နွေဦးတော်လှန်ရေး ထဲက ဒီမိုကရေစီ အခြေအနေ

နွေဦးတော်လှန်ရေး ထဲက ဒီမိုကရေစီ အခြေအနေ

▪️ ဒီမိုကရေစီဆိုတာ dēmos 'people' ပြည်သူ ၊  kratos 'rule' အုပ်စိုးခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ၁၉၆၂ ထဲက ၂၀၂၂ အထိ လူထု တော်လှန်ရေးအဆက်ဆက်ဟာ ဒီမိုကရေစီရဖို့ ဖြစ်ပါတယ်။ 

▪️  ပအဖ ဆိုတဲ့  ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဟာ ကျေးရွာပြည်သူတွေ တင်မြှောက်ထားတဲ့ လူတွေ ဖြစ်တယ်။ PDF ဆိုတာ လက်နက်ကိုင် တပ် ဖြစ်တယ်။ လက်နက်ကိုင်ထားသူဟာ အုပ်ချုပ်ခွင့် မရှိဘူး။ 

▪️ စစ်အာဏာရှင်ဆိုတာ လက်နက်ပြပြီး အုပ်ချုပ်တဲ့ စနစ် ဖြစ်တယ်။ ဒီစနစ်ကို တော်လှန်နေသူတွေက မအလ အချိုးမျိုး မလုပ်မိစေဖို့ လိုတယ်။ တဖန် ကျေးရွာ ရွေးကောက်ပွဲ ဆိုတာလည်း သေနတ်ပြပြီး မဲထည့်ခိုင်းတာမျိုး မဖြစ်ရဘူး။ 

▪️  EAO တွေမှာ  အုပ်ချုပ်ရေးလူကြီးပိုင်း ထဲကပဲ အစည်းအဝေး လုပ် ရွေးကောက်တာ ဖြစ်တယ်။ သူတို့က ထိပ်ပိုင်း မှာ ဒီမိုကရေစီ ရှိတယ်လို့ ပြောကြတယ်။ သို့ပေမယ့် အုပ်ချုပ်ခံ ပြည်သူက တင်မြှောက်ခွင့်မရှိတဲ့ ဘယ်စနစ်မဆို ဒီမိုကရေစီ မဟုတ်ဘူး 

▪️  LPDF တွေဟာ EAO တွေ ခြေရာနင်းပြီး လက်နက်ကိုင် အုပ်ချုပ်ရေးအဖွဲ့တွေ ထူထောင်မယ့် အစီအစဉ်ရှိသလား။ 
ရှိလို့  ..... ဗမာ EAO တွေ ဖြစ်လာမယ် ဆိုရင် ၊ AA လို ကွန်ဖက်ဒရိတ် သဘော )  တော်လှန်ရေးထဲ   ဝင်စို့ထွက်စို့ ဖြစ်တတ်တယ်။ RCSS လို NCA နောက် ပါတတ်တယ်။ UWSA လို ပစားပေးရင် မတိုက်တော့ဘူး ဆိုတာ ဖြစ်တတ်တယ်။

▪️  NUG  ဟာ ၂၀၂၀ ရွေးကောက်ပွဲက တင်မြှောက်ထား ဒီမိုကရေစီ အစိုးရ ဖြစ်တယ်။ EAO တွေဟာ NUG ကို သူတို့ အစိုးရလို့ အသိအမှတ်မပြုပဲ၊ မဟာမိတ် လိုပဲ သဘောထားတယ်။  NUCC မှာ  EAO လက်ပွား အတိုင်ပင်ခံကောင်စီ တွေနဲ့ တိတ်တခိုး ချိတ်ဆက်ထားတယ်။ တရားဝင် မကြေညာဘူး။

▪️ NUG ဟာာ  ဒီမိုကရေစီ စံနှုန်းအရ တရားဝင်မှု De  Jure ၁၀၀% ရှိတယ်။ ဒါပေမယ့် နယ်မြေစိုးမိုးမှု က De Facto ၂၀% ပဲရှိတယ်။  NUG က နိုင်ငံတကာကို ၆၀% စိုးမိုးနေပြီလို့ ပြောနေတာ အပြည့်အဝ မမှန်ဘူး။ ၄၀% ဟာ EAO တွေနဲ့  ပေါင်းစပ် ပြောရတယ်။ ဒါကို နိုင်ငံတကာ သိတယ်။ ဒါကြောင့် NUG ကို အသိအမှတ်မပြုသေးတာ ဖြစ်တယ်။

▪️ LPDF တွေဟာ  EAO ခြေရာနင်းပြီး " နယ်မြေတွေ သိမ်း၊ မိမိဘာသာ အုပ်ချုပ်၊ အတိုင်ပင်ခံကောင်စီဖွဲ့၊ NUG နဲ့ မဟာမိတ် လုပ်" ဆိုရင်၊ နိုင်ငံတကာက "NUG ဟာ တိုင်းပြည်ကို မပြိုကွဲအောင် တည်ငြိမ်အောင် ထိန်းချုပ်နိုင်တဲ့ အာမခံချက် မရှိဘူး " လို့ ယူဆပြီး offically အသိအမှတ်ပြုမှုက 
နေဦးမှာ ဖြစ်တယ်

Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား