မြန်မာစစ်တပ်ကို လူ့ဘောင်ထဲ ထားလို့ မရ


▪️ မြန်မာစစ်တပ်ကြောင့် ၂၀၀၈ ခြေဥ ပျက်ရုံမက၊

 ▪️ မြန်မာစစ်တပ်ကို  Rule of Law  လူ့ဘောင်ထဲ ထားလို့ မရတဲ့ အထိ ဖြစ်နေတာပါ။

အခြေခံဥပဒေ ဆိုတာ အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံအကြား စာချုပ်တခု ဖြစ်တယ်။ 

ပဒေသရာဇ်ခေတ်ဖြစ်ဦးတော့  ဘုရင်က မင်းမှာ သစ္စာ၊ လူမှာ ကတိ ဆိုတဲ့အတိုင်း ၊ ရခိုင်ဘုရင်မင်းထီးလို မိမိ ထုတ်တဲ့ ဥပဒေကို မိမိလိုက်နာ ရမှာဖြစ်တယ်။ 

ဒီမိုကရေစီခေတ်မှာ အချုပ်အခြာအာဏာပိုင်ရှင်ဟာ ပြည်သူဖြစ်တယ်။ ပြည်သူတွေက ရေးသားတဲ့ ဥပဒေအတိုင်း အစိုးရတွေက အုပ်ချုပ်ရတယ်။  Rule of People's Law ဖြစ်တယ်။

အတုအယောင် အမျိုးသားညီလာခံက  ရေးဆွဲတဲ့ ၂၀၀၈ ခြေဥကို ( ရုရှက လုပ်တဲ့ ယူကရိမ်း ပြည်နယ် ၂ ခု ပြည်သူ့ဆန္ဒခံယူပွဲလို) သေနတ်ထောက် ပြီး မဲလိမ် အတည်ပြုခဲ့တင်္ယ ။ သူတို့ စိတ်ကြိုက်ရေးထားတဲ့ Rule of Militray Dictator' Law ကိုတောင် မလိုက်နာပဲ အာဏာသိမ်းခဲ့တယ်။

ဒါကြောင့် ၂၀၀၈ ခြေဥဟာ စာချုပ်ဖောက်ဖျက်လို့ ပျက်ပြီ။

၂၀၀၈ ခြေဥ ပျက်ရုံသာမက မြန်မာစစ်တပ်ဟာ အမြဲတမ်း လူ့ဘောင်ရဲ့ ဥပဒေကို ဖောက်ဖျက်တတ်တဲ့ အထုံဗီဇ ရှိတယ်။ ၁၉၅၈ ၊ ၁၉၆၂၊ ၂၀၂၁ မှာ အာဏာလုယက်ခဲ့တယ်။

ဒီ မြန်မာစစ်တပ်ဟာ နာမည်ပျက်  Black List ဖြစ်သွားပါပြီ။ လူလိမ် နဲ့  ကတိ မထားသင့်သလို၊ မြွေပွေး ခါးပိုက် မပိုက်သင့်သလို၊  သူခိုး ဓားရိုး မကမ်း သင့်သလို၊ မြန်မာစစ်တပ်နဲ့  လူဘောင်လောကနဲ့ မအပ်စပ်၊ ဖယ်ရှား၊ အစားထိုးရမှာ ဖြစ်ပါတယ်

တတုံးစားပြီး မသိတာ အပြစ်မတင် သင့်ပေမယ့်၊ နှစ်တုံးစားမိရင်တော့  စားသူ အပြစ်သာ ဖြစ်ပါတယ်။ တခါ အလိမ်ခံရရင် လိမ်သူ အပြစ်၊ နှစ်ခါ အလိမ်ခံရင်တော့ အလိမ်ခံသူ အပြစ် ဖြစ်ပါတယ်။

Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား