မှတ်မိကြသေးသလား

မှတ်မိကြသေးသလား

▪️ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရာပြည့် တွေ့ဆုံနေပြီ .. လို့ ကောလဟာဠ တွေ ထွက်လာတာ။ 

အဲဒီတုန်းက " ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီ ဗဟို ကော်မတီနဲ့  လွတ်လပ်စွာ တွေ့ဆုံစည်းဝေး ပြီးမှ နိုင်ငံရေး ကိစ္စ ထုတ်ပြောလေ့ရှိတယ်။ အရင် နေအိမ်အကျယ်ချုပ်ကျတုံးကလည်း ဒီလိုပဲ အလေ့အထရှိတယ်။ ဦးဉာဏ်ဝင်းတို့ကို ဗူးသီး လက်ဆောင်ပေးလိုက်တယ်။ " လို့ ရေးဖူးတယ်။

▪️ CSO စဆရကတွေက  စုရွေးလွှတ် ဆန့်ကျင်ကြလို့ အသံသေး အသံကြောင် ထွက်လာတုန်းကလည်း၊  " စွရူးထမနေကြနဲ့။ မအလက ဒေါ်အောင်ဆန်းစုကြည်ကို  လွှတ်ပေးမှာ မဟုတ်ဘူး။ စုရွေးလွှတ်ကို ကိုင်စွဲရမယ်။ ဒါပေမယ့် ဒီမှာ ရပ်နေလို့တော့ မရဘူး။  ရွေးကောက်ပွဲ ရလာဒ်နဲ့ လွှတ်တော် ခေါ်ပြီးရင် စိုးတိုင်တပ် ကို ဆက်သွားရမယ် " လို့ ရေးဖူးတယ်။ 

▪️ NLD ပါတီကို တရားမဝင်ဖြစ်မယ် လို့ အသံထွက်လာတုန်းကလည်း " ပြည်သူ ရှိရင် ပါတီရှိတယ် လို့ ဒေါ်အောင်ဆန်းစုကြည် ပြောတယ်။ NLD ပါတီဟာ ၂၀၁၀ ရွေးကောက်ပွဲ မဝင်လို့   တရားမဝင်တာ ဖြစ်ခဲ့ဖူးတယ် လို့ ရေးဖူးတယ်။

❗ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့သား ကိုထိန်လင်းကို နိုင်ငံရေးထဲ မပါစေချင်ဘူး ဆိုတဲ့ အဓိပ္ပါယ်ဟာ ဘာဖြစ်မလဲ။  

👆 ဒေါ်အောင်ဆန်းစုကြည်ဟာ " သူဟာ အခန့်မသင့်ရင် (ဖွဟဲ့လွဲပါစေ) တသက်လုံး ထောင်ထဲ နေရသော် သားငယ်လေးတော့ လာတွေ့ စေချင်တယ် " ဆိုတဲ့ ပုဂ္ဂလ ပူပန်စိတ်ရှိပုံရတယ်။ 

❗ ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီဗဟိုအစည်းအဝေး ကျင်းပနိုင်မှ နိုုင်ငံရေးသဘောထား ပြောမယ် ဆိုတာ ဘာဖြစ်မလဲ။  

👆 ကုသသမဂ္ဂ၊ အာဆီယံ ကိုယ်စားလှယ်ဖြစ်စေ ဗိုလ်ရာပြည့် ဖြစ်စေ မအလ ဖြစ်စေ ၊ ကုန်ကုန်ပြောမယ်  သူ့ရှေ့နေတွေ ဖြစ်စေ၊ NLD လူကြီး တယောက်ဖြစ်စေ၊ သူနဲ့ တွေ့ပြီး ..ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားပါလို့ ( စကားရောင်း စကားဝယ်) လုပ်နိုင်ခြေ ရှိတဲ့ .... ဘေးအန္တရာယ်က ကြိုတင်ကာကွယ်ထားတာပါ

❗  ဒေါ်အောင်ဆန်းစုကြည်က NUG ကို ထောက်ခံသလား။ 

👆 CRPH NUG PDF ကို မကန့်ကွက်ဘူး။ ဘာကြောင့်လဲ ဆိုတော့ CRPH ဟာ ၂၀၂၀ ရွေးကောက်ပွဲ ရလာဒ်နဲ့ ဖွဲ့စည်းတာ ဖြစ်တယ်။  ဒီမိုကရေစီ ကို လေးစားသူတိုင်း ကန့်ကွက်လို့ မရဘူး။

NUG PDF ကို မကန့်ကွက်ဘူး။ ဒါက သိသာပါတယ်။  အရှေ့မှာ နိုင်းယှဉ်စရာ ပေးထားပြီးပြီပဲ ။ ဉာဏ်တူရင် ယူလော့

( မကန့်ကွက်ဖူး ဆိုတာ သူ့လက်ခုပ်ထဲ ရှိသူမို့ ဖော့ရေးတာ ဖြစ်တယ် ။ အတုံးလိုက် အတစ်လိုက် ကြားချင်ရင်္င်  ဘောမ မီုးဟိန်းပြောတာ နားထောင်ကြည့်လိုက်ပါ)

Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား