လူမျိုးစုတွေကို ကိုယ်ပိုင်အုပ်ချုပ်ရေး ပေးပါ့မလား

 (ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့သည် ၁၉၈၉ ခုနှစ် ဧပြီလ ၂၆ ရက်နေ့ မွန်းလွဲ ၂းဝဝ နာရီတွင် မြစ်ကြီးနားမြို့သို့ရောက်ရှိသည်။  ဧပြီလ ၂၇ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် အဖွဲ ့ချုပ်ရုံးသို့သွားရောက်ပြီး အဖွဲ့ဝင်များ၊ မိဘပြည်သူများကို အမှာစကား ပြောကြားသည်။ ရပ်ခံလိုပါတယ်။ အံတော်ရှင်ဘုရားသို့ သွားရောက်ပြီး စောင့်ကြိုနေကြသည့် လူထုကြီးနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ ဆွေးနွေးပါသည်။ )


မေး။ ။ လူမျိုးစုတွေကို ကိုယ်ပိုင်အုပ်ချုပ်ရေး ပေးပါ့မလားဆိုပြီးမှ စိတ်ထဲမှာ သံသယအမျိုးမျိုးနဲ့ ရှိနေကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တကယ် လို့ ကျနော်တို့ ဒီမိုကရေစီအရေး အောင်မြင်သွားတဲ့အခါကျရင် တောင်ပေါ် တိုင်းရင်းသားတွေဟာ ကိုယ်ပိုင်အုပ်ချုပ်မှုနဲ့လား၊ ဒါမှမဟုတ် အဖွဲ့အစည်းတခု အနေနဲ့လုပ်မလား ဆိုတာကို သံသယဖြစ်နေတဲ့ ကျနော်တို့ ပြည်သူလူထုကို နည်းနည်း ရှင်းပြပေးစေလိုပါတယ်။

ဖြေ။ ။ တိုင်းရင်းသားလူမျိုးတွေနဲ့ ပတ်သက်လို့ ကျမတို့ ကြေညာချက် “၉’ ဆိုတာ ထုတ်ထားပါတယ်။ အဲ့ဒီထဲမှာ တော်တော်ပဲ ကျမတို့ အသေးစိတ် ပြောထားပါတယ်။ ဒီမိုကရေစီ အစိုးရတခု တက်လာတဲ့အခါကျရင် ကျမတို့ ပင်လုံလို ညီလာခံကြီး ထပ်ပြီးတော့ခေါ်ရမယ်လို့ ကျမတို့ ယုံကြည်ပါတယ်။ ပြည်ထောင်စုသစ်ကို ဘယ်ပုံ၊ ဘယ်နည်းနဲ့ ထူထောင်မယ်ဆိုတာ ကျမတို့ တိုင်းရင်းသား လူမျိုးစုတွေ အားလုံးနဲ့ ဆွေးနွေးပြီးတော့ ကျမတို့ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ တိုင်းရင်းသား လူမျိုးစုတွေရဲ့ မွေးရာပါ အခွင့်အရေးများနဲ့လည်း လျော်ညီရမယ်၊ ပြည်ထောင်စု တည်တံ့ခိုင်မြဲရေးနဲ့လည်း လျော်ညီရမယ်။ ဒီနှစ်ချက် အပေါ်မှာမူတည်ပြီးတော့ ပြည်နယ်များကို တတ်နိုင်သမျှ ကိုယ်ပိုင်ပြဋ္ဌာန်းမှုကို ဖော်ထုတ်ပေးမယ်ဆိုတာလည်း ကျမတို့မူဝါဒထဲမှာ ဖော်ထားပြီးသား ဖြစ်ပါ တယ်။ ဒီတော့ ကျမတို့အဖွဲ့ချုပ်ရဲ့ ရည်ရွယ်ချက်ဟာ အရေးအကြီးဆုံး ပထမ အရေးအကြီး ပြည်ထောင်စုတည်တံ့ခိုင်မြဲရေးပဲ။ ပြည်ထောင်စုတခုလုံး တည်တံ့ခိုင်မြဲဘို့ ဆိုတာဟာ တိုင်းရင်းသားလူမျိုးစုများရဲ့ စိတ်ကျေနပ်မှု ရှိရမယ်။ ဒီတော့ တိုင်းရင်းသားလူမျိုးစုများရဲ့ စိတ်ကျေနပ်မှုကို ရှာပြီးတော့ ဒီပြည်ထောင်စုကို ထူထောင်မယ်၊ ဒီလိုထူထောင်ဖို့အတွက် အခြေခံစည်းမျဉ်းဥပဒေအသစ်လည်း ရေးဆွဲရမယ်။ ဒါတွေလုပ်တဲ့အခါမှာလည်း တိုင်းရင်းသားလူမျိုးများနဲ့ တိုင်ပင် ပြီးတော့လုပ်ရမယ်ဆိုတာ ကျမတို့ ယုံကြည်ပြီးသားပါ။  

Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား