ကွန်မြူနစ် နဲ့ ပက်သက်ရင် ဒီဓာတ်ပုံ ၄ ခုက အဖြေပဲ

ကွန်မြူနစ် နဲ့ ပက်သက်ရင် ဒီဓာတ်ပုံ ၄ ခုက အဖြေပဲ
▪️ ပထမတပုံက ၁၉၈၈ အရေးတော်ပုံ မစတင်ခင်ထဲက ဗကပ ဥက္ကဌ သခင်ဗသိန်းတင်ရဲ့ အမှာစာ (၁၉၈၄) ဖြစ်တယ်။ တရုပ်အားမကိုးရေး နဲ့ ပါတီစုံ ဒီမိုကရေစီစနစ် ထူထောင်ရေး ဖြစ်တယ်။ ပါတီစုံဒီမိုကရေစီကို ၁၉၆၂ နောက်ပိုင်း ဗကပက ပထမဆုံး ပြောတာ ဖြစ်ကြောင်း အသိအမှတ်ပြုရပါမယ်။

( လေကြောရှည်သကွာ .. ဘာပြောချင်တာလဲ) 

ပြောချင်တာက PLA ဆိုပြီး ကွန်မြူနစ်တပ်တခု ပေါ်ထွက်လာပါတယ်။ 
တစ်အချက်က - ဗကပက တရားဝင် ကြေညာချက်တော့ မထုတ်ပါဘူး။ ဒါပေမယ့် ဗကပ အာဘော် အရေးတော်ပုံဂျာနယ်မှာ သတင်းဆောင်းပါးတပုဒ် ဖော်ပြတာတော့ ရှိပါတယ်။ 
နှစ်အချက်က - PLA မှာ နိုင်ငံရေးဌာန ရှိနေပြန်တယ်။ ဗကပ ပုံစံက ပေါ်လစ်ဗျူရိုရဲ့  နိုင်ငံရေးဦးဆောင်မှုအောက်မှာ PLA ရှိတာပါ။ 
ဒီတော့ ဗကပက PLA ကို ဦးဆောင်နေသလား၊ PLA က သူ့ချည်းသက်သက် နိုင်ငံရေးမူဝါဒ လုပ်ဆောင်နေသလား မသဲကွဲပါဘူး

ဗကပ ရဲ့ ဦးဆောင်မှုအောက်မှာ PLA ရှိနေတယ် ဆိုရင် ပါတီစုံဒီမိုကရေစီကို လက်ခံရပါမယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ကွန်မြူနစ်တွေကို ပစ်ပယ်တာ မရှိပါဘူး။ ဒါပေမယ့် ဖက်ဒရယ် ဒီမိုကရေစီ စနစ်ရဲ့ rule of law ကိုတော့ လိုက်နာဖို့ လိုပါမယ် လို့ ပြောခဲ့ပါတယ်။ ( ဒုတိယဓာတ်ပုံ)

▪️ တတိယပုံကတော့  ဒေါ်ခင်ကြည်ရဲ့ စကားပါ။ ဗိုလ်ချုပ်အောင်ဆန်းကို လုပ်ကြံတဲ့ ဆိုရှယ်ဒီမိုကရက် ဆိုတဲ့ နာမည်ကို မြင်ရလိမ့်မယ်။ ဒေါ်ခင်ကြည်က သခင်သန်းထွန်း ( ကွန်မြူနစ် ) နဲ့ ညီညွတ်မှာ မလိုလားတဲ့ ဆိုရှယ်ဒီမိုကရက် ဆိုပြီး ပြောသွားတယ်။ ဆိုရှယ်ဒီမိုကရက် ဆိုတာ ဆိုရှယ်လစ်အုပ်စုထဲက ဆိုရှယ်နီ တွေကို ကန်ထုတ်တယ် လို့ ပြောတယ်။

စတုတ္ထ ဓာတ်ပုံကတော့ လူထုစိန်ဝင်းရဲ့ စကား။ ဒီမိုကရေစီဆိုတိုင်း ဒီမိုကရေစီ မဟုတ်။ ကွန်မြူနစ်နာမည်ခံတိုင်း ကွန်မြူနစ် မဟုတ်။ မူရင်းကျမ်းတွေ မဖတ်ပဲ အဖွင့်ကျမ်းလေးတွေ ဖတ်ပြီး စဆရက လုပ်နေတဲ့ လူတွေကို ပြောပစ်လိုက်တာ။

( လေကြောရှည်သကွာ .. ဘာပြောချင်တာလဲ) 
ဒီတော့ ဆိုရှယ်ဒီမိုကရက်တွေကို သတိထားရမယ်။ သူတို့က ဒေါ်ခင်ကြည်ပြောသလို လက်ျာ ဘက်ပြေးကပ်လိုက်၊ လက်ဝဲအသံ ဆူညံပြလိုက်နဲ့  ဆိတ်လစိတွေ ဖြစ်တယ်။ 

ကွန်မြူနစ်စာတွေရေးတိုင်း ၊ ဗကပပါတီဝင် ဖြစ်ဖူးတိုင်း ကွန်မြူနစ် မဟုတ်ဘူး။  ကွန်ပျက် တွေရှိတယ်။  မြန်မာလို ဘာသာပြန်ထားတဲ့ ကွန်မြူနစ်အဖွင့်ကျမ်းလောက် ဖတ်ပြီး ကွန်ကြောင်တွေ ဖြစ်နေတာ ရှိတယ်။
စိုးရိမ်တာက PLA ဟာ ကွန်ကြောင်တွေ မဖြစ်ဖို့ လိုတယ်။ ဗကပ ဦးဆောင်မှု ရှိဖို့လိုတယ်။ 

ကျော်ကိုကိုလို ( လကျ်ာ) လူမျိုးရေး မြောက့်ပင့် သွေးထိုး လိုက်၊ ( လက်ဝဲ) လူတန်းစားရေး  အိုဗာတင်း လိုက်နဲ့   ဆိုရှယ်ဒီမိုကရက် တွေဟာ သန္ဓေပါ ဉာဏ်အတိုင်း  တော်လှန်ရေးကို  သမိုင်းတပတ်လည် ခြေထိုးကြလိမ့်ဦးမယ်
 










Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား