ပင်လုံစာချုပ်ကို ဘာသာပြန်ခြင်း။

 ပင်လုံစာချုပ်ကို ဘာသာပြန်ခြင်း။

THE PANGLONG AGREEMENT, 1947. ပင်လုံစာချုပ်  ၁၉၄၇

A Conference having been held at Panglong, attended by certain Members of the Executive Council of the Governor of Burma, all Saohpas and representatives of the Shan States, the Kachin Hills and the Chin Hills;  ပထမ စာကြောင်းက ပင်လုံမြို့မှာ ညီလာခံ ကျင်းပတယ်။  Burma  ကို ဘာသာပြန်ရရင်  ဗြိတိသျှတွေက   အင်္ဂလိပ်လို ရေးရင် ဘားမား၊ မြန်မာလို ရေးရင် မြန်မာနိုင်ငံ လို့ ရေးတယ်။ အင်တာနက်မှာ အလွယ်တကူရှာလို့ ရတဲ့ အထောက်အထားက  အတွင်းဝန်ရုံး သူကြီးဂေဇက်၊ ထီလက်မှတ်၊ တံဆိပ်ခေါင်းတွေမှာ ကြည့်ပါ။  

certain Members of the Executive Council of the Governor of Burma  မြန်မာနိုင်ငံ အုပ်ချုပ်သူ (ဘုရင်ခံ) ၏ အလုပ်အမှုဆောင်ကောင်စီမှ အဖွဲ့ဝင် တချို့၊  all Saohpas and representatives of the Shan States, the Kachin Hills and the Chin Hills     ရှမ်းပြည်နယ်များ၊ ကချင်တောင်တန်းများ၊ ချင်းတောင်တန်းများမှ   စော်ဘွားအားလုံး၊ ကိုယ်စားလှယ်အားလုံး တက်ရောက်သော  ညီလာခံ တခု ပင်လုံမြို့မှာ ကျင်းပတယ်။ 

သတိပြူစရာ အချက်က Shan States, the Kachin Hills and the Chin Hills တွေမှာ (s) တွေပါနေတာပဲ။  ဒီအချက်က လူမျိုးတခု နာမည်ကို ယေဘုယျ ( အကြမ်းဖျင်း ) နာမည်ပေးထားပေမယ့်  အကွဲကွဲ အပြားပြားသော စော်ဘွားတွေ၊ ဒူဝါတွေရဲ့  ပြည်နယ်တွေ၊ တောင်တန်းတွေ ရှိနေတာ   ပြသတယ်။

 ကိုယ်စားလှယ်  representatives  ဆိုသူတွေလည်း တက်တယ်။ စော်ဘွားနဲ့ ကိုယ်စားလှယ် မတူပြန်ဘူး။  ကိုယ်စားလှယ်  representatives တွေဟာ ဘယ်သူတွေဖြစ်မလဲ။ လက်မှတ်ထိုးတဲ့ နေရာမှာ ကြည့်ပါ။     

အဲဒီလူတွေက  မြန်မာနိုင်ငံ အုပ်ချုပ်သူ (ဘုရင်ခံ) ၏ အလုပ်အမှုဆောင်ကောင်စီနဲ့ ဆွေးနွေးကြတော့မယ်။   ဒီအချက်မှာတင် သီးခြား နိုင်ငံတွေ ပူးပေါင်းမယ့် အစည်းအဝေး မဟုတ်ပဲနိုင်ငံတခု အတွင်းရှိ သူကြီးတွေ၊ မြို့စားတွေကို ဘုရင်ခံက စေလွှတ်တဲ့ ဝန်ကြီးချုပ်က ဆွေးနွေးတာပဲ၊ ဘာတွေ ဆွေးနွေးကြမလဲ ဆက်ဖတ်ရအောင်။ 

The Members of the Conference, believing that freedom will be more speedily achieved by the Shans, the Kachins and the Chins by their immediate co-operation with the Interim Burmese Government; - 

ညီလာခံ တက်ရောက်ကြသူများသည် " ကြားဖြတ်မြန်မာအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်၊      ရှမ်းများ၊ ကချင်များ ချင်းများဟာ  လွတ်လပ်ရေးကို ပိုမို လျှင်မြန်စွာ ရရှိလိမ့်မယ်" လို့ - ယုံကြည်ကြတယ်။ 

နောက်ခံသမိုင်းကို သိမှ နားလည်မယ့် အချက်ဖြစ်တယ်။   ၁၉၃၅ မြန်မာနိုင်ငံတော် စီရင်အုပ်ချုပ်ရေး အက်ဥပဒေမှာ second schedule 1 & 2 ဇယား ၁ နဲ့ ၂ ပါရှိတယ်။ ( မြင်လွယ်အောင် ပြောရရင် ၂၀၀၈ ခြေဥမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသစာရင်းလိုပဲ၊ ဒါပေမယ့် သတ်မှတ်ပုံ၊ နယ်မြေ၊ လုပ်ပိုင်ခွင့် မတူဘူး။ ) 



အင်္ဂလိပ်က ဇယား ၁ နဲ့ ၂ ဒေသတွေကို ဖန်တီးထားတာက " အုပ်ချုပ်ရေး အဆင့် နိမ့်ကျတယ်။ ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့ မထိုက်တန်သေးဘူး။  ရွေးကောက်ပွဲတွေလုပ်ပေးဖို့၊  ပါလီမန်လွှတ်တော်ထဲ ပါဝင်ဖို့ အဆင့်မမှီ သေးဘူး " ဆိုပြီး ခြွင်းချန်ထားတာဖြစ်တယ်။ ဒါကြောင့်  လွတ်လပ်ရေး  အဆင့်မမှီသေး လို့ အင်္ဂလိပ်က လေ့ကျင့်ပေးရဦးမယ်လို့ ဆိုတယ်။   

(၁၃၀၈ တပို့တွဲလပြည့်ကျော် ၈ ရက် ကြာသပတေးနေ့ (၁၃-၂-၁၉၄၇) ဗမာ့ ရှေ့ဆောင် သတင်းစာ )



ရန်ကုန်မြို့ မေလ ၂၈ ရိုက်တာ ကြေးနန်း။ ( ၁၃၀၉ ခု နယုတ်လဆန်း (၁၁) ရက် သောကြာနေ့ (၃၀-၆-၄၇) အတွဲ ၅ အမှတ် ၂၂ ဗမာ့ရှေ့ဆောင် သတင်းစာ။ )
ဦးဖေခင် ကိုယ်တွေ့ပင်လုံ

" ရှမ်းများ၊ ကချင်များ ချင်းများဟာ လွတ်လပ်ရေးကို မြန်မြန်လိုချင်တယ်။ ကြားဖြတ်မြန်မာအစိုးရနဲ့ co-operation ပူးပေါင်းဆောင်ရွက်မယ်" လို့ ဘာသာပြန်ရပါမယ်

The Members of the Conference have accordingly, and without dissentients, agreed as follows:–

အစည်းအဝေးတက်ရောက်သူ အဖွဲ့ဝင်တို့သည် ကန့်ကွက်သူမရှိဘဲ အောက်ပါအတိုင်း သဘောတူညီကြလေသည်။

1. A Representative of the Hill Peoples, selected by the Governor on the recommendation of representatives of the Supreme Council of the United Hill Peoples (SCOUHP), shall be appointed a Counsellor to the Governor to deal with the Frontier Areas.

" (၁) တောင်တန်းသားများ စည်းလုံးညီညွတ်ရေး ဦးစီးအဖွဲ့ ကိုယ်စားလှယ်များ၏ ထောက်ခံချက်အရ တောင်တန်းသားများ၏ ကိုယ်စားလှယ်တစ်ဦးကို ဘုရင်ခံကရွေးချယ်၍ နယ်စပ်ဒေသများကိစ္စနှင့်ပတ်သက်၍ ဆောင်ရွက်ရန်အတွက် ဘုရင်ခံ၏ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ခန့်ထားရမည် " ။ ဒါက တိုက်ရိုက်ဘာသာပြန်တာ ဖြစ်ပါတယ်။

ဒီနေရာမှာ SCOUHPက ဘာလဲ။ ဘာကြောင့် Hill Peoples  တောင်တန်းသားများ လို့ ခေါ်သလဲ။ ဘာကြောင့် Frontier Areas လို့ ရေးသားသလဲ။ ဘုရင်ခံ၏ အတိုင်ပင်ခံပုဂ္ဂိုလ် Counsellor to the Governor ဘာလဲ လေ့လာဖို့ လိုပါတယ်။ 


Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား