CRPH မွေးလာတာ ပဓာန အားဖြင့် ပြည်သူက CRPH ကို လွှဲအပ်တဲ့ အချုပ်အခြာ အာဏာကြောင့် ဖြစ်ပြီး သာမညအားဖြင့် ၂၀၂၀ ရွေးကောက်ပွဲ ကြောင့် ဖြစ်တယ်

၁၉၃၅ ခုနှစ် မှာ ဗမာပြည်ဟာ အိန္ဒိယက ခွဲထွက်ပြီး အင်္ဂလိပ်ပါလီမန်က သီးခြားအုပ်ချုပ်ရေး ပြဒါန်းတယ်။  ၁၉၃၅  မြန်မာနိုင်ငံတော်စီရင်အုပ်ချုပ်မှု အက်ဥပဒေလို့ ခေါ်တယ်။   လွှတ်တော်ရှိတယ်။  ရွေးကောက်ပွဲက တင်မြှောက်တဲ့ မြန်မာတိုင်းရင်းသား အမတ်တွေရှိလာတယ်။ 

အင်္ဂလိပ်နဲ့ အိန္ဒိယ ကုန်သည်တွေက စေလွှတ်တဲ့ မိုးကျရွှေကိုယ် အမတ်တွေရှိလာတယ်။  မြန်မာလူမျိုး နန်ရင်းဝန်ခေါ်  ဝန်ကြီးချုပ်တွေ ရှိလာတယ်။  ဒါပေမယ့် ကိုလိုနီကျွန်စနစ် ဆိုတော့ ဘုရင်ခံက ဗီတိုအာဏာကိုင်ထားတယ်။ အရေးပါတဲ့ ဌာနတွေကို ဘုရင်ခံကိုယ်တိုင် စီမံခန့်ခွဲအုပ်ချုပ် ခဲ့တယ်။
  
  
 

( #စကားချပ် - ၁ ၂၀၀၈ အခြေခံဥပဒေဟာ စစ်ကျွန်စနစ်ဆိုတော့ အဲဒီပုံစံနဲ့ ဆင်တူတယ်။ )

-----------

ဂျပန်ဝင်တိုက်လို့ အင်္ဂလိပ်အစိုးရဟာ ၁၉၄၃ ဇွန်မှာ အိန္ဒိယနိုင်ငံ ဆင်းမလားတွင် ပြည်ပြေးအစိုးရ အဖြစ်ရုံးထိုင်တယ်။  ၁၉၄၅ မှာ ဗြိတိသျှများ ပြန်လည်ဝင်ရောက်လာပြီး  စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်တယ်။  ၁၉၄၆ ဇန်နဝါရီလမှာ ဗြိတိသျှဘုရင်ခံဆာဒေါ်မန်စမစ် က ဆာပေါ်ထွန်းကို မြန်မာနိုင်ငံ အမှုဆောင်ကောင်စီမှာ ဒုတိယ ဥက္ကဋ္ဌ ခန့်အပ်ပြီး အစိုးရဖွဲ့ခိုင်းပြီး အရပ်ဘက် အုပ်ချုပ်ရေး ထူထောင်တယ်။ ၁၉၃၅  မြန်မာနိုင်ငံတော်စီရင်အုပ်ချုပ်မှု အက်ဥပဒေ ပြန်လည်ကျင့်သုံးတယ်။
( photo - ဦးဖေခင် ကိုယ်တွေ့ပင်လုံ )




၁၉၄၆ စက်တင်ဘာမှာ ဖဆပလ ဦးဆောင်ပြီး ပုလိပ်နဲ့ ဝန်ထမ်းပေါင်းစုံ အထွေထွေသပိတ်မှောက်တယ်။  ဗြိတိသျှဘုရင်ခံဆာဒေါ်မန်စမစ် အင်္ဂလန်ပြန်ပြေးရတယ်။  ၁၉၄၆ အောက်တိုဘာမှာ ဗြိတိသျှဘုရင်ခံသစ် ဆာဟူးဘတ်ရန့်က ဖဆပလ အဖွဲ့၏ ဥက္ကဋ္ဌ ဗိုလ်ချုပ်အောင်ဆန်းကို  မြန်မာနိုင်ငံ အမှုဆောင်ကောင်စီမှာ ဒုတိယ ဥက္ကဋ္ဌ ခန့်အပ်ပြီး အစိုးရဖွဲ့ခိုင်းတယ်။ ဗိုလ်ချုပ်အောင်ဆန်းသည် ဝန်ကြီးချုပ် ဖြစ်သော်လည်း ဘုရင်ခံက ဗီတိုအာဏာကိုင်ထားတယ်။

 
 

၁၉၄၇ ဇန်နဝါရီ ၂၇ ရက်တွင်   ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗြိတိသျှ ဝန်ကြီးချုပ် အက်တလီ တို့သည် တနှစ်အတွင်း မြန်မာ့လွတ်လပ်ရေးကို ပေးရမည်ဖြစ်ကြောင်း သဘောတူစာချုပ် ချုပ်ဆိုတယ်။  ၁၉၄၇ ဖေဖော်ဝါရီ ၁၂ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် အခြားတိုင်းရင်းသား ခေါင်းဆောင်များနှင့် ပင်လုံညီလာခံမှာ  တောင်တန်း ပြည်မ ပူးပေါင်းရေး  စာချုပ်ချုပ်ဆိုတယ်။ 





















၁၉၄၇  ဧပြီတွင် အထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပတယ်။ ဖဆပလသည် နေရာ ၂၀၂ နေရာအနက် ၁၉၆ နေရာ နိုင်တယ်။ 

(#စကားချပ်  တိုင်ပြုပြည်ပြုလွှတ်တော်မှာ  အလုပ်သမားအစည်းအရုံး၊ လယ်သမားအစည်းအရုံး၊ လူငယ်အစည်းအရုံး၊ တို့ဗမာအစည်းအရုံး၊ ကျောင်းသားသမဂ၊ ဗြီတိသျှ မြန်မာပြည်တပ်မတော်၊ ပြည်သူ့ရဲဘော်တွေက ပါဝင်တာ မရှိဘူး။  ပြည်သူ့ရဲဘော်တွေဟာ ဖဆပလ နာမည်အောက်မှာ ရွေးကောက်ပွဲဝင်ပြီး ပြည်သူ့ ကိုယ်စားပြုတာ ဖြစ်တယ်။   CSO တွေ  ပါတီတွေ အသင်းအဖွဲ့တွေ သပိတ်ကော်မတီတွေ  ဟာ ပြည်သူက ရွေးကောက်မြှောက်တဲ့သူတွေ မဟုတ်လို့ပဲ။)

တိုင်းပြုပြည်ပြု လွှတ်တော် ကို ကျင်းပတယ်။  ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ရေးဆွဲတယ်။ တိုင်းပြုပြည်ပြု လွှတ်တော်မှာပဲ အတည်ပြုပြဒါန်းတယ်။

ပြည်သူ့ဆန္ဒခံယူပွဲ လုပ်ဖို့ မလိုဘူး။ ပြည်သူက  ဖဆပလအမတ်တွေကို ပြည်သူ့ ကိုယ်စား  အချုပ်အခြာအာဏာ အပ်နှင်းထားလို့ ဖြစ်တယ်


(#စကားချပ်   ၁၉၇၄ နဲ့ ၂၀၀၈ အခြေခံဥပဒေတွေကို  ပြည်သူ့ဆန္ဒခံယူပွဲ လုပ်ပြီး ပြဒါန်းတယ်လို့ သရုပ်ပြတာ ဘာကြောင့်လဲ။ ရေးဆွဲတဲ့ သူတွေဟာ  ပြည်သူ့ ကိုယ်စား အာဏာ အပ်နှင်းမခံရတဲ့ စစ်ဒမြတွေ ဖြစ်နေလို့ပဲ။  စစ်ဒမြတွေဟာ ဥပဒေပြဒါန်းခွင့်မရှိဘူး။ တရားမဝင်ဘူး။ ဒါကြောင့် ဟန်ပြ ပြည်သူ့ဆန္ဒခံယူပွဲ  လုပ်ရတာပါ)

၁၉၄၈ ဇန်နဝါရီလ  မှာ လွတ်လပ်ရေး ကြေညာတယ်။  ၁၉၃၅ မြန်မာပြည်အက်ဥပဒေသည် သက်တမ်းကုန်ဆုံးပြီး၊ ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေက စတင် အသက်ဝင်လာတယ်။


(#စကားချပ်၄  
▪️ ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသည်  ၁၉၃၅ မြန်မာပြည်အက်ဥပဒေ အောက်မှာ ကျင်းပတဲ့ ရွေးကောက်ပွံရလာဒ်က ပြည်သူ့အာဏာ အပ်နှင်းခံရတဲ့  လွှတ်တော်က ရေးဆွဲ ရုံသာမက အတည်ပြု ပြဒါန်းတာကို အထင်အရှားတွေ့ရမယ်။  ဒီအချက်ဟာ တရားဥပဒေဆိုင်ရာ  ထင်ရှားတဲ့ သက်သေဖြစ်တယ်။
၂၀၂၁  ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်သည်  ၂၀၀၈ အခြေခံဥပဒေအောက်မှာ ကျင်းပတဲ့  ရွေးကောက်ပွံရလာဒ်က ပြည်သူ့အာဏာ အပ်နှင်းခံရတဲ့  လွှတ်တော် CRPH က ရေးဆွဲ ရုံသာမက အတည်ပြု ပြဒါန်းတာကို တွေ့ရမယ်။ 

 ဘုရားအလောင်းမွေးလာတဲ့အခါ  မယ်တော် နတ်ရွာစံတာ ဓမ္မတာ ဖြစ်သလို...  အဿရထိုရ် မြင်း မွေးလာတဲ့ အခါ  မိခင် မြင်းမကြီး သေပေးရသလို...  CRPH  ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် မွေးဖွားလာတဲ့ အခါ  ၂၀၀၈ အခြေခံဥပဒေဟာ  သေဆုံးသွားရတယ်

ဘုရားအလောင်းဟာ မွေးလာတာ  ပဓာန အားဖြင့် ပါရမီတော်ကြောင့် ဖြစ်ပြီး သာမညအားဖြင့် မယ်တော်ကြောင့်ဖြစ်တယ် ။ အဿရထိုရ် မြင်း မွေးလာတာ  ပဓာန အားဖြင့် အတိတ်ကုသိုလ်ကြောင့် ဖြစ်ပြီး သာမညအားဖြင့်  မိခင်မြင်းမကြီး ကြောင့်ဖြစ်တယ်။   CRPH   မွေးလာတာ  ပဓာန အားဖြင့်  ပြည်သူက CRPH ကို လွှဲအပ်တဲ့ အချုပ်အခြာ အာဏာကြောင့် ဖြစ်ပြီး သာမညအားဖြင့်  ၂၀၂၀ ရွေးကောက်ပွဲ ကြောင့် ဖြစ်တယ်

▪️ ပြည်သူ့ အချုပ်အခြာအာဏာ ကို ကိုယ်စားပြုတဲ့ CRPH ဟာ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် သာမက ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်း ရေးဆွဲ / ပြဒါန်း အတည်ပြပေး နိုင်တဲ့ အာဏာရှိတယ်။

▪️ အခြေခံဥပဒေဆိုတာ ပုဒ်မတွေ အများကြီး ရေးထားပေမယ့်      အချုပ်အခြာအာဏာဟာ ပြည်သူထံက ဆင်းသက်ရတာ       မူလဘူတ အခြေခံ အချက်ဖြစ်တယ်။    ၁၉၄၇ အခြေခံဥပဒေ ပုဒ်မ ၃၊  ၁၉၆၂ အခြေခံဥပဒေ ပုဒ်မ ၁၂၊  ၂၀၀၈ အခြေခံဥပဒေ ပုဒ်မ  မှာ    "အချုပ်အခြာအာဏာသည် ပြည်သူထံတွင် တည်ရှိသည်။ ဆင်းသက်သည်။ " လို့     အချုပ်အခြာအာဏာ မူလပိုင်ရှင်ကို အတိအလင်း ဖော်ပြထားတယ်။
ရွေးကောက်ပွဲတွေဟာ ပြည်သူအများစုက တင်မြှောက်တဲ့ ကိုယ်စားလှယ်တွေကို   အချုပ်အခြာအာဏာကို လွှဲပြောင်းအပ်နှင်းတဲ့ ပွဲ ဖြစ်တယ်။ 


၁၉၄၈ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း  အပိုဒ် (၂၁) ပုဒ်ခွဲ (၃) " the will of the people shall be the basis of the authority of government " ပြည်သူလူထု  ဆန္ဒသည်သာ အစိုးရအာဏာ ရဲ့ အခြေခံ ဖြစ်တယ်လို့ ပြဒါန်းတယ်။ 
























ပင်လုံစာချုပ် အပုဒ် (၇) မှာ   " နယ်စပ်ဒေသများ၏ နယ်သူနယ်သားတို့သည် ဒီမိုကရေစီနိုင်ငံများတွင် အခြေခံများအဖြစ် အသိအမှတ်ပြုထားသော အခွင့်အရေးများတို့ကို ခံစားနိုင်ခွင့်ရှိစေရမည်။"  ဆိုတာ ဒီမိုကရေစီ အုပ်ချုပ်ရေးကို အတိအလင်းဖော်ပြထားတယ်။ 

ချာချီနဲ့ ရုစဗဲ့ လက်မှတ် မထိုးပဲ၊ အိလည်လည် ဖြစ်ခဲ့တဲ့ အတ္တလန္တိတ် ချာတာ မူကြမ်း  စည်းမျဉ်း နံပါတ် ၃ မှာ " All people had right to self- determination" လို့ ပါတယ်။ " ပြည်သူပြည်သားအားလုံး ( နိုင်ငံ၊ ဒေသလို့ မရေးဘူး) မှာ ကိုယ်ပိုင် ပြဒါန်းခွင့်ရှိရမယ် " လို့ ဆိုတယ်။ ( အဲဒီ ဂျင်းကို လက်ခံသူတွေ သိစေဖို့ သက်သက် ဖော်ပြတာပါ)

ကိုယ်ပိုင် ပြဒါန်းခွင့် ဆိုတာဟာ ဘုရင်တွေ၊ စစ်အာဏာရှင်တွေ၊ တပါတီအာဏာရှင်တွေရဲ့ တဦး တဖွဲ့ ရဲ့ ပြဒါန်းခွင့် မဟုတ်ဘူး။  အဲဒီ နယ်က အဲဒီဒေသက ပြည်သူ အများစုက တိုက်ရိုက် မဲပေးလို့ ဖြစ်စေ၊ ကိုယ်စားလှယ် တင်မြှောက်ပွဲက တဆင့် ဖြစ်စေ ပြဒါန်းတဲ့ အာဏာ ၃ ရပ်ကို ဆိုလိုတယ်။

ဒါကြောင့် ရွေးကောက်ပွဲ ရလာဒ်ဟာ  တန်ခိုးအာဏာရှိတယ်။ ဘယ်သူမှ ဖျက်ဆီးလို့မရဘူး။ ပြည်သူက နောက်ထပ် (လွတ်လပ်မျှတ စစ်မှန်တဲ့ ) ရွေးကောက်ပွဲတခုမှာပဲ အခြားတယောက်ကို လွှဲပြောင်းပေးနိုင်တယ်။ ပြည်သူမဟုတ်တဲ့ ဘယ်ဥပဒေ  ဘယ်ပုဂ္ဂိုလ်၊ ဘယ်အဖွဲ့အစည်းကမှ ဖျက်သိမ်းလို့မရဘူး။ ဘာပဲ ကြေညာပါစေ တရားမဝင်ဘူး

▪️ ကိုလိုနီ ၁၉၃၅ မြန်မာပြည်အစိုးရ အက်ဥပဒေ အောက်က ကျင်းပတဲ့ ကိုလိုနီခေတ် ၁၉၄၆ ရွေးကောက်ပွဲရလဒ်ကို ဆုပ်ကိုင်ပြီး တိုင်းပြုပြည်ပြု လွှတ်တော် ပေါ်ပေါက်လာတယ်။ ၁၉၄၇ အခြေခံဥပဒေ ပေါ်ပေါက်လာတယ်။ မြန်မာပြည် လွတ်လပ်ရေး ရခဲ့တယ် ဆိုတဲ့ သမိုင်းကြောင်းအရရော၊   ဥပဒေအရရော၊ တရားဝင်မှုအရရော အခိုင်အမာရှိနေပါလျက်နဲ့  စင်ပေါ်အတင်း တက်ဖို့ ကြိုးစားသူတွေဟာ ဒီခေတ်မှ ပေါ်လာတာ မဟုတ်ဘူး။ လွတ်လပ်ရေးခေတ်မှာလည်း ရှိခဲ့တယ်။ ဟောဒီ  ဗိုလ်ချုပ်အောင်ဆန်း အသက်ရှင်နေစဉ် (၂၉ မတ် ၁၉၄၇ ) ကာတွန်းလေးက ဖော်ညွန်းနေတယ်။





=============================================================

      
▪️ မအလ ဖက်တွယ်ထားတဲ့   ၂၀၀၈ အခြေခံဥပဒေ ရှုထောင့်က ပြောရင်တောင်

(နိုင်ငံတော်သမ္မတ  နဲ့  ယာယီသမ္မတ လုပ်ပိုင်ခွင့် ကွာခြားတာတခုထဲနဲ့ပဲ  ထောက်ပြလိုက်ရင် ....  အရေးပေါ်အခြေအနေအရ အာဏာလွှဲတယ် ဆိုတာ တရားမဝင်တာ သေချာပါတယ်။   ယာယီသမ္မတဆိုတာ .... ဘာလဲ။ ပုဒ်မ ၇၃  တခုနဲ့ပဲ သက်ဆိုင်တယ်။ ပုဒ်မ ၇၃ အရ ... ယာယီသမ္မတ လုပ်ပိုင်ခွင့်တခုပဲ ရှိတယ်။   နိုင်ငံတော်သမ္မတ ကွယ်လွန်လို့ ဖြစ်စေ၊ အခြားကိစ္စတခုခုကြောင့် ဖြစ်စေ တာဝန် မထမ်းဆောင်နိုင်ရင်   ...(  ဒုသမ္မတက ယာယီသမ္မတ အဖြစ် ) ပြည်ထောင်စုလွှတ်တော်ကို (ရက်အတွင်း အကြောင်းကြားပြီး၊ ပြည်ထောင်စုလွှတ်တော်က နိုင်ငံတော်သမ္မတအသစ် ကို (၂၁ရက်အတွင်း မဲပေး တင်မြှောက်ဖို့ ...  ယာယီသမ္မတ လုပ်ပိုင်ခွင့်တခု ပဲ ရှိတယ်။  ၂၁ ရက်အတွင်း ဒုသမ္မတက နိုင်ငံတော်သမ္မတ အာဏာယူစေလို့ ပြဒါန်းမထားဘူး။ 

(ပုဒ်မ ၃၉၈ အရ  နိုင်ငံတော်သမ္မတ သည် UEC ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို ဖွဲ့စည်းရမည်လို့ ပြဒါန်းထားတယ်။  ကာချုပ်က ဖွဲ့စည်းခွင့် မရှိဘူး။ ဒါကြောင့် မအလ လက်မှတ်ထိုးဖွဲ့စည်းတဲ့ သိန်းစိုး UEC ဟာ တရားမဝင်ဘူး။ 

(ပုဒ်မ ၄၀၂ အရ  ​UEC ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ အဆုံးအဖြတ်သည် အပြီးအသတ် အတည်ဖြစ်ရမည် လို့ ပြဒါန်းထားတယ်။ ဒါကြောင့်  ဦးဝင်းမြင့် ခန့်အပ်ထားတဲ့ ဦးလှသိန်း UEC က ဆုံးဖြတ်တဲ့ ၂၀၂၀ ရွေးကောက်ပွဲ ရလာဒ်က အတည်ပဲ။  ဘယ်သူမှ ဖျက်သိမ်းလို့မရဘူး။   

မအလ ခန့်ထားတဲ့ တရားမဝင် သိန်းစိုး UEC ၂၀၂၀ ရွေးကောက်ပွဲ ရလာဒ်ဟာ ပယ်ဖျက်တယ် လို့ ကြေညာတယ်။ ဒါဆိုရင် မေးခွန်းက ဘယ်ပုဒ်မနဲ့ အဲဒီကြေညာချက်က အတည်လို့ ပြောလို့ရမလဲ။  ပုဒ်မ ၄၀၂  ကြောင့်  ဦးလှသိန်း UEC ရဲ့ အဆုံးအဖြတ်က အတည် ဆိုရင်  သိန်းစိုး UEC ကြေညာချက်က ပယ်ဖျက်ခွင့် မရှိဘူး။ ဦးလှသိန်း UEC ရဲ့ အဆုံးအဖြတ်က အတည် မဟုတ်ဘူး ဆိုရင်  သိန်းစိုး UEC ကြေညာချက်ကလည်း အတည်မဟုတ်ဘူး။ အဆီအငေါ်မတည့်ပဲ သောက်ပေါကြီး လုံးလုံး ဖြစ်ပြီ။ 

ဒီတော့ မအလရော၊ စကစရော၊ သိန်းစိုး UEC ရော ... အကုန်လုံးဟာ ဥပေဒအရကို ဖောက်ဖျက် ပြီး သူပုန်ထနေတဲ့ နိုင်ငံတော်ပုန်ကန်မှုကြီး၊ အမျိုးသားသစ္စာဖောက်မှုကြီးကို ကျူးလွန်နေတာ ဖြစ်တယ်


































▪️ မအလ ဖက်တွယ်ထားတဲ့     ၂၀၀၈ အခြေခံဥပဒေကို ဖျက်သိမ်းတဲ့ တရားဝင် လမ်းကြောင်းက ပြောရရင်

 (၂၀၂၁ မတ်လ ၃၁ မှာ  CRPH ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကောာ်မတီက  ၂၀၀၈ ခြေခံဥပဒေကို ဖျက်သိမ်းလိုက်တယ်။ ဒါကြောင့် ၂၀၀၈ ခြေခံဥပဒေအောက်က UEC ရဲ့ လုပ်ပိုင်ခွင့်ဟာလည်း အလိုလို ဖျက်သိမ်းပြီးသား ဖြစ်တယ်

(၂၀၂၁ ဧပြီ  မှာ  CRPH ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကောာ်မတီက ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် အပိုင်း နဲ့  ကြားကာလ အုပ်ချုပ်ပုံဥပဒေ ကို ပြဒါန်းတယ်။  ၎င်း ထဲ မှာ UEC ရွေးကောက်ပွဲကော်မရှင် နဲ့ လုပ်ပိုင်ခွင့် လုံးဝ (လုံးဝမပါရှိဘူး

▪️ ဒါကြောင့်  သိန်းစိုး UEC အမည်ခံ တရားမဝင်အဖွဲ့က သောက်ရူးထပြီး ဘာတွေပဲ ကြေညာ ကြေညာ ... ဥပဒေကြောင်းအရ  ဘယ်ဘက်ကမှ... တရားမဝင်ဘူး။ သေနတ်ထောက်ပြီး ရမ်းချင်တိုင်းရမ်း လို့ရမယ်   လူလိမ် သူခိုး ဒမြ အဆင့်ထက် မပိုဘူး။ ဒမြဗိုလ် မအလနဲ့ လူလိမ် စိုးသိန်း ဆိုတာ ပြည်သူနဲ့ နိုင်ငံတကာက သိပါတယ်

Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား