အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ဖက်ဒရယ်အခြေခံမူ (၆) ချက်

မအလက အာဏာလုတဲ့ အကြောင်းရင်း တချက်က ဟောဒီ မူ ၆ ချက်ကို မလုပ်ချင်လို့ပဲ။ 

လုပ်လိုက်ရင် စစ်အာဏာလျော့ကျသွားမယ်။ 


မအလသာ ဖက်ဒရယ်ကို လိုလားရင် နှစ်ကိုယ်ကြား တိုးတိုးတိတ်တိတ် တွေ့စရာ မလိုပါဘူး။ NLD လို မူဝါဒ ကြေညာချက်ထုတ်ပြန်ပြီး အချိန်ဇယား အတိအကျနဲ့ ( ပုဂ္ဂလကြေညာချက် မဟုတ်၊ တပ်မတော် ရဲ့ ကြေညာချက် ) ဆိုပြီး ကတိပေးလိုက်တာ ကြာပြီ။ ဒီနေ့ သတင်းတခုတက်လာတယ်။ မအလက "လက်ရှိ အုပ်ချုပ်မှုပုံစံက ဖက်ဒရယ်ဖြစ်ပါတယ်" လို့ ပြောတယ်တဲ့  အခြား ပုဒ်မတွေ မပြောသေးဘူး။ ပုဒ်မ () " တပ်မတော်သည် အမျိုးသားနိုင်ငံရေးမှာ ဦးဆောင်မည် "ဆိုတဲ့  ပုဒ်မ တခုထဲနဲ့တင် နောက်နေ့ မနက်မိုးလင်းရင် လောကကြီး ဇောက်ထိုး ဖြစ်သွားနိုင်တယ်။ ဖြစ်လည်း ဖြစ်ခဲ့တာပဲ။


၁၉၆၂ နေဝင်းတပ် အာဏာသိမ်းပြီးစ မြန်မာအစိုးရကို ဘယ်လို ပုတ်ခတ်ပြီး ဖက်ဒရယ်ကို ဘယ်လို သဘောထားတယ် ဆိုတာပြနေတဲ့ ကာတွန်းတခု။ ဖဆပလ ဦနု အစိုးရ ရော၊ NLD ဒေါ်စုအစိုးရရော  ( တိုင်းရင်းသားတွေ အခေါ်  ဗမာအစိုးရ) ဖက်ဒရယ်ကို အစစ်အမှန်လုပ်တော့မယ် ဆိုတိုင်း အာဏာသိမ်းခံရတာချည်းပဲ။ စစ်တပ်လက်ကိုင်ပြီး အာဏာဆုပ်ကိုင်ထာမယ့် ကာချုပ်အဆက်ဆက်ဟာ ကမ္ဘာ နိုင်ငံရေး ဇာတ်ခုံပေါ် ဝင်တိုးဖို့ ဆိုရှယ်လစ်အတု၊ ဒီမိုကရေစီအတု၊ ဖက်ဒရယ်အတု အမျိုးသားရေးအတုတွေနဲ့ လှည့်ဖျားနေဦးမှာဲ။


မအလ ရဲ့ ဖဲ့ခြွေ ခွဲခြားရေး ပုံစံဟာ ( ၂၀၁၅ တုန်းက NLD က all inclusive မဟုတ်လို့  ဆန္ဒစောပြီး လက်မှတ်မထိုး စေချင်တဲ့) NCA လိုပဲ၊  အချင်းချင်း ခွဲထုတ် ကစားတဲ့ နည်းနာပဲ။ NCA ကြောင့် ၂၁ ပင်လုံညီလာခံမှာ တက်ခွင့် မတက်ခွင့် ပြဿနာတက်ခဲ့ပြီးပြီမလား။


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ဖက်ဒရယ်အခြေခံမူ (၆) ချက်

==========================================





 အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ဖက်ဒရယ်အခြေခံမူ (၆) ချက်ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က  ၂၀၁၉၊ အောက် တိုဘာ (၂၈) ရက်နေ့  "တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)"  (၄) နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားတွင်  အောက်ပါအတိုင်း   တိုင်းသိပြည်သိတရားဝင်ကြေညာခဲ့ ပါသည်။


(၁) စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုုစနစ်ကို ထူထောင်ရမယ်။


 [  နိုင်ငံတော်ကို ဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စုစနစ် ဖြင့် ထူထောင်ရမည် ။]


(၂) ဖက်ဒရယ်စနစ်နှင့်အညီ အာဏာခွဲဝေမှုရှိရမယ်။


 [ ပြည်ထောင်စုနှင့်ပြည်နယ်အကြား အာဏာခွဲဝေမှုရှိရမည်ဟူသော အချက်ကို  ရှင်းလင်းပြတ်သားစွာ တင်ပြခြင်း ဖြစ်သည်။]


(၃) သယံဇာတခွဲဝေမှုနှင့် အခွန်ဘဏ္ဍာ ခွဲဝေမှုရှိရမယ်။


 [  စစ်မှန်သောဖက်ဒရယ်စနစ်တွင် မရှိမဖြစ် လိုအပ်သော Fiscal Federalism အခြေခံမူကို လက်ခံသဘောတူပေးခြင်းဖြစ်သည်။]


(၄) ဖက်ဒရယ်ယူနစ်တွေအားလုံး တန်းတူရည်တူရှိရမယ်။


 [  တိုင်းရင်းသားလူမျိုးများ နှစ်ပေါင်း (၇၀) ကြာ လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲ၍ တောင်းဆိုခဲ့သော "ပြည်ထောင်စုအဖွဲ့ ဝင်ပြည်နယ်အားလုံး နိုင်ငံရေးအာဏာ တန်းတူရည်တူပေး ရမည်ဆိုသည့် အမျိုးသားတန်းတူရေး" ပင်ဖြစ်ပါသည်။]


(၅) ပြည်နယ်တွေမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံနိုင်တဲ့ ကိုယ်ပိုင်ဥပဒေတွေရှိရမယ်။


 [တိုင်းရင်းသားလူမျိုးများ နှစ်ပေါင်း (၇၀) ကျော် တောင်းဆိုခဲ့သည့် တောင်းဆိုချက် အားလုံး၏ အနှစ်ချုပ်ပင်ဖြစ်ပါသည်။ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုစနစ်ဆိုသည်မှာ ပြည် ထောင်စုအဖွဲ့ဝင်ပြည်နယ်များကို ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပေးထားသောစနစ်ဖြစ်သည်။ ပြည်နယ်များ တွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိခြင်း၊ မရှိခြင်းသည် ထိုပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များအတွက် ပြည် နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ (ဝါ) ပြည်နယ်များ၏ ကိုယ်ပိုင်အခြေခံဥပဒေရှိခြင်း၊ မရှိခြင်းအပေါ်တွင် မူတည်ပါသည်။ ထို့ကြောင့် ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များ၏ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းခွင့်ရှိခြင်းသည် တိုင်းရင်းသားလူမျိုးများ နှစ် (၇၀) ကျော်ကြာတောင်းဆိုခဲ့သော တောင်းဆိုချက်ကို လက်ခံသဘောတူလိုက်ခြင်းပင်ဖြစ်သည်။ ထို့အပြင် ပင်လုံစာချုပ် အပိုဒ် (၅) ပါ သဘောတူညီချက်ကို အပြည့်အဝအကောင်အထည်ဖော်ရန် လမ်းစဖွင့်ခြင်းလည်း ဖြစ်ပါသည်။]


() ပြည်နယ်တွေရဲ့ အာဏာတွေကို ခွဲဝေကျင့်သုံးတဲ့အခါ ပြည်သူလူထုကို အခြေခံရမယ်။


 [  ပင်လုံစာချုပ် အပိုဒ် () တွင် ဖော်ပြထားသော ဒီမိုကရေစီစနစ်ကို အကောင်အထည် ဖော်ခြင်းပင် ဖြစ်ပါသည်။ ဒီမိုကရေစီစနစ်တွင် အာဏာသည် လူထုထံတွင်ရှိသည်။ ထို့ကြောင့် အာဏာ များကို ခွဲဝေကျင့်သုံးသောအခါ ပြည်သူလူထုကို အခြေခံရမယ်ဆိုခြင်းသည် ဒီမိုကရေစီစနစ်ကို အခြေခံသော ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ရမည်ဟု နားလည်နိုင်ပါသည်။]




Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား