Posts

Showing posts from November, 2022

ဧရာ (မန္တလေး) - ဓမ္မယုဒ္ဓ (သို့မဟုတ်) တရားသောစစ်

Image
ဧရာ (မန္တလေး) - ဓမ္မယုဒ္ဓ (သို့မဟုတ်) တရားသောစစ် (မိုးမခ) ဒီဇင်ဘာ ၁၅၊ ၂၀၂၁ “တရားသောစစ်” ဆိုတဲ့ဝေါဟာရကို မဟာဘာရတမှာ “ဓမ္မယုဒ္ဓ” လို့ သုံးပါတယ်။ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းလို့မရတဲ့အခါ စစ်‌ရေးက နည်းလမ်းတစ်ခုဖြစ်လာတယ်။ ဒါပေမယ့် စစ်ဆိုတာ ဘယ်လိုပဲကြည့်ကြည့် လူ့တွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ပျက်စီးဆုံးပါးစေတယ်။ ပြဿနာကို တရားနည်းလမ်းကျကျ မဖြေရှင်းနိုင်ရင် ဒုစရိုက်တရား, အဓမ္မတရားတွေက လောကကို လွှမ်းမိုးဖျက်ဆီးတော့မယ့် အခြေအနေနဲ့ကြုံတဲ့အခါ စစ်ရေးနည်းလမ်းကို Necessary Evil အနေနဲ့ ရွေးချယ်ကြရတယ်။ ဒါကိုပဲ “တရားသောစစ်” လို့ သုံးနှုန်းကြပါတယ်။  တကယ်တော့ ဗုဒ္ဓဘာသာမှာ “တရားသောစစ်” ဆိုတဲ့အယူအဆ Just War Theory မရှိပါဘူး။ ဒါပေမယ့် ပါရမီဖြည့်ကျင့်နေတဲ့ အလောင်းတော်တွေဘဝမှာ စစ်တိုက်ရတာမျိုးတွေ ရှိပါတယ်။ မဟာဇနကမင်းက သူ ရထိုက်တဲ့ထီးနန်းကို ပြန်တိုက်ယူဖို့အတွက် fund ရှာဖို့အတွက် ပင်လယ်ခရီးထွက်ပြီး ကုန်ကူးခဲ့တယ်။ မဟောသဓာကလည်း မိမိတို့ထက်အင်အားသာလွန်တဲ့ စူဠနီ ဗြဟ္မဒတ်မင်းကို War Strategy တွေဆွဲပြီး တိုက်ခဲ့တယ်။  စစ်ဟာ "အကုသိုလ်" အမှုသာဖြစ်ရင် အလောင်းတော်တွေက ဘာကြောင့်စစ်ရေးနည်း...

Zero Setting လေဟာနယ် နဲ့ "ပါးစပ်ဒီမိုကရေစီ ဖျင်ပဒေသရာဇ်"

Image
Zero Setting လေဟာနယ် နဲ့ "ပါးစပ်ဒီမိုကရေစီ ဖျင်ပဒေသရာဇ်" ▪️ သမိုင်းဦးဘုံမြေခေတ် ၊ မြေရှင်ပဒေသရာဇ်ခေတ် ၊ ကိုလိုနီအရင်းရှင်ခေတ်၊ ဒီမိုကရေစီခေတ် ဆိုတဲ့ ခေတ် တွေ ခွဲခြားထားတာဟာ စာအုပ်ထဲမှာ မာတိကာ စီဖို့ မဟုတ်ဘူး။ ခေတ်တခုချင်းစီမှာ မတူညီသော စံနှုန်းတွေရှိတယ်။ ▪️ ဒီနေ့ မြန်မာနိုင်ငံရေးကို ပြောဆိုနေကြသူတွေဟာ ခိုင်မာတဲ့ စံနှုန်း မရှိဘူး။ မအလစစ်တပ်ဟာ  မြန်မာ ပဒေသရာဇ်ခေတ်ကို ဒီမိုကရေစီခေတ်ထဲ ဆွဲသွင်းနေတယ်။ အခြားတိုင်းရင်းသားတွေကလည်း ပဒေသရာဇ်ခေတ်က အကြောင်းအရာတွေနဲ့ အမျိုးသားရေး လက္ခဏာတည်ဆောက်နေတယ်။ ဖက်ဒရယ်ဒီမိုကရေစီလို့ လူကြားကောင်းအောင် ပြောနေတာ ပဒေသရာဇ်ကွန်ဖက်ဒရေးရှင်းနဲ့ မြေရှင် တွေ နယ်လုပွဲမှာ ခေတ်နောက်ပြန်ဆွဲနေကြတယ်။ ▪️ ဒီနေ့ တိုးတက်ပါတယ်ဆိုသော စာတတ်လူငယ်တွေ ဟာလည်း ယဉ်​ကျေးမှုတော်လှန်ရေး တို့ zero setting တို့ ​ ခံတွင်းအရသာခံ ပြောနေကြတာ၊ တကယ်တမ်းကျတော့ သူတို့ဟာ ခေတ်နောက်ပြန်ဆွဲ နေတဲ့ "ပါးစပ်ဒီမိုကရေစီ ဖျင်ပဒေသရာဇ်" တွေ ဖြစ်နေတယ်။ မြန်မာ ပဒေသရာဇ် လက်ရာခြေရာတွေကို အပြစ်တင် ဝေဖန်  ရှုတ်ချပြီး ၊ အကုန် ဖြိုချရမယ် ယူဆနေကြတယ်။ ဒါပေမယ့် အခြားတိုင်းရင်းသားတွေရဲ့ ပဒေသရာဇ် လက္ခဏာတွေ...

ဒေါ်အောင်ဆန်းစုကြည် အသုံးချခံ နေရတဲ့ ပြဿနာများ

Image
 ဒေါ်အောင်ဆန်းစုကြည် အသုံးချခံ နေရတဲ့ ပြဿနာများ ( ဒီအကြောင်းရေးရရင် သူ ကိုယ်တိုင် ဘူလုံးနားမထွင်း ပြောမိခဲ့တဲ့ ကိစ္စတွေ ပါဝင်နေတယ်။ ဒါပေမယ့် အမှန်တရားကို ပြောတဲ့အခါ ငဲ့ညှာနေမှာ မဟုတ်။)  ✅ ဖေဖေ့ တပ်မတော် ကိစ္စ။ ယနေ့ မြန်မာ့တပ်မတော်သည် ရှေးမြန်မာဘုရင်တွေ တည်ထောင်တဲ့ တပ်မတော် မဟုတ်တာ သေချာတယ်။ ဘုရင်၃ ပါးရုပ်တုနဲ့ ဘာမှ မဆက်စပ်။ ကုန်းဘောင်ဆက် သီပေါမင်းအနွယ်တော်တွေ တည်ထောင်တာမဟုတ်။  ယနေ့ မြန်မာ့တပ်မတော်သည် ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်တဲ့ တပ်မတော်လို့ ပြောနေကြတယ်။ ဒါရော မှန်ကန်ပါသလား။  ဒုတိယ ကမ္ဘာစစ်မှာ .. ဖက်ဆစ်ဂျပန်က မြန်မာပြည်သိမ်းရန် အတွက် ဗိုလ်တေဇ (အောင်ဆန်း ) အပါအဝင် လူငယ်တစုကို စစ်ပညာသင်ပေးပြီး ဗန်​ေကာက်မှာ BIA ကို ဖွဲ့ပေးတယ်။  BIA ဆိုတာ တင့်ကားတွေ၊ လေယဉ်တွေနဲ့ နိုင်ငံစစ်တပ်ကြီး မဟုတ်။ Chain of Command က ဗိုလ်ချုပ်အောင်ဆန်း လက်ထဲ မရှိ၊ ဂျပန်တပ်မတော်ရဲ့ နောက်လိုက် ခိုင်းဖက်သာ ဖြစ်တယ်။ နောင် အခါ BDA၊ ထိုမှ BNA၊ ထိုမှ PBF   ဆိုပြီး နာမည်ပြောင်းတယ်။ ဒါက ဂျပန်ဘက် အခြမ်း။ အင်္ဂလိပ်ဘက်ခြမ်းကို ပြောပါမယ်။ အင်္ဂလိပ်ဟာ ပထမကမ္ဘာစစ်မှာ .. အီရန်မှာ စစ်ဖြစ်နေတယ်။ မက...

မှတ်မိကြသေးသလား

မှတ်မိကြသေးသလား ▪️ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရာပြည့် တွေ့ဆုံနေပြီ .. လို့ ကောလဟာဠ တွေ ထွက်လာတာ။  အဲဒီတုန်းက " ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီ ဗဟို ကော်မတီနဲ့  လွတ်လပ်စွာ တွေ့ဆုံစည်းဝေး ပြီးမှ နိုင်ငံရေး ကိစ္စ ထုတ်ပြောလေ့ရှိတယ်။ အရင် နေအိမ်အကျယ်ချုပ်ကျတုံးကလည်း ဒီလိုပဲ အလေ့အထရှိတယ်။ ဦးဉာဏ်ဝင်းတို့ကို ဗူးသီး လက်ဆောင်ပေးလိုက်တယ်။ " လို့ ရေးဖူးတယ်။ ▪️ CSO စဆရကတွေက  စုရွေးလွှတ် ဆန့်ကျင်ကြလို့ အသံသေး အသံကြောင် ထွက်လာတုန်းကလည်း၊  " စွရူးထမနေကြနဲ့။ မအလက ဒေါ်အောင်ဆန်းစုကြည်ကို  လွှတ်ပေးမှာ မဟုတ်ဘူး။ စုရွေးလွှတ်ကို ကိုင်စွဲရမယ်။ ဒါပေမယ့် ဒီမှာ ရပ်နေလို့တော့ မရဘူး။  ရွေးကောက်ပွဲ ရလာဒ်နဲ့ လွှတ်တော် ခေါ်ပြီးရင် စိုးတိုင်တပ် ကို ဆက်သွားရမယ် " လို့ ရေးဖူးတယ်။  ▪️ NLD ပါတီကို တရားမဝင်ဖြစ်မယ် လို့ အသံထွက်လာတုန်းကလည်း " ပြည်သူ ရှိရင် ပါတီရှိတယ် လို့ ဒေါ်အောင်ဆန်းစုကြည် ပြောတယ်။ NLD ပါတီဟာ ၂၀၁၀ ရွေးကောက်ပွဲ မဝင်လို့   တရားမဝင်တာ ဖြစ်ခဲ့ဖူးတယ် လို့ ရေးဖူးတယ်။ ❗ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့သား ကိုထိန်လင်းကို နိုင်ငံရေးထဲ မပါစေချင်ဘူး ဆိုတဲ့ အဓိပ္ပါယ်ဟာ ဘာဖြစ်မလဲ။ ...

Zero Setting လေဟာနယ် နဲ့ "ပါးစပ်ဒီမိုကရေစီ ဖျင်ပဒေသရာဇ်"

Zero Setting လေဟာနယ် နဲ့ "ပါးစပ်ဒီမိုကရေစီ ဖျင်ပဒေသရာဇ်" ▪️ သမိုင်းဦးဘုံမြေခေတ် ၊ မြေရှင်ပဒေသရာဇ်ခေတ် ၊ ကိုလိုနီအရင်းရှင်ခေတ်၊ ဒီမိုကရေစီခေတ် ဆိုတဲ့ ခေတ် တွေ ခွဲခြားထားတာဟာ စာအုပ်ထဲမှာ မာတိကာစီဖို့ မဟုတ်ဘူး။ ခေတ်တခုချင်းစီမှာ မတူညီသော စံနှုန်း တွေရှိတယ်။ ▪️ ဒီနေ့ မြန်မာနိုင်ငံရေးကို ပြောဆိုနေကြသူတွေဟာ ခိုင်မာတဲ့ စံနှုန်း မရှိဘူး။ မအလစစ်တပ်ဟာ  မြန်မာ ပဒေသရာဇ်ခေတ်ကို ဒီမိုကရေစီခေတ်ထဲ ဆွဲသွင်းနေတယ်။ အခြားတိုင်းရင်းသားတွေကလည်း ပဒေသရာဇ်ခေတ်က အကြောင်းအရာတွေနဲ့ အမျိုးသားရေး လက္ခဏာတည်ဆောက်နေတယ်။ ဖက်ဒရယ်ဒီမိုကရေစီလို့ လူကြားကောင်းအောင် ပြောနေတာ ပဒေသရာဇ်ကွန်ဖက်ဒရေးရှင်းနဲ့ မြေရှင် တွေ နယ်လုပွဲ မှာ ခေတ်နောက်ပြန်ဆွဲနေကြတယ်။ ▪️ ဒီနေ့ တိုးတက်ပါတယ်ဆိုသော စာတတ်လူငယ်တွေ ဟာလည်း ယဉ်​ကျေးမှုတော်လှန်ရေး တို့ zero setting တို့ ​ ခံတွင်းအရသာခံ ပြောနေကြတာ၊ တကယ်တမ်းကျတော့ သူတို့ဟာ ခေတ်နောက်ပြန်ဆွဲ နေတဲ့ "ပါးစပ်ဒီမိုကရေစီ ဖျင်ပဒေသရာဇ်" တွေ ဖြစ်နေတယ်။ မြန်မာ ပဒေသရာဇ်စနစ်ကို အပြစ်တင် ဝေဖန်  ရှုတ်ချပြီး ၊  မြန်မာ အမျိုးသားရေး လက္ခဏာ အကုန် ဖြိုချရမယ် ယူဆနေကြတယ်။ ဒါပေမယ့် အခြားတိုင်းရင်းသားတွေရ...

လေယာဉ်နဲ့ ဗုံးကြဲတာ ခံနိုင်ရည်ရှိတဲ့ နည်းလမ်း

Image
လေယာဉ်နဲ့ ဗုံးကြဲတာ ခံနိုင်ရည်ရှိတဲ့ နည်းလမ်းကို ဗီယက်ကောင်းတွေ ကြံဆနိုင်ကြတယ် https://www.facebook.com/100083115561638/videos/570253101482957/ https://www.facebook.com/100083115561638/videos/5097342197040424 မြန်မာတွေက ဘာကြောင့် မလုပ်တတ်တာလဲ။ ရေမြေမတူညီလို့လား။ နည်းပညာ မသိလို့လား။

လူမျိုးကြီး တပြည်နယ်ဝါဒီ တိုင်းရင်းသား ဗားရှင်း မဘသ ဝါဒ

Image
လူမျိုးကြီး တပြည်နယ်ဝါဒီ တိုင်းရင်းသား ဗားရှင်း မဘသ ဝါဒ  တောင်တန်းဒေသစုံစမ်းရေး ကော်မရှင်မှာ ဖြေဆိုခဲ့တဲ့ ညီညွှတ်သော တောင်တန်းသားများဦးစီးကော်မတီ SCOUHP ဥက္ကဌ စဝ်ရွှေသိုက် ပြောတဲ့ အမေရိကန်လို (လူမျိုးအမည်မရှိတဲ့  ပြည်နယ် ) ဖက်ဒရယ်အစစ်ကို သွားလို့ရတယ်။  ပင်လုံစာချုပ် ပုဒ်မ ၇ အရ စော်ဘွားတွေ အာဏာစွန့်ရလို့ .. ခွဲထွက်ရေး အတွက် ရမယ်ရှာတဲ့ .. လူမျိုးစွဲ တပြည်နယ်ဝါဒ နဲ့ လူမျိုးကြီး ၈ ပြည်နယ် ဖွဲ့မှ  ဖက်ဒရယ် ဖြစ်မယ်ဆိုတာ စင်စစ်တော့ ဂျင်းပဲ။ အခြားတိုင်းရင်းသားတွေဟာ ယိုးဒယား၊ လာအို၊ တရုပ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်မှာ  မြန်မာပြည်မှာလိုပဲ နယ်မြေအလိုက် နေထိုင်ကြတယ်  အဲဒီနိုင်ငံတွေမှာ နာဂလန်း တခုက လွဲလို့ ကျန် မည်သည့်လူမျိုးမှ (၁) လူမျိုးနာမည်နဲ့ ဒေသ မရဘူး (၂) ပြည်နယ်အဆင့် မရဘူး။ မြန်မာပြည်မှာသာ ဒီလို အခွင့်ထူး ရနေကြတာ။ မြန်မာပြည်ရဲ့ အားနည်းချက်က ဒီမိုကရေစီနဲ့ ကိုယ်ပိုင်ပြဒါန်းခွင့် မရှိတာပဲ။ လူမျိုးစွဲ တပြည်နယ်ဝါဒဟာ တိုင်းရင်းသား ဗားရှင်း မဘသဝါဒ ဖြစ်တယ်။ အထက်လွှတ်တော်မှာ တိုင်းရင်းသား ကိုယ်စားပြု ဦးရေ တူညီစွာ ရှိစေချင်ရိုး စေတနာမှန်ရင် ပြည်ထောင်စု က...

1972 Burma - Ethnolinguistic Groups from Map No. 500425

Image
  1972   Burma - Ethnolinguistic Groups from Map No. 500425

1817 map of the Birman Empire, A map of the Thomson Southeast Asia

Image
 ပဒေသရာဇ်ခေတ်ကလည်း တနိုင်ငံထဲပဲ၊  ကိုလိုနီခေတ်မှာလည်း တနိုင်ငံထဲပဲ၊  ဒီမိုကရေစီခေတ်မှာလည်း တနိုင်ငံထဲပဲ။  ပင်လုံစာချုပ်ဟာ နိုင်ငံတွေ အချင်းချင်း ပူးပေါင်းဖို့ အချင်းချင်း ချုပ်ဆိုတဲ့ စာချုပ် မဟုတ်။ " လွတ်လပ်ရေးကို အတူတူယူ မလား၊ အင်္ဂလိပ်လက်အောက် ဆက်နေမလား၊ လွတ်လပ်ပြီးနောက် ဘယ်လို အုပ်ချုပ်ကြမလဲ"  ဆိုတဲ့ မေးခွန်းအတွက် ပူးပေါင်းဆောင်ရွက်ခြင်း Co-operation ဖြစ်တယ်။ မြန်မာစကားဟာ ရှုပ်ထွေးတယ်။ အင်္ဂလိပ်လို ရေးထားတဲ့ ပင်လုံစာချုပ်မှာ The Members of the conference, believing that freedom will be more speedily achieve d by the Shan s , the Kachin s and the Chin s by their immediate co-operati on with the Interim Burmese Government လို့ တိတိကျကျ ရေးသားထားတယ်။ စကော့တလန် မြေပုံပညာရှင် John Thomson ရေးဆွဲထားတဲ့ ကုန်းဘောင်ခေတ် ဗဒုံမင်း လက်ထက် ၁၈၁၇ မြေပုံ 1817 map of the Birman Empire.  John Thomson (Scottish cartographer and publisher)’s map of Burma, published for his ​‘New General Atlas’. John Thomson (1777–1837).  ကိုလိုနီခေတ် ၁၉၃၅ မြန်မာနိုင်ငံ...

ဦးနု ဖဆပလ အစိုးရလက်ထက် ၁၉၆၁ မြေပုံ။

Image
 ဗိုလ်နေဝင်း အာဏာ မသိမ်းခင် ဦးနု ဖဆပလ အစိုးရလက်ထက် ၁၉၆၁ မြေပုံ။ တိုင်း ဒေသ / တိုင်း / Division တွေကို နေဝင်းက ဖွဲ့ခဲ့တာ ဆိုတဲ့ သမိုင်းလိမ်သမားတွေ သိစေရန် ✅ ချင်းတောင်တန်း ဝိသေသတိုင်း။ ( ပြည်နယ်မရသေး) ​✅ တနင်္သာရီတိုင်း ( မွန်ပြည်နယ် မရှိသေး) ✅ အာရကန်တိုင်း ( ပြည်နယ်မရသေး) ✅ ပဲခူးတိုင်း ( ရန်ကုန်တိုင်း မရှိသေး) လူမျိုးပျံ့နှံ့ပုံကို ရေးထားတဲ့ စာမှာ - ကချင်ကို လူမျိုးလို့ မရေး။ နယ်နိမိတ်လို့ ရေး။ - ပလောင် ( တအာင်း) နဲ့ ဝ က အတူတူ ရှိနေ။ ကျိုင်းတုံ မြောက် အထိ။ - မြန်မာ မွန် လူမျိုး လို့ ရေး။ ရခိုင်ဟာ မြန်မာနဲ့ အတူတူ ဖြစ်။ - ကလားကို ထည့်ပြထား၊ တရုပ် မပါ

ချင်းပြည်နယ်မှ ချင်းရခိုင် ဆက်ဆံရေး သမိုင်း (ဃ)

Image
ချင်းပြည်နယ်မှ ချင်းရခိုင် ဆက်ဆံရေး သမိုင်း (ဃ) ငြိမ်းချမ်းမှုကိုလိုလားသောပလက်ဝဒေသခံများ ပလက်ဝဒေသနေ ချောင်းသားများ(ရခိုင်)နှင့် ချင်းလူမျိုးများ၏ ပင်ကိုယ်စရိုက်မှာ အေးချမ်းစွာ နေ ထိုင်လိုသောသဘာဝနှင့် လွတ်လပ်မှုကိုမြတ်နိုးသောသဘောရှိလေသည်။ လူမျိုးပေါင်းစုံနှင့်နေ ထိုင်သော သဘာဝရှိလေသည်။ ယခင်ရခိုင်မင်းနိုင်ငံနှင့်ဆက်စပ်ထိစပ်လျက်နေထိုင်နေသော ချင်းတိုင်းရင်း သားများနှင့်ဆက်စပ်လူမျိုးစုများမှာ ရခိုင်အုပ်ချုပ်မှုနှင့်အဆင်ပြေစေရန်အတွက် ပဏ္ဍာဆက်ခြင်း၊ မင်းမှုထမ်းခြင်းများရှိပေသည်။  ရခိုင်ဘုရင်သြဇာသက်ရောက်လွှမ်းမိုးခြင်းများလည်း ရှိပါလိမ့်မည်။ ရခိုင်လူမျိုး၏ကျေးဇူးသည် ချင်းလူ မျိုးများအပေါ်တွင်ရှိပါသကဲ့သို့ ချင်းလူမျိုးများ၏ ကျေးဇူးသည်လည်း ရခိုင်လူမျိုးများအပေါ်တွင်ရှိပါသည်။ အပြန်အလှန်အမှီသဟဲပြုနေပါသည်။ အထူးသဖြင့် လေးမြို့စား ကဲ့သို့သော ခေါင်း ဆောင်ကောင်းများအောက်တွင် ဌာနေတိုင်းရင်း သားလူနည်းစုများသည် တိုးတက် ယဉ်ကျေးပြီး အချင်းချင်းအကြားတွင်လည်း ကောင်းမွန်သောဆက်ဆံရေးရှိပါသည်။ သို့သော်အများအားဖြင့် တိုးတက်မှုမရှိခဲ့ကြောင်းသမိုင်းအရတွေ့မြင်နိုင်ပါလိမ့်မည်။ သို့သော် ရခိုင်ဘုရင်များအကြား အချင်းခ...

ချင်းပြည်နယ်မှ ချင်းရခိုင် ဆက်ဆံရေး သမိုင်း (ဂ)

Image
ချင်းပြည်နယ်မှ ချင်းရခိုင် ဆက်ဆံရေး သမိုင်း (ဂ)   Ro Sang| The Chinland Post | 2020 March 2| ပလက်ဝတွင်ရခိုင်မရှိခဲ့ပါ ခေါင်းစဉ်မှာ “ပလက်ဝတွင်ရခိုင်မရှိခဲ့ပါ”ဆိုထားရာစာဖတ်သူများအနည်းငယ်ခေါင်းရှုပ်သွားပေလိမ့်မည်။ ယနေ့ပလက်ဝတွင်ရှိသော ရခိုင်အမည်ခံယူသူများမှာ အဘယ်သူနည်း။ မည်သည့်နေရာမှ ဝင်ရောက် လာကြသနည်း၊ မည်သည့်အမျိုးအနွယ် ဇစ်မြစ်မှာအဘယ်နည်းဆိုသည်ကိုလေ့လာလိုသောကြောင့်ခေါင်းစဥ်တပ်ခြင်းဖြစ်ပါသည်။ နားလည်ပေးစေလိုပါသည်။ လက်ရှိ ချင်းပြည်နယ်၊ ပလက်ဝနယ်အတွင်းရှိ ရခိုင်လူမျိုးများသည် မည်သည့် အချိန်မှဝင်ရောက်နေထိုင်လာပါသနည်း။ လူဦးရေမည်မျှနှင့် ကျေးရွာမည်မျှ တည် ထောင်ခဲ့ပါသနည်းဆိုသည်ကို ဆက်လက်လေ့လာပါမည်။ ယခု စာတမ်းများသည် ရခိုင်ရာဇဝင်ကျမ်းများ နှင့်ဥရောပ အထောက် အထားများဖြင့်ဖော်ပြပါမည်။ ပလက်ဝသို့ရခိုင်လူမျိုးများဝင်ရောက်အခြေချနေထိုင်လာကြခြင်းကိုလေ့လာကြည့်လျှင်၁၃၃၃ ခုနှစ် ရခိုင် ဘုရင်မင်းထီးလက်ထက်တွင် အရှေ့အရပ်မှ သက်မင်းအား ပလက်ဝနှင့် ကျောက် တော်နယ်စပ် အကြား ကျောက်ဖျာရွာတွင်လည်းကောင်း၊ သားအလတ်စောဖြူကို မီးစားအဖြစ် စတင် နေရာချ ထားလျက်နေထိုင်စေကြောင်းတွေ့ရပေလိမ့်မည်။ ညီတော်ဥပရာဇာနရနုမင်း/အလီခင်မ...