မသိ မကောင်း၊ သိမကောင်း

မသိ မကောင်း၊ သိမကောင်း ▪️ ပထမ တိုင်းရင်းသား ဒေသတွေမှာ စစ်တပ်က ရက်စက် ယုတ်ကမ်းတာ ချဲ့ကားပြောတယ် ထင်မိတယ်။ တကယ်တမ်းကျတော့ သိတဲ့ သတင်းထက် ပိုဆိုးနေတာ ကိုယ်တွေ့ ကြုံရပြီ။
(မသိတော့ မကောင်းဘူး ) ▪️ အဲဒီတော့ တိုင်းရင်းသား နိုင်ငံရေး ပါတီတွေနဲ့ လက်နက်ကိုင်တွေကို အရမ်း လေးစားမိတယ်။ သူတိူ့ဟာ အနှစ် ၇၀ တိုက်ပွဲ ဝင်နေကြတာပါလား လို့ပေါ့။ NLD က တိုင်းရင်းသား ဒေသတွေမှာ ရွေးကောက်ပွဲတွေကို ဘာလို့ လက်မရှောင်ပေးသလဲ၊  တိုင်းရင်းသား ပါတီကလူတွေကို ဝန်ကြီးချုပ်ပေးရင် ရရက်သားနဲ့ NLD ထဲက တိုင်းရင်းသား ပါတီဝင်ကိုပဲ ရာထူးပေးတာလဲ .. စိတ်ခုမိတယ် ▪️ စစ်အာဏာသိမ်းရော အနှီ တိုင်းရင်းပါတီတွေဟာ ပြည်သူ့ဘက်က မရပ်တည်ပဲ မင်းသားခေါင်း ကျွတ်ကျပြီး ဘီလူးခေါင်းပေါ်လာတဲ့ မအလရဲ့ နစက ထဲ ရာထူးတွေယူ၊ စစ်ရဇဝတ်မှုကို တာဝန်ခံနေကြတာ ပထမဆုံး အံ့ဩမိတယ်။ ဒါကြောင့် NLD က တိုင်းရင်းသား နိုင်ငံရေး ပါတီတွေကို မယုံကြည်လို့ ရာထူးမပေးတာ၊ ရွေးကောက်ပွဲ လက်မရှောင်ပေးတာ သိလာရတယ်။ ▪️ နစကထဲ ရာထူးမယူပဲ ဘေးထိုင်နေကြတဲ့ တိုင်းရင်းသား နိုင်ငံရေး ပါတီတွေလည်း တွေ့ရတယ်။ သူတို့က ၂၀၀၈ ခြေဥကို ဆက်ကိုင်ပြီး PR နဲ့ ခွေးကတတ်က ပါရပါရ လိုက်မယ့် အချောင်သမားတွေ ဖြစ်နေပြန်တယ်။ တချို့က CRPH ပြည်ထောင်စု လွှတ်တော်ထဲ မပါရဲဘူး။ မအလ ဖမ်းမှာ ကြောက်ကြတယ်။ CRPHထဲသာ ဝင် မပါဝင်၊ မဆွေးနွေးတာ၊ CRPH ကို ဘေးက ဖောင်းထုနေတယ်။ CRPH က မြန်မာ (ဗမာ) တွေ အများဆုံး ဖြစ်နေတယ်တဲ့ ။ ဖြစ်မှာပေါ့ သူတို့မှ မပါတာ 😃😃။ ▪️ တိုင်းရင်းသား လက်နက်ကိုင်တွေ ကျတော့ သတ္တိကောင်းသလား ထင်မိပြန်ရော။ ဒါပေမယ့် ဟောဒီ သတင်းစာ မှတ်တမ်းတွေ တွေ့တော့မှ ဘာကြောင့် အနှစ် ၇၀ လက်နက်ကိုင်တာ မအောင်မြင်လဲ သိလာရတယ်။ ဖက်ဒရယ်အလံလွှင့်ထားတော့ တကယ်ကြီးလားပေါ့။ လက်စသတ်တော့ လူမျိုးရေး သက်သက် အခွင့်အရေး တမျိုးစီရရင် ကျေနပ်နေရောပဲ။ ဖက်ဒရယ်ဆိုတာ စုဖွဲ့  ပူးပေါင်း လုပ်ဆောင်ရတာလေ။ ၂၀၀၈ ခြေဥကို ရေးဆွဲခဲ့တဲ့ ညောင်နှစ်ပင်မှာ အိမ်ဖြည့်ပြီး မြန်မာစစ်တပ်နဲ့ အတူ နိုင်ငံတကာကို မျက်လှည့်ပြခဲ့တာ တွေ့ရတော​့ အရမ်းအံဩမင်သက်သွားတယ်။

( သိတာတွေက မကောင်းပြန်ဘူး) ▪️ ဒါကြောင့် အနှီ EAO ခေါ် တိုင်းရင်းသား လက်နက်ကိုင်တွေဟာ NCA ကို လက်မလွှတ်နိုင်ပဲ ၂၀၀၈ ခြေဥကို သံယောဇဉ် မပြတ်သေးတာ သိလာရတယ်။ ဖက်ဒရယ်ကို အသံကုန် ဟစ်နေကြတဲ့ တိုင်းရင်းသား အဖွဲ့တွေကြောင့် ပဲ ၊ ဖက်ဒရယ်နဲ့ ဝေး နေတာ တွေ့ရတော့ နိုင်ငံရေးကို မသိတာလည်း မကောင်းဘူး။ သိပြန်တော့လည်း မကောင်းတာတွေ များတယ်။ === ▪️ လက်နက်ကိုင်နည်းလမ်း မရွေးချယ်ခဲ့သော  principle သမား  ဒေါ်အောင်ဆန်းစုကြည်ဟာ  ▪️ principle  မရှိ ကတိမတည် တဦးအကျိုးကြည့်  ကိုယ်ကျိုးအတ္တသမား လက်နက်ကိုင်  စစ်အာဏာရှင်တွေ နဲ့  ▪️ principle  မခိုင်မာ လက်ငင်း တပွဲတိုး တဖွဲ့အကျိုးကြည့်  တိုင်းရင်းသား လက်နက်ကိုင်တွေအကြားက  ပြည်သူလူထု ထောက်ခံမှု soft power အားကိုးနဲ့  ဝင်ရောက် ညှိနှိုင်း ဖြန်ဖြေရင်း  ၊  လက်နက်အင်အား hard power တွေအကြား  ၊  ဆူးကြားက ဗူးခါး ဖြစ်ရရှာလေတယ်။ ဒိုင်ယာလော့ နိုင်ငံရေး ၊ အပွင့်ဆိုင် နိုင်ငံရေး၊ လွှတ်တော်နိုင်ငံရေးဟာလည်း ( စစ်တပ်သည် အမျိုးသား နိုင်ငံရေးကို ဦးဆောင်နေသရွေ့တော့)  သမင်မွေးရင်း ကျားစားရင်း ဖြစ်နေမှာပဲ။ ဒီ ဗီဒီယိုကို ကြည့်လိုက်ပါ။ ၁ နာရီစာ ရှိတယ်။ စိတ်မရှည်ရင် ကျော်ကြည့်ပါ။ ဒါပေမယ့် မှတ်တမ်း တခုချင်းတော့ မလွတ်ပါစေနဲ့။


၁၉၈၈ မှ ၂၀၂၁ အထိ ဒေါ်အောင်ဆန်းစုကြည်၊ NLD နဲ့ EAO တွေရဲ့  အမှန်နဲ့ အမှား သမိုင်းသက်သေတွေ စုစည်းထားတယ်

Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား