ပြည်ထောင်စု စမှတ်။

ပြည်ထောင်စု စမှတ်။

ပုဂံရာဇဝင် ဒုတ်ထမ်းပြောကြရင် ဒီလူမျိုးတွေ ဘယ်တော့မှ ရန်ဖြစ်တာ ရပ်မှာ မဟုတ်ဘူး။  ရှမ်းက မိုးညှင်းစလုံနဲ့ သိုဟန်ဘွားကို လာပြောရင် မြန်မာလည်း ဘုရင့်နောင်၊ ဘိုးတော်ဘုရားကို ပြောရလိမ့်မယ်။ 
နောက်တချက် ထူးခြားတာက .. 
ပြည်ထောင်စု တခုလုံး လူမျိုးအချင်းချင်း ရန်မဖြစ်တဲ့ ကာလဟာ အင်္ဂလိပ်ရဲ့ အုပ်ချုပ်ချိန်မှာပဲ ရှိတယ်။ 
ဒါကြောင့် အင်္ဂလိပ်ခေတ် ၁၉၄၇ ကို "စမှတ်"ထားရမယ်။
ပင်လုံစာချုပ် ချုပ်တဲ့ ၁၉၄၇ ဖေဖော်ဝါရီ ၁၂ ဟာ "စမှတ်" ပဲ။ 

ဒီ စမှတ် အခြေအနေကို အခြေခံပြီး  နယ်နိမိတ်တွေကို "ယာယီ" ဖွဲ့စည်းသင့်တယ်။  နောက် တဆင့်က နယ်နိမိတ် အငြင်းပွါးမှုရှိရင် ဖြေရှင်းဖို့က ဒေသခံ ပြည်သူလူထု ရဲ့ အချုပ်အခြာအာဏာ ကို အဆုံးအဖြတ်ခံသင့်တယ်။ 

ပြည်သူလူထု ရော၊ ဒေသခေါင်းဆောင်တွေ​ရော ဘုရားတွေ မဟုတ်ဘူး။ မသိလို့ မိုးလင်း၊ မသိလို့ မိုးချုပ်နေကြသူတွေပဲ။ အိပ်ရာဝင် ပုံပြင်နဲ့ မပြည့်မစုံ သမိုင်း တွေကြား ကြီးလာသူတွေပဲ။  
ဒီတော့ တခါ ဆုံးဖြတ်လိုက်တာနဲ့ မှန်နိုင်စရာ မရှိဘူး။  ကိုယ်သိတဲ့ သမိုင်း ကိုယ်မှန်တယ် ထင်ကြတာပဲ၊ တဖက်ကလည်း သူ့သမိုင်းရှိနေတယ်။  

ဒါကြောင့် ဘယ်ပြည်နယ် ထဲပါမယ် ဆိုတာ ပုံသေကားချ မလုပ်ပဲ၊ ၁၀ နှစ်တခါ ဆုံးဖြတ်ခွင့် Flexible ဖြစ်နေဖို့ လိုတယ်။

Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား