NUG သမတကြီးရဲ့ Precondition ၅ ချက်

▪️ နွေဦးတော်လှန်ရေးမှာ စစ်ရေးကို ပြောရင် NUG ပဲ တာဝန်ရှိတာ မဟုတ်။ CNA ၊ KIA ၊ KNU ၊ KNPP ဆိုတဲ့ ဒေါက်တိုင် ၄ ရပ်မှာလည်း တာဝန်ရှိတယ်။ NUG ရဲ့ Chain of Command ဟာ ဒီ ERO ၄ စု လက်အောက်မှာ ရှိတယ်။ ဒါကို NUG တခုပဲ အပြစ်ဖို့ ပြောလေ့ရှိသူတွေဟာ လူလိမ်တွေ ဖြစ်တယ်။ မည်သည့် အလံလွှင့်ထူထားပါစေ ၊ စကစကို သွယ်ဝိုက် အကျိုးဖြစ်ထွန်းစေသူတွေ ဖြစ်တယ်။

▪️ မြေပြင်က AA စစ်ရေး အပစ်ရပ်တာကို မဝေဖန်ပဲ ၊ နိုင်ငံရေးအပိုင်း NUG သမတကြီးရဲ့  Precondition  ၅ ချက်ကို အပုပ်ချနေ
တယ်။  AA အပစ်ရပ်တာဟာ စစ်မျက်နှာတခု လျော့သွားတယ်။  စကစဟာ  စစ်ကို  ရင်ဆိုင်ထားရလို့ တပ်ရင်းတွေအကုန်လုံး တခြားနယ်တွေ ရောက်မှာ မဟုတ်။ ဒါပေမယ့် ရခိုင်မြေပေါ်  ပျံသန်းနေတဲ့ စစ်လေယာဉ်တွေဟာ  တခြားနယ်တွေ အတွက် တာဝန်ပေးနိုင်၊ ပိုမို ထိခိုက်မှု ဖြစ်စေနိုင်တယ်။

AA ဟာ နွေဦးတော်လှန်ရေးမှာ မဟာဗျူဟာမြောက် စာရင်းသွင်းရမယ့် ERO တခု မဟုတ်ဘူး။ AA က ဝင်စို့ ထွက်စို့ ကွန်ဖက်ဒရိတ်ရဲ့ သဘာဝကို လက်တွေ့ပြသနေတယ်။ AA အတွက် တိုက်ပေးနေတဲ့၊ ထောက်ပံ့နေတဲ့ သူတွေ သင်ခန်းစာယူရမယ်။

AA ကို ယုံကြည်အားကိုးတဲ့ PDF တွေဟာ စိတ်ထိခိုက်ရတယ်။ စိတ်ဓာတ်ဟာ စစ်ရေးမှာ အရေးကြီးတယ်။ နောက်တချက်က AA ကို ဗန်းတင်ပြီး NUG က ငြိမ်းချမ်းရေး မလိုလား၊ တင်းမာနေသယောင် စတင်တိုက်ခိုက်နေတဲ့ ခွန်ဥက္ကာလို စစ်ဘောမတွေရှိတယ်။

▪️သမတကြီး ဒူဝါလရှိလက ( ဆွေးနွေးရေးကို လိုလားတဲ့ ) နိုင်ငံတကာ အင်တာဗျူးတခုမှာ ( မဆွေးနွေးဘူး ၊ ချမှာပဲ ) လို့ မပြောသာဘူး။ နိုင်ငံရေး ဦးဆောင်မှု ပရိယာယ်ဆိုတာ ဒါမျိုးကို ပြောတာ ဖြစ်တယ်။  ပရိယာယ်ဆိုတာ မဟော်သဓာ က ကေဝဋ်ပုဏ္ဏားကို ပတ္တမြား ပြပြီး လိမ်တာက အစ၊ အင်္ဂလိပ်ကို တွန်းလှန်မယ် ဆိုပြီး စစ်ထွက်အခန်းအနားတွေ အကျအနနဲ့ ဂျပန်ကို လိမ်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း အဆုံး လုပ်ခဲ့တာ ဖြစ်တယ်

▪️ သမတကြီးက "မဆွေးနွေးခင် လိုက်နာရမယ့် ကြိုတင် သတ်မှတ်ချက်" (၅) ချက် ပြောတယ်။ Pre-condition လို့ ခေါ်တယ်။  စကစက ပါးစပ်နဲ့ ကတိပေးရုံနဲ့ မရဘူး၊ ကုလသမဂ္ဂ​ေရှ့မှာ တာဝန်ခံရမယ်။ ဖောက်ဖျက်ရင် ဘာလုပ်မယ် ဆိုတာအထိ ကုလသမဂ္ဂက အာမခံရမယ်။ နိုင်ငံတကာကိုလည်း လ/န ထောက်ပံ့ရေးဆိုတဲ့ တာဝန်ခံမှုနဲ့ ပြန်ချည်ထားတယ်။ 

လူပိန်းနားလည်အောင် ပြောရရင် " မအလကို စားပွဲဝိုင်းပေါ် ဂုတ်ဆွဲခေါ်ချင်တယ် ဆိုရင် - မင်းတို့ တာဝန် က ငါတို့ကို လေယာဉ်ပစ် လ/န ပေး၊ ငါတို့ တာဝန်က ၆ လ အတွင်း စစ်နိုင်စေရမယ်။ .. ဒါမှမဟုတ် မင်းတို့ဘာသာ ဂုတ်ဆွဲခေါ်လာရင် Pre-condition  ၅ ချက်ကိုပါ တပါထဲယူခဲ့" လို့ ဆိုလိုတယ်


▪️ သမတကြီး ဒူဝါလရှိ လ (အရင် အကြိမ်အဖန် များစွာ မှာ ) ဖဒိုစောတာနီးက Precondition ( ၄) ချက် ကို KNU ကို ကိုယ်စားပြုပြီး ထုတ်ဖော်ကြေညာခဲ့တယ်။ 

နွေဦးတော်လှန်ရေး တောကြောင်တွေဟာ NUG ကိုသာ ဝေဖန်ရဲတာ၊သူတိူ့ မှီခိုကပ်လျားနေရဲ့ ERO တွေကို တလံ​ုးတပါဒမှ မဝေဖန်ရဲဘူး။ အဂတိတရား ကြီးစိုးနေတယ်။ သူတို့ရဲ့ပါးစပ်ပေါက်တွေဟာ စမြင်းဒေါသ ခံနေခဲ့ကြတယ်။  NUG ကို ဝေဖန်သူတွေဟာ KNU စတဲ့ ERO ၄ ခုကို မဝေဖန်ရဲရင် ၊ double standard လို့ ခေါ်တဲ့ မြွေဟောက်လို လျှာနှစ်ခွသမားတွေ ဖြစ်တယ်။

✅ စစ်တပ်အနေဖြင့် နိုင်ငံရေးမှထွက်မှဆွေးနွေးမည်ဟူသော ရပ် တည်ချက်ကို ဖဒိုစောတာနီးက ပြောကြားခဲ့သည်။
 
အာဏာသိမ်းစကစ ဥက္ကဋ္ဌအနေဖြင့် 
▪️ စစ်တပ်သည် နိုင်ငံရေးမှ လုံးဝထွက်သွားရေး၊ 
▪️ဖက်ဒရယ် ဒီမိုကရေစီကို အကောင်အထည်ဖော်ဆောင်ရန် တရားဝင်ကြေညာရေး၊ 
▪️အသွင်ကူးပြောင်းရေး ကြား ကာလ တရားမျှတမှုဖော်ဆောင်ရေး၊
▪️ ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် နိုင်ငံတကာစောင့်ကြည့်သူများ ပါဝင် ရေးတို့ကိုလက်ခံရန် ကတိပေးရမည်ဖြစ်ကြောင်း 
KNU အနေဖြင့် ပြောကြားထားခြင်းဖြစ်သည်။
ဖဒိုစောတာနီး
https://www.facebook.com/216265185075061/posts/5553341568034036/

Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား