ဖက်ဒရယ်ရေးရာ ဝန်ကြီးခင်ဗျား

ဖက်ဒရယ်ရေးရာ ဝန်ကြီးခင်ဗျား

ဝန်ကြီးရဲ့ပေ့ချ်မှာ လွန်ခဲ့တဲ့ လပေါင်းမျာစွာထဲက ကောမန့်ပေးဖူးပါတယ်။ မြန်မာပြည်သူတို့ကို ဖက်ဒရယ်အကြောင်း စာတမ်းလေး ရေးတင်နေရရုံနဲ့ မရပါ (လုံးဝမရပါ)

လူအများစုဟာ ပညာနည်းပါတယ်။ ပညာနည်းလို့ လေ့လာကြသလာဆိုတော့ အင်တာနက်ကို ဖေ့ဘုတ်လောက်ပဲ သုံးပါတယ်။ ရှာဖွေလေ့လာခြင်း အလျဉ်းမလုပ်ကြပါ

ဒီတော့ ဖက်ဒရယ်အကြောင်းကို မီဒီယာက နည်းလမ်းပေါင်းစုံနဲ့ ရှင်းလင်းဖို့၊ ကလေးကို စာသင်သလို သင်ဖို့ လိုတယ်လို့ ရေးခဲ့ပါတယ်။

ဝန်ကြီး မလုပ်ခဲ့ပါ။ မလုပ်နိုင်တာလည်း ဖြစ်နိုင်ပါတယ်။ ရုံးအဖွဲ့၊ စက်အဖွဲ့ မလုံလောက်တာ၊ စစ်ရေးဘက် အာရုံစိုက်နေတာမျိုး ဖြစ်နိုင်ပါတယ်

ဒါပေမယ့် အခုတော့ ဗြုန်းစားကြီး ကျားမြီး ဆွဲလိုက်ပါပြီ။ ဝန်ကြီးရေ လွှတ်ချလို့မရတော့ပါ။

မြန်မာလူမျိုးရော အခြားတိုင်းရင်းသားတွေပါ ဂျင်းသမိုင်းမျိုးစုံနဲ့ ကြီးပြင်းခဲ့တာပါ။  ပုဂံခေတ်ကစပြောရင် ရာဇဝင်ဒုတ်ထမ်းပြောရပါမယ်။ သမိုင်းသက်သေ မခိုင်မာတော့ပါ။ ဒီတော့ ၁၈၂၄ ကစပြီး လူမျိုးတွေရဲ့ ပျံ့နှံနေထိုင်ပုံ၊ အုပ်ချုပ်ရေးစနစ်၊ မြို့ပြနိုင်ငံ၊ အမျိုးသားနိုင်ငံတည်ရှိပုံတွေကို ( အင်္ဂလိပ်လို အခေါ်အဝေါ်နဲ့ တကွ) ပညာပေးဖို့ လိုပါတယ်

လူအများစုဟာ လွတ်လပ်ရေး အလံကို ဗမာနဲ့ တိုင်းရင်းသားများ ကိုယ်စားပြုတယ်လို့ အယူမှားနေကြတယ်။ ကြယ်ငါးပွင့် ဟာ ဝန်ရံခြင်း သဘောဆောင်ပြီး အလယ်က ကြယ်ဖြူကြီးဟာ ဖက်ဆစ်တေယ်လှန်ရေး ကြယ်ဖြူကြီး ဖြစ်တယ်လို့ မသိကြဘူး။ သိတဲ့လူတွေကလည်း ဖုံးဖိထားတယ်။ အဲဒီမှာ ဂျင်းတခု

နောက်တခုက ပြောရတာ အားနာပါတယ်။ ပင်လုံစာချုပ်မှာ မပါတဲ့၊ ၁၉၄၇ ခြေဥမှာ မပါတဲ့ အချက်တွေကို လိုရာဆွဲယူ ချဲ့ကားပြောနေတာတွေ ရှိတယ်။ ဗမာပြည်နယ် ဖွဲ့ရေး ဆိုတာ ပင်လုံစာချုပ်ရော ဗိုလ်ချုပ်အောင်ကတိမှာရော လုံးဝမပါဘူး။ ဘာကြောင့် အခြားတရသတွေ လိမ်နေကြတာလဲ

နောက်တခုက ပြည်နယ် ဆိုတဲ့ States ကိစ္စ။ တကယ်တော့ သမိုင်းမှာ states တွေဟာ ၁၄ ခု မကဘူး။ Federal Shan States မှာတင် စော်ဘွားတယောက် ပြည်နယ်တခု အုပ်ချုပ်ခဲ့တာပဲ။ ကရင်နီဆိုရင် ၅ ပြည်နယ်ရှိတယ်။ states ကို ဘာသာပြန်ရင် ဒေသ၊ နယ် ဆိုပြီး ဂျင်းထည့် ဘာသာပြန်ကြတယ်။ လိမ်ကြတယ်နော်

နောက်တခုက division ဆိုတဲ့ တိုင်း တွေဟာ နေဝင်းက ဖွဲ့ခဲ့တာ မဟုတ်ဘူး။ အင်္ဂလိပ်က သိမ်းပြီး ၁၈၈၅ ထဲက divisions တွေ ဖွဲ့ခဲ့တာ။ 

နောက်တခုက ပင်လုံစာချုပ်ချုပ်တဲ့အချိန်နဲ့ လွတ်လပ်ရေးနေ့အထိ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်တောင်မရှိဘူး။ ဗမာပြည်နယ်ဆိုတာ ဝေးရော။ ဒါကို လွတ်လပ်ရေးအလံမှာ ဗမာက အလယ်၊ ကရင်၊ကချင်၊ မွန်၊ရှမ်း၊ ရခိုင်က ဝန်းရံနေတာလို့ ပြောတာ ဂျင်းဆိုတာ အသိသာကြီးပါ။ 

ဒီတော့ မြန်မာစစ်အစိုးရအဆက်ဆက်၊ မြန်မာပညာတတ်အဆက်ဆက်၊ အခြားတရသပညာတတ် အဆက်ဆက် ဟာ ... ပြည်သူကို လိုရာစွဲ .. လိမ်ခဲ့ကြတယ်။ အားလုံးဟာ လူလိမ်တွေချည်းပဲ

လူလိမ် တွေကို လူလိမ်က ထပ်လိမ်တော့ ရှင်းမရတော့ဘူး

ဒီတော့ ဝန်ကြီးရေ ... အမှန်တရားကို သိအောင် .. လူတွေကို ...)  ငါးတန်းကလေး စာသင်သလို ) သင်ဖို့ လိုပြီ။  လူကြီးဆိုသူတွေကလည်း အသက်သာကြီးတာ ( စာ ရှည်ရင် မဖတ်ကြဘူး ) လူကြီး လူဖျင်းတွေများတယ်။ သူတို့ကို အထင်မကြီးနဲ့။ သူတိူ့လည်း ငါးတန်းကလေး တွေပဲ။ 

လူကြီး ဆိုတဲ့ အထဲမှာ နိုင်ငံရေး ခေါင်းဆောင်တွေပါ ပါတယ်။ သူတိူ့လည်း ဂျင်း ကြိုက်ကြတယ်။ ဂျင်းက လူမျိုးစွဲအခံနဲ့ ဖတ်ရင် အရသာရှိတာကိုး

Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား