တိုင်းရင်းသား လက်နက်ကိုင်တွေ လက်နက်စွန့်မှ တပ်မတော် နိုင်ငံရေးက ထွက်မည်

▪️ တိုင်းရင်းသား လက်နက်ကိုင် EAO တွေဟာ "ကိုယ်ပိုင်ပြဒါန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ရေးရရှိဖို့ ဖက်ဒရယ်ကို လိုချင်တယ်။ ဖက်ဒရယ်ရရင် security reform လို့ ခေါ်တဲ့ ဖက်ဒရယ်တပ်မတော်ထဲက အရပ်သားပြည်နယ် အစိုးရ လက်အောက်မှာ ပြည်နယ်တပ်တွေ ဖြစ်လာမယ် ။ " ဆိုတဲ့ ရည်ရွယ်ချက်နဲ့  အနှစ် ၇၀ ကျော် ကြိုးပမ်းတယ်။  ( တကယ်ဟုတ်ပါသလား။ )

▪️ မြန်မာ့စစ်တပ်ဘက်က  ကာချုပ် မင်းအောင်လှိုင်နဲ့ အောက်အဆင့်ဆင့် ဗိုလ်ချုပ်တွေက " တိုင်းရင်းသား လက်နက်ကိုင် EAO တွေကြောင့် တပ်မတော်ဟာ နိုင်ငံရေးထဲက မထွက်တာပါ " ဆိုပြီး စစ်အာဏာရှင် စနစ်ရဲ့ မူလ တရားခံ အဖြစ် ပြောတယ်။  

" EAO တွေဟာ NCA လမ်းကြောင်းအတိုင်း လက်နက်ကိုင်ထားလို့ ရတယ်။ ဒါပေမယ့် နောက်ဆုံးတနေ့ လက်နက်စွန့်ရမယ်" လို့ အခိုင်အမာ ပြောတယ်။

( တိုင်းရင်းသား လက်နက်ကိုင်တွေ လက်နက်စွန့်မှ  တပ်မတော် နိုင်ငံရေးက ထွက်မည်။ 
(၁) မင်းအောင်လှိုင်နဲ့ RFA အင်တာဗျူး👉   https://www.facebook.com/100080993005402/videos/1520158138462758/

(၂) စစ်တပ် သတင်းစာရှင်းလင်းပွဲ 👉   https://www.facebook.com/100080993005402/videos/1544698459336809/  ) 


▪️  EAO တွေကြောင့် အာဏာချုပ်ကိုင်ထားရတယ် ဆိုရင် " မြန်မာ့စစ်တပ်မှာ အချိန်ဇယားရှိပါသလား? အနှစ် ၂၀ -၃၀ လောက် အချိန်ယူဦးမှာလား " လို့ မေးတော့ ၂၀၂၀ မှာ ဖြစ်ဖို့ ကြိုးပမ်းနေတယ်လို့ ပြောတယ်။ ဒါပေမယ့် " EAO တွေဘက်က မလိုက်လျောရင် ....." ဆိုပြီး မတင်မကျပြောတယ်။


▪️ EAO တွေထဲမှာ  မြန်မာစစ်တပ်ပြောသလို လက်နက်စွန့်မယ့် အဖွဲ့ တဖွဲ့မှ မပါဘူး။ EAO တွေရဲ့ ဦးတည်ချက်နဲ့ မြန်မာစစ်တပ်ရဲ့ ဦးတည်ချက် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်တယ်ဆိုတာ EAO အားလုံး သိရှိပြီး ဖြစ်တယ်။  

▪️  + ၁ နဲ့ -၁ ပေါင်းရင်း ၀ (သုည) ထွက်နေတာ သူတို့ သိကြပါတယ်။ဘာကြောင့် EAO တွေဟာ အဖြေ ရရှိပြီးသား ပုစ္ဆာကို အဖြေချ မရေးပဲ ၊ အချိန်ဆွဲထားချင်တာလဲ ။  အဖြေရှာ ချင်ယောင်ဆောင် နေကြတာလဲ။

▪️ ချုပ်ကြည့်လိုက်တော့ မြန်မာနိုင်ငံရဲ့ ပြဿနာဟာ ၂ ပိုင်းရှိတယ်။ 

❇️ မြန်မာစစ်တပ်နဲ့ EAO တွေရဲ့ ကြားက ပြဿနာ ဟာ "လက်နက်ကိုင် အချင်းချင်း အဖြေသိပြီပြီးသားကို အချိန်ဆွဲတဲ့ ပြဿနာ " ဖြစ်တယ်။ 
( မြန်မာစစ်တပ်က နိုင်ငံရေးလုပ်တဲ့ အဖွဲ့အစည်း မဟုတ် လို့ မင်းအောင်လှုင်ပြော 👉  https://www.facebook.com/100080993005402/videos/912924569695161/  )


မင်းအောင်လှိုင်က "မြန်မာစစ်တပ်ဟာ နိုင်ငံရေး မလုပ်ပါဘူး " လို့ ပြောနေတဲ့ကြားထဲက  ၊  EAO တွေက " နိုင်ငံရေး ပြဿနာ ဖြစ်တယ်၊ စစ်တပ်နဲ့ ဆွေးနွေးရမယ်လို့ ".. နိုင်ငံရေး ပြဿနာ လို့ ထိပ်စီးတင်နေပြီး တိုင်ပတ်နေကြတယ်။ 

" မြန်မာစစ်တပ်က EAO အကြောင်းပြ အာဏာယူထားတယ်၊ EAO တွေကလည်း ကမ္ဘာပျက်တဲ့အထိ လက်နက် မစွန့်ဘူး" ဆိုတဲ့ မုံ့လုံးစက္ကူကပ် သံသရာလည် ရင်း ၊ ကြားက နစ်နာကြရတာ ပြည်သူတွေပဲ ဖြစ်တယ်။



❇️ လက်နက်ကိုင် နှစ်အုပ်စုရဲ့  " ရေပေါ်ဒုတ်ခြစ် " ဆွေးနွေးပွဲကြီးက ရှေ့တန်းရောက်ပြီး ၊ ဖက်ဒရယ်ရေး ဒီမိုကရေစီရေး ဆွေးနွေးဖို့ space ပျောက်နေတယ်။ 

၂၀၀၈ အခြေခံဥပဒေ ရေးတဲ့ ညောင်နှစ်ပင် ညီလာခံမှာလည်း သူတို့ပဲ အခရာ ဖြစ်နေတယ်။ ၂၁ ပင်လုံညီလာခံမှာလည်း ပြည်သူ့ကိုယ်စားလှယ်တွေက ပွဲစား ပမာပဲ၊ ဘေးရောက်နေတယ်။

ဖက်ဒရယ်ရေးလို့ ဆိုလိုက်ရင် EAO တွေ ဆီက " ၈ ပြည်နယ်မူ၊ ဗမာပြည်နယ်ဖွဲ့ရေး၊ ပြည်နယ်သစ်ရရေး၊ ခွဲထွက်ရေး၊ ကွန်ဖက်ဒရိတ်" ဆိုတဲ့ အလွန်အကျွံတွေ စ, တင်တော့တာပဲ။

မြန်မာစစ်တပ်နဲ့ တွေ့ရင် အဝတ်အစား၊ ဟန်ပန်၊ လေသံ ပါ ပြောင်းလဲသွားတယ်။ "စစ်သားအချင်းချင်း ပြောရရတာ ပွင့်လင်းတယ်" လို့ အပြန်အလှန် ဘုတ် ကျီးမြှောက်၊ ကျီး ဘုတ်မြှောက်ရင်း ၊ အချိန်တွေ ကုန်ပြီး နှစ် ၇၀ ပြည်သူတွေလည်း ဆင်းရဲမွဲတေနေကြတယ်။



တခါလောက် အမှန်တရားကို ရဲရဲ ရင်ဆိုင်ပြီး
ပြည်သူ့အတွက် ခရုပတ်ပြေးလမ်းထဲက ဖောက်ထွက်ကြည့်ကြပါလား။

Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား