"ရန်သူကို မိတ်ဆွေ လုပ်"

 ငြိမ်းချမ်းရေးသမား ဆိုတော့ ဒဂုန်တာရာက ပြောတာကို တကွက်ချန်သွားတယ်


နိူင်ငံရေးဟာ "ရန်သူကို မိတ်ဆွေ လုပ်" တာပဲ 
မိတ်ဆွေလုပ်လို့မရတဲ့ ရန်သူကို  အနိုင်တိုက်ပစ်ရမယ်


မေတ္တတရားမှာ အထွတ်အထိပ်ဖြစ်တော်မူတု့ မြတ်စွာဘုရားဟာ အောင်ခြင်းရှစ်ပါးကို ဘာနဲ့ အောင်မြင်ခဲ့သလဲ

နန္ဒောပနန္ဒနဂါးမင်းကို ရှင်မဟာမေဂ္ဂလန်နဲ့ တန်ခိုးနဲ့ ဖိနှိပ်အနိုင်ယူရတာ 
ဇိဉ္စမာန မိန်းမယုတ်ကို သိကြားမင်းရဲ့  အမှန်ဖော်ထုတ်ရေး ကြွက်ဟန် စစ်ဆင်ရေးနဲ့ အနိုင်ယူရတာ။
သစ္စကပုရိဗိုဒ်ကို သီကြားမင်းက အဝိဇိန်နဲ့ ရွယ်ပြီး ခေါင်းကို ရှစ်စိတ်ခွဲအံ့ လို့ လက်နက်နဲ့ ခြိမ်းခြောက်ပြီး အနိုင်ယူရတာ ။
​မာရ်နတ်ကို မြေစောင့်နတ်မင်းရဲ့  ရေတပ်ကြီး စစ်ချီလာပြီးမှ အနိုင်ယူရတာ


ဒေဝဒတ်ကို ရင်ကြားမစေ့ဘူး။ 
လူမိုက်ကို ဝေးစွာရှောင်ဖို့ပဲ ဟောတယ်။
" လူမိုက် မရှိဘူး ။ မိတ်ဆွေပဲ ရှိတယ်" လို့ မဟောဘူး


ဒဂုန်တာရာဟာ ပုထုဇဉ်ဖြစ်တယ်။ ပုထုဇဉ်တို့ သဘာဝ သူ့လိုင်းပေါ်က သူ့ဝါဒကို ပြောတာ။   

သူ့ဝါဒဟာ  သူတော်စိတ်ထား နိုင်ငံရေးသမားစစ်စစ်တွေအတွက် မှန်ကောင်း မှန်နိုင်ပေမယ့်၊ မိစ္ဆာ မအလစစ်တပ်ကို  သူ့ဝါဒနဲ့ သွား ပြောရင်  ကျားကို သတ်သတ်လွတ်စားဖို့ တရားချရင် ကျားစာမိတယ်။ တကယ်လည်း ကျားစာမိခဲ့တာပဲ။  


ဂန္ဓီကို အားကျတဲ့ မေတ္တာရှင် ဒေါ်စု ၂ ကြိမ် ၂ ခါ ကျားစားခံခဲ့ပြီးပြီ။  ဂန္ဒီရင်ဆိုင်ရတာ လူစိတ်နည်းနည်းရှိတဲ့ အင်္ဂလိပ်။ ဒေါ်စုရင်ဆိုင်ရတာက  ဘာကောင်တွေလဲ

Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား