Posts

Showing posts from October, 2022

ရှမ်းပြည်နယ်

 ရှမ်းပြည်နယ်၏ အစောပိုင်းသမိုင်းသည် မြန်မာနိုင်ငံအစောပိုင်း သမိုင်းကဲ့သို့ ပုံပြင်ဒဏ္ဍာရီဆန်ကာ နတ်၊ နဂါး၊ ကျားများပါ ပါဝင် ရောနှောနေသည်။ယင်းသို့ ဒဏ္ဍာရီဆန် သော အချက်အလက်များကို ချန်လှပ်၍ မြန်မာရာဇဝင်သမိုင်းများ ကုန်းဘောင်သီပေါ ရာဇဝင်များအရ ဖော်ပြရလျှင် ရှမ်းပြည်ထောင်ကို စတင်တည်ထောင်ခဲ့သူမှာ ဘိန္နကရာဇ်မင်းဟု ဆိုလေသည်။ ထိုကြောင့် " ရှမ်းမင်းအစ၊ ဘိန္နက" ဟုပင် ရေးသားခဲ့ကြ လေသည်။ ထိုရာဇဝင်အရ တကောင်းမင်း အဘိရာဇာ၏ အဆက်အနွယ်ဖြစ်သော ဘိန္နကရာဇာမင်းလက်ထက်တွင် တကောင်းပြည်အား တရုတ်တို့ ဝင်ရောက်တိုက်ခိုက်လာသဖြင့် ထိုမင်းသည် တကောင်းနန်းကို စွန့်ခွာလာပြီးလျှင် ဧရာဝတီမြစ် အနောက်ဘက် မလယ်အရပ် ၌ စံနေစဉ် ထိုမင်းနတ်ရွာစံ၍ ပါလာသော ဗိုလ်ချေခပင်း သုံးသင်းကွဲလေသည်။ တစ်သင်းကို ခေါင်းဆောင်သော ထိုမင်း၏ ညီတော် ဘိန္နာကရာဇ်သည် ရွှေလီမြစ်အထက်ပိုင်းသို့ ဆန်တက်သွားပြီးလျှင် ထိုမြစ်၏ လက်ယာ ဘက်ကမ်းတွင် မိုင်းမေ ာ ဟု ခေါ်တွင်သောဒေသ၌ အခြေချကာ ရှမ်းတစ်ဆဲ့ကိုးခရိုင် ကို စတင်တည်ထောင်ခဲ့သည်ဟု ဆိုလေသည်။ ထိုကြောင့်  "ရှမ်းပြည်ထောင်အစ၊ မိုင်းမောက" ဟုလည်း ဆိုရိုးပြုခဲ့ကြလေသည်။ သမိုင်းသုတေသီများ အထောက်အထား အခိ

ချင်းတိုင်းရင်းသားလူမျိုးများနှင့် ရိုးရာဝတ်စားဆင်ယင်မှု

Image
  ချင်းတိုင်းရင်းသားလူမျိုးများနှင့် ရိုးရာဝတ်စားဆင်ယင်မှု ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ အနောက်ဘက်ရှိအိန္ဒိယနိုင်ငံ၊ ပါကစ္စတန်နိုင်ငံတို့နှင့် အစပ်ဖြစ်သော ချင်း ပြည်နယ်သည် ဝိသေသတိုင်းတစ်ခုအဖြစ် ဖွဲ့စည်းနေထိုင်၍စစ်မှုထမ်းရာတွင် အမည်နာမကျော်ကြားကြသော ချင်းတိုင်းရင်းသားလူမျိုးများနေထိုင်ကြသည့် ဒေသလည်းဖြစ်ပေသည်။ ချင်းလူမျိုးတို့မှာ တိဗက်-မြန်မာအစုဝင် ဘာသာစကားကို ပြောဆိုကြသည့် တိုင်းရင်းသားများပင် ဖြစ်ကြသည်။ ပုဂံခေတ် ရှေးဟောင်း ကျောက်စာ များတွင်အနောက်ဘက်ဒေသ တောင်တန်းများပေါ်၌ နေထိုင်ကြသူတို့ကို (ချင်)ဟု ရေးထိုးခဲ့ ကြသည်။ ဧရာဝတီမြစ်၏အကြီးဆုံးလက်တက်ဖြစ်သောမြစ်ကို ထိုခေတ်က ချင်တွင်သို့မဟုတ် ခ္လတွင်ဟု ရေးထိုးခဲ့ ကြသည်။ ပုဂံခေတ်ကျောက်စာများအရ ထိုမြစ်တစ်လျှောက် မြောက်ဘက်အကျဆုံးဟု သိရသော ဒေသတို့မှာ ကြံတူ (အနိမ့်အမြင့်)ပင်က္လီ ၁၀ တိုက်တို့ဖြစ်သည့် ထိုဒေသ၏မြောက်ဘက်သို့ ထိုခေတ်က မြန်မာတို့ မရောက်ရှိသေးဟု ယူဆရပေသည်။  မြန်မာနိုင်ငံအနောက်မြောက်ဘက် စုံမရတောင်တန်းဒေသ၊ နာဂတောင်နှင့် မဏိပူရပြည်နယ်တို့မှ တောင်ဘက် မော်တင်စွန်းရောက်လုနီး ဒေသစပ်ကြားနှင့် အရှေ့ဘက်ချင်းတွင်းမြစ်၏ လက်တက်ဖြစ်သော မြစ်သာမြစ်နှင့် အန

စစ်ပြိုင် ငြိမ်းချမ်းရေး ... စစ်မျိုးစစ်နွယ်ဝါဒ .. People's Rule of Law

Image
စစ်ပြိုင် ငြိမ်းချမ်းရေး၊ စစ်မျိုးစစ်နွယ်ဝါဒ၊ People's Rule of Law by People  ဖက်ဒရယ် ဒီမိုကရေစီရဲ့ ရည်မှန်းချက်ဟာ  ...  တယောက်နဲ့ တယောက် သေနတ်နဲ့ ထောက်ပြီး   ဟန်ချက်ထိန်းထားရတဲ့    " စစ်ပြိုင် ငြိမ်းချမ်းရေး " ကို ဖျက်သိမ်းပြီ၊း ပြည်သူက ပြဒါန်းသော ဥပဒေက အုပ်ချုပ်တဲ့  People's Rule of Law  ကို ထူထောင်ဖို့ပဲ ဖြစ်တယ်။   ဆင်တူရိုးမှား စကားလုံးဖြစ်တဲ့ တရားဥပဒေစိုးမိုးရေး ဆိုပြီး   စစ် အစိုးရအဆက်ဆက်က  ပြောလေ့ရှိတယ်။ စစ်အစိုးရတွေ ပြောတဲ့ တရားဥပဒေစိုးမိုးရေး ဟာ   "  စစ်တပ်က ဥပဒေ ပြဒါန်း၊ အဲဒီဥပဒေက ပြည်သူကို စိုးမိုး၊ စစ်တပ်က အဲဒီဥပဒေကို ချိုးဖောက်ခွင့်ရှိတယ်"  ဆိုတဲ့ အခြေခံ ( ပုဒ်မ ၆  -  စ အမျိုးသားနိုင်ငံရေးကို တပ်မတော်က ဦးဆောင်သည် ) ဆိုသော  Tamadaw is above the Law   ဖြစ်တယ်။ စစ်မျိုးစစ်နွယ်ဝါဒ ဗီဇ DNA ဖြစ်တယ်။   ဒီဝါဒကြောင့် ...     စစ်တပ်က   (  ၂၀၀၈ အခြေခံဥပဒေကို ပြင်ရုံမကလို့ ဖျက်သိမ်းပြီး အမျိုးသားညီလာခံ အနှစ် ၂၀ ထပ်ကျင်းပ၊ နောက်ထပ် အခြေခံဥပဒေအသစ် တခုကို ရေးဦးတော့) ၊ အဲဒီဥပဒေတွေမှာ မည်သည့်  ဘာ အာမခံချက်မှ မ