CRPH က ၂၀၀၈ ခြေဥကို ဖျက်သိမ်းပြီးနောက်

▪️မျိုးရန်နောင်သိန်းက " CRPH က ၂၀၀၈ ခြေဥကို ဖျက်သိမ်းပြီးနောက် ၂၀၂၀ ရွေးကောက်ပွဲရလာဒ် မရှိတော့ ဘူး၊ ဒါကြောင့် CRPH လည်း မရှိတော့ဘူး " လို့ ရူးကြောင်ကြောင် ပြောတယ်။ 

မျိုးရန်နောင်သိန်း ရဲ့ အမြင်ဟာ အမှောင်ဖုံးနေသလား၊ အမေရိကန် ဥပဒေပြု ဆီးနိတ်နဲ့ ကွန်ကရက် အမတ်တွေရု့ အမြင်က မှားနေသလား ။ အဖြေက NDAA ဥပဒေမှ " CRPH ကို ယနေ့တိုင် တရားဝင် အဖွဲ့အစည်းအဖြစ် အသိအမှတ်ပြုထားတာ မြင်ရမယ်"

▪️ မျိုးရန်နောင်သိန်းမှ ဒီလို တိမ်သလ္လာဖုံးတာ မဟုတ်ဘူး။ NUCC ထဲက CSO တွေနဲ့ ERO တွေမှာလည်း ဒီလို အမှောင်ဓာတ်ဖုံးနေတယ်။ သူတို့ဟာ နဂိုထဲက NLD ဩဇာကြီးနေတာ မလိုလားတဲ့ သူတွေချည်းပဲ။ ပြည်နယ်တွေမှာ NLD မဲဝင်ပြိုင်တာ မလိုလားခဲ့သူတွေ ဖြစ်တယ်။ သူတို့ဟာ ပြည်သူက လွတ်လပ်စွာ ရွေးချယ်သော ရွေးကောက်ပွဲထက် ၊ သူတို့ တိုင်းရင်းသား အမည်ခံ ပါတီတွေ မဲရရေးသာ ဦးတည်ကြတယ်။ မအလ အာဏာသိမ်းတော့ ပြည်နယ်လူထုကို သစ္စာဖောက်ပြီး မအလနဲ့ ပူးပေါင်းတာ သူတို့ တိုင်းရင်းသား အမည်ခံ ပါတီတွေပဲ ဖြစ်တယ်။ ဒါကို သင်ခန်းစာ မယူကြသေး။

▪️သမိုင်း သက်သေ

ဖျက်သိမ်းလိုက်တဲ့ အခြေခံဥပဒေ တခုအောက်မှာ ကျင်းပတဲ့ ရွေးကောက်ပွဲ ရလာဒ်ဟာ နောင် အခြေခံဥပဒေအသစ် ရေးပြီးသည်အထိ၊ ယင်းအခြေခံဥပဒေအလွန်ကာလအထိ ပြည်သူ့ဆင့်လွှဲအာဏာ  Mandate  ရှိနေတယ်။ ဒါကို မြန်မာ့သမိုင်းမှာ မျက်ဝါးထင်ထင် ရှိနေပါလျက် မသိကြသူတွေဟာ နိုင်ငံရေး အသိ နုံချာညံ့ဖျင်းတယ်။

ဗြိတိသျှကိုလိုနီခေတ်မှာ ၁၉၃၅ မြန်မာနိုင်ငံတော် စီရင် အုပ်ချုပ်မှု အက်ဥပဒေ ဟူသော အခြေခံဥပဒေ တခု ရှိခဲ့တယ်။ အဲဒီ အခြေခံဥပဒေအရ ချင်းတောင်တန်း၊ ကချင်တောင်တန်း၊ ရှမ်း -ဝ - ကိုးကန့် ၃၃ ပြည်နယ်ကို မြန်မာပြည်ဘုရင်ခံ ခန့်အပ်သော အင်္ဂလိပ် ဝန်ရှင်တော်၊ အင်္ဂလိပ် အရေးပိုင်တွေ အောက်မှာ မြို့စား ( စော်ဘွား) ၊ ရွာစား ( ဒူဝါး) ၊ ရွာသူကြီး ( ရမ်အုပ်) တွေက အုပ်ချုပ်စေပြီး အရေးပါတဲ့ ဌာနတွေကို အင်္ဂလိပ်က ကိုင်ထားတယ်။ နယ်ခြားဒေသ  Frontier Areas လို့ ခေါ်တယ်။ မြန်မာပြည်မမှာ အရေးပါတဲ့ ၉၁ ဌာန ကို အင်္ဂလိပ်ဘုရင်ခံက တိုက်ရိုက်ခန့်  အရာရှိတွေက ချုပ်ကိုင်ထားတယ်။ ရွေးကောက်ပွဲ တွေကျင်းပပေးပြီး မင်းတိုင်ပင် အမတ်တွေ ဝန်ကြီးတွေက ပါလီမန် ဖွဲ့၊ အစိုးရဖွဲ့အုပ်ချုပ်တဲ့ အတွက်   Ministerial Burma လို့ ခေါ်တယ်။


ဒုတိယကမ္ဘာစစ်အပြီး ဗိုလ်ချုပ်အောင်ဆန်းက မြန်မာပြည် လွတ်လပ်ရေးတောင်းဆိုတဲ့အခါ အောင်ဆန်း- အက်တလီစာချုပ်မှာ "၁၉၃၅ မြန်မာနိုင်ငံတော် စီရင် အုပ်ချုပ်မှု အက်ဥပဒေ " အရ ရွေးကောက်ပွဲ ကျင်းပပြီး တိုင်းပြည်ပြုပြည်ပြုလွှတ်တော် ကျင်းပကာ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ တခု ရေးဆွဲပြီး လွတ်လပ်ရေး ယူဖို့ သဘောတူတယ်။ လွတ်လပ်ရေး မရခင် ၁၉၄၇ ခုနှစ်မှာ ရေးဆွဲတဲ့အတွက် ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေလို့ ခေါ်ကြတယ်။


လွတ်လပ်ရေး ရတဲ့ ရက်စွဲ ဟာ ၁၉၄၈ ဇန် ၄ ရက် ဖြစ်တယ်။ သူ့ကျွန် ခေတ် ကိုလိုနီ အစိုးရ ပြဒါန်းသော ၁၉၃၅ ခြေ/ ဥ အောက်မှာ ကျင်းပတဲ့ ရွေးကောက်ပွဲ ရလာဒ်နဲ့ " ၁၉၄၇ ခြေ/ဥ " ရေးဆွဲ၊ ပြဒါန်း၊ အတည်ပြု ပီး ၊လွတ်လပ်ရေး ယူတာ ဖြစ်တယ်။  လွတ်လပ်ရေး ယူရုံမက သေးဘူး။ ၁၉၄၈ ဇန် ၄ နောက်ပိုင်း ရွေးကောက်ပွဲ ပြန်လည် မကျင်းပတော့ပဲ၊ ဦးနု အစိုးရအဖွဲ့က (၅) နှစ် ဆက်လက် အုပ်ချုပ်ခဲ့တယ်။ 

▪️ ကိုလိုနီအုပ်ချုပ်ရေး အလွန် ၊ စစ်အာဏာရှင် အလွန်မှာ ..

၂၀o၈ ခြေ/ဥ အောက်က ရွေးကောက်ပွဲ ရလာဒ်က တရားမဝင်ရင်၊ ၁၉၃၅ ခြေ/ ဥ အောက်က ရွေးကောက်ပွဲ ရလာဒ်လည်း တရားမဝင်ဘူး လို့ ကောက်ချက်ရမယ်။ ဒါဆိုရင် မြန်မာ့လွတ်လပ်ရေးလည်း တရားမဝင်ဘူး ၊ ၁၉၄၇ ခြေဥပါ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းဝိသေသတိုင်း၊ ခွဲထွက်ခွင့်လည်း တရားမဝင်ဘူး .. လို့ ဆိုရပါမယ်။

၂၀၂၀ ရွေးကောက်ပွဲရလာဒ်က တရားမဝင်ရင် CRPH တခုထဲ ကွက်ပြီး တရားမဝင်တာ မဟုတ်၊ CRPH က ဆင့်လွှဲအာဏာပေးထားတဲ့ NUG ရော၊ NUCC ရော တပါထဲ တရားမဝင်ဘူး ဖြစ်သွားပါမယ်။ သတိကြပ်ကြပ်ထားပါ

▪️အချုပ်အခြာ အာဏာ   

☝️ ကုလသမဂ္ဂ ။ ။ ၁၉၄၅ ကုလသမဂ္ဂ  တည်ထောင်တော့  ချာတာမှာ အဖွဲ့ဝင် နိုင်ငံတွေက ဒီမိုကရေစီကို "မဖြစ်မနေ" ကျင့်သုံးရမယ် လို့ မပါရှိဘူး။ ဒါပေမယ့် ချာတာ အဖွင့်စကားလုံးက " We the people" လို့ ရေးသားထားတဲ့အတွက် ပြည်သူ့ လူထု ဆန္ဒသည် အချုပ်အခြာအာဏာ နိုင်ငံ တခုရဲ့အခြေခံ ဖြစ်ရမယ်  လို့ ဆိုလိုတယ်။ ကုလသမဂ္ဂဟာ  ဒီမိုကရက်တစ်အစိုးရတွေနဲ့ တန်ဖိုးကို အားပေးတယ်။  

၁၉၄၈ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း ရေးဆွဲတော့ ဒီမိုကရေစီ ပါရှိလာတယ်။ အပိုဒ် (၂၁) ပုဒ်ခွဲ (၃) " the will of the people shall be the basis of the authority of government " ပြည်သူလူထု ဆန္ဒသည်သာ အစိုးရအာဏာ ရဲ့ အခြေခံ ဖြစ်တယ်" လို့ ပြဒါန်းတယ်။

 

၁၉၇၆ နိုင်ငံသားနဲ့ နိုင်ငံရေးအခွင့်အရေး ဆိုင်ရာနိုင်ငံတကာ ပဠိဉာဉ်မှာ နိုင်ငံတကာ ဥပဒေ တွေရဲ့ အခြေခံ မှာ ဒီမိုကရေစီကို ဥပဒေ ဆိုင်ရာ အခြေခံအဖြစ် အခြေပြုရမယ်လို့ ပြဒါန်းတယ်။

☝️ မြန်မာ နိုင်ငံမှာ ၁၉၄၇နဲ့ ၁၉၇၄ ခြေဥ တွေရဲ့  အခြေခံမူအခန်းမှာ ပုဒ်မ ၃ နဲ့ ပုဒ်မ ၁၂ အသီးသီးမှာ"အချုပ်အခြာအာဏာ သည် နိုင်ငံသားများထံမှာ တည်ရှိသည် " ၊ ၂၀၀၈ ခြေဥတွေရဲ့ အခြေခံမူအခန်း ပုဒ်မ ၄ မှာ " အချုပ်အခြာအာဏာ သည် နိုင်ငံသားများထံက ဆင်းသက်သည် " လို့  ပြဒါန်းတယ်။

☝️ ပြည်သူလူထုသည် အချုပ်အခြာအာဏာ ဖြစ်တယ်။ နိုင်ငံတော်ဖြစ်တယ်။ ဒီမိုကရေစီနည်းကျရွေးကောက်သော အစိုးရသည်သာ တရားဝင်အစိုးရ ဖြစ်တယ်ဆိုတာ ထင်ရှားပြီ။


▪️တရားဝင် ပြည်ထောင်စုလွှတ်တော် (CRPH) နဲ့ ကြားကာလ အစိုးရ

☝️ CRPH ဟာ ၂၀၂၀ ရွေးကောက်ပွဲက ဒီမိုကရေစီနည်းကျ ပြည်သူက အပ်နှင်းတဲ့ အချုပ်အခြာအာဏာကို ... ၂၀၀၈ ခြေဥထဲက ဆွဲထုတ်ပြီး ၁၀၀% အပြည့် အဝ ကျင့်သုံးလိုက်တာ ဖြစ်တယ်။

ဥပမာ ပြောရရင် ၊ အိမ်ရှင်ရဲ့ အများစုသော ဥစ္စာဓန ကို ခြံစောင့် ဒရဝမ်က လက်နက်အားကိုး မိုက်ကြေးခွဲ လုယူထားတယ်။ အိမ်နီးနားချင်းတွေကို အိမ်ရှင်တွေက သဘောတူလို့ ပေးထားသလို လိမ်ပြောတယ်။ 

၂၀၁၅ -၂၀၂၀ မှာ  အိမ်ရှင်က ကြောက်ရွံ့လို့  အချိုသပ် ပြန်တောင်းပေမယ့် မရတဲ့ အပြင် ကျန် တဲ့  ဥစ္စာဓနလေးပါ လုယက်ကြတယ်။  ၂၀၂၁ မှာ အိမ်ရှင်တွေက  ခြံစောင့်ကို တပြားတချပ်မှ  မပေးဘူး၊ငါတို့ ဥစ္စာ ငါတို့ အကုန်ပိုင်ဆိုင်တယ် ခြံစောင့်ဒရဝမ်ဟာ သူခိုးဖြစ်တယ် လို့  အိမ်နီးနားချင်းတွေကို ကြေညာလိုက်တယ်။ 

နောက် ခပ်ရိုင်းရိုင်း ဥပမာ တခုက ...  ပေါင်မုန့်ကြားထဲ ချီးညှပ်ပြီး ၂၀၀၈ ခြေဥ စက္ကူနဲဲ့ ထုတ်ပိုးပြီးကျွေးတာ ၂၀၂၀ အထိ စားခဲ့ရတယ်။ ၂၀၂၁ မှာ ချီးကို ဖယ်ထုန်ပြီး pure democracy ဒီမိုကရေစီစစ်စစ် ဆိုတဲ့ ပေါင်မုန့်ကို  စားလိုက်တာ  ဖြစ်တယ်

ဒီတော့ ၂၀၂၀ ရွေးကောက်ပွဲရလာဒ်ဟာ ဒီမိုကရေစီစံနှုန်းအရ ၁၀၀% ခိုင်မာတယ်။ ဒီက ဖြစ်ပေါ်လာတဲ့ ပြည်ထောင်စု လွှတ်တော်ဟာ ဒီမိုကရေစီနည်းလမ်းအရ  ပြည်သူရွေးကောက်သူ ၅၀% ကျော်ရင်အထမြောက်တယ်။  အဲဒီ ပြည်ထောင်စုလွှတ်တော်က ဒီမိုကရေစီနည်းလမ်းအရ   ၅၀% ကျော်ကသဘောတူ ဖွဲ့စည်းထားတဲ့ CRPH ကို အာဏာ ၃ ရပ် အပ်နှင်းလိုက်တယ်။ 

ပြည်သူကိုယ်စားလှယ်တွေက ပြည်သူကို ကိုယ်စားပြုတယ်။ CRPHက ပြည်ထောင်စုလွှတ်တော်ကို ကိုယ်စားပြုတယ်။  CRPH က ၂၀၀၈ ခြေဥကို ဖျက်သိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ပဠိဉာဉ် ကြေညာစာတမ်းနဲ့ ကြားကာလ အစိုးရကို ထူထောင်တယ်။

▪️နိုင်ငံတခုချင်းရဲ့ အသိအမှတ်ပြုမှု 

ပုံပမာပြောရရင် ... မောင်မြန်မာ တည်းဟူသော လူသားခန္ဓာကိုယ်ကို ကပ်လျားပြီး စားသောက်နေတဲ့  စစ်ပြိတ္တာ စစ်မြေဘုတ်ဘီလူးကို ဒီမိုကရေစီ ပရိတ်ရွတ်ပြီး မောင်းထုတ်လိုက်တယ်။  အိမ်နီးနားချင်းလောဘ ဒေါသ မောဟ ဖုံးနေသူတွေ အမြင်မှာတော့ မောင်မြန်မာပဲ။  စစ်မိစ္ဆာကို မမြင်ဘူး။ ဒီမိုကရေစီ ကျင့်စဉ် ပေါက်မြောက်တဲ့ သူတော်စင်တွေပဲ မြင်ကြတယ်။ အချို့ကလည်း မျက်ကွင်းဆေးအစွမ်းနဲ့  မိစ္ဆာကို မြင်ပေမယ့် မောင်မြန်မာ ဆီက အချောင်နိုက်ဖို့ မမြင်ချင်ယောင် ဆောင်နေကြတယ်။ စီလုပ်လို ဘီလူးကြီးကတော့ စစ်မိစ္ဆာကို အားပေးတယ်။

Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား