"တို့တာဝန်အရေး ၃ ပါးဟာ မြန်မာစစ်တပ်ဝါဒ ဖြစ်တယ် ။ ဆန့်ကျင်ရမယ်" တဲ့။

အာရက္ခမီဒီယာ ဝိုင်းတော်သားတွေက "တို့တာဝန်အရေး ၃ ပါးဟာ မြန်မာစစ်တပ်ဝါဒ ဖြစ်တယ် ။ ဆန့်ကျင်ရမယ်" တဲ့။

ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး ၊ အချုပ်အခြာ တည်တံ့ခိုင်မြဲရေး ဆိုတဲ့ စာသားတွေဟာ ဘယ်ဟာ မကောင်းလို့ ဆန့်ကျင်ရမှာလဲ။ 

မူလဘူတ ဝေါဟာရအဓိပ္ပါယ် definationနဲ့  မြန်မာစစ်တပ်ရဲ့ ဝေါဟာရတွေ နောက်ကွယ်က လိုသလို  အဓိပ္ပါယ်ဖွင့်ဆိုတဲ့ redefinition ကို လူပိန်းတွေ နားမလည်တာ ထားပါတော့။ မီဒီယာတခုလုပ်ပြီး တဖက်ပိတ်နေတာ ရခိုင်လူထွကို အဆိပ်ခပ်တာပဲ

ဆိုရှယ်လစ်၊ ဒီမိုကရေစီ၊ ဖက်ဒရယ် ၊ လူ့အခွင့်အရေး၊ အကြမ်းဖက်ဆန့်ကျင်ရေး စတဲ့ စကားလုံးတွေကို မြန်မာစစ်တပ်က ရေလဲ သုံးနေလို့  အဲဒီ ဝေါဟာရ မူရင်းအနှစ်သာရ ကို ဆန့်ကျင်ရမလား။

(  စကားချပ်။ ။အခြေခံဥပဒေ ပုဒ်မ ၂၀ (စ) "တပ်မတော်သည် အမျိုးသားနိုင်ငံရေးကို ဦးဆောင်ရမည် " ဆိုတဲ့ မြန်မာစာ မြန်မာဘာသာကို မအလစစ်တပ်က "အဲဒီပုဒ်မဟာ ဥပဒေအထက်မှာ စစ်တပ်ရှိတယ်၊ ဥပဒေမဲ့ အာဏာသိမ်းခွင့်ရှိတယ်။ အချုပ်အခြာအာဏာဟာပြည်သူမှာ မရှိ၊ စစ်တပ်မှာရှိတယ်"လို့  သူ့ဘာသာ အဓိပ္ပါယ်ဖွင့်တယ်။ 

အခြားတရသတွေဟာ စွဖောင်းထုတာပဲရှိတယ်။ သူတို့က မြန်မာစစ်တပ်နဲ့ အမှန်အကန် ပလူးနေတာပါ။ ANP၊ AF ၊ALP ၊ AA 1၊ AA 2 ဘယ်အဖွဲ့က ၂၀၀၈ ခြေဥကို လက်မခံကြောင်း တရားဝင်ကြေညာချက် ထုတ်ဖူးလို့လဲ။ အလကား လေစားလေလျော်တွေ) 

စောစောက စကားပြန်ကောက်ရရင် ။

ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး ၊ အအချုပ်အလုပ် တည်တံ့ခိုင်မြဲရေး  ဆိုတဲ့ မူလဘူတ မြန်မာစာ အဓိပ္ပါယ်အတိုင်း ဆိုရင် ကောင်းမွန်တဲ့  ကိစ္စဖြစ်တယ်။ မြန်မာစစ်တပ်ရဲ့ လျှာအရိုးမရှိ ကလိမ်ကကျစ်ပြောဆိုနေတာတွေကို ဆန့်ကျင်တိုက်ဖျက်ရမယ်။ မူလ မြန်မာအဓိပ္ပါယ်ကို ရိုးသားစွာ နားလည်တတ်ဖို့ လိုအပ်တယ်။ မဟုတ်ရင် မျက်လုံး၊ ပါးစပ်နဲ့နားတွေဟာ အသုံးမဝင်  ဖြစ်သွားလိမ့်မယ်

ရခိုင်နိုင်ငံတော်ကြီး ဖြစ်လာရင်လည်း ဒီ အရေး ၃ခုကို သင်တို့ ဆုပ်ကိုင်မှာပဲ မဟုတ်လား။ ရိုဟင်ဂျာ ကမန်၊ ချင်း၊ ဒိုင်းနက်၊ မြိုကို နိုင်ငံတခုစီ ခွဲပေးမှာလား။ ဖြေကြည့်ပါ။

Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား