"မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလား"

မြန်မာ အင်္ဂျင်နီယာတွေဟာ စတွေးပြီ ဆိုတာနဲ့ နောက်ဆုံးပေါ် နည်းပညာက စပြီး ငါးကြင်းခေါင်းကိုင်ကြတာပဲ။ ခေတ်ဟောင်းနည်းပညာကို အထင်မကြီးကြဘူး။ ခေတ်ဟောင်းနည်းပညာမှာ အားနည်းချက် ချို့ယွင်းချက်တွေရှိလို့ အဆင့်ဆင့် တိုးတက်အောင် လုပ်ရင်း အဆင့်မြင့်လာတာပါ၊ ဒီနေ့ခေတ်မီပါတယ်ဆိုတဲ့ နည်းပညာဟာ အနာဂတ်မှာ ပြတိုက်ထဲ ပို့ရဦးမှာပဲ၊

ဒါပေမယ့် သတိလစ်ဟင်းနေတဲ့ အချက်တခုက နည်းပညာ ခေတ်မီလေလေ ကိုယ်တိုင် ထုတ်လုပ်ဖို့ ခက်ခဲလေလေ စားရိတ်စက ကြီးမားပဲ။ နည်းပညာ ရှေးကျလေလေ တိကျမှု စွမ်းဆောင်ရည် နည်းပါးလေလေ ထုတ်လုပ်ဖို့ လွယ်ကူလေလေ ကုန်ကျစားရိတ် နည်းလေလေပဲ။

ဥပမာ M4 ကို ပစ်အားနဲ့ စွမ်းဆောင်ရည်ဟာ တူမီးကို ယှဉ်မရတာ လူတိုင်း သိတာပဲ။ ဒါပေမယ့် ငွေတမတ်နဲ့ ငါးကြင်းခေါင်းကိုင်လို့ မရတာ ကန့်သတ်ချက်ပဲ။ ဒီတော့ M4 တလက်ကို သိန်း ၈၀ ပေးဝယ်မလား၊ သယ်ရခက်မယ်၊ ဖမ်းမိရင်လည်း အကုန်မှောက်မယ်၊ ကျည်လည်း ရှားမယ်။ သိန်း ၈၀ နဲ့ ၆ ချက်ပစ် တူမီး ၁၀ လက် ထုတ်နိုင်ရင် ဒေသတွင်း ထုတ်လုပ်နိုင်မယ်၊ ကျည်ပြသနာ ပူစရာမလိုဘူး။ လမ်းမှာ အဖမ်းခံရစရာလည်းမရှိဘူး။

ဒီလို Pros Cons တွေကို ချိန်ခွင်တင်ပြီး စဉ်းစားသင့်တယ်။ တဖန် M4  ဝယ်လိုအားက လျော့ကျလာရင် သိန်း ၂၀ ဝန်းကျင် ပြန်ဖြစ်မယ် ဆိုတာလည်း တွက်ရမယ်၊ ဒီတော့ ဈေးကွက်က မိမိကို ကစားတာ ခံမလား မိမိက ဈေးကွက်ကို ပြန်ကစားမလား စဉ်းစားကြဖို့ လိုတယ်။

 ဆုံလည်တူမီးပေမယ့် ပြောင်းရစ်ပါမယ်၊ ကျည်ဖူးပါမယ်၊ blow back / bolt action သုံးမယ်၊ gas gap ဖြစ်နေတဲ့ နေရာကို blow back / bolt action က ပေးတဲ့ pressure နဲ့ ဆုံလည်ကို ရှေ့တိုးပြီး သနတ်ပြောင်း groove ထဲ ထည့်ပြီး seal လုပ်မယ်၊ ဆိုတာမျိုးကို အခြေခံပြီး ဒီဇိုင်းသစ် တီထွင်ဖို့လိုပါတယ် ..ဒါကြောင့် R&D Department လိုတယ်၊ 3D Modelling တွေ 3D  Printer တွေနဲ့ Prototype တွေလုပ်ရမယ်။ US မှာ   Workshop လိုတယ်။ ဒီဇိုင်းရပြီဆိုမှ မြေပြင်ထုတ်လုပ်ရေးကို ပေးဖို့ပြီး ထုတ်လုပ်သင့်တယ်၊

 https://minthitburma.blogspot.com/2022/06/blog-post_21.html

နောက်ပြီး လေယာဉ်ပစ် ကိစ္စမှာလည်း MANPADS ကို တန်းပြီး လှမ်းကိုင်တယ်။ MANPADS အစား ဒီထက် တန်းနိမ့်တဲ့ guided missile တွေကို ကိုယ်တိုင်လုပ်ဖို့ ကြံသင့်တယ်။ " လူတိုင်းသေနတ်ပေးလို့ မဖြစ်ဘူး၊ ဝါးချွန်နဲ့ ထိုးကြ၊ တမီးလ်ကျားသူပုန်" ဂျင်တွေးလို MANPADS ဂျင်းတွေ တက်လာတယ်။ MANPADS က နိုင်ငံတကာ တားမြစ်ပစ္စည်း၊ အရပ်ဘက်လေကြောင်းလိုင်းကို ပစ်ချမှာ စိုးလို့ ဝယ်ပြီးရင်တောင် ပစ်ချင်တိုင်း ပစ်မရဘူးဆိုပဲ။

ဝယ်မရ သယ်မရ ပစ်မရ ဖမ်းမိရင် အကုန်ပါသွားတဲ့ ဈေးကြီး တွေအစား၊ လက်နိုင်ခြေနိုင် camera တပ် manual control ကို တီထွင်သင့်တယ်။ pulse-jet engine နဲ့ rocket ကို camera တပ် remote controlled အဖြစ် ဖန်တီးမယ်ဆိုရင်   ( တိုက်လေယာဉ် ပစ်မရတောင်) ရဟတ်ယာဉ်တော့ ပစ်ရနိုင်တယ်။  ရဟတ်ယဉ်က ပစ်ဖို့ ဗုံးကြဲဖို့ အနိမ့်ပျံရတာပဲ၊ အဲဒီအမြင့်အထိ FPV RC Jet က ရောက်ရင် တိုက်ခိုက်လို့ရတယ်

ဒီလို pulse jet အင်ဂျင်ကို NUG မှာ ပြည်ပ အခြေစိုက် သုသေတန နဲ့ စမ်းသပ် ထုတ်လုပ်ရေးဌာန ရှိရင်

https://www.facebook.com/100083115561638/videos/614074576303469/

ပုဇဉ်းရဲ့ လေ ဝဲကယက် ဖိအား ထဲ ဖောက်ဝင်နိုင်တဲ့ အဝေးထိန်း ဂျက် ကို ရနိုင်တယ်

https://www.youtube.com/watch?v=yPpQGF4gSVU

https://www.youtube.com/watch?v=uaSn3-eYFTU

https://www.youtube.com/watch?v=UsfBHF4BycU

https://www.facebook.com/100081428800957/videos/713281563357181/

https://www.facebook.com/100081428800957/videos/686093373100043/

https://www.facebook.com/100081428800957/videos/9117281871622675/

https://www.facebook.com/100081428800957/videos/892612411767282/

https://www.facebook.com/100081428800957/videos/457195639923577/

https://www.facebook.com/100081428800957/videos/708282324148534/

 https://m.facebook.com/story.php?story_fbid=391639905726455&id=100046413455168

https://m.facebook.com/story.php?story_fbid=395765795313866&id=100046413455168

https://m.facebook.com/story.php?story_fbid=273161604240953&id=100046413455168

ဒီလို မိုင်နဲ့ ချီပြီး အာရုံခံ နိုင်တဲ့ ပစ်မှတ် locking စနစ် ရနိုင်ရင်

https://m.facebook.com/story.php?story_fbid=579096980314079&id=100046413455168

NUG က PDF စဖွဲ့တာနဲ့    အင်္ဂျင်နီယာတွကို ကိုယ်တိုင်လုပ် သေနတ် ထုတ်သင့်တယ်လို့  မေးကြည့်တယ်။   "မဖြစ်နိုင်ဘူး"လို့ ပယ်ချတယ်။ ထိုင်းမှာ ပိုက်ဆံရှိရင် လိုသလောက်ဝယ်လို့ရတယ်။ PDF တွေကို လက်လုပ်သေနတ်နဲ့  အသေမခံခိုင်းပါနဲ့လို့ ဝိုင်းပြောတယ်။ တော်တော် စိတ်ပျက်ဖို့ကောင်းတဲ့ ဗမာလူ့အသိုင်းအဝိုင်းပဲ။

"မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလား" ဆိုတဲ့ အထိကို လက်တွေ့လုပ်ဖို့ နေနေသာသာ၊ "ဖြစ်နိုင်တဲ့ဘက်" က စဉ်းစားမယ်၊ မေးမြန်းမယ်၊ နမူနာစမ်းသပ်မယ် မရှိဘူး။ စိတ်ကူးတိုင်းဟာ 100% မဖြစ်နိုင်ဘူးဆိုတာ သိတယ်။ ဒါပေမယ့် လုပ်မကြည့်ပဲ မဖြစ်နိုင်ဘူးလို့ ပြောနေကြတာ၊ ပညာရပ်တခုခုကို သင်ခဲ့လို့ ဘွဲ့ရပညာတတ်တာပဲရှိမယ်၊ တီထွင်သူ အဆင့်ဖြစ်လာမှာ မဟုတ်ဘူး။ အဲဒီလို မဟာပညာရှင်ကြီးများက ပယ်ချခဲ့တာမျိုး NUG အနီးအနားမှာလည်း Gen L တွေရှိမှာပဲ၊ သူတို့က အင်ဂျင်နီယာတွေ ဆိုပေမယ့် တီထွင်သူတွေမှ မဟုတ် ၊ ချက်ဆို နားခွက်က မီးတောက်ဖို့ ဆိုတာ အခံဓာတ်ရှိဖို့လိုတယ်။  ကမ႓ာအစထဲက ရူပဗေဒပညာရှင်တွေ ဘေးနားကို  ပန်းသီးတွေ၊ မန်ကျည်းသီးတွေ၊  အုန်းသီးတွေ ကြွေကျဖူးတာပဲ၊ နယူတန် ဘေးနား ပန်းသီး ကြွေကျမှ မြေဆွဲအား နိယာမကို သတိပြုမိတာ မဟုတ်လား။  

အညာသားတွေဟာ  လက်နက်တွေလုပ်ပြလိုက်တယ်။ အခုဆိုရင် တူမီးက တလုံးထိုး၊ တလုံး ထိုးက ဘောက်ထိုးတွေ ဖြစ်လာတယ်။ ဒါနဲ့ မောင်းပြန်တွေ ၁၀ ချိုး ၁ ချိုး ပေါင်းစပ်ပြီး စစ်ကိုင်းကို စိုးမိုးနေတာ အမြင်ပဲ။ ဒါကြောင့် "မဖြစ်နိုင်ဘူး" လို့ "မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလား" အထိ လုပ်ကြည့်ဖို့ လိုတယ်။ 

 ရောင်းမှား ဝယ်မှား ဟာ ဂျင်းထည့်ခံရတာမျိုးပဲ ဖြစ်မယ်။   မဖြစ်နိုင်ဘူး ဆိုတာ ထုတ်ကုန်နမူနာ ထွက်လာပြီး   Version အမျိုးမျိုး မွမ်းမံပြီးမှမှ သုံးမရလို့ ပစ်ရတာမျိုးကို ခေါ်တယ်။ ထုတ်လုပ်ရေး ကိရိယာ  ဂျင်းထည့်ခံရတာကို မဆိုလိုဘူး။ 3D Printer နဲ့ ထုတ်တာလည်း သတင်းမှာ ဖတ်ရတယ်။  နဂိုထဲက အားနည်းချက် အားသာချက်ကို သိသိနဲ့ လုပ်တာမို့ ဒါမျိုးကို အပြစ်မဆိုပါဘူး   

NUG ဟာ လျှို့ဝှက်အဖွဲ့အစည်း ဘဝ ရောက်နေတယ်။   NUG ဘာလုပ်နေသလဲ ပြည်သူ မသိဘူး။ မသိတော့ ဝေဖန်ဖို့ အချက်အလက် မရဘူး။ အဲဒီအခြေအနေဟာ အပြစ်တင်စရာ မဟုတ်ပေမယ့်၊   အချိန်တွေ ငွေတွေ အသက်တွေ ရင်းပြီး   လက်တွေ့က သင်ခန်းစာတွေ ဝယ်ယူနေရမှာ စိုးတယ်။


Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား