အသံကြောင့် ဖားသေ

ကွန်မြူနစ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ တော်လှန်ရေး ဘာကြောင့် မအောင်မြင်ရသလဲ။

▪️ စစ်ရေး ရှုထောင့် မသုံးသပ်ပါဘူး။ နိုင်ငံရေး ရှူ့ထောင့်က သုံးသပ်ပါမယ်။  အဓိက အချက်က (၁) ကွန်မြူနစ်ဝါဒ နဲ့ (၂) ခွဲထွက်ရေး ကြောင့် ဖြစ်တယ်။  

▪️ အတ္တလန္တိတ်ချာတာ ၊ တီဟီရန် ကြေညာစာတမ်း ဆိုတာတွေဟာ အင်္ဂလိပ်က ဂျာမဏီ ၊ ဂျပန်၊ အတီတလီ ဖက်ဆစ် ၃ နိုင်ငံကို တိုက်ဖို့ ကမ္ဘာ့လူသားတွေကို စည်းရုံးတဲ့ ဂျင်း ကြေညာချက်ပါ။ ဒုတိယ ကမ္ဘာစစ်ပြီးတဲ့ အခါ လွတ်လပ်ရေး မပေးပါဘူး။


မြန်မာပြည်လွတ်လပ်ရေး ရတာဟာ (၁) လက်ဝဲယိမ်း လောဘာပါတီ အစိုးရ ဖြစ်ချိန် (၂) အင်္ဂလိပ်ပါလီမန်က နောက်ထပ် စစ် ပွဲ ကို မထောက်ခံချိန် (၃) ပြည်သူ့ရဲဘော် ၊ ကွန်မြူနစ် နဲ့ ဗြိတိံသျှ မြန်မာ့ပြည်တပ်မတော် ထဲက ဘားမားရိုင်ဖယ် (မြန်မာတပ်ရင်း) တွေရဲ့ အင်အား ကောင်းချိန် ကြောင့် ဖြစ်ပါတယ်။

ပင်လုံစာချုပ်က မြန်မာလွတ်လပ်ရေး လှေကြီးနဲ့ အတူတူလိုက်ပါမယ့် နယ်ခြားဒေသ ခြွင်းချန်ဒေသ ကို တပါထဲ ခေါ်ဆောင်တာပါ။ ပင်လုံစာချူပ်ကြောင့် လွတ်လပ်ရေး ရတယ် ဆိုတာ မြန်မာအတွက် မမှန်ကန်၊ နယ်ခြားဒေသတွေအတွက်သာ မှန်ကန်ပါတယ်။

▪️ မြေရှင်ပဒေသရာဇ်ခေတ်က အင်းဝမင်း၊ ပြည်မင်း၊ ပဲခူးမင်း စသည်ဖြင့် မြို့အခြေပြု မင်းတွေက ထီးပြိုင်နန်းပြိုင် မြို့ပြနိုင်ငံတွေ နေခဲ့ကြတဲ့ ကာလတခုရှိခဲ့ပါတယ်။ မြန်မာပြည်ဟာ မြန်မာပဒေသရာဇ် လက်က ဗြိတိသျှ ပဒေသရာဇ် လက်ထဲ ရောက်ရှိသွားပါတယ်။

ကိုလိုနီကာလအတွင်း ခေတ် စနစ်တွေပြောင်းလဲ ခဲ့ပါတယ်။ မြန်မာပြည်တွင်းမှာ ပဒေသရာဇ်စနစ်က အရင်းရှင်ဒီမိုကရေစီ ၊ ကွန်မြုနစ် စနစ်ကို မိမိဘာသ​ာ ကူးပြောင်းတဲ့ အတွေ့အကြုံ မရခဲ့ပါဘူး။ အင်္ဂလိပ်က မြန်မာပြည်ကို ပဒေသရာဇ်ခေတ်မှာ မြိုပြီး၊ ဒီမိုကရေစီခေတ်မှာ ပြန်အန်ထုတ်လိုက်တာပါ။

ဒါကြောင့် ပြန်အန်ထုတ် တဲ့အခါ မြန်မာပြည်မဘက်မှာ အရင်းရှင်ဒီမိုကရေစီနဲ့ နယ်ခြားဒေသတွေမှာ ပဒေသရာဇ် လက်ကျန်တွေ ဖြစ်နေပါတယ်။ မြန်မာပြည်မက ဒီမိုကရေစီ အမြင်နဲ့ ကြည့်ဖို့ မျက်စိပွင့်နေချိန်မှာ နယ်ခြားဒေသတွေက ရွာသူကြီး မြို့သူကြီးအမြင်ပဲ ရှိနေပါတယ်။

မြေရှင်ပဒေသရာဇ်ခေတ်က မြေရှင်တွေ မြေလုပွဲဟာ အင်္ဂလိပ်လက်အောက်မှာ အပိုးကျိုးနေပေမယ့်၊ လွတ်လပ်ရေးရခါတော့ တစခန်းထလာပါတယ်။

▪️  " အတ္တလန္တိတ်စာချုပ်ကြောင့် ကိုလိုနီနယ်တွေ မရှိစေရဘူး။ နယ်ခြားဒေသဟာ  လွတ်လပ်ရေးရနိုင်ပါလျက်နဲ့ မြန်မာနဲ့ ပူးပေါင်းတယ်" ဆိုတဲ့ အယူအဆဟာ မှားယွင်းပါတယ်။ လိမ်တာပါ။ ယနေ့တိုင် အင်္ဂလိပ်၊ အမေရိကန်၊ ပြင်သစ် ကိုလိုနီနယ်တွေ ရှိနေသေးပါတယ်။ 



"အခြားတိုင်းရင်းသားတွေဟာ ကိုယ်ပိုင်အုပ်ချုပ်ရေး ရတယ်။ လွတ်လပ်ရေးသီး​ခြား ယူခွင့်ရှိခဲ့တယ်" ဆိုတဲ့ အယူအဆဟာလည်း မှားယွင်းပါတယ်။ ကချင်၊ ချင်း၊ ရှမ်းဒေသတွေမှာ အင်္ဂလိပ် ကော်မရှင်နာမင်းကြီး၊ အရေးပိုင်တွေက အုပ်ချုပ်ပါတယ်။ ရှမ်းစော်ဘွားတွေကို ခန့်အပ်တာ ၊ ဖြုတ်ချတာ လုပ်ပါတယ်။ ရှမ်းစော်ဘွားတွေက လန်ဒန်အထိ ကိုယ်ပိုင်အုပ်ချုပ်ရေး တောင်းဆိုပါတယ်။ မရခဲ့ပါ။ ကချင်ဒူဝါတွေဟာ အင်္ဂလိပ်ဘုရင်ခံထံ (၃) ကြိမ် လွတ်လပ်ရေး တောင်းဆိုခဲ့ပါတယ် ။ မရခဲ့ပါ။ ကရင် စောဘဦးကြီးဟာ လန်ဒန်ကို ကရင်ပြည်နယ် သတ်မှတ်ရေး၊ ကရင့်လွတ်လပ်ရေး တောင်းဆိုပါတယ် မရခဲ့ပါ။




▪️ အင်္ဂလိပ်က " နယ်ခြားဒေသတွေကို သီးခြားလွတ်လပ်ရေး မပေး၊ အုပ်ချုပ်ရေး ( ဒီမိုကရေစီ) မရင့်ကျက်သေးလို့ ကိုလိုနီအဖြစ် ဆက်နေသင့် တယ်" လို့ ဆိုတယ်။ ဦးအောင်ဆန်းက လွတ်လပ်ရေး အတူတူရပါစေလို့ တောင်းဆိုတော့ " အင်္ဂလိပ်က " သူတို့ လွတ်လပ်ရေး အတူတူယူချင်တာ သေချာအောင် မေးမြန်းပါ၊ လွတ်လပ်ရေး ရပြီးရင် ဘယ်လို အုပ်ချုပ်မလဲ " ဆိုတဲ့ မေးခွန်းအတွကိ ပင်လုံညီလာခံ ဖြစ်လာပါတယ်။

ပင်လုံညီလာခံမှာ နယ်ခြားဒေသက ပဒေသရာဇ် ရမ်အုပ် (ရွာသူကြီး) ၊ ဒူဝါ (ရွာစားမင်း) ၊ စော်ဘွား (မြို့စားမင်း) တွေက  "လက်ရှိ အုပ်ချုပ်ရေးအဆင့်ထက်တော့ လျော့လို့ မရဘူး။  မြန်မာအစိုးရက လက်ရှိ ထောက်ပံငွေတွေ ဖြတ်တောက်ပစ်လို့ မရဘူး" လို့ ဆိုတယ်။ ပဒေသရာဇ် ဆန့်ကျင်တဲ့  ရှမ်းလူထုက " ဒီမိုကရေစီ ရှိရမယ်" လို့ တောင်းဆိုတယ်။

နယ်ခြားဒေသက ကချင် ရွာစားမင်း တွေက " လွတ်လပ်ရေး ရပြီးရင် ပြည်နယ် ဖွဲ့ပေးပါ။ အင်္ဂလိပ်က ပြည်နယ် မပေးဘူး။ မြစ်ကြီးနား ၊ ဗန်းမော်ခရိုင်လည်း ပေးပါ" ၊ ချင်း ရွာသူကြီးတွေက " ငါတို့ ချင်းတွေဟာ ဟိုတစု ဒီတစု ဖြစ်နေတယ်။ ချင်းဒေသတခု သတ်သတ်မှတ်မှတ် လုပ်ပေးပါ"  ။ ဒါ့အပြင် " မြန်မာအစိုးရက ရှမ်းစော်ဘွားတွေကို မြန်မာအစိုးရက ထောက်ပံ့ငွေတွေ ပေးသလို၊ ငါတို့ကိုလည်း ပေးပါ။ အင်္ဂလိပ်က ခွင့်ပြုပေးထားတဲ့ သူကြီး၊ ရွာစား အာဏာအတိုင်း ရှိပါစေ" ။ 

တဆင့်တက်ပြီး " လွတ်လပ်ရေးရပြီးရင် ခွဲထွက်ချင်လည်း ခွဲထွက်မှာ ဆိုတော့ အဲဒါ စာချုပ်ထဲ ထည့်ရေးပါ" လို့ ဆိုတယ်။ 

ဗိုလ်ချုပ်အောင်ဆန်းက " မြန်မာပြည်မမှာ ဒီမိုကရေစီ ဖြစ်နေပြီ။ ငါက ရှင်ဘုရင်မဟုတ်။ ရှင်ဘုရင်အချင်းချင်း သာ နယ်မြေ ပေးလို့ရတယ်။ အချုပ်အခြာအာဏာ ဟာ ပြည်သူထံမှာ ရှိတယ်။  မြနိမာပြည် နယ်ခြားဒေသကို  ပြည်သူသဘောတူရင် ခွဲထွက်ခွင့် ကို အခြေခံဥပဒေထဲ ထည်​ေရးပေးမယ် " လို့ ဆိုတယ် ( အဲဒီစကားအတိုင်း ပြောတာ မဟုတ်။ အဲဒီသဘောကို နားမလည်မှာ စိုးလို့ အကျယ်ရေးပေးတာ)။ 

သို့နှင့် ပြည်သူ့အချုပ်အခြာအာဏာ ဆင့်လွှဲထားသော တိုင်းပြုပြည်ပြု လွှတ်တော်က ရေးတဲ့ ၁၉၄၇ အခြေခံဥပဒေမှာ " ပြည်သူက သဘောတူရင် ရှမ်းတွေ ခွဲထွက်စေ" လို့ ပါလာတယ်။  (စော်ဘွားအလိုရှိရင် ခွဲထွက်စေလို့ မရေးဘူး။)

▪️ လွတ်လပ်ရေးရပြီး တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတွေ ပေါ်လာတယ်။ EAO တွေရဲ့ နာမည်တွေကို ကြည့်လိုက်ပါ။ " လွတ်လပ်ရေး၊ လွတ်မြောက်ရေး ၊ ပြည်သစ်၊ ပြည်" ဆိုတဲ့ နာမည်တွေ တွေ့ရမယ်။ မူဝါဒကို ကြည့်ပါ ။ အဲဒီအဖွဲ့တွေရဲ့ ရည်ရွယ်ချက်ဟာ " ခွဲထွက်ရေး" ပဲ။ ဘယ်သူမှ အစကနဦးမှာ ဖက်ဒရယ်အတွက် တိုက်ခဲ့ကြတာ မဟုတ်။ နောင်အခါမှ ဝါရင့် EAO တွေဖက်ဒရယ် လို့ အသံထွက်လာတာပါ။ ဝါနု EAO တွေက ကွန်ဖက်ဒရေးရှင်း ခွဲထွက်ရေးကို အသံပေးနေဆဲ ဖြစ်ပါတယ်။

လွတ်လပ်ရေးရပြီး တချိန်ထဲမှာ လူတန်းစား တိုက်ပွဲ ပေါ်လာတယ်။ ဗမာပြည်ကွန်မြူနစ်နဲ့ ​ြပည်သူ့ရဲဘော် တွေက ကွန်မြူနစ်တွေရဲ့ ပြည်သူ့ဒီမိုကရေစီ ပစ္စည်းမဲ့ အာဏာရှင် စနစ် ထူထောင်ဖို့ပါ။ ပြည်တွင်းစစ်ကြီး စတင်ပါပြီ။

၁၉၆၁ မှာ  အာဏာစွန့်လိုက်ရတဲ့ ရှမ်းပဒေသရာဇ်တွေရဲ့ ၈ ပြည်နယ်မူ နဲ့ အကြပ်ကိုင်ပြီး ခွဲထွက်ရေး စတင်လာတယ်။ ချုံထဲက ချောင်းနေတဲ့ နေဝင်းက တပ်ကို စည်းရုံးပြီး အာဏာသိမ်းတယ်။ 

အဲဒီ ကွန်မြူနစ် စနစ်ထူထောင်ရေး  နဲ့ ခွဲထွက်ရေးအခြေခံကြောင့် အိမ်နီးချင်း နိုင်ငံတွေက  စစ်အာဏာရှင် နေဝငိးဘက်က ကူညီကြတယိ။ တရုပ်က ကွန်မြူနစ် ဖြစ်လို့ ဗကပကို ကူညီခဲ့တာပါ။ နောက်ပိုင်း မကူညီတော့ ဗကပ ပျက်တာပါပဲ။ 

ကရင်ခွဲထွက်ရေးတွေဟာ ရန်ကုန်ကို သိမ်းခါနီးဆဲဆဲ အိန္ဒိယက နေဝင်းတပ်ကို လက်နက်တွေ ပို့ပြီး ကူညီခဲ့တယ်။  ခွဲထွက်ရေး နဲ့ ကွန်မြူနစ်တွေ ရှိတဲ့ ရှမ်းပြည်နယ်က EAO တွေကို တိုက်ဖို့ အမေရိကန်က နေဝင်းတပ်ကို ကူညီခဲ့တယ်။

▪️ အခြားတိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေဟာ မြေရှင်ပဒေသရာဇ်သူငယ်နာစွဲ နဲ့ ခွဲထွက်ရေး၊ သီးခြားနိုင်ငံတော် ကို  မူဝါဒ အမှားနဲ့  လျောက်လှမ်းနေတဲ့ အတွက် (၁) မြန်မာပြည်တခုလုံးရဲ့ ပြည်သူလူထု ထောက်ခံမှု မရရှိခဲ့ဘူး။ (၂) နိုင်ငံတကာ ထောက်ခံမှု မရခဲ့ဘူး။  ဒီမှာတင် မရပ်သေးဘူး။ (၃)  အိမ်နီးနားချင်း နိုင်ငံတွေက စိုးရိမ်တယ်။ 

 (၁) မြန်မာပြည်တခုလုံးရဲ့ ပြည်သူလူထု ထောက်ခံမှု မရရှိခဲ့တဲ့အတွက် တော်လှန်ရေး မအောင်မြင်ဘူး ။ 

ဒါကို အရေးစိုက်စရာလား လို့ မေးရင်၊ " မြန်မာ(ဗမာ) တွေက ငါတို့ EAO တွေ တော်လှန်ရေးကို မစာနာဘူး၊ ( ရခိုင်တွေက မြန်မာတွေက မကူညီဘူး) " လို့ လေသံတွေ ထွက်လာတာ ကို ကြည့်ရင် မြန်မာတပြည်လုံးရဲ့ ထောက်ခံမှုဟာ ဘယ်လောက် အရေးပါသလဲ မြင်နိုင်ပါတယ်။

 တပြည်လုံးက ဝေးပါတယ်။ "ဒေသတွင်း မျိုးနွယ်တူ/ မတူတွေက ရော ထောက်ခံသလား " ဟု မေးကြည့်ပါ။  မိမိဒေသသားတွေက ဘာကြောင့် မထောက်ခံတာလဲဲ ကို ရိုးသားစွာ ဖြေကြည့်ဖို့လိုတယ်။ 

မိမိတို့ ဒေသခံတွေကို "NLD ဟာ ဗမာပါတီ ဖြစ်တယ်။  အားကိုးလို့ မရ၊ လူမျိုးရေး စိတ် ဆွပေး၊ မြေရှင် ပဒေသရာဇ် နယ်လုပွဲ တွေ ​မြှောက်ပေး" နေကြတာကို ကြည့်ရင် သိသာထင်ရှားပါတယ်။

နွေဦးတော်လှန်ရေးပေါ်လာတဲ့အခါ စစ်အာဏာရှင် အမြစ်ဖြတ်ဖို့  EAO တွေကို မျှော်လင့်ကြတယ်။ EAO တွေက ထင်သလို မဟုတ်တာ စိတ်ပျက်စရာ တွေ့ကြရတယ်။ စစ်အုပ်စုနဲ့ ပင်းနေကြတာပဲ ပြောတာပါ။ (ကျန်တဲ့  မူးယစ်ကိစ္စ ငွေမရှိ လုပ်မိလုပ်ရာ လုပ်တာပဲလို့ ဒီသုံးသပ်ချက်မှာ ရှော်ပေးထားပါတယ်။)။

ခုချိန်မှာ ဘုရားရှင်သာ ရှိနေရင် " ချစ်သား၊ အနှီ EAO တို့သည် ယခုအခါတွင်သာ စစ်အုပ်စုနဲ့ ပေါင်းခဲ့သည် မဟုတ်၊ ၂၀၀၈ အခြေခံဥပဒေကို ရေးဆွဲသည့် ညောင်နှစ်ပင် ညီလာခံကိုလည်း အိမ်ဖြည့်အနေနဲ့ တက်ရောက်ခဲ့ဖူးသည်" ဟု ဟောတော်မူမယ် ထင်တယ်။



▪️ မြန်မာ( ဗမာ) တွေက ကော်ကူလေးနိုင်ငံတော်၊ ဝမ်ပေါင်နိုင်ငံတော် ဆိုပြီး ခွဲထွက်မယ့် EAO တွေရဲ့ တော်လှန်ရေးကို လက်ခံပါ့မလား ။ ရိုးရိုးလေးပဲ တွေးကြည့်ပါ။ တနိုင်ငံထဲ နေတာတောင် မိမိပြည်နယ်ထဲက နောက်ထပ်ပြည်နယ်သစ်တခု ပေးရမယ် ဆိုရင် မိမိတို့ ဘယ်လို တုံ့ပြန်ကြသလဲ။ ဒါကြောင့် ရခိုင်တွေက " အနောက်တံခါး ကျိုးတော့မယ်" လို့ မဟုတ်မမှန်လှုံ့ဆော်တော့ မြန်မာ(ဗမာ) တွေ ပါဝင်အားဖြည့်လာပြီး၊ ရခိုင်တွေက "နိုင်ငံသစ် ခွဲထွက်မယ် " ဆို​​ေတာ့ ကျောခိုင်းနေတာ သဘာဝကျပါတယ်။ ရခိုင်တွေကလည်း ရိုဟင်ဂျာနိုင်ငံ ထူထောင်မယ် ဆိုရင်လည်း လိုလားမှာ မဟုတ်ဘူးမလား

မြန်မာ (ဗမာ)တွေက ခွဲထွက်ရေးကို လက်မခံတာကို လူမျိုးကြီးဝါဒ လို့ ပြောတာ သဘာဝ ယုတ္တိမကျဘူး။ ဒီမိုကရေစီခေတ်က စံနှုန်းနဲ့  ဟိုဘက်ခေတ်က လူတွေကို လူဆိုးကြီးတွေပမာ အပြစ်တင်တာ တရားပါသလား။ မိမိတို့ရော ​မြေရှင်တွေပီပီ  စစ်အင်အားသုံးပြီး နယ်မလုကြဘူးလား။ ( စကားချပ်။ ။ ဒီနေ့အထိ ရှမ်းပြည်နယ်ထဲ စစ်တိုက်ပြီး နယ်လုနေကြတာက ပဒေသရာဇ်သူငယ်နာ မစင်တာကို ပြသနေတယ်။ )

ထီးပြိုင် နန်းပြိုင် မြို့ပြနိုင်ငံတွေ ရှိခဲ့ပေမယ့် အမျိုးသားနိုင်ငံရယ်လို့ ပေါ်ပေါက်လာတာ မြန်မာနိင်ငံပဲ ဖြစ်တယ်။ ၁၉၄၇ ခု၊ မေလ ၁၉ ရက်နေ့၊ ဂျူဗလီဟော ဖ၊ဆ၊ပ၊လ ပဏာမ ပြင်ဆင်မှု ညီလာခံတွင် ပြောကြားသည့်မိန့်ခွန်း။   ( ဒီနေ့ NUCC ကို ဖက်ဒရယ်ဖွဲ့စည်းပုံမှာ အမျိုးသားပြည်နယ်လို့ ထည့်ခိုင်းနေတာဟာ အဆင့်တခု မြင့်လာတဲ့ သဘောဖြစ်တယ်)။  https://minthitburma.blogspot.com/2022/10/blog-post_30.html

မြေရှင်ပဒေသရာဇ်ထုံးစံ စစ်နိုင်သူက နယ်မြေသိမ်းတာ ဓမ္မတာပဲ။  ပဒေသရာဇ်ခေတ် စုစည်းတဲ့ ပုံစံကို ဒီမိုကရေစီနည်းလမ်း မကျဘူးလို့ ပြောရင်၊   ဘယ်လူမျိုး ပဒေသရာဇ်မင်းတွေက ဒီမိုကရေစီကျနေသလဲ။ " ပြည်သူဆိုတာ ကျွန်၊ ဘုရင်က အချုပ်အခြာအာဏာပိုင် " တဲ့ ခေတ်ဖြစ်တယ်။  စစ်ရှုံးတဲ့ မင်းက စစ်နိုင်တဲ့ မင်းကို  မိမိမြေ ပေးရတာပဲ။ အင်္ဂလိပ်က မြန်မာနယ်မြေပေါ်ရောက်လာမှ စာချုပ်စာတမ်းတွေနဲ့   အဆင့်တက်လာတာ ဖြစ်တယ်။

ဒါကြောင့်  မိမိတို့တော့ ပဒေသရာဇ်ခေတ်က အစ, ဆွဲထုတ် နယ်လုမယ်၊ မြန်မာ( ဗမာ) ကတော့ ပဒေသရာဇ်ခေတ်က အမွေကို ဖျက်သိမ်းရမယ် ဆိုရင် တရား

မျှတပါ့မလား။ အဲဒီအခါ ပုဂံရာဇဝင် ဒုတ်ထမ်း ငြင်းခုံကြလိမ့်မယ်။ ပျူခေတ်အထိ ဆွဲထုတ်ပြီး ရန်ဖြစ်ကြလိမ့်မယ်။



▪️ မိမိလူမျိုး သမိုင်းတွေကတော့ မြို့ပြနိုင်ငံ အဆင့် ကို ဧကရာဇ်နိုင်ငံပမာ မိမိဘာသာ အမွှန်းတင်ရေးကြတာပဲ။ နိုင်ငံတကာ မှတ်တမ်းတွေအရ ပြောကြမယ် ဆိုရင် ရှေးဟောင်းမြေပုံ တွေ ထဲမှာ မြန်မာနိုင်ငံ မြေပုံတမျိုးပဲ တွေ့ရတယ်။ ကျန်တဲ့ တိုင်းရင်းသားဒေသတွေဟာ ဒီမြေပုံထဲမှာပဲ စာတန်းအမျိုးမျိုး ရေးထိုးကြတာ ဖြစ်တယ်။ ဒါတွေကို ခြေဆင်းပျိုးနေတာ ခေါင်းစဉ်ခွဲ (၂) ကို ပြောချင်လို့ တာစူနေတာ ဖြစ်တယ်။

အင်္ဂလိပ်က ကမ္ဘာကို အုပ်စိုးပြီးနောက် ဥပဒေတွေ၊ စာချုပ်စာတမ်းတွေနဲ့ ဖြစ်လာတယ်။  မြန်မာပြည်ကို အိန္ဒိယထဲ ထည့်တဲ့ ဥပဒေ၊ အာသံမဏီပူရကို ပြန်မပေးပဲ၊ မြန်မာပြည်သပ်သပ် အိန္ဒိယသပ်သပ် ခွဲထုတ်တဲ့ ဥပဒေ၊ မြန်မာပြည်ထဲက နယ်ခြားဒေသတွေဟာ အုပ်ချုပ်ရေး စနစ်မတူညီပေမယ့် တနိုင်ငံထဲမှာ ရှိတယ်လို့ သက်သေပြတဲ့ ၁၉၃၅ မြန်မာနိုင်ငံတော် စီရင်အုပ်ချုပ်မှု အက်ဥပဒေတို့ဟာ နိုင်ငံတကာက တနိုင်ငံထဲရဲ့ အချုပ်အခြာအာဏာလို့ သတ်မှတ်ပြီး ဖြစ်တယ်။ 


အခြားတိုင်းရင်းသားတွေက  မြန်မာက မိမိတို့ကို ကိုလိုနီပြုတယ်လို့ မိမိဘာသာ မိမိလူမျိုးကို လှု့ံဆော်နေပေမယ့်၊ နိုင်ငံတကာအဖို့ ကုလသမဂ္ဂ ၂၀၂၂ အထိ ကိုလိုနီစာရင်းထဲမှာ ဘယ်တိုင်းရင်းသား ဒေသမှ မပါဝင်ဘူး။ 

ဒါဟာ အခြားတိုင်းရင်းသားတွေ ခွဲထွက်ရေးသမားတွေရဲ့ ဟောပြောမှုဟာ နို်ငံတကာနဲ့  ဖီလာဆန့်ကျင်နေတယ်။

▪️အီရတ်က ကူဝိတ်ကို မကျူးကျော်ခင်အထိ၊ အမေရိကန်က ဆာဒမ်ဟူစိန် ရှိဖို့ လိုအပ်တယ်လို့ ယူဆထားတယ်။ အီရန်အစ္စလာမ္မစ်အခြေခံဝါဒီများကို အာရပ်ကမ္ဘာ အရှေ့ပိုင်းက အမေရိကန် မဟာမိတ် တူရကီနှင့် ဆော်ဒီအာရေးဗီးယားဆီကို လွှမ်းမိုးလာမှာကို တားဆီး ဖို့  အီရတ် မပြိုကွဲဖို့လိုအပ်တယ်။ ဟူစိန်ရဲ့ သံလက်သီးနဲ့ နှိပ်ကွက် အုပ်ချုပ်တာကို နှစ်သက်ခဲ့တယ်။ ဒေသတွင်း ဟန်ချက်ညီရေး နဲ့ အီရတ် ပြိုကွဲခြင်းကို ဟန့်တားနိုင်တာ ဟူစိန်ပဲ လို့ ယူဆကြတယ်။ ဒါကြောင့် အမေရိကန်က ကာ့ဒ် ခွဲထွက်ရေး နှင့် ရှီယိုက်ပုန်ကန်မှုများကို မထောက်ခံဘူး။ ဟူစိန်ရဲ့ သံလက်သီးက ပြည်တွင်း သူပုန်တွေသာမက ကူဝိတ် ကို ကျူးကျော်လာတော့မှ အမေရိကန် သဘောထား ပြောင်းလဲသွားတယ်။ အမေရိကန်ဟာ မြန်မာပြည်အပေါ် ဒီလိုသဘောထား ရှိနေသလား သုံးသပ်ကြဖို့ လိုတယ်။ မြန်မာပြည် ပြိုကွဲသွားရင် ဒေသတွင်း ဟန်ချက်ပျက် ပြီး အမေရိကန်မဟာမိတ် တွေကို ရိုက်ခတ်လာမှာ စိုးရိမ်နေလိမ့်မယ်။

အင်္ဂလိပ်က မြန်မာပြည်ကို လွတ်လပ်ရေး ပေးတဲ့ အခါ ဒီသဘောကို တွေ့ရမယ်။ တရုပ်ကွန်မြူနစ် လွှမ်းမိုးလာမှာကို ကြောက်လို့ နယ်ခြားဒေသတွေကို ကိုလိုနီဘဝနဲ့ ဆက်နေချင် နေ၊ ဒါမှ မဟုတ်ရင်တော့ ပြည်မနဲ့ တခါထဲ လွတ်လပ်ရေး ယူစေခဲ့တာ ဖြစ်တယ်။ ကချင်နိုင်ငံ၊ ကရင်နိုင်ငံ စသည်ဖြင့် ကွဲထွက်မှာ မလိုလားဘူး။

▪️ မြန်မာ့ အိမ်နီးနားချင်းတွေရဲ့ သဘောထားက  ပိုမို စိုးရိမ်တယ်။  

အခြားတိုင်းရင်းသားတွေ လူမျိုးစု ဒေသတွေဟာ သူတို့ဘက်ခြမ်းမှာလည်း ရှိတယ်။ အဲဒီလူမျိုးစုတွေဟာ မြန်မာဘက်ခြမ်းက ပြိုကွဲထွက်လာမယ့် နိုင်ငံသစ်တွေနဲ့ ပူးပေါင်းဖို့ ခွဲထွက်ရေး လှုပ်ရှားလာမှာ အင်မတန် စိုးရိမ်တယ်။ မြန်မာအနောက်ခြမ်း  ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယမှာ ခွဲထွက်ရေး သူပုန်တွေ ရှိနေတယ်။ အရှေ့ခြမ်းမှာ တရုပ်က ထိုင်ဝမ်အရေး ပေါ်လစီအရ ခွဲထွက်ရေးကို အားမပေးဘူး။ ဒါ​ကြောင့် ဝက ခွဲမထွက်ပါဘူးလို့  မေးစရာမလိုပဲ အတင်းကို ပြောနေရတယ်။ ဝ နိုင်ငံ ဖြစ်လာရင် တရုပ်ဘက်ခြမ်းက ဝတွေလည်း လှုပ်လာမှာပဲ။ ထိုင်းရဲ့ သဘောထားက ရှမ်းနိုင်ငံသစ် ပေါ်မှာ မလိုလားဘူး၊ ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်ဟာ  သူ့ဘက်ခြမ်းက လူမျိုးစုတွေ ဆွဲခေါ်သွားမယ့် နိုင်ငံငယ်လေးတခုပေါ်လာမှာ မလိုလားပေမယ့် ၊ မြန်မာဘက်ခြမ်းကို ကျူးကျော်ပြီး သိမ်းသွင်းဖို့တော့ လက်လွှတ်မှာ မဟုတ်ဘူး။

လူမျိုးရေး နဲ့ ပက်သက်လို့ ဒေသတွင်း စိုးရိမ်မှုအပြင် ...... ၊ 

အိုင်ဒီရော်လော်ဂျီအရ တချိန်က ကွန်မြူနစ်တစ္ဆေကြောက်ပြီး  နေဝင်းတပ်ကို ထောက်ပံ့ခဲ့တဲ့ ဖြစ်ရပ်မျိုး ရှိခဲ့တယ်။ ဗကပ ခေတ်လို  တရုပ်က နောက်ခံပေးတာ မရှိတော့ပေမယ့် ကြောက်သူတွေက ကြောက်နေနိုင်သေးတယ်။

▪️ အခြားတရသတွေဟာ မိမိဘာသာ သမိုင်းကို ဂျင်းတွေ ထိုးဇာတ်တွေ အမွှန်းတွေ ရေးပြီး အမျိုးသားနိုင်ငံသစ်တွေ ခွဲထွက်ရေးတွေ ကွန်ဖက်ဒရိတ်တွေ ပြောနေကြပေမယ့်၊ နိုင်ငံတကာအမြင်မှာတော့ ပြောင်းပြန်ဖြစ်နေတယ်။ ဖီလာ ဆန့်ကျင်နေတယ်။  နိုင်ငံတကာက ကိုယ်ပိုင်အုပ်ချုပ်ရေး၊ လူ့အခွင့်အရေး၊ ဒီမ်ုကရေစီ ကို အားပေးပေမယ့်၊ ဒေသတွင်း ဖရိုဖရဲ ဖြစ်စေမယ့် အမျိုးသားနိုင်ငံသစ်တွေကို မလိုလားဘူး။ စိုးရိမ်တယ်။  မြန်မာနိုင်ငံအနေအထားက အရှေ့တီမောနဲ့ မတူဘူး။   ပဒေသရာဇ်သူငယ်နာ မစင်သူတွေဟာ ဘူမသိ ကိုးမသိနဲ့ ခွဲထွက်ရေး ကွန်ဖက်ဒရိတ်အော်နေကြတယ်။

ဖြတ်လေးဖြတ် မခံနိုင်လို့ ယာယီအပစ်ရပ်ရတဲ့ AAကို "လွတ်လပ်ရေးယူနိုင်ပြီ၊ ခွဲထွက်ရေး " ဘာညာနဲ့ အလွန်အမင်း မြှောက်ပင့် သွေးထိုး ရေးသားနေတဲ့ မင်းသေ့တို့ ဖက်ဒရယ်ဂျာနယ်တို့ဟာ၊ တနည်းအားဖြင့် စကစ ကို အကျိုးပြုရာရောက်တယ်။ ၁၉၆၂ ဖြစ်စဉ်ကို ကြည့်ရင်  ရှမ်းစော်ဘွားတစုရဲ့ တဇောက်ကန်း ၈ ပြည်နယ် မူ နဲ့ ခွဲထွက်ရေး ခြိမ်းခြောက်မှု ကြောင့်၊ နေဝင်းဟာ တပ်တွင်း၊ တပ်ပြင် ၊ ပြည်တွင်း ပြည်ပ ထောက်ခံမှုတွေရရှိပြီး ၊ ဖျံနှစ်ကောင် အငြင်းပွား၊ မြေခွေး ငါးကြင်းသား အချီခံရတာ ဖြစ်တယ်။



နွေဦးတော်လှန်ရေးသမားတွေကို ကြည့်ပြန်တော့လည်း "NUG ကို ရန်ပုံငွေရှာပေး၊ အသံထွက်ပေးတဲ့ အဖွဲ့" ပမာပဲ သဘောထားနေကြတယ်။  မိမိတို့ကမှ "NUG ဟာ နိုင်ငံမပြိုကွဲပဲ ထိန်းသိမ်းထားနိုင်တဲ့ တခုထည်းသော အဖွဲ့ ဖြစ်ကြောင်း "တညီတညွတ်ထဲ တရားဝင်  အသိအမှတ်ပြုတာ မလုပ်ရင်  ၊ "ဗဟိုအစိုးရလို့ မသတ်မှတ်ပဲ မဟာမိတ် ဗမာအစိုးရ"လို့ သတ်မှတ်နေရင်၊ စင်ပြိုင် အစိုးရတွေ အတိုင်ပင်ခံကောင်စီတွေ နဲ့  သူတလူ ငါတမင်း ဖြစ်နေရင်၊ နိုင်ငံတကာက NUG ကို အသိအမှတ်ပြုလာစရာ မမြင်ဘူး။


Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား