ချင်းပြည်နယ်မှ ချင်းရခိုင် ဆက်ဆံရေး သမိုင်း (ဃ)

ချင်းပြည်နယ်မှ ချင်းရခိုင် ဆက်ဆံရေး သမိုင်း (ဃ)



ငြိမ်းချမ်းမှုကိုလိုလားသောပလက်ဝဒေသခံများ

ပလက်ဝဒေသနေ ချောင်းသားများ(ရခိုင်)နှင့် ချင်းလူမျိုးများ၏ ပင်ကိုယ်စရိုက်မှာ အေးချမ်းစွာ နေ ထိုင်လိုသောသဘာဝနှင့် လွတ်လပ်မှုကိုမြတ်နိုးသောသဘောရှိလေသည်။ လူမျိုးပေါင်းစုံနှင့်နေ ထိုင်သော သဘာဝရှိလေသည်။ ယခင်ရခိုင်မင်းနိုင်ငံနှင့်ဆက်စပ်ထိစပ်လျက်နေထိုင်နေသော ချင်းတိုင်းရင်း သားများနှင့်ဆက်စပ်လူမျိုးစုများမှာ ရခိုင်အုပ်ချုပ်မှုနှင့်အဆင်ပြေစေရန်အတွက် ပဏ္ဍာဆက်ခြင်း၊ မင်းမှုထမ်းခြင်းများရှိပေသည်။ ရခိုင်ဘုရင်သြဇာသက်ရောက်လွှမ်းမိုးခြင်းများလည်း ရှိပါလိမ့်မည်။ ရခိုင်လူမျိုး၏ကျေးဇူးသည် ချင်းလူ မျိုးများအပေါ်တွင်ရှိပါသကဲ့သို့ ချင်းလူမျိုးများ၏ ကျေးဇူးသည်လည်း ရခိုင်လူမျိုးများအပေါ်တွင်ရှိပါသည်။ အပြန်အလှန်အမှီသဟဲပြုနေပါသည်။ အထူးသဖြင့် လေးမြို့စား ကဲ့သို့သော ခေါင်း ဆောင်ကောင်းများအောက်တွင် ဌာနေတိုင်းရင်း သားလူနည်းစုများသည် တိုးတက် ယဉ်ကျေးပြီး အချင်းချင်းအကြားတွင်လည်း ကောင်းမွန်သောဆက်ဆံရေးရှိပါသည်။ သို့သော်အများအားဖြင့် တိုးတက်မှုမရှိခဲ့ကြောင်းသမိုင်းအရတွေ့မြင်နိုင်ပါလိမ့်မည်။

သို့သော် ရခိုင်ဘုရင်များအကြား အချင်းချင်းနန်းလုခြင်း၊ နိုင်ငံရေးကစားခြင်းများ၊ တိုက်ခိုက်သတ် ဖြတ်ခြင်းများ၊ လက်အောက်ခံမင်းစိုးရာဇာများက အနိုင်အထက်ပြုလုပ်သောကြောင့် ရခိုင်အချင်း ချင်းလည်းများစွာပုန်ကန်တော်လှန်မှုများရှိခဲ့သလို၊ ဌာနေတိုင်းရင်းသားများကလည်း အနည်းနှင့် အ များ တော်လှန်ခြင်းများရှိပေသည်။ မြိုသင်းကြီးပုန်ကန်မှု(၁၇၅၀)နှင့် လေးမြို့ချောင်းနေချင်းများပုန်ကန်မှု (၁၇၈၀) မှာ ထိုအချက်ကို ဖော်ပြနေ သည်။ သို့သော် တစ်စင်ထောင်လိုသော ရည်ရွယ် ချက်ကား မဟုတ်ပေ။ မခံနိုင်သောကြောင့်ဖြစ်မည်ဟုယူဆနိုင်ပါသည်။ ထို့ကြောင့်ကောင်းမွန်သော မင်း လောင်း များကို မျှော်လင့်တတ်ကြပေသည်။ နောက်ပိုင်းရခိုင်အမျိုးသားရေးသမားအချို့အပြစ် တင်ချင်သော လေးဒူလေးဝခံတပ် အကြောင်းသည် ငသံထွေနှင့်မြန်မာတပ်အားထောက်ခံရခြင်းမှာလည်း ထိုအချက်များ ကြောင့် ဖြစ်ဟန်တူသည်။ (ကိုးကားကျမ်းရှာဆဲ)ထိုအချက်ကို“ရခိုင်ပြည်သူထုအပေါင်း တို့သည် လည်း တိုင်းကားပြည်ရွာသာ ယာစည်ပင်အောင်လုပ်တတ်သော မင်းကောင်းမင်းမွန်ရောက် လာ သည်ဟု မှတ်ထင်၍ အလွန်ဝမ်းသာရွှင်လန်း၍ ကခုန်ပျော်ပါးလျှက် လက်ပမ်းပေါက် ခတ်ပြီး လျှင် အောင်သည် အောင်သားစားသောက်ကြကုန်၏။” ဟုဖော်ပြထားပါသည်။
ဌာနေတိုင်းရင်းသားတို့မှာ ရခိုင်နှင့်ဗမာလူမျိုးကြီးနှစ်ခုအားပြိုင်မှုတွင် အမြဲကြားညပ်နေသော သ ဘော ရှိနေသည်။ယနေ့တိုင်လည်းရှိနေဆဲဖြစ်သည်။ နိုင်ငံအရေးအရာ ဆုံးဖြတ်ရာတွင်လည်းလူနည်းစု တိုင်းရင်းသားများ၏သဘောထား၊ အသံ ကို ရှေးနှစ်ပေါင်းများစွာကတည်းက လစ်လျူရှုထား ခြင်းခံခဲ့ရပါသည်။ ထို့ကြောင့် လည်း ဌာနေတိုင်းရင်းသားများအား နားလည်မှုပေးသင့်ပါသည်။

၁) ကုန်းဘောင်မင်းများလက်ထက်ပလက်ဝ (၁၇၈၅-၁၈၂၆)

ချင်းပြန်တော်လှန်ရေးနှင့်ပလက်ဝ။ ။ ဗမာအုပ် ချုပ်မှုကိုပုန်ကန်တော်လှန်သော ချင်းပြန်တော်လှန် ရေးရောက်လာသောအခါ ရခိုင်လေးမြို့ (ဓည်ဝတီ၊ ရမ္မာဝတီ၊ မေဃဝတီ၊ ဒွါရာဝတီ) အပါအဝင်၊ ပလက်ဝဒေသသည်လည်း မတည်ငြိမ်မှုပြန်လည် ဖြစ်ပွားလာပြန်ပါသည်။ သက္ကရာဇ်(၁၁၇၃) ခရစ် (၁၈၁၁)တွင် စတင်ပါသည်။ ငချင်းပြန်သည် ရခိုင်သမိုင်းတွင် ၁၇၈၄ ခုနှစ်အတွက်အရေးပါခဲ့သော ငဇင်ရိုင်းချောင်းကျွန်ူမှ ဓါးပိုင်ကြီးငသံထွေ၏ သားငယ်ဖြစ်သည်။ ချင်းပြန်၏မျိုးနွယ်ဆက်များသည် မွန်ရခိုင်ကပြားများဖြစ်ကြသည်။ ၎င်း၏ ဖခင် ငသံထွေမှာ ရခိုင်ပြည်တွင် ၁၇၈၂ မှ ၁၇၈၄ နှစ်များ အ တွင်း မငြိမ်မသက်ဖြစ်ပေါ်နေမှုကို ထိန်းသိမ်းရန် အမရပူရရွှေနန်းအရှင်ဗဒုံမင်းအား သွားရောက် အကူအညီတောင်းခံခဲ့သူဖြစ်သည်။လေးမြို့ချောင်း နေချင်းများ၏ ထောက်ခံအားပေးမှု၊ ယုံကြည်မှု ကိုလည်းရရှိသောသူဖြစ်ခဲ့လေသည်။

 
ကုလားတန်ချောင်းဖျားဒေသများအရေးကိုဆောင်ရွက်ခြင်း(၁၈၁၁)။ ။ ဓညဝတီမြို့ဝန်မင်းကြီးကျော် ထင်က တိုင်းတားဗိုလ်ချုပ်မင်းကို ပြောဆိုသည့်စကားမှာ……..ငချင်းပြန်ငယ်၊ လက်ရုံးဘွေတို့ရှိရာ ချီတက်လိုက်သွားလျှင်ကုလားတန်ချောင်း ရှိ ချင်းမျိုး မျုံ/မြုန် လင်းကဲးတို့လည်း ထောင်လွှား ၍ မလိုက်မလာ၊ တပ်တောင်တာအလုံးအရင်းနှင့်အတင်းနေသည်။ ရှေ့သို့ချီလျှင် ဓညဝတီမြို့ကို သင်းတို့ဝင်၍နှောက် ယှက်ရာသည်။ ကုလားတန်ချောင်းကို တပ်တောင်တာအလုမ်းအရင်းနှင့်/တပ်ခန့် ရံ၍ ချီတက်ဖျက်ဆီး ဦးမှသာသင့်သည်။ ကုလားတန်ချောင်းလည်း အခွန်ဝန်ဇေယျကျော်ထင် ဝန်စုအခွန်သားဖြစ်သည်။ ဆိုလေသော် တိုင်းတားဗိုလ်ချုပ်က အခွန်ဝန်ကိုဆိုသည်ကား “မြို့ဝန် စကားအတိုင်း” ချီတက်တိုက် ယူရမည်။ သင်းတို့ကို အခွန်ဝန်က ပါအောင်ခေါ်နိုင်မည်၊ မခေါ်နိုင်မည် အကြောင်းနှစ်ခုကို အနောက်သို့ တပ်မချီမီ သိသာအောင်ပြောဆိုရမည်ဆို၏။
အခွန်ဝန်ဇေယျကျော်ထင်က “ကျွန်တော်ရွှေဖဝါး တော်မြတ်အောက်မှာရှိခိုက် ကုလားတန်ချောင်း အရိုင်းတို့ကို မွှေနှောံကြသောကြောင့် ကြောံလန့်၍ နေသည်(သည့်) အမှုသာဖြစ်ပါသည်။ ချားနားသည့် အမှုမဟုတ်ပါ။ ကုလားတန်ချောင်းရှိ ချင်းမျိုး မျုံ ချောင်းရှိ၊ လင်းကဲး ချော် (မြန်ချောင်းရှိလင်းကဲကျော) ရင်ပေါင်၊ လေးဒူးခေါင်းအကြီးတို့ကို ကျွန်တော်က ခေါ်၍ ပေးအပ်ပါမည် ဆိုလေသော် တိုင်းတားဗိုလ် အခွန်ဝန်စကားကို ကြိုက်လေ၍ အခွန်ဝန်က လူစေလွှတ်ခေါ်စေရာ သင်း တို့ခေါင်အကြီးတရာကျော် လက်ဆောင်ပဏ္ဍာနှင့်လိုက်လှာကြ၏။ တိုင်းတားဗိုလ်မင်းက အခွန်ဝန်ဆိုသော စကားအတိုင်း မှန် သည်၊ သင်းတို့တစ်စုကို ငြိမ်ဝပ်အောင် နှလုံးရည်ဖြင့် သိမ်းဆည်းလျက် အရိုး(အရိုင်း) အမျိုးနှင့် လျော်စွာ သာယာသောစကားကို ပြောဆို၍ သင်းတို့ဓလေ့ သွေးသစ္စာပေးပြီးလျှင်ပြန်စေ၏။ ကုလား တန်ချောင်းနေ အရိုင်းလူမျိုးတို့ကို နှလုံးရည်ဖြင့်ယဉ်စေပြီးမှ………… (လှထွန်းဖြူ၊ မဇ္စျိမဒေသအရေး တော်ပုံကျမ်း၊ ရခိုင်သားကြီးစာပေ၊ ၁၉၉၂)

ကုန်းဘောင်ခေတ်မြန်မာအုပ်ချုပ်ရေးသို့ရောက်သောအခါတွင် ဌာနေတိုင်းရင်းသားများအား မည် သို့ အုပ်ချုပ်သည်ဆိုသည်ကို အတိအကျမတွေ့ရပါ။ အထောက်အထားများရှာဖွေနေဆဲသာဖြစ် သည်။ ကုန်းဘောင်ခေတ်လေးမြို့၊ လေးဝတီအုပ် ချုပ်ရေးတည်ဆောက်သောအခါတွင် ပလက်ဝဒေသမှ ကျေးရွာအကြောင်းများကို ရှာဖွေတွေ့ရှိရခြင်းမရှိသောကြောင့် မြန်မာတို့က ငြိမ်ဝပ်အောင်သာပြု လုပ်ပြီးမိမိဓလေ့အတိုင်းနေထိုင်စေကြောင်း ယူဆနိုင်ပါသည်။ သို့သော်ခန့်မှန်းမိသလောက်မှာ ကုလားတန်မြစ်အနောက်ဖက်တွင်နေထိုင်သော မြုန်များ၊ ချောင်းရိုးများတွင်နေထိုင်သော လင်းကဲး များ၊ ကုလားတန်အဖျားတွင်နေသော ချော်များ၊ ကုလားတန်တလျောက်တွင်နေသော ရင်ပေါင် (Yaungpang) ယနေ့ ခူမီးဟုခေါ်သည့်လူများ၊ လေးမြို့မြစ်ဝှမ်းတွင်နေထိုင်သော လေးဒူးချင်းများ အားလုံးပါဝင်သည်။ ၎င်းတို့မှာ ကုလားတန်မြစ်ဝှမ်းဘယ်ညာတွင်နေထိုင်သည့် အနွယ်များသာဖြစ်လေ သည်။“သင်းတို့ဓလေ့ သွေးသစ္စာ” ဆိုသည့် အနက်မှာ မျိုးနွယ်အချင်းချင်းစစ်ဖြစ်ပွားပြီး ငြိမ်းချမ်းစွာ နေလိုသည့်အခါတွင်လည်းကောင်း၊ အပြန်အလှန်မတိုက်ခိုက်ရန်အတွက်လည်းကောင်း ပြုသော သစ္စာပင်ဖြစ်သည်။ ချင်းတို့ထံမှလည်း မြန်မာများမျှော် လင့်စရာမည်သည့်အရာမှမရှိကြောင်း ကုန်းဘောင် ခေတ် ချင်း-မြန်မာဆက်ဆံရေးများကို ကြည့်လျှင်ခန့်မှန်းနိုင်ပါသည်။ တောင်တန်းအမြင့်ပိုင်း တွင်နေသော ချင်းလူမျိုးများထံသို့သြဇာမသက်ရောက်ပေ။ ဗြိတိသျှတို့အုပ်ချုပ်သည့် နောက်ပိုင်း ၁၈၇၀ အထိပင် အုပ်ချုပ်ရေးအောက်သို့ ဝင်ရောက်ခြင်းမရှိပေ။

ကူးဝတိုက်ပွဲ။ ။ မင်းကြီးကျော်ထင်သေလွန်ပြီးနောက် မဟာနော်ရထာသည်သက္ကရာဇ် (၁၁၇၅)ခု ခရစ် (၁၈၁၃) နတ် တော်လတွင် ရခိုင်မြို့ဝန်ပြုလာ၏။ ချင်းပြန်လည်း သမက်တော်တိမ်ကြားဗိုလ် ဗိုလ်မှူးတပ်မှူးတို့ကို အသီးသီးခန့်၍ သူရဲကောင်းတို့နှင့် ရခိုင်မြို့ဝန် မဟာနော်ရထာကို တိုက််ချေဟု စေလိုက်ပြန်၏။ ချင်းပြန် ဗိုလ်မှူးတပ်မှူးတို့ချီသွားလေရာ ကစ္ဆပနဒီမြစ်ညာ#ကူးဝတွင် ရောက် လေသော် ထိုအကြောင်းကို ရခိုင်မြို့ဝန် မဟာနော်ရထာသိလေသော်ကြောင့် မြို့သူကြီး ရန်ကင်းကို ဗိုလ် ချုပ်ခန့်၍ များစွာသော လက်နက်ကိုင်သူရဲတို့နှင့် စေလွှတ်ကာချီသွားကြလေရာ ကစ္ဆပနဒီမြစ်ညာ ကူးဝတွင် ချင်းပြန်စစ်သည်တို့နှင့် တွေ့ကြုံ၍ သက္ကရာဇ် (၁၁၇၅)ခု ပြာသိုလ်လတွင် တပ်ချင်းဆိုင် ပြိုင်တိုက်ခိုက် ကြလေသော် ချင်းပြန်စစ် သည်သူရဲတို့သည် များစွာပျက်စီးလေကုန်၏။ ကြွင်းကျန်သော စစ်သည် သူရဲတို့သည် နောက်သို့မဆုတ်နိုင်။ မြန်မာတပ်ဝိုင်းရံရှိသဖြင့် မြေခံတုတ်ထဲရှိနေသည်ကို မြန်မာတပ်မှူးဗိုလ်မှူး တို့မသိကြ သေ နတ်အထောင်အသောင်းပစ်လွှတ်သော်လည်း တစုံတယာက်မျှ ထွက်ဝင်သွားလာသည်ကို မမြင်သဖြင့်သွား၍ကြည့်လတ်သော် ထမင်းငတ်ပြတ်နေသောသူတို့ကို တွေ့လေလျှင် ထမင်း ရေစာပေးပြီးမှ အသက်ရှင်ခြင်းကိုရကုန်၏။ မြန်မာတပ်မှူးတို့လည်း ထိုနေ့ပင် ချင်းပြန်ရှိရာလိုက်သွားကာ ညဉ့်စစ်သည်တို့တိုက်ခိုက်လေသော် ချင်းပြန်သည်သရက်ချိုမြို့မှ ရွှေ့ ပြောင်းကာ ပန်းဝါကုလားနိုင်ငံသို့ ဝင်အောင်းလျှက်နေလေ၏။(စန္ဒမာလလင်္ကာရ၊ ရခိုင်ရာဇဝင် သစ်ကျမ်း) တော်လှန်ရေးပြီးဆုံးသည့်တိုင်အောင် ပြည်သူပြည်သားတို့မှာ ကျီးလန့်စာစာဘဝဖြင့် နေ ထိုင်ခဲ့ရလေသည်။

ထိန်းချုပ်ရန်ခက်ခဲသောတောင်တန်သားများ။ ။ ၁၈၇၀ မတိုင်မီ ရခိုင်ဒေသကိုအုပ်ချုပ်သော ဗြိတိ သျှ အစိုးရအုပ်ချုပ်သူများသည် တောင်တန်းသားများအား ထိတွေ့ဆက်ဆံရန်ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ Captain Hopkinson(Commi ssioner of Arakan) ကပင်လျှင် ၁၈၅၆ ခုနှစ်တွင် ဖော်ပြခဲ့သော အချက်အရ ယခင်က အုပ်ချုပ်ခဲ့သော Messrs. Bogle, Phayer, Sir Archibald Bogle (Commissioner)အစရှိသောသူများကလည်း ထိုတောင်တန်းသားများနှင့် ရင်းနှီးမှု တည် ဆောက်ရန် ကြိုးစားခဲ့သော်လည်း အောင်မြင်မှုမရခဲ့ကြောင်းဖော်ပြပါသည်။ ထို့နောက်အကြံပြု သည်မှာ ထိုမျိုးနွယ် များအားလုံးအား အတူတကွပင် ၎င်းတို့၏ နယ်မြေနှင့်အတူချန်ထားရန်ဖြစ်ပါသည်။ ထိုလူမျိုးများမှ တောင်တန်းအတွင်းဖက်ကျသောလူမျိုးများကိုဆိုလိုသည်။ ထိုတောင်တန်း သားများတွင် မရာ (Shandoo) မျိုးနွယ်များနှင့်အခြားချင်းမျိုးနွယ်များကိုဆိုလိုပါသည်။(Hughes, 8-9) Major Hamilton (Officeating Inspec tor-General of Police) ၏ ဖော်ပြချက်အရ ၁၈၆၃ မှ ၁၈၇၀ အကြားတွင် နေရာအမျိုးမျိုးမှ တိုက်ခိုက်မှုများ အကြိမ် ၃၀ ကျော်ရှိပြီး လူ ၆၅ ဦးသေကျေကာ ၂၆၈ ဦးအား ဖမ်းဆီးခေါ်ဆောင်ခြင်းခံရကြောင်းဖော်ပြထားပါသည်။

ခမီး(Kamees)နှင့်မြို(Mros)တို့မှာ လွန်ခဲ့သောနှစ် ၃၀ အထက်က တောင်တန်းပေါ်တွင်နေထိုင်ပြီး ပိုမိုအင်အားကြီးသောမျိုးနွယ်များကြောင့် မြစ်ချောင်းများသို့ပြောင်းရွှေ့နေထိုင်လာကြသည်။ ၎င်းတို့ သည်ဖခင်ကြီးစိုးသောအဖွဲ့အစည်းဖြစ်ပြီး ကိုယ်ပိုင် အုပ်ချုပ်မှုစနစ်ဖြင့်နေထိုင်လေသည်။ ကျေးရွာ တိုင်းတွင် တောင်မင်းများဟု ရခိုင်များကခေါ်သော အုပ်ချုပ်သူများရှိသည်။ (Hughes, 10) ယနေ့ ပလက်ဝအား နောက်ပိုင်းမှ ဝင်ရောက်လာသော ချောင်းသားရခိုင်များဝင်ရောက်လာသော အချိန်တွင် အနည်းငယ်ရိုင်းစိုင်းသော(မဖွံ့ဖြိုးသေးဟုဆိုလို)ခမီလူမျိုးများက ပိုင်ဆိုင်နှင့်ကြောင်း ၎င်းတို့၏ နှုတ် သမိုင်းများက ဖော်ပြနေပါသည်။ ထိုစာသားကို အောက်ပါအတိုင်းဖော်ပြပါမည်။

The Kamees appears, like the Choungthas, in a more rude state of existence; the traditions of the latter people refer to the former as already possessors of the country when the Myamma race entered it. (Remark of Sir Arthur Phayer in the Asiatic Journal)-(Hughes, 14)

နယ်မြေပေါ်သံယောဇဉ်ကြီးမားသောခမီများ။ ။ ဗြိတိသျှအုပ်ချုပ်သူများက၎င်းတို့အုပ်ချုပ်သော ဒေသများအတွင်းရှိ လူမျိုးများ၏ စိတ်နေစိတ်ထားနှင့် မည်သို့အုပ်ချုပ်ရမည်ကို ကောင်းမွန်စွာ မှတ် တမ်းတင်ထားပေးလေ့ရှိပါသည်။ ထိုအချက်များအရ ပလက်ဝဒေသရှိ ခမီး(ခူမီး)များ၏ ဒေသ နယ်မြေ အပေါ်သံယောဇဉ်မည်မျှကြီးမားသည်ကို တွေ့မြင်နိုင်သည်။

မျိုးနွယ်စုများ၏ ဓလေ့စရိုက်တစ်ခုမှာ ၎င်းတို့၏ နယ်မြေအပေါ်တွင်ချစ်သောအရာပင်ဖြစ်သည်။ မြေပြန့် ဒေသများသို့ ပြောင်းရွှေ့စေရန် အခြားတိုက်ခိုက်မှုများမတိုင်မီ ၎င်းတို့မူလနေထိုင်သော နယ်များ တွင်သာ နေထိုင်ချန်ရစ်လိုကြသည်။ အသက်ကြီးသော ခေါင်းဆောင်များကို အဘယ် ကြောင့် လုုံခြုံ သောကောင်းမွန်သော ကျွန်ုပ်တို့၏ နယ်မြေသို့မပြောင်းရွှေ့လိုပါသနည်းဟု မေးရာ ၎င်းတို့မှ “ဒိုပြေ၊ ကိုယ့်မြေ၊ မဖြစ်နိုင်” ဟုဆိုပါသည်။ အဓိပ္ပါယ်မှာ မိမိတို့နယ်မြေနှင့်ဒေသကို စွန့်ခွာရန်မဖြစ်နိုင် ပါဟု ဖြစ်ပါသည်။ မည်သို့ပင်ဖြစ်စေကာမူ ခမီး(ခူမီး)များနှင့် ရှမ်းဒူ(မရာ) များသည် မြန်မာ (ဗြိတိသျှ ဗားမား) အုပ်ချုပ်သူများ၏စကားကိုနာခံသည်။ ယဉ်ကျေးတိုးတက်မှု၊ အကျိုးအမြတ်များကို ကျေနပ် နှစ်သက် ကြသော်လည်း မိမိတို့၏တောင်တန်းပေါ်မှ အိမ်များသို့အမြဲပြန်လှည့်ခြင်းရှိလေသည်။ (Hughes 23) ၎င်း ချင်းခမီများကို တောင်သားများဟုလည်းသုံးနှုန်းလေသည်။

ချောင်းသားနှင့် တောင်သားများ အကြား နားလည်မှု တည်ဆောက်ရန် လိုအပ်ခြင်း

လွန်ခဲ့သောအပိုင်းများတွင် ရခိုင်ကနဦးသမိုင်းများကို ဖော်ပြပြီးဖြစ်လေသည်။ ပလက်ဝဒေသရှိ ချောင်းသားများသည်လည်းကောင်း၊ ချင်းများ သည်လည်းကောင်း ရခိုင်လေးမြို့လေးဝတီနှင့် အလှမ်းဝေး သည့်အပြင် လူမျိုးများသည်လည်း အဆက်အစပ်နည်းပါးပါသည်။ ၎င်းတို့သည် မိမိတို့၏ ဒေသအား ချစ်မြတ်နိုးရာတွင် တူညီသည်။ မိမိတို့ပလက်ဝကို သံယောဇဉ်ထားခြင်း၊ တွယ်တာခြင်းမှာလည်း အတူတူပင်ဖြစ်ပါသည်။ ၎င်းတို့၏ စိတ်နေသဘောထားများ၊ အသိုက်အဝန်းနှစ်မျိုး၏ အခြေအနေကို ဗြိတိသျှအုပ်ချုပ်ရေးဝင်ရောက်လာ သောအခါ အင်္ဂလိပ်တို့မှတ်တမ်းတွင်အထူးတွေ့ရပေသည်။

အာသာဖယ်ယာက ချောင်းသားများသည် တောင် တန်းများ၏ အတွင်းပိုင်းသို့ မည်သည့်အခါမျှ ဝင် ရောက်နေထိုင်ခြင်းမပြုခဲ့ကြောင်းဆိုလေသည်။ ကုလားတန်မြစ်ဝှမ်းကမ်းပါးများတွင် စိုက်ပျိုးမွေးမြူ ခြင်းများပြုလုပ်ခြင်းဖြင့်အသက်မွေးဝမ်းကြောင်းပြုကြောင်း၊ ထို့ကြောင့် ချောင်းသားအမည်ရခြင်းဖြစ် သည်။ Hughes (p 15-16) တွင် ၎င်းတို့သည် ရခိုင်လူမျိုးများကဲ့သို့ ညာဏ်များကြကြောင်းဆိုသည်။ ခမီများ၏ ဘာသာစကားကို နားလည်တတ်ကျွမ်းကြသောကြောင့် ရခိုင်လူမျိုးများထက်ပင်လျင် ခမီလူ မျိုးများအပေါ် နိုင်လိုမင်းထက်ပြုမူတတ်ကြကြောင်းဖော်ပြထားပါသည်။ ၎င်းတို့၏ ခမီလူမျိုးများနှင့် အခြား တောင်ပေါ်တိုင်းရင်းသားများ အပေါ်လွှမ်းမိုးမှုမှာ မကောင်းတတ်ပေ။ အင်္ဂလိပ်မူရင်း စာသား အတိုင်းသာဖတ်ရှုပါ။

“They are quiet as tricky as the Arakanese, while, with their knowledge of the Kamee language, they are enabled to tyrannize over, defraud, and impose upon the Kamees to a far greater extent than the Arakanses, who are hindered by want of local knowledge; indeed, their influence among the Kamees is generally for evil; they parctise among the other hill tribes much the same deception and chicanery as the Manipur officals appear to have done among the Looshais”. (Hughes 15-16)

ချောင်းသားများနှင့်တောင်သားများအကြား အမြင်လွဲမှားမှုရှိခဲ့သော အကြောင်းကိုလည်း ဆက်လက် ဖော်ပြထားပါသည်။ ၎င်း(ချောင်းသား)များအား အုပ်ချုပ်သူဝန်ထမ်းများအဖြစ်ထားလျှင် ခမီနှင့်ရှမ်းဒူး များ အပေါ်မည်သည့်အခါမျှ အဆင်ချောမည်မဟုတ်ကြောင်းဖော်ပြပါသည်။

အဘယ်ကြောင့်ဆိုသော် ထိုလူမျိုးနွယ်နှစ်ဖက်လုံးအကြားတွင် မယုံကြည်မှုနှင့် အထင်သေးမှုများရှိနေခြင်းကြောင့်ဖြစ်သည်။ ရခိုင်ဘုရင်မှတောင်တန်း သားများ၏ တိုက်ခိုက်မှုကို ကိုင်တွယ်စေသောအခါတွင် မတိုက်နိုင်သည့် အခါ နောက်ဆုံး ငြိမ်ချမ်းရေးယူကာ ရှမ်းဒူးခေါင်းဆောင်များကို ပွဲကျင်းပပေးစဉ် သောက်စားမူးယစ် နေသောအခါတွင်သွေးအေးအေးဖြင့်သုတ်သင်ဖူးသည်ဆို၏။ ချောင်းသားများ သည် အပြုံးမျက်နှာနှင့်ပင် အခွင့်အရေးရလျှင် ယနေ့ပင်တိုင်းရင်းသားမျိုးနွယ်စုများအပေါ် အုပ်စိုးချင်ကြောင်း ခမီများက ဖော်ပြခဲ့သည်ဆိုလေသည်။ (Hughes 16) အသေးစိတ်အင်္ဂလိပ်လိုသာဖတ်ရှုပါ။

If employed as officals in the Hill tracts, they should never be entertained in posts of power over Kamees or Shandoos; for by both these clans they are regarded with feelings of mistrust and contempt, and there is more than one instance on record in which the Choungthas, when unable in the days of old to adoubt fair means for carrying out the royal edicts from the Court of Arakan for holding in check the turbulent tribes, resorted to foul and deep treachery for the purpose by inviting the more influential Shandoo chiefs as guests to a big feast, making them drunk, and then massacring them all in cold blood. Other stories, still preserved with feelings of mistrust and dislike of the Choungthas, have been told me by Kamees, and admitted with a smile by descendants of these Choungthas, who doubtless, had they the opportunity, would control the tribes even at this day much in the same fashion, utterly ignoring all principles of fair play and honour. (Hughes, 16)

၂) ဗြိတိသျှကိုလိုနီခေတ်ပလက်ဝဒေသ (၁၈၂၆-၁၉၄၈)

၁၈၂၆ ခုနှစ် ရခိုင်တိုင်းသည် ဗြိတိသျှတို့လက် အောက်သိုကျရောက်ပြီး ၁၈၂၇ မှစကာ စစ်တွေစီရင်စု၊ ရမ်းဗြဲစီရင်စု၊ သံတွဲစီရင်စုအဖြစ်ဖွဲ့စည်းကာ ရခိုင်တိုင်းဝန်ရှင်တော်မင်းကြီး၏ လက်အောက်ခံတွင်ထားရှိလေသည်။ ၁၈၂၉ တွင် ရခိုင်အား တနင်္သာရီမှ ခွဲထုတ်ကာ စစ်တကောင်းအုပ်ချုပ်မှုအောက်တွင် ထားလေသည်။ ၁၈၆၂ ခုနှစ်တွင် ရခိုင်၊တနင်္သာရီ၊ ပဲခူးနယ်များကို စုစည်းကာ ဝန်ရှင်တော်မင်းသုံးဦး ခန့်ကာ မဟာဝန်ရှင်တော်မင်းမှ အိန္ဒိယဘုရင်ခံချုပ်အားတာဝန်ခံရလသည်။

၁၈၆၅ ခုနှစ်တွင် စစ်တွေ၊ ကျောက်ဖြူ ၊သံတွဲနှင့် ရခိုင်တောင်တန်းဒေသများအဖြစ်ပြောင်းလဲဖွဲ့စည်း သည်။ ၁၈၇၁ တွင် မြောက်ပိုင်းရခိုင်တောင်တန်းစီရင်စုအား စစ်တွေစီရင်စုမှ ခွဲထုတ်လေသည်။၁၈၉၇ ခုနှစ်တွင် ရခိုင်ခရိုင်ကို စစ်တွေ၊ ကျောက်ဖြူ ၊ သံတွဲ၊ ရခိုင်မြောက်ပိုင်းစီရင်စု လေးခုဖြင့်ဖွဲ့စည်း သည်။ ၁၉၀၁-၁၉၀၂ ပြောင်းလဲဖွဲ့စည်းသော ရခိုင်တိုင်းတွင် ခရိုင်လေးခုဖြစ်လာသည်။ ရခိုင်တောင် တန်းဒေသများအုပ်ချုပ်ရေးအားသီးသန့်ဖြစ်စေရန် ၁၈၆၅ ခုနှစ်တွင် ရခိုင်တောင်တန်းဒေသများအား စစ်တွေခရိုင်မှခွဲထုတ်ပြီး ဝန်ထောက်တစ်ဦး (Superintendent)အားခန့်ထားလေသည်။ ၁၈၆၈ ခုနှစ်တွင် စစ်တွေမြောက်ဖက် ၆၈ မိုင်အကွာ မြောက်တောင်တွင် ရုံးထိုင်လေသည်။

ရခိုင်မြောက်ပိုင်းတောင်တန်းဒေသအား ၁၈၇၀/၇၁ တွင် စစ်တွေစီရင်စုမှ ခွဲထုတ်ပြီး၊ ရခိုင်တောင်တန်းဒေသအဖြစ်ရောက်ရှိလာသည်။ (T &Cary, The Chin Hill Gazateer, 1896) မြောက်တောင်တွင် အခြေစိုက်သော ရုံးအား ၁၈၇၆ ခုနှစ်တွင် မြောက်ဖက် မိုင် ၄၀ အကွာ ပလက်ဝသို့ ပြောင်းရွှေ့ရုံးထိုင်လေသည်။

(က) ရခိုင်တောင်တန်း စီရင်စုစည်း မျဉ်းဥပဒေ (၁၈၇၄)
Arakan Hill District Law Regulation of 1874

ရခိုင်တောင်တန်းစီရင်စုစည်းမျဉ်းဥပဒေ (၁၈၇၄)အားပြဌာန်းပြီး အခွန်ကောက်ခံခြင်းနှင့် အုပ်ချုပ်ရေး များအား အပိုင်း IX 1874 ဖြင့်အတည်ပြုသည်။

(ခ)ရခိုင်တောင်တန်းတရားမနည်းဥပဒေ (၁၈၇၄)
Arakan Hill Civil Justice Regulation (1874)

ထို့နောက် ၁၈၇၄ ခုနှစ် ရခိုင်တောင်တန်း တရားမနည်းဥပဒေ 
ပြဌာန်းလိုက်ပြီး အပိုင်း VIII 1874 နှင့် V 1876 များအားဖြင့် ထိုဒေသများတွင်ကျင့်သုံးလေသည်။ ချင်းအကြီးအကဲများ၊ တောင်ပိုင်များအား မူလအရိုက်အရာအတိုင်းထားကာ ဆက်လက်အုပ် ချုပ်စေခြင်းဖြစ်လေသည်။ (Hugh,The Arakan Hill, 1960) ထိုရခိုင်တောင်တန်းတရားမနည်း ဥပဒေ (၁၈၇၄)တွင် အုပ်ချုပ်သူများအားခန့်ထားခြင်းနှင့် စီရင်ဖြတ်ထုံးများပါဝင်လေသည်။ ချင်းလူမျိုးများအား နှစ်ပိုင်းခွဲထားပြီး
(i) ခမီ -Criminal Code & Civil Law
(ii) ချင်း -Chin Criminal Code &Chin Civil Law 
(iii) ချင်း Civil Law related to Land အဖြစ် ဓလေ့ထုံးတမ်းများကို ကျင့်သုံးစေသည်။ မြေယာနှင့်သက်ဆိုင်သော ဓလေ့ထုံးတမ်းဥပဒေအားထည့် သွင်းထားခြင်းကထူးခြားပေသည်။(Hughes,The Hill Tracts of Arakan,1881)

(ဂ)ရခိုင်တောင်တန်းနည်းဥပဒေ(၁၉၁၆)
Arakan Hills Regulation(1916)

၁၉၁၆ ခုနှစ်အရောက်တွင် ရခိုင်တောင်တန်းနည်း ဥပဒေ(၁၉၁၆) အားပြဌာန်းကာ တောင်တန်းဒေသ များကို အုပ်ချုပ်ပြန်လေသည်။ (မြင့်သိန်း၊ပြောင်း လဲလာသောမြန်မာနိုင်ငံအုပ်ချုပ်ပုံများ၊၂၀၀၆)

ချင်းမြေယာ နှင့်ပတ်သက်သော ထိုဥပဒေသည် ချင်းတို့ပိုင်ဆိုင်သောမြေယာများကို အထူးကာကွယ် ပေးထားခြင်း ဖြစ်လေသည်။ ထိုသို့ ပလက်ဝနယ်မှ လူများစုဖြစ်သောချင်းမျိုးနွယ်များ၊ ခမီးများအား မိမိဘာသာဓလေ့အတိုင်း အုပ်ချူပ်စီရင်ခွင့်ပြုလိုက်ခြင်းသည် ထိုမျိုးနွယ်များအတွက် တိုးတက်မှု တစ်ရပ်ပင် ဖြစ်ပါသည်။ ချင်းနှင့်ခမီးများအား အခြားလူမျိုးကြီးများမှ ကာကွယ်လိုက်ခြင်းဖြစ်သကဲ့သို့ ထိုတောင် တန်းသားဌာနေတိုင်းရင်းသားများအား တိုးတက်စေသော အချက်တစ်ချက်ပင်ဖြစ်ပါသည်။

၁၉၁၂ တွင် ရခိုင်တောင်တန်းစီရင်စု အဖြစ်ပြောင်း လဲခေါ်ဝေါ်သည်။ (Report on the Administration of Burma,1911-12,p 12) ၁၉၂၃ ခုနှစ် ဒိုင်အာခီအုပ်ချုပ်ရေးစနစ် မြန်မာပြည်ရောက်ရှိချိန်တွင်ဤဒေသအား မဖွံ့ဖြိုးသေးသောနယ်မြေအဖြစ် ကြေငြာခြင်းခံရကာ အနောက်မြောက် နယ်ခြားခရိုင်အတွင်းကျရောက်လေသည်။ ထိုနယ်ခြားဝန်ထမ်းအဖွဲ့သည် ၁၉၂၂ ဒီဇင်ဘာလ ၂၀ တွင် ဖွဲ့စည်း ကာ အရာရှိပေါင်း ၅၀ ခန့်ပါဝင်သည်။(ဆိုင်မွန်ကော်မရှင်အစီရင်စာ၊ ၁၉၃၁၊ စာ ၉-၁၀)

ရခိုင်တောင်တန်းစီရင်စုအုပ်ချုပ်ရေးစည်းမျဉ်း ဥပဒေသာမက အိန္ဒိယရာဇသတ်နှင့် ရာဇဝတ်ကျင့် ထုံးဥပဒေကိုလည်း ၁၉၃၀ အထိကျင့်သုံးသည်။ ၁၉၃၀ ခုနှစ်တွင် ရခိုင်တောင်တန်းစီရင်စုစည်းမျဉ်း ဥပဒေ (၁၈၇၄)အားဖျက်သိမ်းကာ ချင်းတောင် တန်းစည်းမျဉ်းအခြေခံဥပဒေ(၁၈၉၆)ဖြင့် အစား ထိုးကာ အုပ်ချုပ်လေသည်။(Report on the Administration of Burma,1929-1930, p7) မြောက်ပိုင်းရခိုင်တောင်တန်းဒေသအားလည်း အနောက်မြောက်နယ်ခြား ဝန်ရှင်တော်မင်းက မဖွံ့ဖြိုးသေးသောဒေသအပိုင်း(၁)အဖြစ်အုပ်ချုပ်လေသည်။ အနောက်မြောက်နယ်ခြား ခရိုင်ဝန်ရှင်တော်မင်းကြီးအောက်တွင် အရေးပိုင်များ(ချင်းတောင်၊ ရခိုင်တောင်တန်း၊ အထက်ချင်းတွင်း၊ လက်ထောက်အရေးပိုင်များ) ခန့်အပ်လေသည်။

၃) ရီစ်းကော်မစ်ရှင်ထွက်ဆိုချက်(၁၉၄၇)

မြန်မာနိုင်ငံလွတ်လပ်ရေးရရန်တာစူနေသောအချိန်တွင် တနိုင်ငံလုံးမှ တိုင်းရင်းသားများသည် မိမိတို့ ဒေသ အရေးနှင့်ပတ်သက်ကာ တွဲရေးခွဲရေးအ ကြောင်းများကို ကျယ်ကျယ်လောင်လောင် ဆွေး နွေးလာသည်။ ထိုအတူ ပလက်ဝနယ်သည်လည်း အပါအဝင်ဖြစ်လေသည်။ ရီစ်းကော်မစ်ရှင်ထံထွက် ဆိုချက်များမှာ-

၁၉၄၇ ခုနှစ် တောင်တန်းဒေသစုံစမ်းရေးကော်မတီ ထံထွက်ဆိုရာတွင်
ပလက်ဝမှ ဖဆပလပါတီဝင် ချောင်းသား (ရခိုင်) ခေါင်းဆောင် ဦးထွန်းမြနှင့် ဦးစောလှတို့မှ

၁) ပြည်မနှင့်တပြိုင်နက် လွတ်လပ်ရေးရလိုကြောင်း၊
၂) တန်းတူအခွင့်အရေးရလျှင် သီးခြားနယ်အဖြစ်မရပ်တည်လိုဘဲ မြန်မပြည်မတွင်သာနေလိုကြောင်း ထွက်ဆိုပါသည်။

ထိုအချိန်ကာလက ခမီ(ခူမီး)နှင့် လခဲရ်ချင်း (မရာ) ကိုယ်စားလှယ်များက

၁) ဟားခါးနှင့် ကန်ပက်လက်ချင်းတို့သည် ဝန်ကြီးများအုပ်ချုပ်သော မြန်မာနိုင်ငံနှင့် ပူးပေါင်းလျှင် မိမိတို့ လည်းပူးပေါင်းပါဝင်မည် ဖြစ်ကြောင်း၊

၂) မိမိတို့ဒေသနှင့် ပိုမိုနီးကပ်သော ဟားခါးချင်းတို့ဆောင်ရွက်သမျှကိုမိမိတို့ လိုက်ပါဆောင်ရွက်ကြ မည်ဖြစ်ကြောင်းထွက်ဆို၍၊

လွန်ပု မရိုချင်း (မြိုခမီ) တို့က

၁) မိမိတို့ဒေသကို မိမိတို့ဓလေ့ထုံးစံနှင့်အညီ အုပ်ချုပ်၍ မြန်မာနိုင်ငံနှင့်ပူးပေါင်းလိုကြောင်းထွက်ဆိုခဲ့ကြသည်။

လေးမြို့ချင်းတို့်၏ ကိုယ်စားလှယ် ဦးမြှားနှင့် စကားပြန် ဦးသာအောင်တို့က

၁) လက်ရှိ အုပ်ချုပ်ရေးအတိုင်း ဆက်လက်အုပ်ချုပ်စေလိုကြောင်း၊
၂) ထိုသို့မဖြစ်နိုင်လျှင်လည်း ပလက်ဝချင်းတို့၏ ဆုံးဖြတ်ချက်ကို လိုက်နာလက်ခံမည်ဖြစ်ကြောင်း ထွက်ဆိုပါသည် (တိုင်းရင်းသားလူမျိုးများအရေးနှင့်၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ)

ထိုအချက်များကြောင့်ပင် လွတ်လပ်ပြီးခေတ်တွင် လူမျိုးစုတူရာ ချင်းတောင်တန်းခရိုင်၊ ပခုက္ကူ တောင်တန်းခရိုင်နှင့် အတူ ရခိုင်တောင်တန်းခရိုင်တို့သည် အတူတကွ ပူးပေါင်းလာပြီး ချင်းဝိသေသတိုင်း အဖြစ် ပေါ်ပေါက်လာပေတော့သည်။ လမ်း ပန်းဆက်သွယ်ရေးနှင့် နိုင်ငံရေးအခြေအနေများ ကြောင့် ရခိုင်ပြည်နယ်(ထိုအချိန်က ရခိုင်တိုင်း)မှ ပူးတွဲကိုင်တွယ်ပေးလေသည်။

နိဂုံး

၁၉၄၈ ခုနှစ် ချင်းဝိသေသတိုင်း လက်စွဲဥပဒေ(သို့)  ချင်းအက်(၁၉၄၈)ခေါ်  အက်ဥပဒေအမှတ်(၄၉) အား ၁၉၄၈ အောက်တိုဘာလ(၂၂) တွင် ထုတ်ပြန်ကြေငြာသည်။ ထိုအခါယခင် ရခိုင်မြောက်ပိုင်း တောင်တန်းဒေသခရိုင်သည် ချင်းဝိသေသတိုင်းအတွင်းပါဝင်လေသည်။ ထိုအက်ဥပဒေ အပိုင်း (၁) အမှတ်(၂) ပုဒ်ခွဲ (၄)၌ဖော်ပြထားသည်မှာ “ချင်းအမျိုးသားများ” ဆိုသည့် စကားရပ်တွင်၊ ချင်းဝိသေသတိုင်း ၌ အိုးအိမ်အတည်တကျရှိသော ပြည်ထောင်စုမြန်မာနိုင်ငံသားများပါဝင်သည်။  
ထိုအချက်အရ ချင်းပြည်နယ်မှ ကျန်ချင်းတိုင်းရင်း သားများမှလည်း ချောင်းသား(ရခိုင်)များသည် ညီ ရင်းအစ်ကို တမြေတည်းနေတရေတည်းသောက် အမျိုးသားရင်းများ သွေးသောက်များအဖြစ် ခံယူကြ ပါသည်။   ချင်းပြည်နယ်သားအချင်းချင်းအဖြစ်လည်း ခံယူကြပါသည်။ ဆိုလိုသည်မှာ ချောင်သား၊ ခူမီး၊ မရာ၊ အခြားချင်းအားလုံးတို့သည် တမြေတည်းနေတရေတည်းသောက်ကြသော ညီရင်းအစ် ကို အထောင်သားများဖြစ်ကြောင်း ချောင်းသားများမှ ဖက်မှလည်း ယူဆမည်ဖြစ်ပါသည်။

ချောင်းသား(ရခိုင်)တို့သည် လူမျိုးနွယ်အားဖြင့် ရခိုင်ပြည်ဖက်သို့ ဆက်နွယ်နေသည်ဖြစ်သော်လည်း မိမိနေထိုင်ရာ ဒေသအရေးကိုလည်းအလေးထားရပါမည်။ ချင်းအက်ဥပဒေအရ ချောင်းသား(ရခိုင်) များကို ချင်းပြည်နယ်သား ဇာတိသားများအဖြစ်လက်ခံထားပါသည်။ နောက်ပိုင်းပြောင်းရွှေ့လာသူ များထက်ပင် နဂိုရှိယင်းစွဲ ချောင်းသား(ရခိုင်) များကပင် ပို၍အခရာကျပေသည်။

ချင်းပြည်နယ်သားရင်းများဖြစ်သောကြောင့် ချင်းပြည် နယ်အရေး၊ ချင်းပြည်နယ်တိုးတက်ရေး၊ ပြည်နယ်အတွင်းရှိအရေးကိစ္စများ၊ ချင်းပြည် နယ်၏ လုံခြုံရေးများ၌ပါ တာဝန်ရှိပါသည်။ အခြားချင်းမျိုးနွယ်များနည်းတူ သက်ဆိုင်ပါသည်။ ချင်း ပြည်နယ်အတွင်းရှိ ချင်းတိုင်းရင်းသားများနှင့် ချောင်းသား(ရခိုင်) တို့သည် လာမည့်နှစ် အတေအတီ ယှဉ်တွဲနေထိုင်ကြရအုံးမည်သာဖြစ်သည်။ထို့ကြောင့်ချင်းပြည်နယ်အတွင်းရှိ အခြားဒေသခံဌာနေ ချင်းမျိုးနွယ်အမျိုးမျိုးနှင့်လည်း ငြိမ်းချမ်းစွာလက်တွဲကာ နေထိုင်ရန် မျှော်လင့်ပါသည်။ 
ချင်းပြည်နယ်သား ချောင်းသား(ရခိုင်)တိုင်းရင်း သားတို့၏ ပြည်နယ်သားဖြစ်ခြင်းနှင့် ဝတ္တရားများကိုလည်းသဘောပေါက်ရမည်ဖြစ်ပါသည်။ နောင်မြန်မာနိုင်ငံငြိမ်းချမ်းလာပြီး နိုင်ငံရေးပိုမို တည်ငြိမ်လာပါက ထိုချောင်းသားမျိုး
နွယ်များအတွက် နိုင်ငံရေးတည်ဆောက်ပြီး၊ အခွင့်လမ်းများလည်း ပိုမိုရယူလာနိုင်မည်ဖြစ်ပါသည်။
Ro Sang
21-1-2020
#ချင်းပြည်နယ်မှချင်းရခိုင်ဆက်ဆံရေးသမိုင်း

Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား