NCA ထိုး အပစ်ရပ် NCA-S EAO များ၏ PPST ဦးဆောင်အဖွဲ့ ၏ ၂ နှစ်တာအတွင်း တွန့်လိမ်ကောက်ကွေးနေသော လမ်းကြောင်း

NCA ထိုး အပစ်ရပ် NCA-S EAO များ၏  PPST  ဦးဆောင်အဖွဲ့ ၏ ၂ နှစ်တာအတွင်း တွန့်လိမ်ကောက်ကွေးနေသော  လမ်းကြောင်း

▪️ NCA အဖွဲ့ဟာ စကစ အာဏာသိမ်းတော့ ဆန့်ကျင်တယ်။ CDM ကို ထောက်ခံကူညီမယ် ဆိုတယ်။ စကစ နဲ့  နိုင်ငံရေး တွေ့ဆုံဆွေးနွေးတာ ရပ်ဆိုင်းမယ် ။ စစ်အာဏာရှင်ချုပ်ငြိမ်းရေး လုပ်ဆောင်မယ် လို့ ကြေညာတယ်။

▪️ CRPH ကို ၂၀၀၈ ခြေဥ ဖျက်သိမ်းခိုင်းတယ်။ ၂၀၂၀ ပြည်သူ့အာဏာနဲ့ CRPHက ၂၀၀၈ ခြေဥ ဖျက်သိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ချာတာ ပြဒါန်းတော့ ကြိုဆိုတယ်။ NUG အစိုးရဖွဲ့တော့ ထောက်ခံတယ်။


နောက်တော့ ..  ဘာလုပ်သလဲ

▪️ မအလက EAO တဖွဲ့ချင်း " မည်သည့် ကန့်သတ်ချက်မှ မထားပဲ လိုလားချက်" ကို မအလကိုယ်တိုင်နဲ့ ဆွေးနွေးပါ ဆိုတော့ ... ငေါက်ကနဲ ထ , သွားပြီး မအလနဲ့ ဓာတ်ပုံတွေတွဲရိုက်၊ နိုင်ငံတကာ ရုပ်ပြအတွက် အဖြည့်ခံ လုပ်ပေးကြတယ်။ ဘာတွေ ရခဲ့သလဲ " ဖွံ့ဖြိုး ရေး ၊ NCA အကြောင်း နဲ့ ဖက်ဒရယ် အကြောင်း " ယေဘုယျ " သဘော အာလူးထိုင်ဖုတ်ပြီး ပြန်လာခဲ့ကြတယ်။ 

သိပ်မကြာပါဘူး ။ မအလက " လက်ရှိ ၂၀၀၈ ခြေဥ ဟာ ဖက်ဒရယ် ပုံစံ ဖြစ်တယ်။ ပြည်နယ်ဝန်ကြီးချုပ်တွေဟာ တာဝန်ခွဲဝေ အုပ်ချုပ်နေတာ ဖက်ဒရယ်ပဲ။ EAO တွေဟာ စီးပွားရေး လုပ်ရင် လက်နက်စွန့်၊ ပါတီထောင်ပြီး လက်နက်စွန့်၊ လက်နက်မစွန့်ချင်ရင် BGF လုပ်  မအလတပ်ထဲ ဝင်" .. လို့  စတင် ဂိုက်လိုင်း ချပေးတော့တယ်

▪️ နောက်တကြိမ် တူရာ တူရာ ၃ ဖွဲ့စီ တွေ့တယ်။ မအလ ၂၀၀၈ ဂိုက်လိုင်းထဲ မှာ  ဇယား ၁ နဲ့ ၂ ဆိုတဲ့ ပြည်နယ် လွှတ်တော်က ပြဒါန်းခွင့်ရှိတဲ့ ပုဒ်မကို ပြင်ပေးမယ့် အကြောင်း ဝမ်းချတယ်။ ဘယ်သူက ဘယ်တော့လဲ။

ဇော်မဲလုံးက " စစ်တပ်ဟာ ခြေဥ ဥပဒေပြင်နိုင်တဲ့ အာဏာမရှိဘူး။  ၂၀၂၃ PR ရွေးကောက်ပွဲ ပြီးရင် ပြင်ပေးမယ် ။ အဲဒီအထိ NUG CRPH PDF နဲ့ မဆက်ဆံနဲ့ ကြားလား " လို့ ပြောတယ်

▪️ အစောပိုင်းက ၂၀၀၈ ခြေဥဟာ ဗမာလူမျိုးကြီး ဝါဒ ဖြစ်တယ် ဖျက်ပါလို့ ပြောတဲ့ တိုင်းရင်းသားတွေဟာ CRPH က ၂၀၀၈ ခြေဥလည်း ဖျက်ပြီး ရော ... ၂၀၀၈ ခြေဥအောက် ခေါင်းထိုး ဝင်ကြတာပဲ။ 

အဲဒီထဲမှာ မွန်ပြည်သစ်ပါတီ ဆိုရင် .. ၂၀၀၈ ခြေဥ ရေးတဲ့ ညောင်နှစ်ပင် ညီလာခံ တက် သမိုင်းတရားခံ ဖြစ်တယ်။ အခုလည်း ၂၀၀၈ ခြေဥ ကျားသေကို အသက်သွင်းဖို့ ကြိုးပမ်း နေပြန်တယ်။ ပြောလိုက်ရင် ဗမာလူမျိုးကြီး ဝါဒ တိုက်ဖျက်ရေးဆိုတဲ့ လေကြီး မိုးကြီး အရမ်း ပြောတယ်

အဲဒီထဲက ခွန်ဥက္ကာရဲ့ PNLO ဆိုရင် အောင်ခမ်းထီရဲ့ PNO က ခွဲထွက်တဲ့ အဖွဲ့ ဖြစ်တယ်။ အောင်ခမ်းထီရဲ့ PNOဟာ ညောင်နှစ်ပင် တက်တယ်။ ပအိုးဝ် ကိုယ်ပိုင်အုပ်ဒေသ  ပြဒါန်းပေးတော့ ပြည်သူ့စစ် လုပ်လိုက်တယ်။ ခွန်ဥက္ကာ ၂၀၀၈ ခြေဥကို ဆန့်ကျင်တယ် ပြောပြီး ခွဲထွက်တယ်။ အခုတော့ ၂၀၀၈ ခြေဥအောက် ဝမ်းလျားထိုး ဝင်ပြန်တယ်။

▪️ စောစောက အကြောင်း ပြန်ဆက်ရရင် ... ဒုတိယအကြိမ် ဓာတ်ပုံရိုက်ပွဲမှာ .. ရာပြည့်တို့နဲ့ ဇယား ၁ နဲ့ ၂  ဆွေးနွေးတယ်။ ယခင်က အမျိုးသာလွှတ်တော်က ပြဒါန်းခွင့်ရှိတဲ့ ဥပဒေ အချို့ ကို  ပြည်နယ်လွှတ်တော်က ပြဒါန်းခွင့်ပေးမယ် လို့ ဆိုတယ်။  အဲဒီ ပြည်နယ် လွှတ်တော်မှာ မအလ အစိတ်သားက ငုပ်တုပ်၊ PR စနစ်နဲ့ အချောင်နေ ယူမယ့် ကြံဖွတ်၊ ဘောမ တွေက သွားလေးဖြဲလို့ စောင့်နေတယ်။  EAO တွေက ပါတီလည်း မဟုတ်။ တဆင့်ခံ လက်ဝေခံ လုပ်ပေးမယ့် တရသပါတီတွေကလည်း ဘောမတွေ ၊... စဉ်းစားပါလေ။ ဘယ်မှာ  ပြည်နယ်အရေး လူမျိုးရေး ကို နိုင်ငံရေးနည်းနဲ့ ရနိုင်မလဲ။

မအလက ကဖျက်ယဖျက်လုပ်တဲ့ ကြားက .. သိန်းစိန် / ဒေါ်စုအစိုးရ နှစ်ဆက် ဆွေးနွေးလာလိုက်တာ .., ပြည်ထောင်စု ငြိမ်းချမ်းရေး စာချုပ် ၁၊ ၂၊ ၃ ဆိုတာလည်း ဆွေးနွေးသတဲ့။ အဲဒီ union accord 1,2,3 ဆိုတာ  လူမှုရေး ယဉ်ကျေးမှု ရေးရာတွေ ချည်းပဲ။ နိုင်ငံရေးနဲ့ ဆိုင်တာ ဆိုလို့ " ဒီမိုကရေစီ ဖက်ဒရယ် နိုင်ငံတည်ဆောက်ရန် " တခုပဲ အနှစ်။ အဲဒီ ဝေါဟာရနဲ့ ဆီလျော်သော ပုဒ်မတွေကို NLD က ၂၀၀၈ ခြေဥမှာ  ထည့်သွင်းပြင်ဆင်မယ် ဆိုရော မအလ အာဏာသိမ်းတာပဲ။

▪️ NCA  ထိုး အဖွဲ့တွေက  မအလက ၂၀၀၈ ခြေဥကို ဖက်ဒရယ် ပုံစံကျကျ ပြင်ပေးမယ်လို့ စိတ်ကူးယဉ်နေတုန်း မအလက BGF လုပ်ရမယ် လဲ ဆိုတော့ နည်းနည်း ဖျင်တွန့်သွားတယ်။ မအလ က ဖက်ဒရယ်ကို အဓိပ္ပါယ်ဖွင့်တ မအလနည်း မအလဟန်နဲ့ ဗျ။ အခု စစ်အာဏာသိမ်းထားတာတောင် ဖက်ဒရယ်လို အုပ်ချုပ်နေပါတယ်လို့ ပြောထွက်တဲ့သူ။


NCA ထိုးအဖွဲ့တွေ ထင်နေတာက " မအလတပ်တွေက ပြည်နယ်ထဲ ဆုတ်သွား၊ EAO တွေက ပြည်နယ်တပ်ဖြစ်လာ။ စစ်အဆိပ်သားက ပြည်နယ် လွှတ်တော်က ထွက်၊ တရသပါတီတွေက လွှတ်တော်ကို ၁၀၀% စိုးမိုး၊ ပြည်နယ်ဝန်ကြီးချုပ်ကို ရွေး။ မိမိပြည်နယ် ခြေဥပြဒါန်းပြီး ကိုယ်ပိုင်အုပ်ချုပ်ရေး ရ။ မြန်မာ( ဗမာ) တွေ မအလလက်အောက်မှာ ကျီးထိုးထိုး လောက်ကိုက်ကိုက် သူတို့နဲ့ မဆိုင်" ဆိုပြီး တွက်ရေးရှိတာကိုး။

▪️ ဒါပေမယ့် မအလက ၂၀၀၈ ခြေဥ နဲ့ NCA လမ်းကြောင်းက တပြားသားမှ မခွါ။ ဖက်ဒရယ် ဒီမိုကရေစီ နဲ့ ၂၀၀၈ ခြေဥဟာ ပြဒါးတလမ်း သံတလမ်း။ ၂၀၀၈ ခြေဥအရ .. မအလဟာ အချိန်မရွေး အာဏာသိမ်းလို့ရတယ်။ ပအိုးဝ်ကိုယ်ပိုင်အုပ်ဒေသက PNO အစိုးရကို ဆွဲချပြီး ကြံဖွတ်နဲ့ အစားထိုးတာ မြင်ဖူးကြရဲ့။ ကိုးကန့်ကိုယ်ပိုင်အုပ်ဒေသက ဖုန်ကြားရှင်ကို ဆွဲချပြီး ပယ်ဆောက်ချိန်ကို အစားထိုးတာလည်း မြင်ဖူးကြရဲ့။ 


နောက်ပြီး တခုထည်းသော တပ်မတော်၊ ကာချုပ်သည် လက်ကိုင်အပေါင်းတို့၏ အရှင်သခင်၊ တပ်ပိုင်းဆိုင်ရာကို ကာချုပ်က တရားစီရင်မယ် ဆိုတဲ့ ပုဒ်တွေက ... အပစ်ရပ် ၇ ဖွဲ့ ကို ခြောက်လှန့်နေတယ်

▪️ NCA အရ တချိန်မှာ လက်နက်စွန့်ရမယ် ဆိုတာ သဘောတူပြီးသား။ NCA ထိုးကြတဲ့ EAO တွေဟာ NLD နဲ့ မအလ လွှတ်တော်တွင်း အားပြိုင်ပွဲကာလမှာ၊ နှစ်ဘက်စလုံးရဲ့ မျက်နှာသားပေးခံရပြီး ၊ အနေအစားချောင်နေတုံး၊ ဗြန်းဆို မအလက NLD ကို ချေမှုန်းတော့ ၊ ဟန်ချက် ပျက်သွားတယ်။

အဲဒီမှာ မအလတပ် နဲ့ NUG  ဘယ်သူနိုင်မလဲ စောင့်ရင်း "ထမင်းအိုးလေး တည်ပါရစေဦး ဟင်အိုးလေး တည်ပါရစေဦး " ခွထိုင်နေတာ ..

 မအလက " ၂၀၀၈ ခြေဥကို မအလနည်း မအလပုံစံ ဖက်ဒရယ် ဆိုပြီး ပြင်တာကို သဘောတူသလား " လို့ အပစ်ရပ် ၇ ဖွဲ့ကို ခေါ်မေးတော့ ....  

ဘယ်လိုမှာ ခေါင်းငြိမ့်လို့ မဖြစ်ဘူး။ ဒီတော့ ထိုင်းမှာ အလွတ်သဘောအရင် ဆွေးနွေးပါစေ ဦး လို့ မအလကို တောင်းဆိုတယ်။ စာမေးပွဲခန်းထဲ မဝင်ခင် မေးခွန်းအောက်တာပါ

မအလကလည်း လူလည်ပါ။ ဘယ်လက်ခံမလဲ။ " နေပြည်တော်ကို အကုန်လာကြ။ ၂၀၀၈ ခြေဥကို တို့ကနန်း ဆိတ်ကနန်း ပြင်ပေးမယ်။  ( ပြင်ပေးမယ်ဆိုတာ အခု မဟုတ်ဘူး။ အပေါ်က စာကို ပြန်ဖတ်၊ ဟူး)  ဆွေးနွေးကြမယ်။ ပြီးရင် (*****) လက်မှတ်ထိုးကြပါ။ လက်မခံရင်တော့ ...  ဟို ဗုံးကြဲခံရတဲ့ အဖွဲ့တွေကို ကြည့်" လို့ ဖိတ်ခေါ်တယ်။ မအလက၂၀၂၃ ဖေ ၁ မတိုင်ခင် လက်စသတ်ချင်ပုံပါပဲ။

အပစ်ရပ်NCA ၇ ဖွဲ့ ဘာဆက်လုပ်မလဲ

Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား