အမေရိကန်ပြည်ထောင်စုဖက်ဒရယ်

UK နိုင်ငံ ဘုရင့်အစိုးရ နှင့် မြန်မာနိုင်ငံအစိုးရ ထံ ဆက်သသော
နယ်ခြားဧရိယာများ စုံစမ်းရေး ကော်မတီ ၁၉၄၇ အစီရင်ခံစာ
နယ်ခြားဧရိယာများ စုံစမ်းရေး ကော်မတီ ဥက္ကဌ မစ္စတာ ဒီ၊ အာရ်၊ ရီးစ် ဝီလီယံ Mr. D. R. Rees-Williams, M.P မေးမြန်းစုံစမ်းသည်။

၁။ ညီညွတ်သော တောင်တန်းသားများ၏ အမြင့်ဆုံး ကောင်စီချုပ် (S.C.O.U.H.P ) ကိုယ်စားလှယ်များ၏ ဖြေကြားသော အထောက်အထားများ။ မေမြို့၊ ဧပြီ ၂၁၊ ၁၉၄၇။

(၁) ညောင်ရွှေ စော်ဘွား - S.C.O.U.H.P ဥက္ကဋ္ဌ
(၂) မြောက် သိန္နီ စော်ဘွား - S.C.O.U.H.P ဒုတိယ ဥက္ကဋ္ဌ
(၃) ဦးထွန်းမြင့်
(၄) ဒူဝါဇော်လွောန် Duwa Zau Lawn - ကချင် ဗဟို အလုပ်အမှုဆောင်ကောင်စီ
(၅) ဇော်ရစ် Zau Rip
(၆) ပွန်ဇမောင် Pumza Mang, K.S.M., A.T.M., ချင်းတောင်တန်းအကြီးအကဲ
(၇) အကြီးအကဲ ဗန်ကီယို Van Kio
(၈) ဆန်ဆမ် Sang Sam ၊ အတွင်းရေးမှူး၊ S.C.O.U.H.P စကားပြန် တက်ရောက်သည်။

၅. ဥက္ကဋ္ဌ - ဘယ်လိုအစိုးရမျိုးနဲ့ ဆက်ဆံဖို့ အကြံပြုထားလဲ။
ညောင်ရွှေစော်ဘွား - ဖက်ဒရယ် အစိုးရ။

၆. ဥက္ကဋ္ဌ - ဖက်ဒရယ် အစိုးရ ဆိုသည်မှာ အဘယ်နည်း။
ညောင်ရွှေစော်ဘွား - မြန်မာ၊ ရှမ်း၊ ကချင်၊ ချင်းနှင့် ကရင်ကိုယ်စားလှယ်များ ပါဝင်မည်ဖြစ်သည်။

၇. ဥက္ကဋ္ဌ - ၎င်းသည် အမေရိကန်ပြည်ထောင်စု၏ စနစ်နှင့် ဆင်တူသော ပုံစံဖြစ်သင့်သလား
သို့မဟုတ် ပိုမိုရိုးရှင်းသော အစိုးရပုံစံဖြင့် ဖြစ်သင့်ပါသလား။
ညောင်ရွှေစော်ဘွား - အမေရိကန်ပြည်ထောင်စုရဲ့ စနစ်နဲ့ ဆင်တူတာ ဖြစ်နိုင်တယ်။



Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား