အမေရိကန် NDAA အက်ဥပဒေ


▪️ အမေရိကန် က NDAA အက်ဥပဒေနဲ့  PDF တွေ EAO တွေကို နည်းပညာနဲ့ လူမသေစေတဲ့ အထောက်ပံ့တွေကို .... (၅) နှစ် ထောက်ပံ့မယ်။  ဒါပေမယ့် ၂၀၀၈ ခြေဥကို ပြင်ရင်၊ စစ်တပ် ၂၅% လွှတ်တော်က ရုတ်သိမ်းရင်၊ ရွေးကောက်ခံ ( အတုအယောင်မဟုတ်) အရပ်သားအစိုးရ အာဏာအပ်ရင် ထောက်ပံ့မှုက ရပ်ဆိုင်းမယ်။ 

ဒါကို ကြည့်ရင် အမေရိကန်ဟာ မြန်မာပြည်ကို (၁) ဒီမိုကရေစီ ရစေချင်တယ်။ (၂) မြန်မာစစ်တပ်ကို ဖျက်သိမ်းတဲ့အထိ မလိုလားဘူးဆိုတာ တွေ့ရမယ်။

အမေရိကန်ဟာ ဖက်ဒရယ် အရေး အားပေးတယ် ဆိုတာ ပဲရှိတယ်။ ဖက်ဒရယ်ချာတာ/ ဖွဲ့စည်းပုံ/ တပ်မတော် အတွက် ဥပဒေမှာ ပါမလာဘူး။ 

ဒီမိုကရေစီ ကို ပို ဦးစားပေးတယ်။ 

ဘာကြောင့် လို့ ထင်သလဲ။

▪️ အမေရိကန်ဟာ " NUG ၊ EAO ၊ PDF တွေဟာ တစုတစည်းထဲ မရှိဘူး။ EAO တွေနဲ့ LPDF တွေဟာ NUG ကာကွယ်ရေး ဝန်ကြီးဌာနအောက်မှမရှိဘူး။ EAO တွေဟာ ခွဲထွက်ရေး၊ ကွန်ဖက်ဒရေးရှင်းဘက် ယိမ်းနေတယ်။ LPDF တွေဟာ သူတလူ ငါတမင်း နဲ့ ဗမာ EAO ပုံစံ ဖြစ်နေတယ်။ သူတို့ဟာ NUG ကို ဗမာအစိုးရ၊ စင်ပြိုင်အစိုးရ လို့ သဘောထားနေတယ်။" 

ဒါကြောင့် အမေရိကန်က ဒီနိုင်ငံကို မပြိုကွဲအောင် " အစားထိုး တာဝန်ယူမယ့် နိုင်ငံအဆင့်တပ်မတော် မရှိသေးဘူး" ဆိုတဲ့ အမြင်ရှိနေတယ်။ မြန်မာစစ်တပ်ကလည်း မိစ္ဆာတပ် ဖြစ်နေတယ်။  PDF EAO LPDF တွေရဲ့ Command and Control ကိုလည်း စိတ်မချဘူး။ 

NDAA ဥပဒေမှာ  "Command and Control" အတွက် လို့ ထည့်ထားတာကို ကြည့်ရင် ၊  PDF EAO LPDF တွေ အကြား တသွေး တသံ တမိန့် ဆိုတဲ့ COC ဗဟိုစစ်မိန့်ပေးစနစ်  တည်ဆောက် တန်ကောင်းရဲ့ လို့ မျှော်လင့်ချက် ရှိနေတယ်။ ဥပဒေမှ ပြန်ကြည့်ပါ။ 

ဒီအမြင်ဟာ အဝေးက အမေရိကန်မှာ ရှိရင်၊ အနီးကပ် ( ခွဲထွက်ရေး သူပုန်တွေ ၊ လှုပ်ရှားမှုတွေ ရှိနေတဲ့ ) ဘင်္ဂလား​ေဒ့ရှ်၊ အိန္ဒိယ ၊ ထိုင်း၊ ( ထိုင်ဝမ် လွတ်လပ်ရေး မပေးချင်တဲ့ ) တရုပ်   ... နိုင်မြင်း ​ေလာင်း တဲ့ အဆင့် မဟုတ်၊ ဒီထက် ပိုတဲ့ ...  Unification  Policy  ဒေသတွင်း လုံခြုံရေး အမြင်ရှိနေတယ်

▪️ ဒီတော့ LPDF တွေ၊ EAO တွေဟာ အနှစ် ၇၀ EAO တွေ တဗြုန်းဗြုန်းလဲကျစေတဲ့ လမ်းစဉ်မှားကို မလျောက်မိစေဖို့ လိုတယ်။

LPDF တွေက " သူတလူ ငါတမင်း"။ 
EAO တွေက " ခွဲထွက်ရေး ကွန်ဖက်ဒရိတ်"
ညီညွတ်ခြင်း လည်း မရှိ။
ဒီမိုကရေစီ စံနှုန်း နဲ့ မညီပဲ ကိုယ်စီ နိုင်ငံရေး ဦးဆောင် အဖွဲ့တွေဖွဲ့ပြီး
၂၀၂၀ ရွေးကောက်ပွဲက ပြည်သူ့ ဆင့်လွှဲအာဏာရ အမတ်တွေကို ကန်ထုတ်ပြီး 
NUG ကို  ရန်ပုံငွေ ရှာပေးရုံသက်သက်  မဟာမိတ် /မိတ်ဖက် ပုံစံ ထားနေကြဟာ

ကိုယ့်ရှူး ကိုယ်ပက်​၊ ကိုယ့်တော်လှန်ရေး ကိုယ်ဖျက်ဆီးနေကြတာပဲ

=====

နောက်ဆက်တွဲ သတင်း 👇

အမေရိကန်က EAO တွေ နဲ့ PDF တွေကို လက်နက်မထောက်ပံ့ရခြင်း 

အမေရိကန်အစိုးရအနေဖြင့် PDF နှင့် တိုင်းရင်းသားအဖွဲ့များကို စစ်လက်နက်ပစ္စည်း မထောက်ပံ့ရသည့်အကြောင်း အချက် လေးခုရှိသည်ဟု ဝါရှင်တန်ရှိ National War ကောလိပ်မှ ပါမောက္ခ Zachary Abuza က ထောက်ပြသည်။

အချက်လေးချက်မှာ 

(၁) အမေရိကန်အတွက် အမျိုးသားလုံခြုံရေးအရ ဦးစားပေးကိစ္စ မဖြစ်ခြင်း၊​

 (၂) လက်နက်ထောက်ပံ့မည်ဆိုပါက မည်သည့်အဖွဲ့အစည်းလက်ခံရရှိမည်ကို စိုးရိမ်ဖွယ်ရာရှိခြင်း၊ 

(၃) ယူကရိန်းစစ်ပွဲကြောင့် အမေရိကန်တွင် လက်နက်ခဲယမ်းလျော့နည်းနေခြင်း၊ 

(၄) လက်နက်ခဲယမ်းများ အမှန်တကယ်ပို့ဆောင်ရန် အခက်အခဲရှိခြင်းတို့ဖြစ်သည်။

=====

နံပါတ် (၂) အချက် "လက်နက်ထောက်ပံ့မည်ဆိုပါက မည်သည့်အဖွဲ့အစည်းလက်ခံရရှိမည်ကို စိုးရိမ်ဖွယ်ရာရှိခြင်း" နဲ့ ပက်သက်ပြီး

"NUG ကာကွယ်ရေး ဝန်ကြီး ဌာန အောက်မှာ EAO တွေနဲ့ LPDF တွေ ရှိနေဖို့ လိုအပ်တယ် " လို့  ဆောင်းပါးတွေ ရေးပြီး အမြဲသတိပေးနေပါတယ်



နေဝင်းစစ်တပ် အာဏာရူးသွားတာ မူမဲ့ မီဒီယာတွေနဲ့ သူရဲကောင်း ကိုးကွယ်တဲ့ ပြည်သူတွေကြောင့်ပဲ

တရုပ်ဖြူ ကျူး​ကျော်စစ် အပြီးမှာ မြန်မာစစ်တပ်ဟာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဖြစ်လာတယ်

▪️ နိုင်ငံရေးသမားတွေကို ကန်ထုတ်ပြီး လနကတပ်ကို ရှေ့တန်းတင် လာတယ်

▪️ ပြည်သူ့ကိုယ်စားပြုသူတွေကို အချောင်သမားတွေလို့ တံဆိပ်ကပ်လာတယ်

နောက်.. 

▪️ ရှမ်းစော်ဘွားတွေရဲ့ ၈ ပြည်နယ်မူ နဲ့ ခွဲထွက်မယ် ခြိမ်းခြောက်တော့  ...  စစ်တပ်က ဖျံနှစ်ကောင် အငြင်းပွါး ၊ ငါးကြင်းသား မြေခွေးချီ သွားတာပဲ

( ဓာတ်ပုံပါ ကာတွန်းက နာမည်ကျော် ကာတွန်းဆရာကြီး ဦးဖေသိန်း ကိုယ်တိုင် ၁၉၅၉-၆၀ ဝန်းကျင်က ရေးဆွဲခဲ့တာ ဖြစ်တယ် .. နောင်တော့ ဦးဖေသိန်းဟာ အသိတရား ရလာပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ကာတွန်းတွေ ရေးဆွဲခဲ့ပါတယ်။)

ဒီနေ့ တရသ လနက နယ်မြေတွေ မှာ
ပြည်သူ့အစိုးရ NUG အုပ်ချုပ်ရေး ကို ကန်ထုတ်တဲ့
ဒီမိုကရေစီ ဆန့်ကျင်ရေး ပုံစံ ကို ...

( မိုးဗြဲ ဖယ်ခုံ မှာ ရွေးကောက်ခံ NLD ပအဖ ကို
ကရင်နီ လနကတွေ ကန်ထုတ်တာ မှတ်မိကြသေးလား)

LDF တွေက အတုခိုးပြီး ဗမာ EAO စတိုင် ..
စစ်ကိုင်းမှာ NLD အမတ်တွေ၊ ပအဖ တွေကို ကန်ထုတ်ပြီး
ဗိုလ်နဂါး စတဲ့ LDF ကို အုပ်ချုပ်ရေး လုပ်ဖို့ အားပေးသလိုမျိုး ဟာ

သမိုင်း တပတ်လည်လာတဲ့ လက္ခဏာတွေ ဖြစ်တယ်

Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား