တော်လှန်ရေးထဲက အခြားတိုင်းရင်းသား (အစုအဖွဲ့တချို့) ရဲ့ အကြံအစည်။

တော်လှန်ရေးထဲက အခြားတိုင်းရင်းသား (အစုအဖွဲ့တချို့) ရဲ့ အကြံအစည်။
 
▪️ နွေဦးတော်လှန်ရေးကြောင့် အခြားတိုင်းရင်းသား (အခတရသ) တွေနဲ့ မြန်မာ (ဗမာ) တွေ ညီညွတ်သွားကြလေသတည်း ဆိုတဲ့ ပြဇာတ်ဆန်ဆန် စကားတွေကို ယုံနေရင် ဒီစာကို ဆက်မဖတ်ပါနဲ့။ 

▪️ အမှန်တရား ဟာ ခါးတယ်။  အခတရသတွေဟာ အနှစ် ၇၀ လုံးလုံး ဗမာကို မုန်းနေကြတယ်။ ၁၀၀% တော့ မဟုတ်။ အထူးသဖြင့် ဝေးလံခေါင်သီပြီး ဗမာနဲ့ မနီးစပ်တဲ့ ဒေသ၊ EAO တွေ ရှိတဲ့ ဒေသမှာ ဗမာမုန်းတရား ရှိတယ်။ ဗမာမမုန်းပဲ စစ်တပ်လုပ်သမျှ ဗမာလူမျိုးကြီးဝါဒလို့ ဘယ်စွပ်စွဲမလဲ။ ရှင်းနေတာပဲ။ 
" ငါတို့ကို ဗမာက ကျွန်ပြုထားတယ်။ ဗမာ့လက်အောက်က လွတ်အောင် အသက်ပေးတိုက်ရမယ်။ ဗမာတွေကို မယုံနဲ့ ။ ဗမာလက်ထဲက ငါတို့ မြေကို ပြန်ယူရမယ် " ဆိုတဲ့ ဘိုးဘစဉ်ဆက် ရိုက်သွင်းထားတဲ့ စိတ်ဓာတ်ကို ၂၀၂၁ မှာ ပြောင်းပြန်လှန်တယ် လို့ ထင်နေသလား။ ဗမာကို သူတိူ့  မယုံ။

ယုံကြည်မှု တိုးတက်လာတဲ့ အခတရသ အချို့ရှိတယ်။ ဒါကိုမငြင်းပါ။ ဒါပေမယ့် လုံးဝ စိတ်ချကြတာတော့ မဟုတ်။

▪️  မြန်မာတွေဟာ အခြားတရသနေရာမှာ ခဏလောက် ကိုယ်ချင်းစာ ပြီး ဝင်ရောက်ခံစားသင့်တယ်။ ဗမာလူမျိုးကြီးဝါဒ ဆိုပြီး ဗမာ လွှမ်းမိုးမှာ ကြောက်တဲ့ လူတွေက ဗမာတွေ PDF တပ်မတော်ကြီး တခုအောက်မှာ တစုတစည်းထဲ ရှိနေချင်မလား။ ဒါမှ မဟုတ် ဗမာ အစုအဖွဲ့လေးတွေ တကွဲတပြားနဲ့  မအလ လည်း မထိန်းနိုင်၊ NUG လည်း မထိန်းနိုင် တဲ့ ပုံစံကို လိုချင်သလား။

တကွဲတပြားစီရှိနေချင်မှာ မဟုတ်ဘူးလား။ ဒါမှ ကုန်းတွင်းပိုင်း ကွက်ကွက်လေးကို ဗမာပြည်နယ်  ဖွဲ့ခိုင်းလို့  မရရင် တိုက်ယူတဲ့အခါ မွစာကြဲနေတဲ့ ဗမာ EAO အစုလေးတွေဟာ သူ့ဘက် ကိုယ့်ဘက် နှစ်ခြမ်း ကွဲကြမယ် မဟုတ်ပါလား။ 

ဒါကို စွပ်စွဲတာ မဟုတ်။ မြေပြင်မှာ မြင်နေရတယ်။ 
အခတရသ အချို့ဟာ "ဗမာပြည်နယ်၊ ကွန်ဖက်ဒရိတ်၊ ခွဲထွက်" ကို သဘောတူတဲ့ ဗမာ အုပ်စုလေးတွေကို မြေတောင်မြှောက်ပေး ၊ လနတပ်ဆင်ပေးနေတယ်။

အဲဒီ ဗမာအုပ်စုလေးတွေကို NUG အောက် မဝင်ရေး သွေးထိုးပေးနေတယ်။ သမိုင်းအမှားတွေ ရေးပြီး ဗမာလူဆိုးပုံဖျက်ရင်း ရင်း ဗမာပြည်နယ်ဖွဲ့ဖို့ သင်တို့ လက်ဝေခံ ဗမာလေးတွေရဲ့ တာဝန်ဆိုပြီး ဆိုက်ဝါးသွင်းနေတယ်။

▪️ " NLD ဟာ ဗမာလူမျိုးကြီး ဝါဒရှိတယ်။ NLD ဟာ စကစနဲ့ ဗမာချင်း စေ့စပ်သွားရင် နင်တို့ကို ချနင်းလိမ့်မယ်။ နင်တို့ NUG အောက် မဝင်နဲ့ " ဆိုတဲ့ တီးလုံးတွေ နဲ့ လှော်ပေးနေတယ်

NUG CRPH ကို မဖြစ်နိုင်တဲ့ အလွန်အကျွံတောင်းဆိုမှုတွေ လုပ်နေတယ်။  ပြည်သူ ဆန္ဒခံယူမှ ရမယ့် ကိစ္စတွေကို အတင်းခေါင်းခံ ခိုင်းနေတယ်။ ဒါပေမယ့် CRPH ကို ရာဘာတံဆိပ်တုံးလို လုပ်ဖို့ NUCC ကို နဝတ အမျိုးသားညီလာခံပုံစံ ရေရောတာတွေ လုပ်နေတယ်။ 

ဒီအခါ NUG CRPH ဟာ ပြည်သူသာ ဆုံးဖြတ်ရမယ့် ကိစ္စတွေကို သမိုင်းတရားခံ အဖြစ်မခံနိုင်၊ အချိန်တခု ယူနေတော့ ၊ အခတရသတွေက ဗမာလေးတွေကို " တွေ့တယ် မလား၊ NUG CRPH ဟာ ဖက်ဒရယ် မလိုချင်ပါဘူး။ ငါတို့သာ တော်လှန်ရေးသမား အစစ်ဖြစ်တယ်။ NUG CRPH အောက် မဝင်ကြနဲ့။ ​သောက်ကျိုးနည်းသွားမယ်" လို့ ခြောက်လှန့်ကြတယ်။

▪️ NUG ထဲ ခပ်အအ ဦးသိန်းဦးလို လူမျိုးကို ပွဲထုတ်ပြီး ဗမာပြည်နယ် ဖွဲ့ရေး၊  မနူးမနပ် CDM စစ်သားတွေကို ဗမာပြည်နယ် ဖွဲ့ရေး ဆိုတဲ့ အင်မတန် အန္တာရယ်ကြီးတဲ့ နိုင်ငံရေးညစ်ကွက်ကို ထိုးတင်နေတယ်။ 
ဗမာပြည်နယ် ဖွဲ့ရေး ဆိုတဲ့ ၈ ပြည်နယ်မူကြောင့် နေဝင်းတပ်ဟာ " ဖျံနှစ်ကောင်၊ အငြင်းပွားငါးကြင်းသား မြေခွေးချီ" ခဲ့တဲ့အထိ  တဖက်စောင်းနင်း အားသာသွားခဲ့တယ်။ ဒါကို အမှတ်သညာမရှိပဲ၊ NUG CRPH ကို ကြပ်ပေးဖို့ NST ဆိုတဲ့ အခတရသ မီဒီယာတခုက တစိုက်မတ်မတ်လုပ်နေတယ်။

▪️ အခတရသတွေဟာ PDF တွေကို သူတို့ပုံစံ EAO အဖွဲ့လေးတွေ ဖွဲ့။  အတိုင်ပင်ခံကောင်စီတွေနဲ့ NUG ကို မဟာမိတ်ပုံစံထားပြီး NUG ရဲ့ အာဏာကို ကန့်သတ်ထားချင်ကြတယ်။ ဒါဟာ ကိုယ့်ရှူး ကိုယ်ပက်ဖြစ်နေတာ သူတို့ မသိကြဘူး။ 

သူတို့ထင်က နိုင်ငံတကာဟာ " ကွန်ဖက်ဒရိတ်၊ ခွဲထွက်" ကို အားပေးမယ် ထင်နေကြတယ်။ အဖြစ်မှန်က ပြောင်းပြန်ပဲ။ နိုင်ငံတကာကရော အထူးသဖြင့် အိမ်နီးချင်း နိုင်ငံတွေက ဖရိုမဖရဲ ထိန်းမနိုင်၊ လက်နက်ကိုင်တွေ ပလူပျံနေမှာကို  မလိုလားဘူး။  သူတို့ဆီက လူမျိုးတူတွေက ခွဲထွက်​ေရး ဇောင်းထမှာ မလိုလားဘူး။ အချို့မှာ ခွဲထွက်ရေး သူပုန်တွေရှိနေပြီ။ 

ဒါကြောင့် လက်နက်ကိုင်အဖွဲ့ ရာချီပြီး အချင်းချင်း မညီညွတ်တဲ့ နိုင်ငံအတွက် ၊ အိမ်နီးချင်း နိုင်ငံတွေက  ဆက်ဒမ်ဟူစိန် သံလက်သီးကို ​မျက်စိကျနေတယ်။ အနှစ် ၇၀ ကြိုးစားပြီး မအောင်မြင်တာ ဒါကြောင့်ပဲ။ ဘယ်သူမပြု မိမိမူပဲ။

▪️ NST မီဒီယာဟာ စတင်ချိန်က like ရအောင် NUG Support Team အမည်နဲ့ စတင်ခဲ့တယ်။  အစပထမတော့ NUG ကို ထောက်ခံတာပဲ။ နောက်ပိုင်းတော့ တယူသန် တွေ တင်လာတယ်။ နာမည်ကိုလည်း NST လို့ ပြောင်းလဲလိုက်တယ။

 " NUG CRPH က ဖက်ဒရယ် အခြေခံဥပဒေ မရေးလို့ လူတွေ နေ့စဉ်သေနေတယ် " ဆိုတဲ့ အဖွင့်စကားလေးကို မာမီပန် ကချင်မလေးက ပြောရင်း မသိမသာ ဖောင်းထုလာတယ်။

" NUG CRPH က ဖက်ဒရယ် အခြေခံချာတာ ရေးတော့ " ဗမာပြည်နယ် မဖွဲ့သေးလို့ " ဆိုတဲ့ နောက်ထပ် လိုင်းတခု တင်လာတယ်။ မနူးမနပ် ခေါင်းသေး ကိုယ်ကြီး ဗမာတွေက ဝင်ဖြေပြီး အရမ်း သဘောထားကြီးသယောင် လုပ်ပြကြတယ်။ မိမိလုပ်နေတဲ့ သက်ရောက်မှုကို မိမိ မသိကြ။ 

▪️ အဲဒီ NST ရဲ့ စရိုက်ဆန်မှုဟာ သက်သေနဲ့တကွ ပေါ်ထွက်လာတယ်။  အခတရသတွေရဲ့ မြှောက်ပင့်မှုကြောင့် ဗမာ EAO ပုံစံ ဇာတ်သွင်းခံရတဲ့ ဗိုလ်နဂါး နဲ့ NUG  လက်အောက်ခံ ပအဖ၊ ပကဖ တွေ ညီညွတ်ရေးအတွက် နွေဦးတော်လှန်ရေး ဆရာတော်က ဆွေးနွေးပွဲ တခုကို ကမကထ လုပ်တယ်။

ဆရာတော်က  NST အဖွဲ့ကို အင်တာနက်နည်းပညာပိုင်း တာဝန်ယူခိုင်းတယ်။ ဝင်ရောက်ဆွေးနွေသူတွေဟာ ပုလဲနယ်က ဗိုလ်နဂါး တပ်ရင်းမှုးတွေ၊ ပအဖ ပကဖတွေ ဖြစ်တယ်။ NST က ဘယ်လို ယုတ်မာသလဲဆိုတော့။
ဗိုလ်နဂါး ပြောရင် လိုင်းဟာ ကြည်လင်ပြတ်သားနေပြီး ပအဖ၊ ပကဖတွေပြောရင် ထစ်ငေါ့ ထစ်ငေါ့နဲ့ စကား တလုံးနဲ့ တလုံး သံကြိုးရိုက်နေတယ်။ ပအဖ၊ ပကဖတွေဟာ မကြားတချက် ကြားချက်၊ မေးချင်တာ မေး ဖြေချင်တာ ဖြေ အဆက်အစပ်မရှိတော့ဘူး။ ဒီကြားထဲ ဗိုလ်နဂါးကို အချိန်ပိုပေးသေးတယ်။ 

အဲဒါကို မခံမရပ်နိုင် ဖြစ်တဲ့   တယောက်က ဟောဒီလို ပြောလိုက်တယ်။ ( ဗီဒီယိုဖိုင် သက်သေ https://www.facebook.com/100080993005402/videos/1563621660794139/ )
တက်ရောက်နားထောင်ကြသူတွေက " " ဗိုလ်နဂါး ပြောတာဆိုတာ လူကြီးလူကောင်းဆန်တယ် တဖက်ကပြောတာက အမူးသမားတွေလိုပဲ မေးခွန်းလဲ သေချာနားမထောင်ပဲ ပြန်ပြန်ပြီးမေးနေတာ အစည်းအဝေးကို မလေးမစား လုပ်နေတာ " ဆိုတဲ့ ပုံစံရောက်အောင် NST က စနစ်တကျ လုပ်ကြံခဲ့ကြတယ်။

ဒီတချက်ထဲနဲ့ NST ကို စွဲချက်တင်တာ မဟုတ်။ ၂၀၂၁ ထဲကအမြဲတမ်း အကောင့်စုံနဲ့ ကောမန့်ဝင်ပေးပြီး ရရှိခဲ့တဲ့ အတွေ့အကြုံ၊ သူတို့ သွားနေတဲ့ ဂိုက်လိုင်းနဲ့ သူတကာက ပြန်ပြောလာတဲ့ feedback တွေကို စုပေါင်းပြီး ကောက်ချက် ချတာာဖြစ်ပါတယ်။

အဲဒီ NST မီဒီယာ အပါအဝင် ဖက်ဒရယ်ဂျာနယ်။ ဖက်ဒရယ် ဘာညာ ပေ့ချ်တွေဟာ ယဉ်ကျေးစွာ အချက်ကျကျ ထောက်ပြတဲ့ လူတိုင်းကို ဘန်းလေ့ရှိတာ လူတိုင်းကြုံတွေ့ကြဖူးတယ်။ သမိုင်းမှား အချက်အလက်မှားတွေနဲ့ ဂျင်းထည့်နေကြတယ်။ လွတ်လပ်စွာ ဝေဖန်ခွင့် မရှိပဲ၊ မီဒီယာကို ချုပ်ကိုင်ပြီး တဖက်သပ်ဝါဒဖြန့်နေတဲ့ အာဏာရှင်တွေ ဖြစ်နေတယ်။

NLD အမတ်တွေရဲ့ လူမှုဆက်ဆံရေး စွမ်းရည် အားနည်းမှု၊ အခတရသအချို့ရဲ့ ဗမာအချင်းချင်း သွေးကွဲရေး စနစ်တကျဆောင်ရွက်မှုတွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါ ပြည်သူလူထုဟာ ဝေဝေဝါးဝါးတွေ ဖြစ်ကုန်ပါတယ်။ 

NUG အောက် ဗမာ PDF တွေ မရောက်ရေး သွေးခွဲနေတဲ့ အုပ်စုကို ကြည့်လိုက်ရင် ဘာလူမျိုးတွေလဲ မြင်ရပါလိမ့်မယ်။

NST က ဒီတချက်မှာ သိသာထင်ရှားပေမယ့် ၊ ဒီ သတင်းစာရှင်းလင်းပွဲကို ပြိုင်တူ live လွှင့်တဲ့ ပေ့ချ်တွေလည်း အလိုတူ အလိုပါ အုပ်စုပဲ ဖြစ်တယ်။ ဒီ အခြားတိုင်းရင်းသား တွေ လွှမ်းမိုးတဲ့ မီဒီယာတွေဟာ MRDA သာမက BPLA စတဲ့ ဗမာEAOလက်သစ်လေးတွေကို သိသိာသာသာ စင်တင်ပေးနေတာ လော်ဘီလုပ်နေတာဟာ အကြိမ်ပေါင်း မရေမတွက်နိုင်အောင်ရှိတယ်။

သူတို့ဟာ  အချိတ်အဆက်မိမိ လုပ်ဆောင်နေတာကို တနှစ်ခွဲကြာ စောင့်ကြည့်လေ့လာပြီးနောက် ၊ ဒါဟာ ရိုးရိုးမဟုတ်၊ ဗျူဟာကျကျ လုပ်ဆောင်နေတာလို့ ဆိုနိုင်ပါတယ်။ 

▪️ ဟန်ဆောင် ညီညွတ်ရေးနဲ့ ဖက်ဒရယ် ဆိတ်ခေါင်းချိတ်ပြီး  သီးခြားနိုင်ငံတွေ လုပ်မယ့် အစီအစဉ်ရှိတယ်။ ( ဗမာအပြစ်ဖြစ်အောင် အကြောင်းပြချက်ပေးဖို့  ... ၁၉၆၁ ညစ်လုံးအတိုင်း ၈ ပြည်နယ်မူ ဗမာပြည်နယ် ဂျင်းကို တဖက်က လှိုင်လှိုင်ဖြန့်နေတယ် )။

ပြည်တွင်းမှာသာ မီဒီယာ အားနဲ့ ဖုံးဖိထားပေမယ့် ၊ အမေရိကန် အခြေစိုက် Center for Strategic & International Studies (CSIS)  "နိုင်ငံတကာ & မဟာဗျူဟာ လေ့လာရေး ဌာန" xxx ဒေသတွေကို ကွင်းဆင်းလေ့လာတဲ့အခါ "ခွဲထွက်ရေး ကြံစည်နေကြတယ်၊ NUG ကို ဖယ်ထုတ်ဖို့ ကြံစည်နေတယ် " ဆိုတဲ့ စစ်တမ်း ထွက်လာပါတယ်။ 

 ( ခေတ်သစ် မီဒီယာ ရဲ့ ဘာသာပြန် ဆောင်းပါး 👉
https://www.facebook.com/385165108587508/posts/1675522516218421/ )

ဒီနှစ်ကျပ်ကွက်ကို မြန်မာတွေ မရိပ်မိပေမယ့် ၊  ​အမေရိကန် က စနစ်တကျ လေ့လာသုံးသပ်နေတယ်။ 
မကြာခင်မှာပဲ တနှစ်ကြာ ကြန့်ကြာနေတဲ့ NDAA မှာ လက်နက်ထောက်ပံ့ရမယ့် အစား ၊ communication၊ command and control ဆိုတဲ့ EAO တွေ အကြား၊ PDF တွေအကြား ဆက်သွယ်ရေး ၊ အမိန့် ထိန်းချုပ်ရေး စနစ်အတွက် ထောက်ပံ့ဖို့ပဲ ပါလာတယ်။

ဒါနဲ့ ပက်သက်ပြီး အမေရိကန် ဝါရှင်တန်ရှိ အမျိုးသား စစ်မက်ရေးရာ National War ကောလိပ်မှ ပါမောက္ခ Zachary Abuza   က " အမေရိကန်ဟာ မြန်မာတော်လှန်ရေး သမားတွေကို လက်နက်ထောက်ပံ့သင့်ကြောင်း ၊ မထောက်ပံ့ရခြင်းရဲ့ အချက် ၄ ချက်မှာ လက်နက်လက်ခံပြီး တာဝန်ယူမယ့် အဖွဲ့အစည်း ခိုင်ခိုင်မာမာ မရှိကြောင်း " ကို ထုတ်ပြောလာပါတယ်။

ဒီမတိုင်ခင် အခြားတရသတချို့ဟာ  အမေရိကန် အစိုးရ လွှတ်တော် အရာ ရှိ ၊ တွေ့တိုင်း " NUG ဟာ ငါတို့  အစိုးရ မဟုတ်၊ EAO တွေမှာ သီးခြား အစိုးရရှိကြောင်း၊ NUG နဲ့ EAO ကို ခွဲခြားထောက်ပံ့သင့်ကြောင်း " သွားပြောတယ်လို့  ကြားသိရပါတယ်။  

EAO တရာကျော်ရှိတဲ့ တိုင်းပြည်ကို အမေရိကန်က လက်နက်တွေ ထောက်ပံ့ဖိ​ု့ ၊ တရုပ်ဩဇာခံ EAO တွေကတဆင့် လက်နက်တွေ နည်းပညာတွေ ပျံ့နှံ့သွားဖို့ ဆိုတာ အမေရိကန်နေရာမှာ ကိုယ်ချင်းစာကြည့်ပါ။ Command and Control တသွေးတသံတမိန့် မရှိတဲ့ အတ္တကိုယ်စီ အကွက်ချောင်းနေတဲ့ လူတွေအတွက် ဘယ်သူမပြု မိမိမှု ပါပဲ။ ဆင်ဖြူတော် ဝင်မယ့်ကိန်း ဆံချည်ဖြူ တချောင်းနဲ့ ကျိန်းကြေ
ဆိုစကား ရှိပါတယ်။ အလိုကြီး အရနည်းတတ်ပါတယ်။  တော်လှန်ရေးသစ္စာရှိကြပါ


Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား