မျက်ကန်း တစ္ဆေမကြောက်၊ အသံကြောင့် ဖားသေ

ဗမာလူမျိုးကြီးဝါဒ ဆိုက်ဝါးကြောင့်  မိမိ တော်လှန်ရေး  မိမိဖျက်ဆီးနေကြသူများ ( မျက်ကန်း တစ္ဆေမကြောက်၊ အသံကြောင့် ဖားသေ)

▪️အခြားတိုင်းရင်းသားတွေဟာ "ဖက်ဒရယ် ဆိတ်ခေါင်းချိတ်ပြီး ကွန်ဖက်ဒရေးရှင်း "ခွဲထွက်ရေး " ကြံစည်နေတယ် NUG ကို ဖယ်ထုတ်ပြီး သီးခြား နိုင်ငံတွေ ဖွဲ့စည်းမယ်" သတင်းကို

 အမေရိကန် အခြေစိုက် Center for Strategic & International Studies (CSIS) "နိုင်ငံတကာ & မဟာဗျူဟာ လေ့လာရေး ဌာန" က  စုံစမ်း ဖော်ထုတ်ထားပါတယ်။ ( ခေတ်သစ် မီဒီယာ ရဲ့ ဘာသာပြန် ဆောင်းပါး 👉https://www.facebook.com/385165108587508/posts/1675522516218421/ )

▪️ ကွန်ဖက်ဒရေးရှင်း "ခွဲထွက်ရေး "  ဟာ စကစ ရဲ့ တပ်တွင်းစည်းရုံးရေးအတွက် လက်ညိုးထိုးပြစရာ အကြောင်းပြချက်တခုကို သွယ်ဝိုက် ဖန်တီးပေးနေကြတာ ဖြစ်တယ်

▪️ ၁၉၆၂ တုန်းကလည်း အာဏာစွန့် ရှမ်း စော်ဘွားတွေရဲ့ ၈ ပြည်နယ်မူ / ဗမာပြည်နယ် မဖွဲ့ရင် ခွဲထွက်ခွင့် ပုဒ်မကို သုံးမယ်လို့ ခြိမ်းခြောက်အကြပ်ကိုင်မှုကြောင့် ခြုံထဲက အကွက်ချောင်းနေတဲ့ စစ်တပ်ဟာ တပ်တွင်း/ ပြင် စည်းရုံးပြီး ဖက်ဒရယ် ဆိုတာ ခွဲထွက်ရေး လို့ အပုပ်ချ သမုတ်ခဲ့ဖူးတယ်။

( ၈ ပြည်နယ်မူ ဆိုတာ ဘာလဲ 👉  https://minthitburma.blogspot.com/2022/10/blog-post_76.html

https://fb.watch/hmaem8ZyCd/ )

▪️  ဒါ့အပြင် အိမ်နီးချင်း နိုင်ငံတွေကလည်း သူတို့ဘက်ခြမ်းက လူမျိုးတူတွေမှာ " ခွဲထွက်ရေး "  သွေးကြွလာပြီး မတည်မငြိမ် ဖြစ်မှာ ကြောက်ကြတယ်။ မြန်မာစစ်တပ်နဲ့ ပင်းပြီး နယ်စပ်တည်ငြိမ်ရေး လုပ်ကြတယ်။

  မအလတပ်ရဲ့ သံလက်သီးအောက်မှာ  အနှစ် ၇၀ စုစည်းထားတဲ့ ပုံစံအတိုင်း ဘိုနေမြဲ ကျားနေမြဲ ရှိစေလိုတဲ့ တိမ်းညွတ်မှုက NUG ကို တရားဝင် အသိအမှတ်ပြုဖို့ လက်တွန့်နေကြတယ်။ https://minthitburma.blogspot.com/2022/12/blog-post.html

▪️ သူတို့ ဆီမှာလည်းခွဲထွက်ရေးတွေ ရှိနေတဲ့ အိန္ဒိယ နဲ့ ဘင်္ဂလားဒေ့ရှ်ဟာ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်  မအလ တပ်နဲ့ နီးနီးကပ်ကပ် ရှိလာနေတယ်။ သိုသိုသိပ်သိပ် လက်တို့ရရင် အိန္ဒိယ ရှိ နာဂ ခွဲထွက်ရေး အဖွဲ့က  အိန္ဒိယ ရိုင်ဖယ်တပ်က ဗိုလ်မှူးတဦးကို လုပ်ကြံတဲ့ သတင်း , ဘင်္ဂလားဒေ့ရှ်တပ်က ကူကီး (ချင်း) သူပုန်တွေကို တိုက်နေတဲ့ သတင်း တွေဟာ မျက်နှာပြင်ပေါ် တက်လာတဲ့ သက်သေတွေ ဖြစ်တယ်

Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား