NUCC နဲ့ CRPH ကို ဝေဖန်တော့မယ်။ အရေးကြီးပါတယ်။

NUCC နဲ့ CRPH ကို ဝေဖန်တော့မယ်။ အရေးကြီးပါတယ်။

▪️ နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေမှာ အချုပ်အခြာအာဏာ ဟာ မူလ ဘူတ အခြေခံဖြစ်တယ်။
ပဒေသရာဇ်ခေတ်မှာ အချုပ်အခြာအာဏာ ဟာ နတ်ဘုရားတွေက ဆင်းသက်တယ်။ နတ်ဘုရားက လူတွေကို ဖန်ဆင်းတယ် ဆိုတာကိုး။

ဒီမိုကရေစီခေတ်မှာ အချုပ်အခြာအာဏာဟာ ပြည်သူမှာ တည်ရှိတယ်။ ဒီ အခြေခံမူဟာ ဥပဒေတကာရဲ့ မိခင်ပဲ။ ကျန်တဲ့ ပုဒ်မတွေဟာ ဒီအပေါ်မှာ မူတည်ပြီး ရေးသားရတာ ဖြစ်တယ်။

▪️ နေဝင်း မအလ ၁၉၇၄ ခြေဥမှာ "လူတန်းစား " ကို အခြေခံသော ပြည်သူ လို့ နာမဝိသေသန တပ်ထားတယ်။ သန်းရွှေ မအလ စစ်တပ်ရေးဆွဲတဲ့ ၂၀၀၈ ခြေဥမှာ အချုပ်အခြာအာဏာဟာ ပြည်သူမှာ တည်ရှိ ပြီး "နိုင်ငံတော်တဝှမ်းမှာ " တည်ရှိတယ်လို့ ရေးတယ်။ ဒါဟာ ပြည်သူ့ အချုပ်အခြာအာဏာကို redefinition လိုသလို အဓိပ္ပါယ်ဖွင့်ထားတာ တွေ့ရတယ်။ ဒါဟာ ရိုးဖြောင့်မှု မရှိဘူး။


▪️ NUCC ရေးဆွဲပြီး CPRH တံဆိပ်တုံးထုတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ချာတာမှာ အချုပ်အခြာအာဏာသည် ပြည်သူနဲ့ "ပြည်နယ်များ" တွင် တည်ရှိသည်လို့ ရေးတယ်။ ဒါဟာ ပြည်သူ့ အချုပ်အခြာအာဏာ "ရေရော" တာပဲ။ ဒီစာသားဟာ လူမျိုးစွဲ နာမည် ရှိပြည်နယ်တွေက အခြားတိုင်းရင်းသားတွေက ဖိအားပေးလို့ ထည့်ပေးရတယ်လို့ ယူဆတယ်

မြန်မာ နိုင်ငံဟာ အခြားဖက်ဒရယ်နိုင်ငံတွေလို ပထဝီနာမည် ပြည်နယ်တွေ မဟုတ်ပဲ၊ လူမျိုးတမျိုးက မောင်ပိုင်စီး နာမည်ပေးထားတဲ့ ပြည်နယ်တွေနဲ့ စထဲက ယဉ်ကို ဆိုသလို၊ အမှားဘက် ရောက်နေတဲ့ နိုင်ငံ ဖြစ်တယ်။
ပထဝီနာမည် ပြည်နယ်တွေမှာ အချုပ်အခြာအာဏာကို ပြည်နယ်တခုချင်းစီမှာ တည်တယ်လို့ ရေးသားတာ ( မလုပ်ကောင်းပေမယ့်) ပြဿနာ မကြီးလှဘူး .... 
ဒါပေမယ့် 

လူမျိုးကြီးတမျိုးရဲ့ ပြည်နယ်တခုချင်းစီကို အချုပ်အခြာအာဏာက ပြည်နယ် မှာ တည်သလိုလို၊ ပြည်သူမှာ တည်သလိုလို ဒွိဟ ရေးသားထားတာ ....  နောင်တချိန်မှာ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ခုံရုံးနဲ့ ဖြေရှင်းရမယ့် ရှုပ်ထွေးမှုတွေ၊ အဲဒီကတဆင့် မကျေနပ် ပေါက်ကွဲမှုတွေ ဖြစ်လာနိုင်တယ်

ဒီမိုကရေစီစံနှုန်းအရ ပြည်သူဆိုတဲ့ "လူ" မှာ ဆုံးဖြတ်ခွင့် ရှိရမယ့်အစား၊ သက်မဲ့ "မြေကြီး" ကို ပါ ပူးတွဲ အချုပ်အခြာအာဏာ တည်ခိုင်းတာ ဓမ္မဒီဌာန်မကျ၊ မူပျက်တယ်။ အိမ်ခြံမြေ တခုရဲ့ ပိုင်ရှင်ဟာ လူပဲ။ မြေကြီးက ပိုင်ရှင်မဟုတ်ဘူး။ သိပ်ပြီး လူမျိုးစွဲချင်ရင် လူမျိုးနာမည်တွေ ထည့်ရေးလိုက်။ ဒါကမှ တော်ဦးမယ်။
မြေကွက်တခု ကို "မြေနဲ့ လူ" ပူးတွဲပိုင်ဆိုင်တယ် ဆိုတာ တော်တော်ပေါကြောင်ကြောင်နိုင်တဲ့ ပုဒ်မ ဖြစ်တယ်။
ပညာရှိသူတွေပဲ သိနိုင်ဖို့ အရိပ်အမြွတ်ပဲ ရေးလိုက်တယ်။
----

 ၁၉၄၅ ကုလသမဂ္ဂ  တည်ထောင်တော့  ချာတာမှာ အဖွဲ့ဝင် နိုင်ငံတွေက ဒီမိုကရေစီကို "မဖြစ်မနေကျင့်သုံးရမယ် လို့ မပါရှိဘူး။ ဒါပေမယ့် ချာတာ အဖွင့်စကားလုံးက " We the people" လို့ ရေးသားထားတဲ့အတွက် ပြည်သူ့ လူထု ဆန္ဒသည် အချုပ်အခြာအာဏာ နိုင်ငံ တခုရဲ့အခြေခံ ဖြစ်ရမယ်  လို့ ဆိုလိုတယ်။


ကုလသမဂ္ဂဟာ  ဒီမိုကရက်တစ်အစိုးရတွေနဲ့ တန်ဖိုးကို အားပေးတယ်။  ၁၉၄၈ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း ရေးဆွဲတော့ ဒီမိုကရေစီ ပါရှိလာတယ်။ အပိုဒ် (၂၁) ပုဒ်ခွဲ (၃) " the will of the people shall be the basis of the authority of government " ပြည်သူလူထု  ဆန္ဒသည်သာ အစိုးရအာဏာ ရဲ့ အခြေခံ ဖြစ်တယ်လို့ ပြဒါန်းတယ်။ ၁၉၇၆  နိုင်ငံသားနဲ့ နိုင်ငံရေးအခွင့်အရေး ဆိုင်ရာနိုင်ငံတကာ ပဠိဉာဉ်မှာ နိုင်ငံတကာ ဥပဒေ တွေရဲ့ အခြေခံ မှာ ဒီမိုကရေစီကို ဥပဒေ ဆိုင်ရာ အခြေခံအဖြစ် အခြေပြုရမယ်လို့ ပြဒါန်းတယ်။




Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား