ချင်းနိုင်ငံရေးသမိုင်း
ချင်းနိုင်ငံရေးသမိုင်း
လူမှုရေးသမိုင်းရှုထောင့်မှသော်၎င်း၊ မနုသာဗေဒအရသော်၎င်း၊ ဘာသာဗေဒအရသော်၎င်း၊ ချင်းလူမျိုးများ သည် မွန်ဂိုလ် ( Mongol ) အနွယ်ဝင်၊ တိဘက်-တရုတ် မိသားစုကြီး ( Tibeto-Chinese Family/ Sino-Tibetan) မှ ခွဲထွက်သော တိဘက်-မြန်မာမိသားစု (Tibeto-Burman Sub-Family ) အနက် Assam-Burma Branch ကူကီး-ချင်း (Kuki-Chin) အုပ််စုဝင််များဖြစ်ကြပါသည်။
ချင်းအမျိုးသားတို့သည်လျှိုမြောင် ကမ်းပါးထူထပ် သည့် တောအပြိုင်း ပြိုင်းတောင်အထပ် ထပ်မြစ်ချောင်း အသွယ် သွယ်ရောပြွန်း သည့်ဒေသတွင် နေထိုင်သူများဖြစ််သည်နှင့်အညီ ဘာသာ စကားကွဲ (Dialects) အမျိုးမျိုးကိုပြောဆိုကြပြီး မိမိတို့ဘာသာစကား ကိုယ်စီဖြင့် မိမိတို့ အမျိုးနာမည်ကို မှည့် ခေါ်ကြ သည််၊ တနည်းအားဖြင့်ဆိုသော် ချင်းတစ်မျိုးသားလုံး အားညွှန်းဆိုသော ဘုံနာမည် (Common Name / Collective Name / Nomenclature) မရှိိခဲ့ဟုဆိုရပါမည်၊
လူမှုရေးသမိုင်းရှုထောင့်မှသော်၎င်း၊ မနုသာဗေဒအရသော်၎င်း၊ ဘာသာဗေဒအရသော်၎င်း၊ ချင်းလူမျိုးများ သည် မွန်ဂိုလ် ( Mongol ) အနွယ်ဝင်၊ တိဘက်-တရုတ် မိသားစုကြီး ( Tibeto-Chinese Family/ Sino-Tibetan) မှ ခွဲထွက်သော တိဘက်-မြန်မာမိသားစု (Tibeto-Burman Sub-Family ) အနက် Assam-Burma Branch ကူကီး-ချင်း (Kuki-Chin) အုပ််စုဝင််များဖြစ်ကြပါသည်။
ချင်းအမျိုးသားတို့သည်လျှိုမြောင် ကမ်းပါးထူထပ် သည့် တောအပြိုင်း ပြိုင်းတောင်အထပ် ထပ်မြစ်ချောင်း အသွယ် သွယ်ရောပြွန်း သည့်ဒေသတွင် နေထိုင်သူများဖြစ််သည်နှင့်အညီ ဘာသာ စကားကွဲ (Dialects) အမျိုးမျိုးကိုပြောဆိုကြပြီး မိမိတို့ဘာသာစကား ကိုယ်စီဖြင့် မိမိတို့ အမျိုးနာမည်ကို မှည့် ခေါ်ကြ သည််၊ တနည်းအားဖြင့်ဆိုသော် ချင်းတစ်မျိုးသားလုံး အားညွှန်းဆိုသော ဘုံနာမည် (Common Name / Collective Name / Nomenclature) မရှိိခဲ့ဟုဆိုရပါမည်၊
အနောက်ဖက်ရှိ ဘင်္ဂလီကုလားများက ကူကီး (Kuki ) ဟူ၍ ၎င်း၊ အရှေ့ဖက် ရှိ မြန်မာများက ချင်း ( Chin) ဟူ၍ ၎င်း ခေါ်ကြသည်။ ကူကီးဟူသော စကားလုံးအဓိပါယ်ကို သေချာတိကျစွာမသိရသော်လည်း သာမန်အားဖြင့် တောင်တန်းသားများ ဟူသောအနက် ရဟန်တူပါသည်။ ချင်း ဟူသော စကားလုံး၏ အဓိပ္ပါယ်မှာ လူသား ဟူ၍ ဆိုရပါမည်၊ တိဘက်ကုန်းပြင်မြင့်တွင် ချိယန် ( Qi’an / Chi’an ) ဟူသော ခွေး၊ ဝက်များ မွေးမြူသည့်လူစုရှိခဲ့ရာ ၄င်းတို့သည် တိဘက် ကုန်းပြင်မြင့် အရှေ့တောင် ခြေလျှောအရပ်သို့ရောက်ရှိလာပြီး နှစ်ကာလကြာမြင့်စွာ နေထိုင် ခဲ့ကြသည်ဟုဆိုပါသည်။
တိဘက်-တရုတ်တို့နှင့်အပြိုင် ယဉ်ကျေးမှု အဆင့်အတန်းရှိခဲ့ကြပြီး အဆိုပါ တိဘက်-တရုတ် တို့၏ ကျုးကျော်တိုက်ခိုက်မှုဒါဏ်ကြောင့် မလွှဲသာမရှောင်သာဘဲ ထိုဒေသကို စွန့်ခွါခဲ့ပြီး အထက်မြန်မာပြည် ဧရာဝတီ မြစ်ဖျားအရပ်သို့ ရောက်ရှိလာကြသည်။ ၄င်းအဆိုမှန်ကန်ကြောင်း သာဓကတစ်ခုမှာ ဟူးကောင်း ချိုင့်ဝှမ်း မြောက်ဘက် ချင်းတွင်းမြစ်ဖျားတွင် ချင်းရွာဟောင်းနေရာများ ရှိကြောင်း ဆာအလက်ဇင်းဒါးမက္ကင်းဇီး (Sir Alexander Mackenzie ) ကဖော်ပြထားခဲ့သည်၊ ချိယန်၏ အနက်မှာ လူသား ဟုပင်ဖြစ် သည်၊
အရှို၊ တောင်သား နှှင့် မတူချင်းများ၏ ဒေသန္တရ ဘာသာ Thlang ဟူသော စကားလုံးမှ ရွေ့လျော လာသည့် Khlang မှ Khyang ဖြစ်ပြီး လူ၊ လူသား ဟူသော အနက်အဓိပါယ် ရပါသည်၊ တနည်းဆိုသော် နတ်လို တောရိုင်း တိရစ္ဆာန်လို စည်းမဲ့ကမ်းမဲ့လေလွင့်နေသူများ မဟုတ်ဘဲ အိုးနှင့် အိမ်နှင့် စည်းကမ်း ရှိရှိ အခြေ ချနေ ထိုင်ကြ သူများဟု အနက် ယူရပါမည်။
ချင်းတို့ပျံ့နှံ့လာပုံ
အဘယ်ကြောင့်ချင်းလူမျိုးတို့ကို မွန်ဂိုလွိုက်အုပ်စု (Mongoloid ) တွင် ထည့်သွင်းထားကြသလဲ ဆိုလျှင် အာရှတိုက်အလယ်ပိုင်း မွန်ဂိုကုန်းပြင်မြင့်၊ ဂိုဘီအရပ်မှစ တင်ပေါက်ဖွားလာခဲ့သည်ဟုယူ ဆကြရသောကြောင့် ဖြစ်ပါသည်။ ထိုနေရာမှ တောင်ဘက် ဟွန်ဟို၊ ယန်စီ၊ မဲခေါင်၊ သံလွင်မြစ်ကြီးများမြစ်ဖျားခံရာ တရုတ်ပြည် အနောက်မြောက် ဂန်ဆု ( Gansu ) နှင့် ချင်းဟိုင် (Qinghai ) ဒေသသို့ရောက်ရှိလာကြပြီး ၄င်းအရပ်မှ တိဘက် နှင့် တရုတ် ပြည်အကြား တိဘက်ကုန်းပြင်မြင့်၊ အရှေ့တောင်ခြေလျှော အရပ် သို့ရောက်ရှိလာခြင်းဖြစ်သည်။
၄င်းမှတဖန်အထက် မြန်မာပြည် ဟူးကောင်းချိုင့်ဝှမ်း၊ ၄င်းမှ ချင်းတွင်းမြစ် အတိုင်းစုန်ဆင်းလာခဲ့ကြယင်း အနောက်ဘက် အိန္ဒိယ နိုင်ငံ အရူနကျာလ်ပြည်နယ်ဖက်၊ ဆွမ်ပရာမှ နာဂလဲန်ဖက်၊ ကဘော်ချိုင့်ဝှမ်းမှ မဏိ ပူရ်သို့ ကွဲထွက်လာ ခဲ့ကြပါ သည်၊
ပင်မအုပ်စုသည် ကဘော်မှ ကလေး၊ ယော၊ ဆော၊ လောင်းရှည် စသော တောင်ဖက် ရခိုင်ရိုးမ တောင်တန်း တလျှောက်၊ ဧရာဝတီမြစ်ဝကျွန်းပေါ် နဂရေအငူ အထိ စုန်ဆင်းပျံ့နှံ့ကြပြီး ရခိုင်ရိုးမမှ အနောက်ဖက် ရခိုင်ပြည်အနှံ့သို့၎င်း၊ ဧရာဝတီမြစ်ကိုဖြတ်ပြီး အရှေ့ဖက်ပဲခူးရိုးမတလျှောက်သို့၎င်း ပျံ့နှံ့ကြသူများ ရှိသကဲ့သို့ ကဘော်၊ ကလေး၊ ယော၊ ပုံတောင်ပုံညာအရပ်မှ အနောက်ဖက်ရှိ ချင်းတောင်တန်းသို့ ရောက်ကြသူများလည်းရှိ ပါသည်။ ချင်းတောင်တန်းကိုလွန်ပြီး လူရှေတောင်တန်းသို့၎င်း၊ ၄င်းမှတဖန် ဘင်္ဂလားဒေ့ရှ် နိုင်ငံစစ်တကောင်းတောင် တန်းနှင့် ဆီလ်ဟက်တောင်တန်း သို၎င်း ရောက်ရှိကြသူများ လည်းရှိပါသည်၊
ထိုသို့ပြန့်ကျဲနေထိုင်ရာ ဒေသတစ်ခုလုံး၏ ၅ ပုံ ၁ ပုံ ၌သာ စုစည်း နေထိုင်ကြရသောကြောင့့်် ထိုနေရာကိုသာ ချင်းပြည်ဟုခေါ်တွင်ရခြင်းဖြစ်ပါသည်၊ ချင်းလူမျိုး များ စုစည်းနေထိုင်ရာ( Compact Area ) ၏ ခန့်မှန်း အကျယ်ဧရိယာမှာ စုစုပေါင်းစတုရန်းမိုင် (၁ဝဝဝဝဝ) ခန့်ရှိမည် ဟုယူဆရပါသည်၊ တနိုင်ငံလုံးရှိချင်း လူဦးရေ ခန့်မှန်းခြေမှာ သန်းပေါင်း (၁ဝ မှ ၁၅) ခန့်ရှိနိုင်မည်ဖြစ်သော်လည်း မှီတင်း နေထိုင်ရာဒေသ အလိုက် နာမည် အမျိုးမျိုး တကွဲတပြားစီ သုံးစွဲမှုကြောင့်၎င်း၊ နီးစပ်ရာလူမျိုးတို့၏ အဖွဲ့အစည်းတွင် ပါဝင်ကြခြင်းကြောင့်၎င်း မိမိတို့ ကိုယ်တိုင် က ချင်းဟုမခံယူသောကြောင့်၎င်း၊ ကိုးကွယ် ယုံကြည်သည့်ဘာသာ ကွဲပြားခြား နားမှုကြောင့်၎င်း ချင်းလူဦး ရေကို တိကျစွာ ခန့်မှန်းရ မလွယ်ကူတော့ချေ၊
ယနေ့ ချင်းပြည်အဖြစ် မှတ်မှတ်ရရ ပြောဆိုနိုင်သောဒေသများမှာ မြန်မာနိုင်ငံအတွင်း ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း အနောက်ဖက် အိန္ဒိယနယ််စပ် တောင်တန်း (ဝါ) ချင်းတွင်းမြစ်အနောက်ဖက် လေရှီးမြိ့နယ်မှ တောင် ဖက်တလျှောက် ၊ စစ်ကိုင်းတိုင်း တမူးခရိုင်နှင့်ကလေးခရိုင်၊ မကွေးတိုင်းရှိဂန့်ဂေါ၊ ထီးလင်း၊ ပခုက္ကူ၊ မင်းဘူး၊ သရက်ခရိုင်များ၊ ရခိုင်ပြည်တစ်ဝှမ်းလုံး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း အရှေ့ပိုင်း ရန်ဂါမတီ၊ ခြာကျရီ၊ ဘန်ဒါရ်ဘန်၊ ဆီလ်ဟက်နှင့် မိုင်မင်ဆိင်္ဂခရိုင်များ၊ အိန္ဒိယနိုင်ငံအတွင်း နာဂလဲန်၊ မဏိပူရ်၊ မီဇိုရမ်၊ အာသံ ပြည်နယ်မြောက််က စာရ် တောင်တန်းခရိုင်၊ ကစာရ်ခရိုင်၊ တြိပူရပြည်နယ် အရှေ့မြောက် ခရိုင်တို့ဖြစ်ကြပါသည်၊
ချင်းနိုင်ငံရေးသမိုင်း (၂)
ချင်းလူမျိုးများသည် အခြားသော ကမ္ဘာသူကမ္ဘာသားများနည်းတူ လူမှုရေးစနစ် အမျိုးမျိုးကို ဖြတ်ကျော်လာခဲ့ရင်း နိုင်ငံရေးစနစ် အမျိုးမျိုးကိုလည်း ကျင့်သုံးလာခဲ့သည်မှာ မြေကြီးလက်ခတ်မလွဲ သေချာပါသည်၊ တိဘက် ကုန်းပြင်မြင့် တွင် နေထိုင်ခဲ့စဉ်က ယဉ်ကျေးမှု အဆင့်အတန်း အတန်မြင့်မားခဲ့ရကား ထိုအချိန်တွင် အုပ်ချုပ် ရေးစနစ်ကိုပါ ကျင့်သုံးခဲ့မည်ဟု ယူဆရပေမည်
ရှေးဦးချင်းနိုင်ငံရေး
ချင်းလူမျိုးများသည် အခြားသော ကမ္ဘာသူကမ္ဘာသားများနည်းတူ လူမှုရေးစနစ် အမျိုးမျိုးကို ဖြတ်ကျော်လာခဲ့ရင်း နိုင်ငံရေးစနစ် အမျိုးမျိုးကိုလည်း ကျင့်သုံးလာခဲ့သည်မှာ မြေကြီးလက်ခတ်မလွဲ သေချာပါသည်၊ တိဘက် ကုန်းပြင်မြင့် တွင် နေထိုင်ခဲ့စဉ်က ယဉ်ကျေးမှု အဆင့်အတန်း အတန်မြင့်မားခဲ့ရကား ထိုအချိန်တွင် အုပ်ချုပ် ရေးစနစ်ကိုပါ ကျင့်သုံးခဲ့မည်ဟု ယူဆရပေမည်၊ အုပ်ချုပ်ရေးသည် နိုင်ငံရေးပင် ဖြစ်ရာ အုပ်ချုပ်သူနှင့် အအုပ်ချုပ်ခံလူတန်းစား များပါ ပေါ်ပေါက်ဘွယ်ရာ ရှိပေသည်၊ ချင်းလူအဖွဲ့အစည်းတွင် ကျွန်ပိုင်ရှင်စနစ်နှင့် ပဒေသရာဇ်စနစ် သိသိသာသာ ကွဲပြားခြားနားမည်ဟုယူဆရန်ခဲယဉ်းလှပေသည်။
အကြောင်းမှာ ပဒေသရာဇ်ခေတ််နှောင်းပိုင်းကာလအထိ ကျေးကျွန်များရှိနေသေးသောကြောင့်ဖြစ်ပါသည်၊ ချင်းပဒေသရာဇ်များသည် မိမိတို့ပိုင်နက်နယ်မြေ ကျယ်ပြန့်သည်ဖြစ်စေ၊ ကျဉ်းမြောင်းသည်မြစ်စေ ကံကျွေးချ စနစ် ကိုသော်၎င်း၊ သက်ဦးဆံပိုင်ဘုရင်စနစ်ကိုသော်၎င်း ကျင့်သုံးခဲ့သည်ဟုယူဆရပါသည်၊ သို့ရာတွင် အနောက်တိုင်းသား များကဲ့သို့ ရက်စက်ကြမ်းကြုတ် စွာ သြဇာအာဏာ ကိုင်တွယ်ခြင်းမျိုးကိုမူ မကျင့်သုံးခဲ့ကြချေ၊။ နောက်ခံ ပထဝီအနေအထားအရ လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး အချင်းချင်း ကူးလူးဆက်ဆံမှု နည်းပါးသောကြောင့်စီးပွါးရေး တိုးတက် ဖွံ့ဖြိုးမှု အထူးပင်နှေးကွေးခဲ့သည်၊ ကုန်စည် ကူးသန်းရောင်းဝယ်ဖောက်ကားမှု မရှိပဲ မိရိုးဖလာအိမ်တွင်းစိုက် ပျိုးရေး နှင့် အိမ်မွေးတိရိစ္ဆာန်များဖြင့့်် ရောင့်ရဲ တင်းတိမ်နေခဲ့ကြရသည်၊ စားနပ်ရိက္ခာ များကို မိမိတို့၏ အိမ်တွင်း လုပ်ငန်း များဖြင့် ဖြည့်ဆည်းကြရသည်၊ တစ်နေရာတွင် ဝမ်းစာမဖူလုံနိုင်တော့မှသာ အခြားဒေသများသို့ ရွှေ့ပြောင်းနေ ထိုင်လေ့ရှိ ကြသည်။
အုပ်ချုပ်သူချင်းပဒေသရာဇမင်းများသည် တစ်တော တစ်ဖတွန် အာဏာပြိုင်ဆိုင်ကြရင်း သူတစ်လူငါ တစ် မင်းဖြင့် ထီးပြိုင်နန်းပြိုင်မင်းလုပ်နေခဲ့ကြပါသည်၊ သြဇာအာဏာပြိုင်ဆိုင်မှုကြောင့်သော်၎င်း၊ အမှုအခင်းဖြစ်သော ကြောင့်သော်၎င်း၊ ရန်ကြွေးရန်ဟောင်းကြောင့်သော်၎င်း အကြောင်းအမျိုးမျိုးကြောင့် တစ်ရွာနှင့် တစ်ရွာ စစ်တိုက်ကြ လျှင်လည်း စစ်နိုင်သူက စစ်ရှုံးသူအား စစ်လျော်ကြေးတောင်းပြီး မိမိတို့နေရင်း ရပ်ရွာသို့ ပြန်လွှတ်လေ့ ရှိကြသည်။ ထိုသို့ဖြင့် တောင်ပိုင်စော်ဘွားများ သည် အချင်းချင်း နားလည်မှုများစွာထားတတ်ကြသည်၊ ထိုကြောင့် ချင်းလူမျိုးတို့ ကျင့်သုံးသော နိုင်ငံရေးစနစ်သည် ဂရိမြို့ပြနိုင်ငံရေး ( City State ) နှင့််ဆင်ဆင်တူသည့် ကျေးလက် နိုင်ငံရေးစနစ် ( Village State ) ဟုဆိုနိုင်ပါသည်၊ တနည်းအားဖြင့် ဖက်ဒရယ်ဆန်သော ပဒေသရာဇ် နိုင်ငံရေး စနစ်ဟု ဆိုရပါမည်၊ ချင်းစော်ဘွားများသည် တစ်ဦးနှင့် တစ်ဦးလေးစားအသိအမှတ် ပြုသောအနေဖြင့် အကြောင်း မရှိဘဲ ကျုးကျော်ရန် စလေ့မရှိကြချေ၊ တိုင်းတပါးမှ ကျုးကျော်ရန်စမှုများကိုမူ သည်းခံခွင့်လွှတ်လိုစိတ်လုံးဝမဘဲ ရွပ်ရွပ်ချွံချွံခုခံ တိုက်ခိုက် လေ့ရှိကြသည်။
ထိုကြောင့်ဗြိတိသျှတို့၏ ကျုးကျော်ရန်စမှုကိုလည်း ၁၇၇၆ ခုနှစ်မှ ၁၉ဝ၉ ခုနှစ်အထိ စွမ်းစွမ်းတ မံခုခံခဲ့ကြ သည်၊ လက်နက်ချင်း မယှဉ်သာသောကြောင့်သာ အားမတန်မာန်လျှော့အညံ့ခံအရှုံးပေး ကြရခြင်းဖြစ်သည်၊ စစ်ရှုံး၍ပန်းပေး ရသည် ဟုပင်ဆိုရသော်ငြားလည်း ချင်းလူမျိုးတို့၏ ရဲစွမ်းသတ္တိကိုဗြိတိသျှ စစ်အရာရှိများ လက်ဖျား ခါရ လောက်အောင်ချီးမွမ်းကြရသည်၊ လက်နက်အင်အားမတောင့်တင်း၊ ရရာလက်နက်များကို ဆွဲကိုင် ရင်ဆိုင်တိုက် ခိုက်ကြခြင်းကြောင့် နှစ်ပေါင်းနှစ် ရာကျော်ကြာ သည်အထိဗြိတိသျှတို့ကစစ်ကြောင်းအ ထပ်ထပ်၊ စစ်ပွဲအကြိမ်ကြိမ် ဆင်နွှဲ့ပြီးမှ ချင်းပြည်ကို ဆုံးရှုံးမှုမြောက်မြားစွာဖြင့်သိမ်းပိုက်အုပ်ချုပ်နိုင်ခဲ့ခြင်းဖြစ် ပါ သည်။
ဗြိတိသျှတို့သည် ချင်းပြည်အား သိမ်းပိုက်နိုင်ရန် အတွက် ကျူးကျော်စစ် အကြိမ်ပေါင်းများစွာ ဆင်နွှ့ပြီး ၄င်းတို့ ဆုံးရှံုးခဲ့သော ကုန်ကျစရိတ်များအား ပြန်လည် ဖြည့်စွက်ရန် ချင်းပြည်ထွက်သစ်ဝါးများနှင့် သစ် တောထွက်ပစ္စည်းများကို ထုတ်လုပ် ရောင်းဝယ်ဖောက်ကားလို၍၎င်း၊ ထိုအရောင်းအဝယ်များမှ အခွန်ငွေများ ရလို၍၎င်း ချင်းလူမျိုးများ၏ ဘိုးဘွားပိုင်မြေပေါ်တွင် လက်ဖက်ခြံစိုက်ပျိုး ထုတ်လုပ် ရောင်းဝယ်ဖောက်ကား ခြင်းအ ပေါ် အမြတ်ခွန်များ အခွန်ငွေများကောက်ခံလို၍၎င်း၊ ၄င်းတို့တိုင်းပြည်ရှိ စက်မှု လုပ်ငန်းများအတွက် ကုန်ကြမ်း ပစ္စည်းများ လိုအပ်နေ၍၎င်း၊ ၄င်းတို့၏လောဘရမက်ကို ဖြည့်ဆည်းရန် ခိုင်လုံသော အကြောင်းပြစရာမရှိဘဲ ၄င်းတို့ ပိုင်နက်မြေများအား ကျုးကျော်ထိပါးသည်ဟု စွပ်စွဲပြီး လက်နက်အား ကိုးဖြင့်ချင်းပြည်နှင့် ချင်းလူမျိုးတို့ကို မတရား ထိုးစစ်ဆင်နွှဲ့ကာ တိုက်ခိုက်သိမ်းပိုက်အုပ်ချုပ်ခဲ့လေသည်။
လက်နက်အင်အားမမျှ၊ စစ်ရှုံးခဲ့သော်ငြား လည်း လွယ်ကူ စွာ အရှုံးပေးခဲ့သည်ကား မဟုတ်ချေ၊ ၁၇၇၇ မှ ၁၈၃ဝ အထိ စစ်တကောင်း နယ်မှ အနောက်ဖက် ချင်းများက ၎င်း၊ ၁၈၂၆ မှ ၁၉ဝဝ အထိ တောင်ပိုင်း ချင်းများက၎င်း၊ ၁၈၂၅ မှ ၁၈၉ဝ အထိ အနောက်မြောက်နှင့် မြောက်ဖက််ချင်း များက၎င်း ၊ ၁၈၈၅မှ၁၈၉၆ထိအရှေ့ မြောက်အရှေ့နှင့်အရှေတောင်ဖက်ရှိ ချင်းများက၎င်း ရရာလက် နက်များဖြစ်သည့် တုတ်၊ ဓါး၊ လှံ၊ ကျောက်မောင်း၊ လေးမြား၊ တူမီး၊ ဒူးလေး စသည်တို့ဖြင့် ရဲဝံ့စွာရင်ဆိုင် တိုက်ခိုက်ခဲ့ကြလေသည်၊ ပလက်ဝနယ်မှ ဆလိန်မင်တောင််တိုက်ပွဲ၊ မင်းတပ်နယ်မှ မလုံပန်းတိုက်ပွဲ၊ တီးတိန်နယ်မှ ရှာလုမ်းတိုက်ပွဲနှင့်ဆွမ် ရာနယ်မှ ကူကီးချင်း အရေးတော်ပုံှုတိုက်ပွဲများသည် ကမ္ဘာကျော်သမိုင်းဝင်စစ်ပွဲများလောက် ရင်ဆိုင်ရ ခက်ခဲ သော ဧရာမစစ်ပွဲများပင်ဖြစ်ပါသည်၊ ဗြိတိသျှတို့သည် လက်နက်အင်အားချင်း လွန်စွာကွာခြားလျက် ၄င်းတို့အား ရဲဝံ့စွာ ရင်ဆိုင်တိုက် ခိုက််ရဲသော ချင်းတို့၏ ရဲစွမ်း သတ္တိပြောင်မြောက်မှုအား အထင်မသေးနိိုင်ဘဲ လက်ဖျားခါအံ့သြချီး ကျုးခဲ့ကြကြောင်းကို မှတ်တမ်းများတွင်လေ့လာ ဖတ်ရှုရပါသည်၊ ထိုကြောင့်ချင်းတို့အား အကြမ်းကိုင်ဖိနှိပ်ချုပ်ချယ် အုပ်ချုပ်ရမည့်အစား ချိုသာပျော့ပျောင်း စွာ ချော့မော့ စည်းရုံး သိမ်းသွင်းပြီး အနုနည်းဖြင့် ကိုင်တွယ် မှဆက် ဆံရေးပြေလည်မည်ကို ကောင်းစွာ သဘောပေါက်လာခဲ့ကြသည်၊ သို့ဖြင့်ချင်းပြည်အားသိမ်းပိုက် အုပ်ချုပ်နိုင် ရန်နည်း ပရိယယ်နှင့်စစ်ဗျူဟာ အမျိုးမျိုးရှာကြံပြီး ၁၈၈၉-၁၈၉ဝ ခုနှစ်များတွင် ဧရာမ စစ်ဆင်ရေးကြီးကို ဆင်နွှဲ့ခဲ့ကြလေတော့ သည်။
ချင်းနိုင်ငံရေးသမိုင်း (၃)
ဗြိတိသျှခေတ် ချင်းပြည်အုပ်ချုပ်ရေး၊
နယ်ချဲ့အင်္ဂလိပ်တို့သည် ချင်းပြည်အား နှစ်ပေါင်းများစွာတိုက်ခိုက်ပြီးမှ သိမ်းပိုက််နိုင်ခဲ့ခြင်းဖြစ်သည်၊ ထိုစဉ်က ချင်းနိုင်ငံရေး စနစ်သည် ဟောင်းနွမ်းဆွေးမြေ့နေပြီးခေတ်မမီ တော့ချေ၊ စော်ဘွားနယ် အချင်းချင်း ရန်စောင်တိုက်ခိုက်ခြင်း၊ အိမ်နီးချင်းများနှင့် မကြာခဏ စစ်တိုက်ခြင်း၊ ခေတ်နှင့်အညီ တိုးတက်နေသော ပတ်ဝန်း ကျင်နိုင်ငံနှင့် ဆက်ဆံမှုမရှိခြင်း၊ ပြင်ပလောကနှင့် ကုန်စည် ကူးသန်းရောင်းဝယ်ဖောက်ကားမှု မရှိ၍ လူနေမှု အဆင့်အတန်းနိမ့်ကျလွန်းခြင်း၊ ခေတ်မီကောင်းမွန်သော ကုန်ထုတ်ကိရိယာ နှင့် ကုန်ထုတ်လုပ်ငန်း မရှိခြင်း၊ လက်နက် ခဲယမ်းမီးကျောက် မရရှိနိုင်ခြင်း၊ ခေတ်မီပြီး စည်းစနစ်ကောင်းမွန်သောလက်နက်ကိုင်တပ်ဖွဲ့မထားရှိနိုင်ခြင်း စသော အကြောင်းများ ကြောင့် နယ်ချဲ့တို့၏ ကျုးကျော် တိုက်ခိုက်မှုဒါဏ်ကိုရေရှည်တွင် မခံနိုင်ဘဲ လက်မြှောက် အရှံုးပေးရလေတော့သည်၊ အင်္ဂလိပ်တို့ သည် သိမ်းပိုက်လိုက်သည်နှင့်တပြိုင်နက် Divide & Rules( D & R ) ခေါ် သွေးခွဲအုပ်ချုပ်ရေးစနစ်ကို စတင်ကျင့်သုံးလေတော့သည်။
ပထမဦးစွာသိမ်းပိုက်ထား သော စစ်တကောင်းနယ်အား ဘင်္ဂလားနယ် တွင်ထားပြီး အုပ်ချုပ်ခဲ့သည်၊ ထို့နောက်တွင် အင်္ဂလိပ်-မြန်မာ ပထမစစ် (၁၈၂၄–၁၈၂၆)အပြီး အာသံ၊ မဏိပူရ် နှင့် ရခိုင်နယ်တိုအင်္ဂလိပ် လက်အောက် ကျရောက််လာသောအခါ ထိုဒေသ များမှ ချင်းအနွယ်ဝင်များ ဖြစ်သည့် နာဂ၊ ကသည်း၊ ထာ့ဒိုး ၊ အရှို၊ ခူမီး၊ မြို ၊ ယင်ဒူး၊ ကောက်ကဒန်းစသော သွေးချင်း များသည်လည်း အင်္ဂလိပ်တို့၏ လက်အောက်သို့ ကျရောက်ခဲ့သည်၊ များ မကြာမီ တြိပူရနှင့် ကချာရ်၊ ဂါရို၊ ခါဆီနယ် များကိုလည်းသိမ်းပိုက်ကြပြန်သည်၊ ထိုနယ်များရှိ ကသည်း ခေါ် မေးတေ ချင်းများနှင့် မှာရ်၊ လူရှေချင်း များကိုလည်း တပါတည်းသိမ်းပိုက်ကြပြန်သည်၊
အင်္ဂလိပ်တို့သည် ၄င်းတို့၏ နယ်ချဲ့ကျုးကျော်စစ်ကို ဆက်လက်ဆင်နွှဲ့နေရာ မြန်မာနိုင်ငံအောက် ပိုင်း သရက်မြို့အထိ ဆက်လက် သိမ်းကြပြန်ပြီး ထိုဒေသရှိ အရှို နှင့် ချိုးချင်းများအား ၄င်းတို့၏လက်အောက်တွင် သိမ်းသွင်းကြပြန်သည်၊ အင်္ဂလိပ်တို့သည်ထိုမျှနှင့် မရောင့်ရဲနိုင်ဘဲ အထက်မြန်မာပြည် နှင့် နယ်နိမိတ်ချင်းထိ စပ်နေ သော အရှေ့ချင်းလဲန်ခေါ် ချင်းပြည်နယ်ကိုလည်း သက္ကရာဇ် ၁၉ဝ၅-ခုနှစ်တွင်သိမ်းပိုက်ခဲ့ပြန်သည်၊ဤသို့ဖြင့် ချင်းတို့ ၏ ဘိုးဘေး လက်ထက်ကတည်းက ပိုင်ဆိုင်လာခဲ့သော တောင်တန်း ဒေသတစ်ခုလုံးနီး ပါးသည် အင်္ဂလိပ်တို့ ၏အုပ် ချုပ်မှုအောက်သို့ ကျရောက်ရ လေတော့ သည်၊
အင်္ဂလိပ်တို့သည် ချင်းတို့၏ ရဲစွမ်းသတ္တိပြောင်မြောက်ပုံကိုကောင်းစွာရိပ်မိသဖြင့်မိမိတို့အားတန်ပြန် မတိုက်ခိုက်မတော်လှန်နိုင်စေရန် ချင်းလူမျိုးတို၏ ကိုင်ဆောင်နေသောသေနတ် များ ကိုဦးစွာသိမ်းဆည်း ခဲ့သည်၊ ချင်း လူမျိုးများထံ မှသိမ်းဆည်းရရှိထားသည့်သေနတ်များကို အောက်ပါအတိုင်း လေ့လာမှတ် သားနိုင်ပါသည်၊
စဉ်။ နယ်မြေ အရေအတွက်
၁၊ တိုက်ရွန်း ၂၅၅
၂၊ ဇာဟောဝ် ၄ဝ
၃၊ ဟွာလ်းငိုး ရ၆
၄၊ ဟာခါး ၆၅ဝ
၅၊ ထန်တလန် ၄၉ဝ
၆၊ ဇိုးခွါး ၁၄ဝ
၇ ၊ ဟာခါး ( တောင်ဖက် ) ၉၄ဝ
၈ ၊ ဆီဇန်း (င် ) ၄၃၃
၉ ၊ ဆုက်တဲ ၃၄ဝ
၁ဝ ၊ ဆုက်တဲ(အရှေ့) ၅၅၃
၁၁ ၊ ကမ်ဟောဝ် ၃ဝ၇
၁၂ ၊ ထာ့ဒိုး ၁၂၃
သေနတ်အလက်ပေါင်း ၄၃ဝ၂
ဗြိတိသျှတို့သည်၄င်းတို့၏ သြဇာအာဏာခိုင်မြဲစေရန်အတွက် စော်ဘွားများအား အုပ်ချုပ်ရေး တာ ဝန်ကို ယူစေပြီး တိုက်ရိုက်အုပ်ချုပ်စေကာ တိုက်သူကြီး၊ ရွာသူကြီးများအဖြစ် မိမိတို့လက်အောက်တွင် အမှုထမ်း ဆောင်စေသည်၊ ရွာသူကြီးများ၊ တိုက်သူကြီး များမှတဆင့် စစ်တပ်နှင့်ရဲတပ်သားလောင်းများကို စုဆောင်းရ သည်၊ ချင်းလူမျိုးများအား မိမိတို့ကိုယ်ရံတော် တပ်ဖွဲ့တွင်အမှုထမ်းဆောင်စေခြင်းသည် အလွန်လိမ်မာ ပါးနပ်လှပေသည်၊ နည်းဖြင့် ချင်းတို့၏ ရန်ဆူးရန်ငြောင့်များကို ဖယ်ရှားခဲ့လေသည်၊
ချင်းပြည်တစ်ပြည်လုံးအား သိမ်းပိုက်ပြီးနောက်အင်္ဂလိပ်တို့သည် ချင်းပြည် ပြန်လည်ပူးပေါင်းရေး အတွက် စတင်ခြေလှမ်းရန်ပြင်ဆင်ကြလေသည်၊ ပထမဦးစွာမြောက်နှင့်တောင်လူရှေတောင်တန်းအား ၁၈၉၈ခုနှစ်တွင် ပူးပေါင်းစေပြီးနောက် ရခိုင်တောင်တန်းနှင့်ပူးပေါင်းရန်စီစဉ်ကာ နောက်ဆုံးတွင် လက်ရှိမြောက်ပိုင်း ချင်းပြည်နယ် (ထို စဉ်က ချင်းတောင်)နှင့်ပူးပေါင်းရမည်ဖြစ်သည်။ အစီအစဉ်ကိုထိရောက်စွာ အကောင် အထည် ဖော်နိုင်စေရန် Chin Hill Regulation Act ၁၈၉၆ ခေါ် ချင်းတောင်တန်း စည်းမျဉ်းကိုပြဌာန်းပေးခဲ့ သည် ၊ ပထမဆုံးခြေလှမ်းအဖြစ် မြောက် နှင့် တောင် လူရှေ တောင်တန်းကို ၁၈၉၈-ခုနှစ်တွင် ပူးပေါင်းစေ နိုင်ခဲ့သည်၊ ကျန်ဒေသများ မပူးပေါင်းပေးနိုင်မီ ကမ္ဘာ စစ်ကြီး ရှေ့ဆင့်နောက်ဆင့် ဖြစ်ပွါးလာခဲ့သဖြင့် ချင်းတောင် ပူးပေါင်းရေး လုပ်ငန်းများကို ဆက်လက် မဆောင်ရွက် နိုင်ကြတော့ချေ၊ ပထမကမ္ဘာစစ်ကြီး ကာလတွင် အင်္ဂလိပ်တို့ သည် ၄င်းတို့၏ စစ်မျက်နှာများသို့ချင်းလူမျိုးထောင် ပေါင်းများ စွာ အားချောဆွဲခဲ့လေသည်၊ ထိုသို့ချောဆွဲသည်ကို မလိုက်လျောသော ချင်းများ နှင့်တိုက်ပွဲများဖြစ်ခဲ့ရသည်၊ ထိုမျှသာ မက၊ ချင်းတို့၏ ဆန့်ကျင်တိုက်ခိုက်မှုကို မကြာခဏ ခံနေကြသဖြင့် ချင်း လူမျိုးတို့အားနိုင်ငံ ရေးလုပ် ကိုင်ခွင့်မ ပေးဘဲ မိမိတို့သစ္စာ ခံဝန်ထမ်းများအတွက်လေ့ကျင့်ပျိုးထောင်ကြသည်၊
စာသင်ကျောင်းများဖွင့်လှစ်ပေးခြင်း၊ ဝန် ထမ်းများခန့် အပ်ပေးခြင်းများပြုလုပ်လာသည်၊ ကုန်ထုတ်လုပ်ငန်းများခေတ်နောက်ကျလွန်းသဖြင့် မြေပြန့်ဒေသ များ ကဲ့သို့ မြေခွန်တော်များအားမထား နိုင်သောကြောင့်အင်ပါယာလုံခြုံရေးအတွက် ချင်းစစ်တပ်ကိုဖွဲ့စည်းကာ အသုံးချ လေ တော့သည်၊ အင်္ဂလိပ်အုပ်ချုပ်ရေး စတင် သည်နှင့်ခရစ်ယန်သာသနာပြုများရောက်ရှိလာကြကာ ချင်းစာ ပေများ တီထွင်သင်ကြားပို့ချပေးသောစာသင်ကျောင်းများပေါ်ပေါက်လာသည်၊စာသေင်ကြား တတ်မြောက် ခြင်းဖြင့် စစ်ဖက် နယ်ဖက် ဝန်ထမ်းများပေါ်ပေါက်လာသည်၊
ချင်းတောင်တန်းစည်းမျဉ်းကို ဆက်လက်အကောင်အထည်ဖော်သည့်အနေဖြင့် ၁၉၁၁ခုနှစ်တွင်တစ်ကြိမ်၊ ၁၉၁၇ ခုနှစ်တွင်တစ်ကြိမ်၊ နှစ်ကြိမ်တိုင်တိုင်ပြင်ဆင်တိုးချဲ့ခဲ့သည်၊ ထိုစည်းမျဉ်းအရ ယခင် ပခုက္ကူ တောင်တန်းအား မကွေး တိုင်း မှခွဲထုတ်ပြီး ချင်းတောင် (ဖလမ်းခရိုင်)သို့သွတ်သွင်းသည်၊ွှအတွက်ေ’ကာင့် လည်း ချိုး ချင်းများ.ဆန့် ကျင် တိုက်ခိုက်ခြင်းခံကြရသည်၊ ဆောင်ရွက်ချက်မှာ ချင်းလူမျိုးများအဖို့ သင့်တော်လျှောက်ပတ်သောအရာဖြစ်ပြီး ချင်းများ ကိုယ်တိုင် အတွက်မူ အထူးခက်ခဲပေလိမ့်မည်ဖြစ်သည်။
ကန်ပက်လက်မြို့တွင် နယ်ပိုင်ဝန်ထောက် အားခန့်ထားကာ ပခုက္ကူတောင်တန်းကို အုပ်ချုပ်စေသည်၊ ရခိုင်တောင်တန်းဖြစ်သော ပလက်ဝနယ် လည်း ရခိုင်တိုင်းမင်းကြီး၏ တိုက် ရိုက်အုပ်ချုပ်မှုအောက်မှ ခွဲထုတ်ကာ ချင်းတောင်အုပ်ချုပ်မှုအောက်တွင်ထားရှိ သည်၊ ချင်းတောင်တစ်ခုလုံး အား စစ်ကိုင်းတိုင်းမှ တိုင်းမင်း ကြီးတစ်ဦးက အုပ်ချုပ်ရသည်၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့်. ရခိုင်တောင်တန်းခရိုင် ခေါ်ပလက်ဝနယ်ကိုမူ ရခိုင်တိုင်းမင်းကြီးက ချင်းတောင်အုပ်ချုပ်ရေးလမ်းစဉ်အတိုင်းစီမံခန့်ခွဲပေးရသည်၊ ချင်းတောင် နှင့် ပူးပေါင်းရန် ပထမခြေလှမ်းဟုဆို ရပါမည်၊ အင်္ဂလိပ်တို့သည်ချင်းတောင်အား တံခါးပိတ်အုပ် ချုပ်ခဲ့ခြင်း ကြောင့် မြန်မာနိုင်ငံံနှင့် ကမ္ဘာ့နိုင်ငံများတွင် အမျိုးသားရေးနိုးကြားမှုများ၊ အင်္ဂလိပ်ဆန့်ကျင်ပုန်ကန် မှုများ၊ လွတ်လပ် ရေးတိုက်ပွဲ များ ဆင်နွှဲ့နေကြသည်ကို သိသူထက် မသိသူက ပိုများပြားခဲ့သည်၊မြန်မာနိုင်ငံတွင်ဒို့ ဗမာအစည်းအရုံးစ သောနိုင်ငံ ရေး အသင်းအပင်းများအရှိန်အဟုန်မြင့်မား နေချိန်တွင် ချင်း တောင့်မူပြောပလောက်သော နိုင်ငံရေးလှုပ်ရှားမှု မျိုးမရှိခဲ့ ချေ၊ တောင်ပိုင်း ကန်ပက်လက်နယ်မှ ဦးဝမ္မသူ မောင်း ဦးဆောင်သော နိုင်ငံရေးလှုပ်ရှားမှုများ ၁၉၃ဝခုနှစ်ခန့်မှ စတင် လာခဲ့သည်၊ ဒုတိယကမ္ဘာစစ်ကြီးကျ ရောက် လာမှမြောက်ပိုင်း ချင်းတောင်သို့ နိုင်ငံရေးအာရုံစိုက်မှုများ တိုးတက် လာခဲ့သည်၊ အကြောင်းမှာစစ်ကြီး ကာလတလျှောက် ချင်းတို့သည်အင်္ဂလိပ်တို့ ပါဝင်သောမဟာမိတ်များဖက်မှ ပါဝင် တိုက်ပေးနေခဲ့ခြင်းကြောင့် ဖြစ်ပါသည်၊
ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံး၍ ဗြိတိသျှအစိုးရအနေဖြင့် လက်အောက်ခံ ကိုလိုနီ နယ်များမှ ထွက်ခွါမည့်အခြေ အနေပေါ်လာသောအခါ ချင်းလူမျိုးတို့အနေဖြင့် ရှေ့ဆက်ရမည့်အစီအစဉ်များ မထားရှိ ခဲ့ကြသည်က တစ်ကြောင်း၊ အနာဂါတ်နိုင်ငံရေးအတွက် ‘ကိုတင်ပြင်ဆင်နိုင်လောက်အောင်နိုင်ငံရေးအတွေ့ အကြံု နည်းပါးသေးသည်က တစ်ကြောင်း၊ ချင်းပြည်၏စီးပွါးရေးနောက်ခံအင်အား မတောင့်တင်းသည် ကတစ်ကြောင်း၊ ချင်း ပြည်အား ခေတ်သစ်စနစ်သစ်သို့ တွန်းပို့ ခေါ်ဆောင်နိုင်မည့် ခေါင်းဆောင်ကြီးများ မပေါ်ပေါက်ခြင်း စသော ပြသာနာ ပေါင်းမြောက်မြားစွာကြောင့်အိမ်နီးချင်းနိုင်ငံရေး သမား များအပေါ်ယုံကြည်အားကိုး စိတ်များတိုးပွါးလာ ကာ သူတို့ နိုင်ငံရေးညွတ်ကွင်း သို့ခုန်ဝင်ရန် အကြောင်း ပါလာလေတော့သည်၊ ထို့ကြောင့်မည်သူမျှမအုပ်ချုပ်ခဲ့ဖူးသောငါတို့၏ ဘိုးဘွားပိုင်ချင်းပြည်သည် နိုင်ငံ၃နိုင်ငံသို့သုံးစိပ်သုံးမြွာကွဲပြဲရလေ တော့သည်၊ ထို့သို့ဖြင့် အရှေ့ဖက် ချင်းပြည် ကိုပြည်ထောင်စုမြန်မာနိုင်ငံသို့၎င်း၊ တောင်ပိုင်းချင်းပြည်အား အရှေ့ပါ ကစ္စ တန်သို့၎င်း၊ အနောက်ဖက်ချင်းပြည်ကို အိန္ဒိယနိုင်ငံသို့၎င်း အသီးသီးအုပ်စုကွဲကာ ဖရိုဖရဲကွဲ ပြဲကုန်ကြ လေ တော့သည်၊
Comments
Post a Comment