AA ရဲ့ အပစ်ရပ်မှု

ခွန်ဥက္ကာက AA အပစ်ရပ်တာကို နမူနာယူဖို့  NUG ကို အပြစ်တင်သလိုလို EAO  တွေကို တိုက်တွန်းသလိုလို စတင် လော်ဘီလုပ်ပါပြီ။ အဲဒီအကွက်လာမယ်ဆိုတာ သိလို့ AA အကြောင်းရေးရဖို့ ဖြစ်တယ်
  ရခိုင် ဟာ ပြည်ထောင်စုထဲမှာ ရှိနေတယ်။ AA လုပ်သမျှဟာ ပြည်ထောင်စုကို ဂယက်ရိုက်တယ်။ မြန်မာတွေ ရခိုင်အကြောင်း ပြောစရာ မလိုဘူး လို့ မာမာထန်ထန် ဟိန်းဟောက်ကြပေမယ့် ရခိုင်ကြောင့် မြန်မာ့နိုင်ငံရေးမှာ ပြဿနာများစွာ ရှိခဲဲ့တဲ့ အတွက် အားနာမနေပဲ ပြောစရာရှိတာ ​ပြောရမယ်။

 စကစ ဘောမ၊ PNLA   ခွန်ဥက္ကာက AA ရဲ့ အပစ်ရပ်မှုကို "တည်" ပြီး 
(၁) EAO တွေကို မအလနဲ့ ဆွေးနွေးရန် 
(၂) မအလနဲ့ မဆွေးနွေးတာ သေချာတဲ့ NUG ကို လူသားချင်း မစာနာသယောင် ပုံဖော်ရန် 
(၃) နိုင်ငံတကာမှာ AA နဲ့ မအလ အပစ်ရပ်တာကို ပြသပြီး စကစ ဂုဏ်ကို ဆွဲတင်ရန် ဆိုတဲ့ 
နိုင်ငံရေး တိုက်ကွက် ဖော်လာတယ်။



AA ရဲ့ အပစ်ရပ်မှုကို ကိုရီယားကား ကြားဖြတ်ကြည့်ပြီး ပြောမယ့် အစား ဟောဒီလို သတင်းတွေမှာ မြင်တဲ့ အတိုင်း  ချရေးကြည့်ပါလား

၂၀၂၁ စကစ အာဏာသိမ်းတော့ AA က အပစ်ရပ်တယ်။ စကစဟာ AA ကို ရခိုင်မြောက်ပိုင်း ၈ မြို့နယ် အထူးဒေသ ပေးမယ်လို့ ရခိုင်တွေဆီက အသံထွက်လာတယ်။ AA က မဟုတ်ဘူး ငြင်းတယ်။

ရခိုင်မှာ ဆန္ဒမပြရ၊ CDM မလုပ်ရ၊ စကစ က ကိုဗစ်အကြောင်းပြ စစ်ဆေး ပိတ်စို့ရေး လုပ်တာတောင် AA က အားပေးတယ်။ ရခိုင်မှာ စကစ ထောက်ခံပွဲလုပ်တယ်။ စကစက AA ကို ကာကွယ်ဆေး ထိုးပေးတယ်။ စကစက စစ်ရှောင်တွေကို အိမ်ဆောက်ပေးမယ်။ မြေမြုပ်မိုင်းရှင်းပေးမယ်။ဂျပန်ဆာဆာကာဝါက ဆန်အိတ်လှူတယ်။ AA က မအလ ပြည်ထောင်စုနေ့ ဗိုလ်ရှူခံပွဲတက်တယ်။ စကစက AA ၄၆ ယောက် လွှတ်ပေးတယ်။ 

AA က ရခိုင် ၇၅% စိုးမိုးနေပြီ ပြောတယ်။ စစ်အင်အား ၅ သောင်းရှိတယ်ပြောတယ်။ နိုင်ငံသစ်တည်ဆောက်ရေး လုပ်မယ်။ AA တရားရုံးတွေ ဖွင့်မယ်ပြောတယ်။ စကစ တပ်တွေဟာ ရေခပ်ဆင်းတာတောင် AA ကို ခွင့်တောင်းရတယ် ပြောတယ်။ ဇာတ်ပွဲတွေ ကတယ်။ AA လုံခြံရေးပေးတယ်။ သင်္ကြန်ကို ဇီးချောင်းမှာ အကြီးအကျယ် ကျင်းပတယ်။ 

စကစက စစ်ရှောင် အိမ်ရာဆောက်မပေး၊ ဂျပန်က လှုတဲ့ ဆန်အိတ်တွေ မပေး၊ မြေမြုပ်မိုင်းလည်း မရှင်း၊ 
AA က BPLA ၊ ကျောင်းသားလက်ရုံးတပ်၊ CDF ကို စစ်ပညာ နဲ့ လက်နက် ကူညီတယ်။ NUG နဲ့ ဆွေးနွေးတယ်။ စကစ ဖိတ်တဲ့ ဆွေးနွေးပွဲ မတက်ဘူး။ 

ရခိုင် ကို ဖြတ်လေးဖြတ်လုပ်တယ်။ AA ဗိုလ်ချုပ်ထွန်းမြတ်နိုင်က " ကိုတင်လတ်ဦး လွန်လာရင် ၊ ငြိမ်းချမ်းရေး ဂရုမစိုက်, အမ်းအထိ တက်ကြိတ်မယ်" ပြောတယ်။ စကစက AA သံယယ  ရှိသူတွေကို ဖမ်းတယ်။ 
AA က ဖြတ်လေးဖြတ်ကို ဖောက်ထွက်ဖို့ ဘင်္ဂလားဒေ့ရှ်နယ်စပ် ကုန်သွယ် အခြေစိုက် စခန်း ရဖို့ စစ်ဆင်တယ်။ စကစ စခန်းတွေ ဆုတ်ပေးတယ်။ AA ကိုလည်း မပေး။ လေကြောင်းက ဗုံးကြဲတယ် ။ RSO တွေက စခန်းလွတ်တွေထဲ ဝင်နေတယ်။

ဘင်္ဂလားဒေ့ရှ် နယ်စပ်အတွင်းဝန်နဲ့ စကစနဲ့ တွေ့တယ်။ တရုတ်သံအမတ် နဲ့ ဂျပန် ဆာဆာကာဝါ လာတယ်။ AA အပစ်ရပ်တယ်။

AA ဟာ  ဖြတ်လေးဖြတ် မခံနိုင်လို့ အပစ်ရပ်တယ်လို့ အကြောင်းပြတယ်။ မြင်သာတာက ...
ဖြတ်လေး ဖြတ်ကြောင့် စစ်ဖြစ်၊ စစ်ဖြစ်လို့ ဖြတ်လေး ဖြတ်ကို စကစက ပြန်ဖွင့်ပေးလို့ အပစ်ရပ်တာပါ။  
AA အုပ်လို့ စကစ ပိတ်၊ စကစ ပိတ်လို့  AA တိုက်၊  
သူ ပိတ် ကိုယ်ပိတ်၊ သူ ဖွင့် ကိုယ်ဖွင့်

ခြုံပြောရရင် AA ဟာ စကစနဲ့ အတူတူ ယှဉ်တွဲနေထိုင်ပြီး နွေဦးတော်လှန်ရေးအတွင်း စစ်အင်အားစုရင်း ၊ ရခိုင်အုပ်ချုပ်ရေးကို စကစ လက်က လုယူဖို့ ကြိုးစားတာကို စကစက ဖျက်တယ်။ ဖြတ်လေးဖြတ်လုပ်တယ်။ 
ဖြတ်လေးဖြတ် ကို လွတ်မြောက်အောင် နယ်စပ် ကုန်သွယ် စခန်း ဖွင့်ဖို့ ကြိုးစားတယ်။ မအောင်မြင်ဘူး။ ဘင်္ဂလားဒေ့ရှ်က လက်မခံဘူး။ ဒီတော့ ဆာဆာကာဝါ ဆီက   မျှော်ရတော့တယ်။ အပစ်ရပ်ရတယ်။ 

ဒီပွဲဟာ ရခိုင်နိုင်ငံတော် အတွက် ကွန်ဖက်ဒရိတ်အတွက် ရက္ခိတလမ်းစဉ်အတွက် တိုက်တဲ့ နိုင်ငံရေးရည်ရွယ်ချက် ရှိသော စစ်ပွဲ ဖြစ်တယ်လို့ မမြင်ရပါဘူး။ စားဝတ်နေရေး ကြပ်တည်းလို့ ထွက်ပေါက်ရှာတဲ့ စစ်ပွဲလို့ပဲ မြင်ရပါတယ်။

မြန်မာနိုင်ငံရေး စာရေးစရာတွေအနေနဲ့ မနေ့တနေ့က သမိုင်းတောင် ကျော်ခွ ရမ်းသမ်း ပြီး " အကွက်တွေ လှတယ်၊ ဝှက်ဖဲ ၊ Plan B " ဆိုပြီး လိုရာစွဲ ပြောနေကြရင်၊ အနှစ် ၇၀ သမိုင်း ပြောရင် တလွဲ ဖြစ်တာ မဆန်းပါဘူး။  Plan B ဆိုတာ စကစ ယွေးကောက်ပွဲ အေးမောင် ဝင်ပြိုင်ဖို့ ပြင်နေတဲ့ မျက်စိရှေ့က အရာကို မကြည့်၊ ကျော်ခွ ပြောဆိုနေကြတယ်။

Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား