ရခိုင်တွေရဲ့ အစွန်းနှစ်ဖက် ဝိရောဓိ

ရခိုင်တွေရဲ့ အစွန်းနှစ်ဖက်  ဝိရောဓိ
▪️ ပထမ အစွန်းတဖက် - 
တချို့က ပဒေသရာဇ် ခေတ်နောက်ပြန်ဆွဲ ရင်း အမျိုး ဘာသာ သာသနာ ပြင်းထန်လွန်းတယ်။ ရခိုင်နိုင်ငံတော်ကို စွဲလမ်းကြတယ်။ ဒါဟာ  တမင်တကာ အတင်းကြီး ဖန်တီးထားတဲ့ လှုံဆော်ချက်မျှသာ ဖြစ်တယ်။ ဘာကြောင့်လဲ ဆိုတော့ အတိတ်က ရခိုင်နိုင်ငံတော်ဟာ မြန်မာဘက်ခြမ်းနဲ့  ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်း ၂ ခြမ်းရှိခဲ့ပေမယ့် မြန်မာဘက်က ရခိုင်မြောက်ပိုင်း ကွက်ကွက်လေးမှာ ထူးခြားနေတာ ဖြစ်တယ်။

▪️ ဒုတိယ အစွန်းတဖက် - တချို့က ပါးစပ်ကသာ ကြီးကြီးကျယ်ကျယ် ပြောတာ။ စိတ်ဓာတ်က စစ်အာဏာရှင် ကို အလွန်တရာ အားကိုးနေတာ တွေ့ရပြန်တယ်။ AA မပေါ်ခင်က မြန်မာစစ်တပ်ထဲမှာ ဒုတိယ ဦးရေအများဆုံးက ရခိုင်တွေ ဖြစ်တယ်။ မဘသ ဝါဒကို ထူထောင်တော့လည်း မြန်မာစစ်တပ် အားကိုးနဲ့ ထူထောင်နေတာ ဖြစ်တယ်။ 

ရက္ခိတလမ်းစဉ်ဟာ မူကွဲ အမျိုးမျိုး ဖြစ်နေတယ်။ 
၂၀၁၂ ရက္ခိတ လမ်းစဉ်ဟာ မြန်မာ စစ်တပ်အားကိုးနဲ့ ဘင်္ဂလီ နှင်ထုတ်ရေး ဖြစ်တယ်။ ၂၀၁၄ ကျောက်ဖြူ ရခိုင်အမျိုးသား ညီလာခံက ချမှတ်တဲ့  ရက္ခိတ လမ်းစဉ်ဟာ ဖက်ဒရယ် ပြည်ထောင်စု နဲ့ ရခိုင်ပြည်နယ် ကို ရခိုင်ပါတီ အုပ်ချုပ်ရေး ဖြစ်တယ်။ ဒါလည်း မြန်မာစစ်တပ် အားကိုးနဲ့ NLD ဩဇာ ရခိုင်မှာ လျော့ချရေးပါဝင်နေတယ်။
  

 ၂၀၁၉ နောက်ပိုင်း  ရက္ခိတ လမ်းစဉ်ဟာ ကွန်ဖက်ဒရေးရှင် း ဖြစ်လာတယ်။ ဒီမှာလည်း မြန်မာ စစ်တပ်နဲ့ ပင်းရမယ် ဆိုတဲ့ သဘောတရား ပါဝင်နေပြန်တယ်။  (👉 ဒီမှာ နားထောင်ကြည့်ပါ။ https://fb.watch/h2X1uph392/ )


▪️ အဲဒီ အစွန်း ၂ ခုမှာ ရခိုင်ပါတီတွေဟာ AA ရဲ့ စစ်အင်အား ပြပြီး ၊ ရခိုင်လွှတ်တော်ကို ရခိုင်ပါတီက အုပ်စီးပြီး၊ မြန်မာစစ်တပ် ကို ဂတ်စ်ပေးစားပြီး၊ ကျန်တာ မျှဝေယူချင်တဲ့ သဘောရှိတယ်။ "ရခိုင်လူထုဟာ ဆင်းရဲတယ်။ စစ်ဒဏ်မခံနိုင်ဘူး "ဆိုတဲ့ အကြောင်းပြချက်နဲ့ AA က ဆွဲတင်လာတဲ့ စစ်ရေး ကို ဆွဲချလေ့ရှိတယ်။ 
၂၀၁၀ မှာ NLD ရွေးကောက်ပွဲ မဝင်တာကို ဒိုင်ဗင်ပစ်ဝင်လာတဲ့ ခါတော်မီ ရခိုင်ပါတီတွေရဲ့ ထုံးစံအတိုး၊ မအလနဲ့ ပင်းစားမယ် ဆိုတဲ့ အကြံအစည်ဟာ 

စကစက AA ကို စစ်ရေးနဲ့ ဖိ၊ ရခိုင်လူထုကို ဖြတ်လေးဖြတ်နဲ့ ပိတ်စို့ လိုက်တဲ့အခါ၊ 

၂၀၁၂ တုန်းက ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲ ဝင်ခါနီး  ဟောပြောတဲ့ " ဘီလူးမ သားလုခန်း" တရားကို ... ရခိုင်နိုင်ငံရေးသမားတွေ ပါးစပ်က ယနေ့ တဖွဖွ ရွတ်ဆိုလာရတယ်။


မဟော်သဓာ က တရားစီရင်ပြီး နဲ့ ဖွားဖက်တော် တထောင်ဟာ ဘီလူးမကို နှိမ်နင်းမယ့် သားတရားစီရင်ခန်း ကို ထပ်တူပြု ခိုင်းနှိုင်းတာ ဥပမာ ပေး နေတယ်။

Rule of law မဟော်သဓာမရှိ၊ UN R2P ဖွားဖက်တထောင် မရှိတဲ့ စကစ နဲ့ သားလုပွဲမှာ အမေဖြစ်သူဟာ သားငယ် ပေါင်တခြမ်း ပဲ့စေဦးတော့ အတင်းလုရမှာပဲ ဖြစ်တယ်။ 
 မဟုတ်ရင် သားငယ်တကိုယ်လုံး ကို ဘီလူးမက ကိုက်စားပြီး အသက်သေရလိမ့်မယ်။ စကစ ဘီလူးမလက်ထဲက လွတ်ချင်ရင်တော့ ပေါင်တခြမ်းနဲ့ အသက် လဲရမယ့် ပွဲဖြစ်တယ်။

▪️ AA ကလည်း ငိုချင်လျက် လက်တို့ နေတာနဲ့၊ ဘင်္ဂလားဒေ့ရှ်နယ်စပ်အတွင်းဝန်၊ တရုတ်သံ၊ ဂျပန်ဆာဆာကာဝါ နဲ့ အကြောင်း တိုက်ဆိုင်တဲ့အခါ၊ အပစ်ရပ်လိုက်တာပဲ။ ခိုင်သုခက မအလ ရွေးကောက်ပွဲနဲ့ ပက်သက်ရင် ရှောင်လွှဲဖြေကြားလေ့ရှိတာကို ထောက်ဆရင် ၊ အပစ်ရပ်မှုဟာ ၂၀၂၃ ဩဂုတ်အထိ ဖြစ်ကောင်း ဖြစ်နိုင်တယ်။

ရခိုင်တွေဟာ မြန်မာစစ်တပ် အားမကိုးပဲ မှန်ကန်သော ဖက်ဒရယ် ဒီမိုကရေစီကို ရယူဖို့ နဲ့ ဘင်္ဂလားဒှေ့့ရှ်အပါအဝင် ဘယ်နိုင်ငံမှ အားမပေးတဲ့ ပဒေသရာဇ် ခေတ်နောက်ဆွဲ မဘသ ခွဲထွက်ရေး ကွန်ဖက်ဒရေးရှင်းဝါဒ ကို အပြီးတိုင် ဖယ်ရှားပြီး ၊ ဒီမိုကရက်တစ် အာရကန် ပြည်နယ်  ကို ထူထောင်ဖို့ အကြံပြုပါရစေ။ မဟုတ်ရင်တော့ အလိုကြီး အရနည်း ပါလိမ့်မယ်။

Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား