဲ့ အတ္တ မမျှဘူး။ ပြည်ပကျူးကျော်စစ် ရှိနိုင်ခြေ ရှိချိန်မှာ ဖက်ဒရယ်တပ်ကို လိုချင်ပေမယ့်၊ ပြည်ပစစ် မရှိတဲ့အခါ  မိမိတပ်ကို မိမိနယ်မြေချဲ့ထွင်ရေး လုပ်ကြတယ်။ ဒီအချက်ကြောင့် အခြားတိုင်းရင်းသားတွေဟာ ဗမာ ကို  ဖြစ်စေ သူတို့အချင်းချင်း ကို ဖြစ်စေ၊ ဘေးရန်ရှိချိန်မှာ ပေါင်းလေ့ရှိပြီး အကျိုးစီးပွါး ကြီးလာ ထိလာချိန်မှာ ဆန့်ကျင်လေ့ရှိတယ်။  

ဒီကြောင့်  အခြေခံ စိတ်ဓာတ်ကပဲ ပေါင်းစည်းရေးဘက် ဦးတည်နေတာ မဟုတ်ပဲ၊ ခွဲထွက်ရေး၊ သီးခြားဖြစ်ရေး ဘက် ညွှတ်ယိမ်းနေတာ ဖြစ်တယ်။ မျှဝေရေး ဦးတည်နေတာ မဟုတ်ပဲ ငို့ဘ သဘောထားက ပိုများနေတယ်။ ယာယီ ဘုံအကျိုးတခုခုအတွက် ပူးပေါင်းဆောင်ရွက်ရေးသာ ရှိပြီး တဖန်ပြန်ပြီး ဗမာနဲ့ ဖြစ်စေ၊ အခြားတိုင်းရင်းသား အချင်းချင်း ဖြစ်စေ ကွဲထွက်သွားကြတယ်။  

၁၉၃၅ မြန်မာနိုင်ငံတော် စီရင်အုပ်ချုပ်ရေး အက်ဥပဒေအရ မြန်မာနိုင်ငံတည်းယူသော နယ်နိမိတ်တခုအောက်မှာ လက်ရှိ တရသဒေသတွေအားလုံး ပါဝင်နေတယ်။ အင်္ဂလိပ်က ပြည်မကို လွတ်လပ်ရေး ပေးပြီး နယ်ခြားဧရီယာ Frontier Area ကို လက်အောက်ခံ ဆက်ထားချင်တယ်။  အခြားတရသတွေဟာ လွတ်လပ်ရေး လိုချင်လို့ ပြည်မနဲ့ အတူတူ ယာယီ ပူးပေါင်းဆောင်ရွက်ရင်း အဲဒီအချိန်ကပဲ ခွဲထွက်ရေးကို စတင်ပြောနေကြတာ ဖြစ်တယ်။ ခပ်ရိုင်းရိုင်း ပြောရရင် ပြည်မကို ခြေနင်းတုံးလုပ်၊ လွတ်လပ်ရေး ယူပြီး ခွဲထွက်ဖို့ပါ ကြံစည်ခဲ့တာ မြင်ရပါမယ်။ 

ဗဟိုအစိုးရဆီက ထောက်ပံ့ရေးကို ပင်လုံစာချုပ်ထဲမှာ ထည့်ချုပ်ထားတာလည်း မြင်ရပါမယ်။ အခြားတရသတွေဟာ အခြေအနေအရ အဆင့်တခု မရောက်ခင် ပူးပေါင်းပေမယ့်  ....  ဗမာကို အနိမ့်ဆုံးအဆင့် ( လူမျိုးရေး ခွဲခြား မြင်ခြင်း) ၊ အလယ်အလတ်အဆင့် ( ဗမာလူဦးရေ များခြင်း အရှိတရားကို တနည်းနည်းနဲ့ ပါဝါ ညှိလိုခြင်း) ၊ အမြင့်ဆုံးအဆင့် ( ဗမာ ကို ဖိနှိပ်ထားရေး၊ မုန်းတီးရေး) ဆိုတဲ့ အခြေခံ အတွေးအခေါ် ရှိနေပါတယ်။  တဖန် အခြားတရသ အချင်းချင်းကြားမှာလည်း ဒီလို သဘောထား ရှိနေပြန်တယ်။ 

နိုင်ငံတကာက ဖက်ဒရယ် ပြည်ထောင်စုတွေမှာ နိုင်ငံရေးမှာ လူမျိုးစွဲ တတ်နိုင်သမျှ လျော့ချတယ်။ လူမျိုးစွဲ ပြည်နယ်ဆိုတာ မရှိသလောက် နည်းပါးတယ်။ ဒီနိုင်ငံမှာ လူမျိုး ၁၀၀ ရှိရင် ၅၀ လောက်က ပြည်နယ်အဆင့် နဲ့ သီးခြားနေချင်ကြတယ်။ လူမျိုးစွဲ မျက်လုံးနဲ့ ကြည့်တဲ့အခါ၊ လူဦးရေများတဲ့ ဗမာနဲ့ ရှမ်းကို လူမျိုးကြီး ဝါဒ လို့ မြင်လာတယ်။ ဗမာနဲ့  ကချင်ကို နယ်ချဲလို့ မြင်လာတယ်။

 ဥပဒေပြုအုပ်ချုပ်ရေး rule of law ကို ဘယ်လက်နက်ကိုင်မှ   မလိုက်နာချင်၊ .. လူမျိုးနဲ့ တမျိုး တောရိုင်းဥပဒေ ကြီးထွားလာပြီး စစ်အင်အားစုလာကြတယ် ၊ စစ်အင်အားနည်းချိန်မှာ နယ်ချဲ့ ဆန့်ကျင်ရေး အော်ပြီး၊ စစ်အင်အားကြီးချိန်မှာ နယ်ချဲ့ဝါဒ ပြောင်းလဲလာတယ်။ ဝ ကို နမူနာကြည့်ပါ။ 

နည်းပညာနိမ့်ကျရတဲ့အထဲ မှောင်ခို လက်နက်ဈေးနဲ့ ငွေတွေ ဒလဟော ထည့်၊ ကုန်ထုတ်လုပ်သူနည်းပါး၊ လူမျိုး တမျိုး စစ်တပ်တခုစီ၊ အချင်းချင်း ချနိုင်ဖို့၊ စစ်သား ချည်း စုဆောင်းနေကြတာ ဒီနိုင်ငံ မမွဲရင် ဘယ်နိုင်ငံ မွဲဦးမလဲ

ဒီအခြေခံတွေဟာ ဖက်ဒရယ် ကို ဆန့်ကျင်နေတာပဲ

ဒါကြောင့်လည်း ဒီနိုင်ငံရှိ တရသတွေဟာ ဗမာနဲ့ ဖြစ်စေ၊ အခြားတိုင်းရင်းသား အချင်းချင်းဖြစ်စေ  မဟာမိတ် အဆင့်သာ ယာယီရှိပြီး ၊ စစ်အာဏာရှင်နဲ့ ဗမာ ဒီမိုကရက်တွေအကြား၊ ပူးတုံ ခွါတုံ ကစားနေကြပြီး၊ အခြေအနေပေးရင်း ကွန်ဖက်ဒရိတ်၊ သီးခြားနိုင်ငံ ဖြစ်ချင်ကြပါတယ်။ ဖက်ဒရယ် ဆိုတာလည်း ခြေနင်းခုံ တခုမျှသာ ဖြစ်လေမလား တွေးမိပါတယ်။

ဗမာပြည်နယ် ဖွဲ့ရေး၊ ၈ ပြည်ထောင်မူ စတာတွေဟာ အကြောင်းပြစရာ၊ အကြပ်အတည်း ဖြစ်ရေးသက်သက် ရည်ရွယ်ပြီး  

ဒီနေ့ EAO တွေဟာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးကို ၊ အလေးအပေါ့ မတူပဲ၊ တချို့ဆိုရင် မိမိအတ္တအတွက် မအလတပ်နဲ့ ပူးပေါင်းနေကြတာကို ကြည့်ရင် ( အချို့သော တိုင်းရင်းသား တော်လှန်ရေးသမား တွေဟာ မိမိလူမျိုးကိုပင် ပြန်လိမ်နေကြတာ )  သိသာထင်ရှားပါတယ်။ 

Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား