ဖက်ဒရယ်ဒီမိုကရေစီမှာ အစွန်း ၂ ပါးရှိတယ်


ဖက်ဒရယ်ဒီမိုကရေစီမှာ အစွန်း ၂ ပါးရှိတယ်

(၁) မအလရဲ့ ၂၀၀၈ ခြေဥအောက်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ လေးတွေကို ဗန်းပြပြီး၊ ပြည်နယ်ရ လူမျိုးတွေကို ကမ္ဘာလဆန်းတရက်အထိ မျှော်လင့်ချက် ပေးထား ကာ စစ် ၂၅%+ ဖွတ် ၂၅% အမျိုးသားလွှတ်တော်က ပြဒါန်းခွင့်ရှိတဲ့ ဥပဒေစာရင်း ပြင်ပေးတဲ့ ... ဆင်ယီး ​ေ-ွး မျှော် ဖက်ဒရယ်  ။

(၂) ပင်လုံစာချုပ် ပုဒ်မ ၇ ကြောင့် အာဏာစွန့်ရတဲ့ ပဒေသရာဇ်  စော်ဘွားတွေရဲ့ ခွဲထွက်ရေး နဲ့ ခြိမ်းခြောက်ပြီး ၈ ပြည်နယ် အညှောင့်ထောင် တဲ့ " လူမျိုးတမျိုးထည်းက တပြည်နယ်လုံး ကိုယ်စားပြုတဲ့ ...  မြန်မာ လူဦးရေများတာကို ချိုးနှပ်ထားဖို့ ဗမာလူမျိုးကြီး ဝါဒ စွပ်စွဲချက်နဲ့  ... ဗမာပြည်နယ် "ဖဲ့" ရေး လုပ်နေတဲ့ ..  ) အခြားတိုင်းရင်းသား ဗားရှင်း မဘသ ဝါဒ၊ လူမျိုးစွဲ  ဖက်ဒရယ် ။ 

ဒီ နှစ်ခုစလုံးမှာ သမိုင်းလိမ်ကြတာ နှစ်ဘက်စလုံးပဲ။

အခြားတိုင်းရင်းသားတွေ ဘက်ကလည်း သူတိူ့ဟာ သီးခြားနိုင်ငံတွေ ဖြစ်ခဲ့ပြီး ပင်လုံစာချုပ်မှ နိုင်ငံတွေ ပူးပေါင်းသလိုလို၊ အာရှ၊ အာဖရိက မပါတဲ့ အတ္တလန္တိတ်စာချုပ် ဂျင်းနဲ့  သူတို့ဘာသာ လွတ်လပ်ရေး ရနိုင်သလိုလို ( တကယ်က အင်္ဂလိပ်အောက် ဆက်နေရမှာ ကြောက်လို့ မြန်မာ့လွတ်လပ်ရေး လှေကြုံစီးကြတာ) လိမ်တယ်
မအလဘက်ကလည်း စစ်ဘုရင် ရုပ်တု ၃ ခု အခြေပြု  မဘသဝါဒ နဲ့  ပြည်တွင်းစစ်ကို မွေးထားပြီး စစ်တပ်အဓိကဝါဒနဲ့   လိမ်တယ်။
မအလစစ်တပ် ရှိသရွေ့ ၊ စစ်တပ်အဓိက ဝါဒအတွက်၊ စစ်ရေး အကြောင်းပြ ပြီး အစိုးရနဲ့ လွှတ်တော်ကို လွမ်းမိုးဖို့ရာ၊  တမင် ပြသနာရှာ မွေးထားတဲ့ ပြည်တွင်းစစ်က ဘယ်တော့မှ ဆုံးမှာ မဟုတ်ဘူး။ 

စစ်တပ်က ဥပဒေရဲ့ အထက်မှာ ရှိသင့်ကြောင်း ဆင်ခြေပေးတာ (၁) တရုပ်နဲ့ ကုလားပြည်ကြား ပထဝီနိုင်ငံရေး နဲ့ (၂)  သံသရာ ဆွဲဆန့်ထားတဲ့ ပြည်တွင်းစစ် ဖြစ်တယ်။ 

(၁) ပထဝီနိုင်ငံရေး  အတွက်  ဘာသာခြား ဒေဝေါကြီိး နဲ့ ဘာသာပျောက် တစ္ဆေနဲ့ ခြောက်တယ်။ ဒါပေမယ့် အကောင်အထည် မပြနိုင်။  

(၂) အကောင်အထည်ပြစရာက EAO တွေ ဖြစ်တယ်။ တဖက်က ငြိမ်းချမ်းရေး လိုလားပါစေ၊ တမင်တကာ ရန်စပြီး မအလစစ်တပ် စစ်ဖြစ်ချင်တဲ့ အချိန်မှာ စစ် ဖြစ်နေရမှာ ဖြစ်တယ်။  

မအလစစ်တပ်ရှိနေသရွေ့   စစ်ပွဲဟာ ဖြစ်နေဦးမှာပဲ။ "စစ်ပြိုင် ငြိမ်းချမ်းရေး" မှာ  EAO တွေဟာ ကပြနေရတဲ့ နယ်ရုပ်ဘဝ ရောက်နေတယ်။

တရုပ်နယ်စပ်က ဝ လို ဒေသလေးကို ဗန်းပြစရာ လွှတ်ပေးထားပေမယ့်၊ ကျန် လူမျိုးကြီး တရသတွေကို ပြည်နယ် တခုအနေနဲ့ တော့ ဝ လို လက်လွှတ်မှာမဟုတ်ဘူး။ 

ဥပမာ။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ရခိုင်ပြည်နယ် ဖြစ်လာစရာ မရှိဘူး။ AA ကို မနိုင်တဲ့ အဆုံးမှ၊  ရခိုင်မြောက်အထူးဒေသ (၁) ဆိုပြီး ဘူးသီးတောင် မောင်တောလောက်တော့ ပေးစားလိုက်မယ်။
 


Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား