ရခိုင်မှာဘာတွေဖြစ်နေသလဲ

 ရခိုင်မှာဘာတွေဖြစ်နေသလဲ  

ဘယ်သူမှ ဗခထွန်းမြတ်နိုင်၊ မအလ အကြား ဆက်ဆံရေးကို မသိကြဘူး။ ဘယ်သူမှ AA ရဲ့ စစ်ဆင်ရေး လျှို့ဝှက် အဆင့်ကို မသိကြဘူး။ အဲဒီတော့ သတင်းအပေါ် မူတည်ပြီး ပြောရတယ်။ ဒီလို သုံးသပ်ရာမှာ အရှိကို အရှိအတိုင်း ပြောရဲဖို့ လိုတယ်။ 

▪️ AA ရဲ့ မဟာဗျူဟာ ။ ။ PDF နဲ့ မအလ တပ်တွေ စစ်ဖြစ်နေချိန်မှာ စကစနဲ့ ယှဉ်တွဲ နေထိုင်းရင်း ၊ state building ၊ ပြည်သူ့အာဏာပိုင်၊ တရားစီရင်ရေး တွေ တည်ဆောက်မယ်။ စစ်အင်အား စုဆောင်းမယ်။ ဘင်္ဂလားဒေ့ရှ့်နဲ့ အဆင်ပြေအောင် နေမယ်။ တဖြည်းဖြည်း AA ဩဇာဟာ ၇၅% အထိ ရှိလာမယ်။ မြို့ကြီးတွေမှာ AA က "ဟိတ် " ဆိုရင် "တိတ် " နေရမယ်။ မအလ ရုံးတွေဟာ AA ဩဇာခံလာရမယ်။ ဒီလို နဲ့ အုပ်ချုပ်ရေး အာဏာစက် ထူထောင်ဖို့ ဖြစ်တယ်။

▪️ ရခိုင်ပါတီတွေရဲ့ ဗျူဟာ။ ။ AA ရဲ့ အရိပ်ကို ခိုပြီး စကစ ဆီက အုပ်ချုပ်ရေး အာဏာ ရသလောက် တောင်းဆိုမယ်။ စကစရဲ့ အရိပ်ကို ခိုပြီး ရိုဟင်ဂျာ နည်းပါးအောင် လုပ်မယ်။ ထွန်းမြတ်နိုင်တို့ဟာ တောဘုရင်၊ အေးမောင်တို့က မြို့ဘုရင် လုပ်မယ်။ တရုပ် နဲ့ ခရိုနီ လုပ်ကွက်တွေ ဝေစားမျှစား ။ စကစ အလိုကျ NLD ကို ခြေထိုး ခြေခံ လုပ်ပြလေလေ၊ အခွင့်ထူးရလေလေ။

▪️ အဝေးရောက် အကြံပေးတွေရဲ့ ဗျူဟာ။ ။ရခိုင် ပြည်နယ် ခြေဥရေး၊ အစိုးရနဲ့ လွှတ်တော်ကို အပိုင်စီးပြီးရင်၊ လွတ်လပ်ရေး ကြေညာမယ် တို့ ဘာတို့။

▪️ စကစရဲ့ ဗျူဟာ ။ ။ စကစဟာ ရခိုင်ပြည်နယ်ကို ဝလို ကိုယ်ပိုင်အုပ် မပေးဘူး။ အဆုံးစွန် မြောက်ပိုင်း အထူးဒေသ (၁) AA ၊ (၂) ALP တော့ ပေးနိုင်တယ်။ တရုပ် ရုရှ မျက်စိကျ၊ ငွေဝင်ပေါက်တွေရှိတာ ဘယ်တော့မှ ပေး.. မစားဘူး။ PDF ကြောင့် အလျော့ပေး လိုက်လျောတာ။ ဒါပေမယ့် AA နဲ့ ရခိုင်ပါတီတွေ အကွက်ကို မသိတဲ့ ငတုံးတွေ မဟုတ်။

✅ လတ်တလော ပြဿနာ။ ။ ပထမအပစ်ရပ် သဘောတူထားတဲ့ စစ်ဘေးရှောင် ထောက်ပံ့ရေး၊ မြေမြုပ်မိုင်း ရှင်းပေးရေး၊ ကိုဗစ်ကာကွယ်ဆေး ထိုးပေးရေး ဆိုတာတွေကို စကစက အပြည့်အဝ အကောင်ထည်မဖော်ဘူး။ AA ရဲ့ အုပ်ချုပ်ရေး အာဏာစက်ကို စကစက ဖျက်ဆီးတယ်။ AA အုပ်ချုပ်ရေးမှူးတွေကို ဖမ်းတယ်။ ALP ကို လုပ်ပိုင်ခွင့်ပေးတယ်။ AA ရဲ့ စစ်အ​မာခံ စခန်းတည်ဆောက်ရေးအတွက် ဆောက်လုပ်ရေး ပစ္စည်းတွေ၊ ဆေးဝါးတွေ၊ ရိက္ခာတွေ ပိတ်တယ်။

✅ AA တန်ပြန်ပုံ၊ ။ စကစ ရဲ၊ ထောက်လှမ်ရေးတွေ၊ ALP တွေကို ဖမ်းတယ်။ သုံ့ပန်းချင်း လဲလှယ်ဖို့။ မောင်တော နယ်စပ် ကုန်သွယ်ရေးအမာခံ စခန်း အတွက်တိုက်တယ်။ နယ်စပ်ဂိတ်စခန်းရရင် EAO တွေအတွက် ပြည်ပကူးသန်းရေး လမ်းပွင့်တယ်လို့ UWSA ကို ရှင်းပြတယ်။ လက်နက်ခဲယမ်း အကူညီတောင်းတယ်။ နယ်ခြားစောင့် စခန်းတွေကို တိုက်တယ်။

✅ စကစ တန်ပြန်ပုံ။ ။ နယ်ခြားစခန်းတွေက ဆုတ်ပေးတယ်။ AA လည်း အထိုင်မရအောင် ဗုံးကြဲတယ်။ RSO ဝင်ထိုင်ရင် ဗုံးမကြဲဘူး။

✅ ရခိုင်ပါတီတွေ တန်ပြန်ပုံ။ ။ မအလ ရွေးကောက်ပွဲ ပျက်မှာ ကြောက်တယ်။ RSO တွေ ဝင်လာတာ ထောက်ပြတယ်။ ပြည်သူနာ​ကြောင်း ငိုပြတယ်။

✅ ဘင်္ဂလားဒေ့ရှ် တန်ပြန်ပုံ။ ။ ရခိုင် တွေ ရဲ့ ရက္ခိတ မဘသ လမ်းစဉ်၊ ခွဲထွက်ရေးကို လုံးဝ မကြိုက်ဘူး။ AA က " ရခိုင်နဲ့ ဘင်္ဂလီ ညီအကိုတော်ပါသည် "လို့ ကြေညာချက် တစောင် ထုတ်ပေမယ့်လည်း ..ရခိုင် တွေ ရဲ့ ရိုဟင်ဂျာအပေါ် သဘောထား ကို လုံးဝ မယုံကြည်ဘူး။ UWSA လို ဘင်္ဂလားဒေ့ရှ်က AA ကို နောက်ခံမပေးဘူး။ မအလနဲ့ လာတွေတယ်။ ဘင်္ဂလားဒေ့ရှ် နယ်စပ် ကူကီးခွဲထွက်ရေး သမား၊ ရခိုင် ခွဲထွက်ရေးသမားတွေကို ရှင်းဖို့ အပြန်အလှန် ဆွေးနွေးပုံရတယ်။ ဒီရက်ပိုင်းမှာ ဘင်္ဂလားဒေ့ရှ် စစ်တပ်က ကူကီးခွဲထွက်ရေး သမားတွေကို တိုက်တယ်။

✅ AA ထပ်မံ တန်ပြန်ပုံ။ ။ မအလတပ်တွေကို ဖြတ်လေးဖြတ် ပြန်လုပ်တယ်။ ဆာဆာကာဝါက ရိက္ခာထုပ်ပြတယ်။ အချိန်ပိုမပါ သရေပွဲနဲ့ အပစ်ရပ်တယ်။




👆 အနှစ်ချုပ်။ ။ ရခိုင်ပါတီတွေနဲ့ AA ဟာ  ရက္ခိတလမ်းစဉ် ကြောင့် ( ဘင်္ဂလားဒေ့ရှ်ရဲ့ အကူအညီမရပဲ၊ ကျောထောက်နောက်ခံမဲ့ ဘဝနဲ့၊ ) မအလစစ်တပ်ဆီက ပေးသမျှနဲ့ နေကြရမယ်။

Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား