သမတကြီး ဒူဝါလရှိလရဲ့ လူ့အခွင့်အရေးနေ့ မိန့်ခွန်

သမတကြီး ဒူဝါလရှိလရဲ့ လူ့အခွင့်အရေးနေ့ မိန့်ခွန်းကို ဝေဖန်ပါမယ်

သမတကြီးက " လက်နက်အားကိုးတဲ့သူက လက်နက်နဲ့ အာဏာရှင်လုပ်တယ်။ လူအုပ်စုကြီးတဲ့သူက လူအုပ်ကို အမှီပြုပြီး အာဏာရှင်လုပ်တယ်။  " လို့ အာဏာရှင်ကို အဓိပ္ပါယ် ဖွင့်တယ်။

ဒီမိုကရေစီ ဆိုတာ ပြည်သူ့ အာဏာပဲ။ ဒီနေရာမှာ ပြည်သူဆိုတဲ့ ဝေါဟာရဟာ ပြည်သူ တ​ေယာက်ချင်းစီကို မရည်ညွန်းဘူး။ The Mass လူထု ဆိုတဲ့ အများပြည်သူကို ရည်ညွန်းတယ်။

မင်းအောင်လှိုင်လည်း ပြည်သူတယောက်ပဲ။ ဒါကြောင့် မင်းအောင်လှိုင် တယောက်က အုပ်ချုပ်တာ ဒီမိုကရေစီလို့ မပြောရဘူး။ ဘာကြောင့်လဲဆိုတော့ မင်းအောင်လှိုင်ဟာ the mass လူထု လို့ ခေါ်တဲ့ ပြည်သူအများစုကို ကိုယ်စားမပြုပဲ ၊ လူနည်းစု လက်တဆုပ်စာကိုပဲ ကိုယ်စားပြုလို့ ဖြစ်တယ်။

ဒီမိုကရေစီဟာ ပြီးပြည့်စုံတဲ့ စနစ်မဟုတ်ပေမယ့် အာဏာရှင်လို လူနည်းစုက လွှမ်းမိုးအုပ်ချုပ်တာ မဟုတ်လို့ ပြည်သူ့ အုပ်ချုပ်ရေး လို့ သတ်မှတ်ရပါတယ်။ ဒီစနစ်ကို ထပ်ဖြည့်ပြီး ကျင့်သုံးနေရတယ်။

ထပ်ဖြည့်ရမယ့် အရာက "လူနည်းစုအခွင့်အရေးကို ကြိုတင် သတ်မှတ်ပြဒါန်းပေးတာ" ပဲ ဖြစ်တယ်။ ဒါကြောင့် ဒီမိုကရေစီမှာ လူ့အခွင့်အရေးကို rule of law နဲ့ ပြန် ထိန်းညှိထားရတာ ဖြစ်တယ်။ ဒီမိုကရေစီကိုတော့ ယုတ်လျော့အောင် မလုပ်သင့်ဘူး။ ဖိနပ်နဲ့မတော်လို့ ဖနောင့်လှီးရာရောက်တယ်။

သမတကြီးဟာ လူအုပ် (ဝါ) လူထု ရဲ့ အာဏာကို မလိုလားရင်၊ ကချင်ပြည်နယ်မှာ ဘယ်လို ဒီမိုကရေစီ ဖြစ်နိုင်မလဲ။ ကချင်ပြည်နယ်မှာ ရွေးကောက်ပွဲ လုပ်ရင် လူများစု သဘောတူတဲ့ သူတွေက ကိုယ်စားပြုရမှာ မဟုတ်ဘူးလား

ဒီနေရာမှာ သတမကြီး အပါအဝင် အခြားတိုင်းရင်းသားတွေက မြန်မာ ( ဗမာ) က လူဦးရေများနေတာကို "လူအုပ်" လို့ ရည်ရွယ်ပုံရတယ်။ မြန်မာ ( ဗမာ) တွေ လူများတာ သဘာဝပေး ပဲ။ ဒါကို မလိုလားရင် သဘာဝကို ဆန့်ကျင်ရာရောက်တယ်။ တရုပ်ပြည်ထဲမှာလည်း ကချင်တွေ ရှိတာပဲ။ ဟန်တရုပ်တွေက အများဆုံးပဲ။ တရုပ်ကချင်တွေက ဟန်တရုပ်တွေ ကို လူအုပ် အာဏာရှင်လို့ စွပ်စွဲကြပါသလား

တကယ်တော့ လူများစု လူနည်းစု ဆိုတာ အပြစ် sin (လူများစု ဖြစ်ရတဲ့ အပြစ်) တခု မဟုတ်ပဲ၊ လူမျိုးရေး ဘာသာရေး မျက်လုံးနဲ့ ကြည့်ရင်သာ အရောင်တွေ ထွက်လာတာ ဖြစ်တယ်။ နိုင်ငံရေးမှာ ဘာသာရေး လူမျိုးရေးကို စည်းခြား သင့်ပါပြီ။

မြန်မာဟာ လူများစု (လူမျိုးကြီး ) ဖြစ်လို့ အခြေခံ ဥပဒေ နဲ့ ခြံခတ်ထားရမယ် ဆိုတဲ့ ၈ ပြည်နယ် အယူအဆဟာ ဒီက ဆင်းသက်လာဖြစ်တယ်။ ဒီလို ဆိုရင် ( လူမျိုးကြီး) မြန်မာ တမဲ၊ အခြား တိုင်းရင်းသား (လူနည်းစု ) ၇ မဲ နဲ့ အထက်လွှတ်တော်မှာ အသာစီးယူတဲ့ စနစ်ကရော ရေရှည်တည်တံ့ပါ့မလား။

သမတကြီးတို့ တွေးသလို လူမျိုးရေး မျက်မှန်တပ်ကြည့်ထားကြတာမို့ ၊ လူနည်းစု အာဏာရှင် ဖြစ်သွားမှာပေါ့၊ မဲခွဲတိုင်း မြန်မာ(ဗမာ) က ရှုံးနေမှာပဲ။

Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား