ပြည်နယ် လူထုကို သစ္စာဖောက်နေသော တိုင်းရင်းသား ပါတီများ

ပြည်နယ် လူထုကို သစ္စာဖောက်နေသော တိုင်းရင်းသား ပါတီများ

▪️ ၂၀၂၁ မတိုင်ခင်က NLD ကို တိုင်းရင်းသား ပါတီထဲက ပြည်နယ်ဝန်ကြီးချုပ် မခန့်ပေးလို့ စိတ်ဆိုးမိတယ်။ 

၂၀၂၁ အလွန် စစ်အာဏာသိမ်းမှ NLD ဘာကြောင့် ဒီလိုလုပ်သလဲ နားလည်မိတယ်။ တိုင်းရင်းသား ပါတီတွေဟာ တိုင်းရင်းသား ခေါင်းစီးတပ်ထားတဲ့ စစ်တပ်အလိုတော်ရိ သစ္စာဖောက် လောက်ကောင်တွေနဲ့ ဖွဲ့စည်းထားတာကိုးဗျ။  စစ်တပ်အာဏာသိမ်းတော့ စကစ ဗဟိုကော်မတီထဲ ထိုင်ခုံနေရာယူကြတာ သူတို့ပဲလေ။ မြင်ပြီမလား

▪️ အဲဒီ တိုင်းရင်းသား ပါတီတွေဟာ ၂၀၀၈ ခြေ/ဥဟာ ဗမာလူမျိုးကြီး ဝါဒ လို့ စွပ်စွဲခဲ့ကြတယ်။ ဒါပေမယ့် CRPH က ၂၀၀၈ ခြေဥကို ဖျက်သိမ်းကြောင်း ကြေညာတော့ ၊ ချက်ချင်းပဲ လေသံပြောင်းသွားတယ်။ " ၂၀၀ ခြေဥကို ပြင်သုံးလေး သုံးပါရစေဦး"တဲ့။ သစ္စာဖောက်ပါတီတွေကို မြင်ပြီမလား

ဒါကြောင့်ပြောပါတယ်။ " တိုင်းရင်းသား ပါတီ ဆိုတိုင်း တိုင်းရင်းသား ကိုယ်စားမပြု၊ စစ်ဘောမတွေ" လို့ ပြောနေတာ။ NLD လုပ်ရပ်ဟာ  မှန်ကန်ခဲ့တယ်။ CRPH က ပြည်သူလူထု mandate နဲ့ ဖျက်ထားတဲ့ ၂၀၀၈ ခြေ/ဥ ကို ကျားသေ အသက်သွင်းတာ ဟာ  သာမန်လူ ဘောမ ထက်ပို ဆိုးတယ်။

▪️ မအလ လုပ်မယ့် PR ရွေးကောက်ပွဲ ဆိုတာ တိုင်းရင်းသား တွေအတွက် နစ်နာတာပဲ။ ရှိရင်းစွဲ ကို ဖဲ့ပေးလိုက်ရတယ် ။ ဒါကို မြင်အောင်ကြည့်ပါ

👆 PR ရွေးကောက်ပွဲ လုပ်လို့ လွှတ်တော်ထဲက အမတ်နေရာတွေ တိုးခြင်း လျော့ခြင်း မရှိ၊ စစ်တပ်က ၂၅ % ပုံသေယူထားနေဆဲပဲ။

👆 မဲများသူနိုင်တဲ့ ယခင်စနစ်ဆိုရင် ( NLD ဝင်မပြိုင်တဲ့အတွက်) တိုင်းရင်းသားပါတီတွေဟာ တိုင်းရင်းသားပါတီတွေဟာ အမတ်နေရာ (၁၀ ) ရမယ် ဆိုပါစို့၊ 

အချိုးကျ PR စနစ်ကြောင့် ကြံဖွတ်နဲ့ အခြားပါတီတွေကို ဝေစုခွဲပေးရမယ်။ အမတ်နေရာ ဝေခုခွဲပေးရရင် (၆ ) နေရာပဲရမယ်။ ကြံဖွတ်က အချောင် အမတ်နေ ရာ ရသွားကြတယ်။  

👆 မအလ တီထွင်မယ့် အီလက်ထရောနစ် မဲပေးစနစ် (အီးဘုတ်) နဲ့ ကြံဖွတ် မဲခိုးဦးမှာကို ထည့်မပြောသေးဘူး။

စစ်တပ်က ၂၅ % ပုံသေ၊ လွှတ်တော်ထဲ ထိုင်ခုံအရေအတွက်ကလည်း အရင်အတိုင်း။ နစ်နာတာ ဘယ်သူတွေလဲ

▪️ အချိုးကျ PR စနစ်ဟာ ( တရသပါတီတွေ မနိုင်တဲ့ ) NLD ဝင်ပြိုင်ရင် ၊ တရသပါတီတွေက ခွေးတိုးပေါက်က အချောင်ဝင်ထိုင် နိုင်တဲ့ အကျိုး ရပေမယ့် ... 

NLD ဝင်မပြိုင်တဲ့အခါ၊ တရသပါတီတွေ ပဲ ပုံအောရမယ့် အမတ်နေရာတွေဟာ ... ကြံဖွတ်က ခွေးတိုးပေါက်က ဝင်ပြီး အချောင်ရသွားပါတယ်။

ဒါကြောင့် ဒီပွဲမှာ  ...

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး ကိုယ့်ပြည်နယ် လူထုရဲ့ ယုံကြည်မှုကို တည်ဆောက်ရမယ့် အစား၊ နိုင်ငံရေး ခြေထိုးကွက်တွေနဲ့ ဖျံကျချင်တဲ့

တရသပါတီတွေဟာ

သူများ မကောင်းကြံ ကိုယ်ဘေးဒဏ်ထိ ဆိုတဲ့ စကားအတိုင်း ဖြစ်နေပါတယ်။ ကိုယ် စွသုံးကျတာကို မမြင်ပဲ ..  ဗမာတွေ ညာတယ် အော်ကြဦးမယ်။

----

မှတ်ချက်။ ။ စာဖတ်ရတာ မထောက်စေဖို့ ခြုံငုံရေးသားပါတယ်။ တရသပါတီ အများစုကို ရည်ရွယ်ပါတယ်။



၂၀၀၈ အခြေခံဥပဒေကို ရေးဆွဲသည့်  အမျိုးသားညီလာခံ ခေါ် ညောင်နှစ်လိမ် ညီလာခံတွင်
ပါဝင်ဆွေးနွေး သဘောတူခဲ့ကြသော



ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ( မဲ - ဘဲဥကွဲ )
 
ရွေး ကောက်ပွဲတွင် ရွေးချယ်ခံထားရသော
တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ
မြို့(ခေါ်)ခမိ အမျိုးသားညီညွတ် ရေးအဖွဲ့နှင့်
တစ်သီးပုဂ္ဂလများ
နိုင်ငံရေးပါတီများ ( မဲ - ဘဲဥမကွဲ )
 
ကိုးကန်ဒီမိုကရေစီနှင့်ညီ ညွတ်ရေးပါတီ၊
တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ၊
ပြည်ထောင်စုကရင် အမျိုးသားများအဖွဲ့ချုပ်၊
ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊
မြို(ခေါ်) ခမိ အမျိုးသားညီညွတ်ရေးအဖွဲ့၊
လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါတီ၊
"ဝ”အမျိုးသားဖွံ့ဖြိုးတိုးတက် ရေးပါတီတို့မှကိုယ်စားလှယ်များ၊

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ
 
ငြိမ်းချမ်းရေး ရယူထားသော အဖွဲ့ အစည်းများဖြစ်ကြသည့်
ရှမ်းပြည်နယ် (မြောက်ပိုင်း) အထူးဒေသ(၁)၊ ( ကိုးကန့် - MNDAA)
ရှမ်း ပြည်နယ်(မြောက်ပိုင်း) အထူးဒေသ (၂) ( "ဝ" UWSP / UWSA )
ရှမ်းပြည်နယ် (မြောက်ပိုင်း) အထူးဒေသ(၃)၊ ( ရှမ်း SSPP/ SSA စိန်ကျော့)
ရှမ်းပြည်နယ်(အရှေ့ ပိုင်း) အထူးဒေသ(၄)၊ ( NDAA - မိုင်းလား )
ရှမ်းပြည်နယ် (မြောက်ပိုင်း)အထူးဒေသ(၅)(KDA ကောင်းခါး )
ရှမ်းပြည်နယ်(တောင်ပိုင်း) အထူး ဒေသ (၆)၊ ( ပအိုးဝ် - PNO / PNA)
ရှမ်းပြည်နယ်(မြောက်ပိုင်း) အထူးဒေသ(၇) ၊ ( ပလောင် - PLSP)
ကချင်ပြည်နယ် အထူးဒေသ(၁)၊ ( ဇခုန်တိန့်ယိန်း - ပန်ဝါ NDA- K)
ကချင်ပြည်နယ် အထူးဒေသ(၂)၊ ( ကချင် KIO / KIA)
ကယားပြည်နယ် အထူးဒေသ(၁) ( KNG မြေနီကုန်းပြည်သူ့စစ်)
ကယားပြည်နယ် အထူးဒေသ(၂)၊ ( KNPLF )
ကယားပြည်နယ် အထူးဒေသ(၃)၊ (ကယန်းပြည်သစ် KNLP - ဘီစီကုန်း)
ကရင်နီအမျိုးသား ဒီမိုကရက်တစ်ပါတီ(KNDP)နဂါး အဖွဲ့၊
ကရင်နီ အမျိုးသားတိုးတက် ရေးပါတီ(KNPP) ခွဲထွက်(ဟိုယာ)၊
ကရင်နီအမျိုးသား စည်းလုံးညီညွတ် ရေးအဖွဲ့(ကမစည)၊
ရှမ်းပြည်နယ် လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက် ရေးအဖွဲ့(ရလလဖ)၊
မွန်ပြည်သစ်ပါတီ (NMSP/ MNLA)
တိုးတက်သော ဗုဒ္ဓဘာသာကရင် အမျိုးသားအစည်းအရုံး (DKBA)၊
ဟောင်သရော အထူးဒေသအဖွဲ့၊
လက် နက်နှင့် ငြိမ်းချမ်းရေးလဲလှယ်သည့်
ကရင်ပြည်နယ်ဘားအံမြို့နယ် ငြိမ်းချမ်း ရေးမြို့ သစ်အဖွဲ့၊
ရှမ်းပြည်အမျိုးသား တပ်မတော်၊ (SNA)
ရခိုင်ပြည်နယ် ဦးစော ထွန်းဦး ဦးစီးအဖွဲ့၊
ဟိုမိန်းဒေသ ကေ သက်သာချောင်ချိရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၊
ရွှေပြည်အေး(MTA) အလင်းဝင်အဖွဲ့
မန်ပန်ဌာနေပြည်သူ့ စစ်အဖွဲ့၊
မွန်လက်နက်ကိုင်ငြိမ်းချမ်းရေးအဖွဲ့(ချောင်ချိဒေသ)၊
မွန်(ခွဲထွက်) - နိုင်စိုက်ချမ်းအဖွဲ့နှင့်
ရခိုင်တပ်မတော် - (အေအေ)အဖွဲ့တို့မှ
ညီလာခံကိုယ်စား လှယ်များ တက်ရောက်ကြသည်။





Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား