လူမျိုးကြီး တပြည်နယ်ဝါဒီ တိုင်းရင်းသား ဗားရှင်း မဘသ ဝါဒ

လူမျိုးကြီး တပြည်နယ်ဝါဒီ တိုင်းရင်းသား ဗားရှင်း မဘသ ဝါဒ 

တောင်တန်းဒေသစုံစမ်းရေး ကော်မရှင်မှာ ဖြေဆိုခဲ့တဲ့ ညီညွှတ်သော တောင်တန်းသားများဦးစီးကော်မတီ SCOUHP ဥက္ကဌ စဝ်ရွှေသိုက် ပြောတဲ့ အမေရိကန်လို (လူမျိုးအမည်မရှိတဲ့  ပြည်နယ် ) ဖက်ဒရယ်အစစ်ကို သွားလို့ရတယ်။ 

ပင်လုံစာချုပ် ပုဒ်မ ၇ အရ စော်ဘွားတွေ အာဏာစွန့်ရလို့ .. ခွဲထွက်ရေး အတွက် ရမယ်ရှာတဲ့ .. လူမျိုးစွဲ တပြည်နယ်ဝါဒ နဲ့ လူမျိုးကြီး ၈ ပြည်နယ် ဖွဲ့မှ  ဖက်ဒရယ် ဖြစ်မယ်ဆိုတာ စင်စစ်တော့ ဂျင်းပဲ။

အခြားတိုင်းရင်းသားတွေဟာ ယိုးဒယား၊ လာအို၊ တရုပ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်မှာ  မြန်မာပြည်မှာလိုပဲ နယ်မြေအလိုက် နေထိုင်ကြတယ် 

အဲဒီနိုင်ငံတွေမှာ နာဂလန်း တခုက လွဲလို့ ကျန် မည်သည့်လူမျိုးမှ (၁) လူမျိုးနာမည်နဲ့ ဒေသ မရဘူး (၂) ပြည်နယ်အဆင့် မရဘူး။


မြန်မာပြည်မှာသာ ဒီလို အခွင့်ထူး ရနေကြတာ။ မြန်မာပြည်ရဲ့ အားနည်းချက်က ဒီမိုကရေစီနဲ့ ကိုယ်ပိုင်ပြဒါန်းခွင့် မရှိတာပဲ။

လူမျိုးစွဲ တပြည်နယ်ဝါဒဟာ တိုင်းရင်းသား ဗားရှင်း မဘသဝါဒ ဖြစ်တယ်။


အထက်လွှတ်တော်မှာ တိုင်းရင်းသား ကိုယ်စားပြု ဦးရေ တူညီစွာ ရှိစေချင်ရိုး စေတနာမှန်ရင် ပြည်ထောင်စု ကိုယ်စားပြု ၁၄၄ မျိုးသော လူမျိုးတွေဟာ တမျိုး တယောက်စီ နဲ့ လူမျိုးစု လွှတ်တော် တည်ထောင်သင့်တယ်။

လူမျိုးတမျိုးက ပြည်နယ်တခုလုံးကို ကိုယ်စားပြုပြီမှ လူမျိုးစုလွှတ်တော် တက်ကြမယ် ဆိုတာ နားလှည့်ပါးရိုက်ထားတာပဲ။ ပြည်နယ်တခုကို လူမျိုးတမျိုးက ကိုယ်စားပြုတာ တပြည်နယ်ဝါဒီ၊ လူမျိုးကြီးဝါဒီတွေပဲ

Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား