စိဉ္စာမာန မိန်းမယုတ် အကွက်တွေ
မအလ စိုးဝင်းက ပြောတယ်။ "တနိုင်ငံလုံးမှာ မှတ်ပုံတင် အမှားတွေ ၂၂ သန်း ရှိ" သတဲ့။ ဒါကြောင့် မဲစာရင်း မှားတာ လို့ ပြောတယ်။
▪️ မှတ်ပုံတင်မှ မဟုတ်ဘူး။ စစ်သားစာရင်းလည်း မှားနေတာတာပဲ။ တနိုင်ငံလုံး ဌာနပေါင်းစုံက စာရင်းမှားနေတာ။ ဘယ်အချိန်က စမှားသလဲ ဆိုရင်၊ နေဝင်း မဆလ လက်ထက်ထည်းက မှားနေတာ။ ခင်ရီ လဝက ဝန်ကြီး ဖြစ်တော့ ဘင်္ဂလီတွေ ခိုးသွင်း ၊ ရို တွေနဲ့ ရော၊ မှတ်ပုံတင် တွေ လုပ်ပေးခဲ့တာ။ လဝကဆီက မှတ်ပုံတင် ( နိုင်/ကဒ်) အစစ်ကို ၁၀ သိန်းပေးရင် ရတယ်။ တရုပ်တွေ ဝင်ရောက်နေတာ မနည်းဘူး
▪️ ၂၀၀၈ အခြေခံဥပဒေ ဆန္ဒခံယူတော့လည်း ဒီကဒ်တွေနဲ့ပဲ မဲထည့်တာ။ ၂၀၁၀ ရွေးကောက်ပွဲလည်း ဒီကဒ်တွေနဲ့ပဲ မဲထည့်တာ။ ၂၀၁၅ ရွေးကောက်ပွဲလည်း ဒီကဒ်တွေနဲ့ပဲ မဲထည့်တာ။
၂၀၀၈ ခြေဥ အတည်ပြုတယ် ဆိုပြီး တွက်ချက်တဲ့ လူဦးရေစာရင်းက ၅၇ သန်း၊ ၂၀၁၄ မှာ သန်းခေါင်စာရင်းကောက်ကြည့်တော့ သန်း ၅၀ ။
ဆိုတော့ ၂၀၀၈၊၂၀၁၀၊ ၂၀၁၅ တုန်းက မအလ၊ စိုးဝင်း၊ ခင်ရီတို့ သောက်ပေါက်ကို ဘာနဲ့ စို့ထားလို့ အသံမထွက်တာလဲ
▪️ ၂၀၁၅ မှာ ရွေးကော်ဥက္ကဌ တင်အေးက လဝက စာရင်းတွေ လုံးဝ သုံးစားမရတာ ဝန်ခံထားတယ်။ ဒါကြောင့် လဝက စာရင်း အစား၊ မြေပြင်မှာ ထွေအုပ် နဲ့ UEC က စာရင်းအသစ် ပြုစုရတယ်။ အဲဒီစာရင်းလည်း မမှန်ဘူး။
ဒီတော့ ပြည်သူကို သက်သက်မဲ့ ဒုက္ခပေးတော့တာပဲ။ မဲပေးခွင့်ရှိသူ စာရင်း စစ်ခိုင်းတယ်။ တကြိမ်၊ နှစ်ကြိမ် စသည် စစ်ခိုင်းတယ်
စစ်ခိုင်းတဲ့ ပုံစံ (၁) ကို စိတ်မချလို့၊ (လက်သန်း မှင်တို့ ) စနစ်ကို ထပ်လုပ်ရတယ်။
အဲဒီ " မဲပေးခွင့်ရှိသူ "စာရင်းက ရွေးကောက်ပွဲ ရလာဒ်နဲ့ လားလားမှ မဆိုင်ဘူး။ ( မအလ စွပ်စွဲနေတာ အဲဒီစာရင်း)
✅ " မဲပေးပြီး " မဲစာရင်း ပုံစံ (၆) ကမှ ရွေးကောက်ပွဲ ရလာဒ်နဲ့ ဆိုင်တာပါ။ ပုံစံ (၆) မှာ ပါတီ တိုင်းက မဲရုံကိုယ်စားလှယ်တွေက လက်မှတ်ထိုး အတည်ပြုရတယ်။ ( မအလ စိုးဝင်း ဟာ အဲဒီ ပုံစံ - ၆ ကို ထုတ်မပြော၊ ကြံဖွတ်တွေ ကိုယ်တိုင် လက်မှတ်ထိုးထားတဲ့ မဲရလာဒ်က ခိုင်မာနေတာကိုး)
ဟောဒီမှာ ၂၀၀၈၊ ၂၀၁၅ သတင်းစာ နဲ့ ၂၀၁၄ သန်းခေါင်စာရင်း သက်သေတွေ 👇
NLD ကို မဲ မခိုးကြောင်း သက်သေပြပါ ဆိုတဲ့ လူတွေကို " သူ့အမေ နောက်မီး မလင်ဖူးကြောင်း သက်သေ အရင် ပြခိုင်းလိုက်ပါ" .. စိဉ္စာမာန မိန်းမယုတ် အကွက်တွေနဲ့ လာလုပ်နေတယ်
မသမာမှု စွပ်စွဲချက် ရှိခဲ့သော်
(၁) ရွေးကောက်ပွဲ ကော်မရှင်က အမှုတွေ စစ်ဆေးပြီးတဲ့ အချိန် အထိ စောင့်သင့်တယ်။ အချိန်ကာလ ၆ လ ကြာမြင့်တယ်။
(၂) ဗိုလ်ချုပ်ပျက် စိုးအောင်က တရားလွှတ်တော်ချုပ်ဆီ စာချွန်တော် တင်တာ တရားသူကြီး အမိန့်ချတာကို စောင့်သင့်တယ်
(၃) လွှတ်တော်က သမတကို အယုံအကြည်မရှိ အဆိုတင် မတင် စောင့်သင့်တယ်
ပုဒ်မ (၆ စ) အရ တပ်မတော်သည် အမျိုးသားနိုင်ငံရေးကို ဦးဆောင်သည် ဆိုတဲ့ ပုဒ်မကို ( တလွဲ ဘာသာပြန်ပြီး) စစ်တပ်က ထင်ရာစိုင်းခွင့် ပုဒ်မ လို့ ဆင်ခြေပေးဦးတော့ .....
အထက်ပါ လုပ်ငန်းစဉ် ၃ ရပ် ကို မှန်ကန်စွာ ဆောင်ရွက်ခြင်းရှိမရှိ မစောင့်ပဲ၊
မအလတပ်က အာဏာလုတာ ဖြစ်တယ်။
Comments
Post a Comment