ဆရာကြီး ခိုင်မဟာ အောင်ကျော် ဩဝါဒ

ရခိုင့်အတိုင်ပင်ခံ ဆရာကြီး ခိုင်မဟာ အောင်ကျော် က မနုသီဟ ဖျင်နှစ်ခွ အခြေပြု ရက္ခိတ လမ်းစဉ်ကို ဟောပြောတော်မူတယ်

" AA တပ်တော်က မအလ တပ်ကို စစ်ရေးနဲ့ ဖိအားပေးပြီး၊ ANP ပါတီတော်က မအလ ဘောကို ရွရွလေး မ, ပေးရန် ဖြစ်တယ်။

AAတပ်တော်က အပေါ်ကဖိ၊ ANP ပါတီတော်ကို အောက်က မ, ပေးရင် ၊ ဒီ မအလမိစ္ဆာတွေ ကြားမှာ နံပြားကဲ့သို့ ပြားလဟယ် .. " လို့   အကြံပေးတော်မူတယ်

မြတ်စွာဘုရားက လူမိုက်ကို မပေါင်းသင်းအပ်လို့ မင်္ဂလာတရားတော်မှာ ဟောကြားတော်မူပေမယ့်၊ 

ခိုင်မဟာ အောင်ကျော်က " ချစ်တပည့်တို့... ဒေါ်အောင်ဆန်းစုကြည် ထုံးကို နှလုံးမူပြီး စစ်မြင်းရထားကို စီးလော့၊ ဝါကြီးမ စီး၍ လိမ့်ကျသော်လည်း ငအေးမောင် က မြင်းလဥ ဆွဲ၍ လိုက်သော် လိုရာရောက်လတ္တံ" လို့ ဩဝါဒကထာ မိန့်ကြားတော်မူတယ်။ (ဘယ်ကို ရောက်မလဲတော့ မပြော) 

မအလမိစ္ဆာက ၂၀၀၈ ခြေဥကို သက်ဆိုးရှည်အောင် PR ရွေးကောက်ပွဲနဲ့ ကျားသေကို အသက်သွင်းမယ့် အကြံအစည်ကို 

ခိုင်မဟာ အောင်ကျော်က " ချစ်တပည့်တို့... ကျားသေကို အသက်သွင်းလော့။ ထိုကျားသည် သာမန်ကျား မဟုတ်။ အေးနုစိန် တရားရေအေး တိုက်ကြွေးတော်မူ၍ ယခုအခါ သက်သတ်လွတ်စား နေသော ကျားထူးကျားမြတ် ဖြစ်သည်  " 

" ငအေးမောင် ဆိုသည့်အတိုင်း အနှီကျားသည် ငအေးမောင် ဂုတ်ကို ခဲ၍ ပြည်နယ်ဝန်ကြီးချုပ်ဟူသော နတ်ပြည်ကို ပို့ပေးမည်။ ထိုအခါ နတ်လုင် သက္ကပုတ္တ အေးမောင်သည် အာဏာ မိုးကြိုးစက်ကို ကိုင်ပြီး  ကျားကို ပစ်လော့။ ကျား စင်းစင်း သေလတ္တံ့"

" ထိုအခါ အဖရခိုင်ပြည်ကြီး လွတ်မြောက်၌ ဘင်္ဂလားက ရခိုင်သွေးချင်းနဲ့ ပေါင်းစပ်ရလတ္တံ့"   ဟု မြွတ်ကြားတောာ်မူသည်။

Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား