ပြည်သူ့ရဲဘော်အဖွဲ့

 


 

လူအများထင်နေသလို ယနေ့ မအလစစ်တပ်ဟာ ဦးအောင်ဆန်း ထူထောင်တဲ့ ဗမာ့တပ်မတော် မဟုတ်ပါ။ 
ကန္ဒီစာချုပ်အရ မူလဗမာ့တပ်မတော် (BIA, BDA, BNA, BPF) ကို ဖျက်သိမ်းပြီး စစ်သည် ၅၅၀၀ ဟာ ဗြိတိသျှ မြန်မာပြည်တပ်မတော်အောက်မှာ ဗမာ့သေနတ်ကိုင် (ဘားမားရိုင်ဖယ်) တပ် ထဲ ဝင်ကြပါတယ်။  



မူလပင်မ ဗမာ့တပ်မတော်ဟာ ပြည်သူ့ရဲဘော်အဖွဲ့ အဖြစ် ဦးအောင်ဆန်းရဲ့ ဖဆပလ လက်အောက်ခံ တပ် ဖြစ်သွားပါတယ်။ တပ်ဖွဲ့ ဆိုသော်လည်း  အင်္ဂလိပ်ဥပဒေအရ လက်နက်ကိုင်ခွင့်မရှိပါ။  ခိုးကိုင်ပါတယ်။
အင်္ဂလိပ်လက်အောက်ခံ  BPF ဟာ ဖဆပလက နုတ်ထွက်သွားပါတယ်။ ဦးအောင်ဆန်း က အရပ်သား ဖြစ်သွားပါတယ်။  

နောက်ပိုင်း ဦးအောင်ဆန်း ဝတ်တဲ့ စစ်ဝတ်စုံဟာ မြန်မာပြည်တပ်မတော် ဝတ်စုံ မဟုတ်ဘူး။ ပြည်သူ့ရဲဘော် ဝတ်စုံ ဖြစ်ပါတယ်  ။ ပခုံး ဒေါက်မှာ ရာထူးအဆင့် မပါဘူး။ လက်မောင်းဘက်မှာ တပ်တံဆိပ်မပါဘူး။ ပလိန်း သက်သက်ပဲ။


ပြည်သူ့ရဲဘော်တွေ ထမ်းချခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းစျာပန















လွတ်လပ်ရေး ရပြီးနောက် ဦးအောင်ဆန်း ရဲ့ ပြည်သူ့ရဲဘော်ဟာ နေဝင်းကို ဆန့်ကျင်ပါတယ်။ တောခိုပါတယ်။ တချို့ လက်နက်ချပါတယ်။ တချို့ ဗကပဖြစ်သွားပါတယ်

မြန်မာပြည်တပ်မတော်ကို အင်္ဂလိပ်လက်အောက်ခံလို့ ပြောရခြင်းက သက်သေ ၂ ခု ရှိပါတယ်။   BC နံပါတ်လို့ ခေါ်တဲ့ Burma Commission နံပါတ် ဟာ အင်္ဂလိပ်ဘုရင် လစာစားသူတွေကို ထုတ်ပေးတာပါ။  Burma Commission (BC) နံပါတ်တွေဟာ  ကြည်း  ရာရှိတွေရဲ့ကိုယ်ပိုင်နံပါတ်တွေဖြစ်လာပါတယ်။

ယနေ့ ရေတပ်နဲ လေတပ်ဟာ အင်္ဂလိပ်ဘုရင်ခံ ဆာဟူးဘက်ရန့် အမိန့်နဲ့ ဖွဲ့စည်းပေးတာပါ။ ကြေညာချက် သက်သေရှိတယ်။ 
👉
မအလတပ်ရော တရသ ERO တွေပါ ဝမ်းနဲ့ လေ မကွဲပဲ ရောထွေး ဝါဒဖြန့်နေတာက

▪️ အနော်ရထာရဲ့ မြန်မာ့တပ်မတော် 
ဘုရင့်နောင်ရဲ့ မြန်မာ့တပ်မတော်
အလောင်းဘုရားရဲ့ မြန်မာ့တပ်မတော် ( ၁၈၈၅ နိုဝင်ဘာ ၂၇ မှာ အင်းဝတွင် လက်နက်ချ) 



▪ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဗမာ့တပ်မတော် ၄ ခု
BIA ဗမာ့လွတ်လပ်ရေးတပ်မတော်၊ 

BDA ဗမာ့ကာကွယ်ရေးတပ်မတော်၊ 
BNA ဗမာ့အမျိုးသား တပ်မတော်၊ 
PBF မျိုးချစ် ဗမာ့တပ်မတော်


▪️ အင်္ဂလိပ်ရဲ့ မြန်မာပြည်တပ်မတော် BA (Burma Army)

( အင်္ဂလိပ်က Burma ကို မြန်မာလို့ပဲ ဘာသာပြန်တယ်။ အင်္ဂလိပ်အစိုးရထုတ် ဂေဇက်တွေကို ပြန်ကြည့်)
ကိုလိုနီခေတ်မှာ ကရင်၊ ကချင် ၊ ဂေါ်ရခါး၊ ချင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ရိုင်ဖယ် တပ်ရင်း တွေပါ။ ကန္ဒီစာချုပ်အရ  PBF မျိုးချစ် ဗမာ့တပ်မတော်က ၅၅၀၀ ကို လက်ခံပြီး ရိုင်ဖယ်တပ်ရင်း တိုးချဲ့ ဖွဲ့စည်း။ ဘုရင်ခံ ဆာဟူးဘက်ရန့်နဲ့ ဗိုလ်ချုပ် သောမတ်က အုပ်ချုပ်တယ်။ ဗိုလ်လက်ျာ၊ ဗိုလ်နေဝင်း တို့က သူတို့ လက်အောက်မှာပါ။ 

▪️ မောင်ဆောင်းခရဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)

မောင်ဆောင်းခဟာ လူမျိုးအမည်ကို  မြန်မာ/ ဗမာ မကွဲတဲ့ သမိုင်း အခြေခံ ပညာရည် နိမ့်ပါးသူ ဖြစ်တယ်။ နေဝင်းရဲ့ သမိုင်းလိမ် ဗမာလူမျိုးကို သုံးစွဲနေတာ အင်မတန် ရှော်တယ်။ ဆယ်လီ တယောက် ရှော်ရင် ရှင်းရခက်တယ်။ မြန်မာစစ်တပ်ကို တော်လှန်ရင်း နေဝင်း ဂျင်းစားနေတာ အင်မတန် ရှက်စရာကောင်းတယ်။


အဲဒီ တပ်တွေဟာ ဖွဲ့စည်းမှုရော ၊ မူဝါဒရော အတူတူမဟုတ်ဘူး။  

မအလတပ်ရော တရသ ERO တွေပါ  ( မြန်မာ/ ဗမာ နာမည်မြင်တိုင်း)  ယနေ့ ဗမာ ( မြန်မာ) စစ်တပ်နဲ့ အတူတူပဲလို့ ဝါးလုံးချီးသုတ် ပြောဆိုနေတာ ဖြစ်တယ်။

ဒီလူတွေပဲ ပြန်ပါတာလို့ အငေါ်တူးရင် တိုင်းရင်းသားတပ် ERO ခေါင်းဆောင်တွေရော မူလဘယ်တပ်က လာပြီး နောက် ဘယ်တပ်ခေါင်းဆောင် ဖြစ်သွားသလဲလို့ ပြန်မေးခွင့်ပေးရမယ်၊။ သက်ရှိထင်ရှားတွေ ရှိသေးတယ်။ အားနာလို့ နာမည်မပြောတော့ဘူးနော်

-----------------------------------------

ပြည်သူ့ရဲဘော်အဖွဲ့
ပြည်သူ့ရဲဘော်အဖွဲ့ သည် ၁၉၄၅၊ ဒီဇင်ဘာ-၁ ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်မှုနဲ့ စတင်ဖွဲ့စည်း ပေါ်ပေါက် လာခြင်း ဖြစ်သည်။ ၇-၉-၁၉၄၅ နေ့ ဂန္ဒီ စာချုပ်အရ တပ်မတော်ကို ပြန်လည်ဖွဲ့စည်းရတဲ့အခါ အကြောင်းအမျိုးမျိုး ကြောင့် ဗြိတိသျှ မြန်မာ့ပြည်တပ်မတော် မှာပါဝင်ခွင့်မရတော့တဲ့ BPF ရဲဘော် ၂၅၀၀၀ ကျော်ကို ဆက်လက် စုစည်းထားနိုင်ရေး နဲ့ ဗမာပြည် လွတ်လပ်ရေး တိုက်ပွဲမှာ ဆက်လက်ပါဝင် လှုပ်ရှားနိုင်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ကမကထပြု ပါဝင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

စတင်ဖွဲ့စည်းစ ဖွဲ့စည်းပုံမှာ
ဗိုလ်ချုပ်အောင်ဆန်း - တပ်ဖွဲ့သေနာပတိ
ဗိုလ်မှူးအောင် - ဒု-တပ်ဖွဲ့သေနာပတိ
ဗိုလ်ထွန်းလင်း - အထွေထွေဌာနကြီးမှူး
ဗိုလ်လရောင် - ကော်မတီဝင်
ဗိုလ်ဖိုးကွန်း - ကော်မတီဝင်
ဗိုလ်ဗတင် - ကော်မတီဝင်
ဗိုလ်လှအေး - ကော်မတီဝင်
ဗိုလ်တင်အုန်း - ကော်မတီဝင်
ဗိုလ်သိန်းတန် - ကော်မတီဝင်
ဗိုလ်အောင်မင်း - ကော်မတီဝင်
ဗိုလ်ပု - ကော်မတီဝင်
တို့ ဖြစ်ကြပါတယ်။
တရားဝင် ထုတ်ပြန်ကြေညာခဲ့တဲ့ ရည်ရွယ်ချက် များကတော့

ဗမာ့တပ်မတော်မှ ရဲဘော်ဟောင်းများအား ထိုက်သင့်သလို အထောက်ပံ့ပေးရန်။
နိုင်ငံကာကွယ်ရေး အတွက် စစ်တပ်ကိုတိုးချဲ့သည့် အခါ၌ လည်းကောင်း၊ အရန်တပ်ဖွဲ့များဖွဲ့သည့် အခါ၌ လည်းကောင်း ကျန်းမာ သန်စွမ်းပြီး စစ်ပညာ ဝါသနာ ပါသည့် ရဲဘော်ဟောင်းများ ပါဝင်ခွင့်ရစေရန်။
ရရှိပြီး စစ်ပညာများ မမေ့ပျောက်စေပဲ ထပ်မံလေ့ကျင့်စေ၍ ပြည်သူများကို တတ်နိုင်သမျှ စစ်ပညာ သင်ပေးရန်။
အရပ်ကင်းများဖွဲ့ပြီး အစိုးရ အဖွဲ့အစည်း ပြည်သူတို့ နှင့် ပူးပေါင်း၍ သူခိုးဓားပြရန်နှိမ်နှင်းခြင်း စသည့် ပြည်သူ့ အကျိုးပြု လုပ်ငန်းများ လုပ်ရန်လို့ ဖော်ပြခဲ့သည်။

ပြည်သူ့ရဲဘော်တပ်ဖွဲ့ကို စစ်တပ်ဖွဲ့စည်းပုံအတိုင်း ဖွဲ့စည်းခဲ့ပြီး စစ်ဝတ်စုံများ ဝတ်ဆင်စေကာ စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။ (နယ်ချဲ့အင်္ဂလိပ် လက်အောက် (၁၈-၅-၁၉၄၆ ထန်းတပင် အရေးအခင်း) ဖြစ်ပေါ်ခဲ့ရတာဟာ ထန်းတပင် ပြည်သူ့ရဲဘော်များ စစ်ဝတ်စုံဝတ် စစ်ရေးပြမှုကို တားဆီးပိတ်ပင် ဖမ်းဆီးရာက ပြည်သူ့ရဲဘော်များနဲ့လယ်သမားများပါ စီတန်းလှည့်လည်ဆန္ဒပြကြခြင်းကို အင်္ဂလိပ်အစိုးရက သေနတ်နဲ့ ပစ်ခတ် ဖြိုခွဲခဲ့တာကြောင့် ပေါ်ပေါက် ခဲ့ရခြင်း ဖြစ်သည်)။ ‘ပြည်သူ့ရဲဘော်’ ဟာ ဖဆပလ တပ်ပေါင်းစု အဖွဲ့ချုပ်ကြီးအတွင်း ဗမာပြည် ကွန်မြူနစ်ပါတီ၊ ဗမာပြည် ဆိုရှယ်လစ် ပါတီ တို့နည်းတူ အမာခံအင်အားစုတခုအဖြစ် ပါဝင်ခဲ့ပါတယ်။ အင်္ဂလိပ်နယ်ချဲ့အစိုးရ ကတော့ ‘ပြည်သူ့ရဲဘော်’ ကို ‘ဖဆပလ’ ရဲ့ ခါးပိုက်ဆောင်တပ်ဖွဲ့အဖြစ် ရှုမြင်ခဲ့သည်။

ပြည်သူ့ရဲဘော်အဖွဲ့အတွင်းမှာ ဗမာပြည်ကွန်မြူနစ်ပါတီကို လိုလားထောက်ခံသူတွေရော ဆိုရှယ်လစ် ပါတီကို လိုလားထောက်ခံသူတွေပါ ပါဝင်ခဲ့သလို ရဲဘော်ဟောင်းတွေရော နောက်မှဝင်ရောက်ပါဝင်လာသူ တွေပါရှိနေခဲ့ပြီး အရေးပါတဲ့အဖွဲ့အစည်းကြီးတရပ် ဖြစ်လာခဲ့ပါတယ်။ အဖွဲ့ဝင်အင်အားလည်း အင်မတန် များပြားခဲ့ပါတယ်။ ဗိုလ်ချုပ် အောင်ဆန်းဦးဆောင်မှုအောက်မှာ ‘ပြည်သူ့ရဲဘော်’ များဟာ နယ်ချဲ့ ဆန့်ကျင်ရေး လွတ်လပ်ရေးလှုပ်ရှားမှု လူထု တိုက်ပွဲတွေအတွင်း ပါဝင်ခဲ့ကြပါတယ်။

၁၉၄၆၊ စက်တင်ဘာ-၂၇ ရက်မှာ ဗိုလ်ချုပ်အောင်ဆန်းဟာ ဘုရင်ခံအမှုဆောင်ကောင်စီမှာ ဒု-ဥက္ကဋ္ဌ ဖြစ်လာပြီးတဲ့နောက် ပြည်သူ့ရဲဘော်အဖွဲ့ကြီး ဩဇာပိုတက်လာသလို ဖဆပလ အတွင်းရှိ ပြည်သူ့ရဲဘော်နဲ့ ဆိုရှယ်လစ်များရဲ့ ပဋိပက္ခဟာလည်း ပိုမိုကြီးမားလာခဲ့သည်။ 

၁၉၄၆၊ အောက်တိုဘာ-၁၀ ရက်နေ့မှာ ဖဆပလ အဖွဲ့ချုပ်ကြီး အတွင်းကနေ ဗမာပြည် ကွန်မြူနစ်ပါတီ ကို ထုတ်ပယ်ပစ်လိုက်တဲ့ကိစ္စနဲ့ စက်တင်ဘာအတွင်းကထုတ်ပြန်ခဲ့တဲ့ ပြည်သူ့ရဲဘော်တပ်ဖွဲ့ ရဲ့ အထွေထွေ ညွှန်ကြားချက် အမှတ် (၄) နဲ့ အမှတ် (၆) အပေါ် မကျေလည် လက်မခံနိုင်မှုများကြောင့် ပထမဆုံးအကြိမ် ပြည်သူ့ရဲဘော် အဖွဲ့ အတွင်း ပြိုကွဲမှုကြီး ဖြစ်ပေါ်လာခဲ့ပါတယ်။ (ညွှန်ကြားချက် အမှတ် ၄ နဲ့ အမှတ် ၆ ကတော့ ‘ပြည်သူ့ရဲဘော်တပ်ဖွဲ့ဟာ နိုင်ငံရေးပါတီများ က သီးခြား ဆောင်ရွက်သော လုပ်ငန်းများတွင် ပါဝင်ဆောင် ရွက်ခြင်းမရှိစေရ’ ဆိုတဲ့ တားမြစ်ချက် ဖြစ်သည်။)

၁၉၄၆၊ အောက်တိုဘာ-၁၀ ရက်နေ့နောက်ပိုင်း ဗိုလ်သိန်းတန်၊ ဗိုလ်အောင်မင်းတို့ ဦးစီးပြီး ပြည်သူ့ရဲဘော်က နေခွဲထွက်ပြီး ‘တပ်နီ’ အဖြစ် ထောင်ပါတယ်။ ဗိုလ်သိန်းတန်၊ ဗိုလ်အောင်မင်းတို့နဲ့အတူ ဗိုလ်ပု၊ ဗိုလ်မျိုးမြင့်၊ ဗိုလ်အုံးကျော်၊ ဗိုလ်အောင်ကြီး (ဟင်္သာတ) တို့ ပါဝင်ကြပါတယ်။

၁၉၄၇၊ ဧပြီလ တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲမှာ ‘ပြည်သူ့ရဲဘော်’ များလည်း ဝင်ရောက် ရွေးချယ်ခံ ခဲ့ကြပြီး တိုင်းပြုပြည်ပြု လွှတ်တော်အမတ်ဖြစ်လာကြသူတွေ အများအပြားရှိခဲ့ယုံမက ယာယီအစိုးရ အဖွဲ့မှာ ဝန်ကြီး ဖြစ်ခဲ့သူတွေလည်း ရှိခဲ့ပါတယ်။


ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးရပြီးနောက် ဗမာပြည် လွတ်လပ်ရေးကြေညာနိုင်ပြီးနောက် ဖဆပလ အတွင်းမှာ ဆိုရှယ်လစ် ပြည်သူ့ရဲဘော်အားပြိုင်မှု အထွတ်အထိပ်ရောက်လာခဲ့ပါတယ်။ ပြည်တွင်းစစ်ကြီး စတင်ခဲ့ရပြီးနောက် ၁၉၄၈၊ မေလမှာ လက်ဝဲညီညွတ်ရေးမူ ရုပ်လုံး ဖော်ကြတဲ့အခါ ‘နုမူ’ နဲ့ ‘ရဲဘော်မူ’ ဆိုပြီး မူ (၂) မူ ထွက်ပေါ်လာခဲ့ပါတယ်။ 

အဲဒီမူ (၂) မူအပေါ် ရပ်တည်ဆုပ်ကိုင်မှုမတူကြရာက ပြည်သူ့ရဲဘော်တပ်ဖွဲ့ အတွင်း ရဲဘော်ဖြူ-ရဲဘော်ဝါ နှစ်ခြမ်းကွဲပါတယ်။ ရဲဘော်ဖြူဆိုတာက လက်မောင်းမှာ ဦးထုပ်မှာ အဖြူပတ် ထားတဲ့အတွက် ရဲဘော်ဖြူလို့ ခေါ်တာဖြစ်ပြီး၊ ရဲဘော်ဝါကတော့ လက်မောင်းမှာ ဦးထုပ်မှာ အဝါပတ်ထားပါတယ်။ ရဲဘော်ဖြူကို ဗိုလ်ဖိုးကွန်း၊ ဗိုလ်ထိန်ဝင်း၊ ဗိုလ်ထွန်းလင်း တို့ခေါင်းဆောင်ပြီး၊ ရဲဘော်ဝါကို ဗိုလ်မှူးအောင်၊ ဗိုလ်စိန်မှန် တို့ ခေါင်းဆောင်ခဲ့ပါတယ်။ 

တပြည်လုံး ပြည်သူ့ရဲဘော် (၆) သောင်းကျော်မှာ (၆၅ရာခိုင်နှုန်း) ဟာ ရဲဘော်ဖြူတွေ ဖြစ်ခဲ့ပါတယ်။ ရဲဘော်ဖြူတွေရဲဥန ‘ရဲဘော်မူ’ ဟာ လက်ဝဲ ညီညွတ်ရေး လုပ်ဖို့ဆိုရင် အစိုးရကို လက်နက်ကိုင်တိုက်ခိုက်နေတဲ့ ကွန်မြူနစ်တွေပါ ပါဝင်ရမယ်။ ကွန်မြူနစ် တွေမပါပဲ လက်ဝဲညီညွတ်ရေး မအောင်မြင်နိုင်ဆိုတာပဲ ဖြစ်ပါတယ်။ ‘နုမူ’ က အဲဒီအချက်ကို ငြင်းပယ်ပါတယ်။ 

ဆိုရှယ်လစ် နဲ့ ရဲဘော်ဝါများက ‘နုမူ’ ဘက်က ရပ်တည်ခဲ့ကြပါတယ်။ ရဲဘော်ဖြူက အစိုးရအဖွဲ့အတွင်းက နုတ်ထွက်တဲ့ အချိန်မှာ ရဲဘော်ဝါများသာ အစိုးရအဖွဲ့နဲ့အတူ ရပ်တည်ကျန်ရစ်ပါတယ်။ ပြည်ထဲရေးဝန်ကြီး ဆိုရှယ်လစ် ဦးကျော်ငြိမ်းက ၁၉၄၈၊ ဇူလိုင်-၂၉ ရက်နေ့မှာ ရဲဘော်ဖြူတွေ ကို ဝင်ရောက် ဖမ်းဆီးပါတယ်။ ဗိုလ်ဖိုးကွန်း လွတ်မြောက်သွားသလို ဒု-ဥက္ကဋ္ဌ ဗိုလ်လရောင် နဲ့ ခေါင်းဆောင် တစ်ချို့လည်း တိမ်းရှောင် ပုန်းခိုကြရတဲ့ ဘဝရောက်ခဲ့ကြရပြီး ဇူလိုင်လထဲမှာပဲ ရဲဘော်ဖြူတွေ အစုလိုက် အပြုံလိုက် တောခိုကြရပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီ တောခိုလက်နက်ကိုင်ရမှုနဲ့ စတင်ခဲ့ရတဲ့ ဗမာပြည် ပြည်တွင်းစစ်ကြီးဟာ ‘ပြည်သူ့ရဲဘော်’ တောခိုလက်နက်ကိုင်ရမှုနဲ့ ပေါင်းစပ်လိုက်တဲ့အခါ ပိုမို အရှိန် ရလာပါတော့တယ်။

၁၉၄၉ ခုနှစ်-နှစ်ဆန်းမှာ ကရင်လက်နက်ကိုင်လှုပ်ရှားမှုကြီး ပေါ်ပေါက်လာခဲ့ပြီး ‘ရန်ကုန်အစိုးရ’ လို့ ခေါ်ဝေါ် ရတဲ့အထိ ဖဆပလ အစိုးရ မျက်ဖြူဆိုက်ရချိန် မှာ ဗမာပြည်ကွန်မြူနစ်ပါတီု္ဒ္က၊ု္ဒီဥ တို့လို တောခို ရဲဘော်ဖြူ များဟာလည်း ဩဇာအာဏာ ဖြန့်ကြက်ထားနိုင်တဲ့ နယ်မြေဒေသ နဲ့ မြို့ ပေါင်းများစွာ သိမ်းပိုက်ထား နိုင်ခဲ့တဲ့ အခြေအနေရှိခဲ့ပါတယ်။ အဲဒီကာလမှာ ဒေသတချို့က ရဲဘော်ဖြူ (ပြည်သူ့ရဲဘော်)များဟာ အစိုးရနဲ့ ပြန်လည်ပူးပေါင်းပြီး ကရင်ကို တိုက်ခိုက် ခဲ့ကြပါတယ်။ ရဲဘော်ဖြူအများစုကြီးကတော့ ဖဆ-ဆိုရှယ် အစိုးရ ကိုပဲ ဦးတည်ဆန့်ကျင်တိုက်ခိုက်ခဲ့ကြပြီး လက်ဝဲဝါဒီ များ အဖြစ် ခံယူကြွေးကြော်ခဲ့ကြပါတယ်။ 

အစိုးကိုဆန့်ကျင်တိုက်ခိုက်ပြီး လက်နက်ကိုင်လှုပ်ရှားခဲ့ကြစဉ် ကာလ တလျောက် အတွင်း နာမည် ထင်ရှားလူသိများခဲ့တဲ့ ရဲဘော်ဖြူ (ပြည်သူ့ရဲဘော်) ခေါင်းဆောင်များကတော့ ဗိုလ်ဖိုးကွန်း၊ ဗိုလ်ထွန်းလင်း၊ ဗိုလ်ထိန်ဝင်း၊ ဗိုလ်ညွန့်မောင်၊ ဗိုလ်အောင်နိုင်၊ ဗိုလ်အုံးတင်၊ ဗိုလ်အောင်ညွန့် စတဲ့ပုဂ္ဂိုလ်များ ဖြစ်ကြပါတယ်။
၁၉၅၈ ခုနှစ်မှာ သန့်ရှင်း ဖဆပလ အစိုးရရဲ့ (၁) လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်၊ (၂) ပါတီကို တရားဝင် ရပ်တည်ခွင့် ပေးမည်ဆိုတဲ့ ကြေညာချက်အောက်၊ ဦးနုရဲ့ အာဃာတ မထားရေး သင်ပုန်းချေရေး မိန့်ခွန်းအောက်၊ ဒီမိုကရေစီနဲ့ လက်နက် လဲလှယ်ရေး အယူအဆ မှိုင်းလုံးများအောက်မှာ ပြည်သူ့ရဲဘော် (ရဲဘော်ဖြူ)များ အစုအလိုက်အပြုံလိုက် လက်နက်စွန့် ခဲ့ကြပါတယ်။ ဥပဒေတွင်း အဖွဲ့အစည်းအဖြစ် ရပ်တည်လှုပ်ရှားလာခဲ့ကြပါတယ်။

၁၉၆၂ ခုနှစ်၊ ဗိုလ်ချုပ်ကြီးနေဝင်းစစ်အစိုးရ အာဏာသိမ်းတက်ရောက်လာခဲ့ပြီးနောက် ၁၉၆၄ ခုနှစ်၊ အမျိုးသား စည်းလုံး ညီညွတ်မှုကို ကာကွယ်သည့် ဥပဒေ ဆိုတာနဲ့ မြေပေါ်ရှိ နိုင်ငံရေး ပါတီအဖွဲ့အစည်း မှန်သမျှကို ဖျက်သိမ်းပစ်တဲ့အခါ ပြည်သူ့ရဲဘော် အဖွဲ့ကြီးလည်း နိဌိတံသွားခဲ့ရပါတယ်။
၁၉၈၈-ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ အကျိုးဆက်နိုင်ငံရေးပါတီတွေ ပြန်လည်ဖွဲ့စည်းတည်ရှိခွင့်ရလာတဲ့ အချိန်မှာ တော့ ‘ပြည်သူ့ရဲဘော်အဖွဲ့’ လည်း တကျော့ပြန် ဖွဲ့စည်းပေါ်ထွက်လာတာတွေ့ရပါတယ်။ ပြည်သူ့ရဲဘော် ခေါင်းဆောင် ဟောင်း ဗိုလ်အောင်နိုင်ကဦးစီးပြီး ဖွဲ့စည်းပေါ်ထွက်ခဲ့တာဖြစ်ပါတယ်။


------

သီရိညွန့် ရဲ့ စာတချို့


၁၉၄၅ခုနှစ် စက်တင်ဘာလ၊ သီဟိုကျွန်း ကန္ဒီ(Kandy) စာချုပ်သဘောတူညီချက်အရ ပြန်လည်ဖွဲ့စည်းခဲ့တဲ့ မြန်မာပြည်ရဲ့ ပထမဦးဆုံး တပ်မတော်မှာ ရိုင်ဖယ်တပ်ရင်း (Rifles Battalion) ၁၅ ခုပါရှိပြီး၊ မြန်မာလူမျိုးတပ်မှူးများဦးစီးသည့် မြန်မာတပ်ရင်း ၄ခု ပါ၀င်ပြီး၊ မြန်မာလူမျိုးမဟုတ်သည့် အခြားတိုင်းရင်းသား ကရင်၊ ကချင်၊ ချင်းတပ်မှူးများဦးစီးသည့်တပ်ရင်းများနှင့်၊ အင်္ဂလိပ်နှင့်ဂေါ်ရခါး တပ်မှူးများဦးစီးသည့်တပ်ရင်း တစ်ခု၊ စုစုပေါင်း တပ်ရင်း ၁၅ ခုဖြင့် စတင်ဖွဲ့စည်းခဲ့ပါတယ်။ လေတပ်၊ ရေတပ်၊ ဆေးတပ်၊ အင်ဂျင်နီယာတပ်၊ အမြှောက်တပ်၊ စသည်တို့မှာ သီးခြားမဖွဲ့စည်းရသေးပဲ အင်္ဂလိပ်စစ်ရုံးရဲ့တိုက်ရိုက်ကွပ်ကဲမှုအောက်မှာပဲ ရှိနေဆဲပါ။ 

အဲဒီလို ပြန်လည်ဖွဲ့စည်းခဲ့တဲ့ မြန်မာပြည်တပ်မတော်မှာ ဂျပန်ပြန်ရဲဘော်သုံးကျိပ်၀င်တွေ ဦးဆောင်တဲ့ မျိုးချစ်ဗမာ့တပ်မတော် PBF - Patriotic Burma Force နှင့် စစ်အတွင်း အိန္ဒိယမှာ အင်္ဂလိပ်က ဖွဲ့စည်းခဲ့တဲ့ ABRO - Army of Burma Reserve Organization နှင့် British Burma Army တို့မှ ကရင်၊ ကချင်၊ ချင်းနှင့် ဂေါ်ရခါးတပ်မှ ဂေါ်ရခါးလူမျိုး‌တွေ ပါရှိခဲ့တယ်။

ထိုစဉ်က တပ်ရင်း(၁၅)ခုနှင့်တပ်မှူးအချို့တို့ကိုဖေါ်ပြရလျှင်တော့

No.1 Burma Rifles - စစ်ရဲတပ်နှင့် ယခင် PBF မှ မြန်မာနှင့်အခြားတိုင်းရင်းသားများအားလုံးပါ၀င်သောတပ်ရင်း။
No.2 Burma Rifles - တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောမူးဒီ (ကရင်အမျိုးသား) ဦးစီးခဲ့သည့် ကရင်အများစုနှင့် မြန်မာမဟုတ်သည့် အခြားတိုင်းရင်းသားများပါ၀င်သောတပ်ရင်း။
No.3 Burma Rifles - တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးကျော်ဇော (မြန်မာအမျိုးသား) ဦးစီးသည့် မြန်မာအများစုပါ၀င်သော တပ်ရင်း။
No.4 Burma Rifles - တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးနေ၀င်း (မြန်မာအမျိုးသား) ဦးစီးသည့် မြန်မာအများစုပါ၀င်သော တပ်ရင်း။
No.5 Burma Rifles - တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးဇေယျ (မြန်မာအမျိုးသား) ဦးစီးသည့် မြန်မာအများစုပါ၀င်သော တပ်ရင်း။
No.6 Burma Rifles - ၁၉၄၇ ခုနှစ်ရောက်မှ ဖွဲ့စည်းနိုင်ခဲ့ပြီး ယာယီတပ်ရင်းမှူး အဖြစ် ဒုဗိုလ်မှူးကြီးဇေယျ ကပဲ ယာယီ ဦးစီးခဲ့ရသည့် မြန်မာအများစုပါ၀င်သော တပ်ရင်း။

No.1 Karen Rifles - ကရင်လူမျိုးတပ်ရင်းမှူး ဦးစီးသည့် ကရင်အများစုပါ၀င်သော တပ်ရင်း - အင်္ဂလိပ်စစ်ဗိုလ်တပ်ရင်းမှူးများက စတင်အုပ်ချုပ်ပြီး ၁၉၄၆ ခုနှစ်ကုန်မှ သင်တန်းများပြီးဆုံးခါ ကရင်အမျိုးသား ဒုဗိုလ်မှူးကြီးမင်းမောင် ဦးစီးခဲ့သည့်တပ်ရင်း။
(ဤတပ်ရင်းသည် ၁၉၄၉ ခုနှစ်၊ ဇန်နဝါရီလ (၂၇)ရက်နေ့တွင် တောင်ငူမြို့ရှိ KNDO ကရင်တပ်များနှင့်ပူးပေါင်းသွားခဲ့သည်)။

No.2 Karen Rifles - ကရင်လူမျိုးတပ်ရင်းမှူး ဦးစီးသည့် ကရင်အများစုပါ၀င်သော တပ်ရင်း - အင်္ဂလိပ်စစ်ဗိုလ်တပ်ရင်းမှူးများက စတင်အုပ်ချုပ်ပြီး ၁၉၄၆ ခုနှစ်ကုန်မှ သင်တန်းများပြီးဆုံးခါ ကရင်အမျိုးသားတပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောမြမောင် ဦးစီးခဲ့သည့်တပ်ရင်း။

No.3 Karen Rifles - ကရင်လူမျိုးတပ်ရင်းမှူး ဦးစီးသည့် ကရင်အများစုပါ၀င်သော တပ်ရင်း - ၁၉၄၈ ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင်မှ ဖွဲ့စည်းနိုင်ခဲ့ပြီး ကရင်အမျိုးသားတပ်ရင်းမှူး ဒုဗိုလ်မှူးကြီး‌စောဒီးထူး ဦးစီးခဲ့သည့် ကရင်အများစုပါ၀င်‌သောတပ်ရင်း။

No.1 Kachin Rifles- ကချင်လူမျိုးတပ်ရင်းမှူး ဦးစီးသည့် ကချင်အများစုပါ၀င်သော တပ်ရင်း - အင်္ဂလိပ်စစ်ဗိုလ်တပ်ရင်းမှူးက စတင်အုပ်ချုပ်ပြီး၊ နောင်တွင် ကချင်တပ်ရင်းမှူးများ ဦးစီးခဲ့သောတပ်ရင်း။ (  ၁၉၄၉ ခုနှစ်၊ ဇန်နဝါရီလကုန်အထိ ပြည်ထောင်စုအစိုးရဘက်တွင် ရပ်တည်ခဲ့သည်။ သို့သော်လည်း ၁၉၄၉ ခုနှစ်၊ ဖဖေါ်ဝါရီလ(၁၆)ရက်နေ့တွင် တပ်ခွဲမှူးတစ်ဦးဖြစ်သူ ဗိုလ်ကြီးနော်ဆိုင်းဦးဆောင်လျက် တောင်ငူမြို့ရှိ KNDO ကရင်တပ်များနှင့်ပူးပေါင်းသွာခဲ့ပြီး မိတ္ထီလာ၊ မေမြို့နှင့်မန္တလေးတို့ကို ဦးဆောင်သိမ်းယူခဲ့သည်)။

No.2 Kachin Rifles- ကချင်လူမျိုးတပ်ရင်းမှူး ဦးစီးသည့် ကချင်အများစုပါ၀င်သော တပ်ရင်း - အင်္ဂလိပ်စစ်ဗိုလ်တပ်ရင်းမှူးက စတင်အုပ်ချုပ်ပြီး၊ နောင်တွင် ကချင်တပ်ရင်းမှူးများ ဦးစီးခဲ့သောတပ်ရင်း။

No.1 Chin Rifles - တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးဟရန်သီယို Lt.Col.Hrang Thio (ချင်းအမျိုးသား) ဦးစီးသည့် ချင်းအများစုပါ၀င်သော တပ်ရင်း။
No.2 Chin Rifles - တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးဆုန်ခိုပေါင် Lt.Col.Son Kho Pau (ချင်းအမျိုးသား) ဦးစီးသည့် ချင်းအများစုပါ၀င်သော တပ်ရင်း။
.

No.4 Burma Regiment - ဂေါ်ရခါးလူမျိုးအများစုပါ၀င်သော တပ်ရင်း၊ ၁၉၄၇ ခုနှစ်၊ အောက်တိုဘာလတွင်မှ ဖွဲ့စည်းနိုင်ခဲ့သည်။ - အင်္ဂလိပ်စစ်ဗိုလ်တပ်ရင်းမှူးများက စတင်အုပ်ချုပ်ပြီး နောင်တွင် ဂေါ်ရခါးအမျိုးသားအရာရှိများထဲမှ ရာထူးအဆင့်ဆင့်တိုးမြှင့် ချီးမြင့်ခြင်းခံရသော ဒုဗိုလ်မှူးကြီးသူရလက်ခ်ျမန်ရိုင်း ဒုတိယတပ်ရင်းမှူးအဖြစ် ဦးဆောင်နိုင်ခဲ့သည့် ဂေါ်ရခါးတပ်ရင်း။ မြန်မာနှင့်တိုင်းရင်းသားများထဲမှ ပထမဦးဆုံး တပ်ရင်းမှူးအဖြစ် တာ၀န်ယူ ဦးဆောင်ခဲ့သူမှာ ဗိုလ်မှူးကြီးဟောင်းသူရထွန်းတင် (၀န်ကြီးချုပ်ဟောင်း သူရဦးထွန်းတင်) ဖြစ်သည်။
.
Chin Hill Battalion - တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးလျန်ကျင်ဇမ် Lt.Col.Lian Cin Zam (ချင်းအမျိုးသား) ဦးစီးသည့် ချင်းအများစုပါ၀င်သော ချင်းတောင်တပ်ရင်း။
[ဤ Chin Hill Battalion (နောင်တွင် အမှတ် ၃ ချင်းသေနတ်ကိုင်တပ်ရင်းဟု အမည်ပြောင်းလဲခံခဲ့ရ) တပ်ရင်းမှူးနှင့်တကွ ဒုတပ်ရင်းမှူးဗိုလ်မှူးဟစ်ခ်ျကော့ L.W.C Hitch Cock (အင်္ဂလိပ်-မြန်မာ ကပြား)နှင့် အရာရှိ၊အရာခံ အကြပ်တပ်သားများသည် ဂေါ်ရခါးတပ်ရင်းမှ ဂေါ်ရခါးစစ်ဗိုလ်စစ်သားများ၊ အချို့သော ကချင်စစ်ဗိုလ်စစ်သားများ]

BC နံပါတ်တွေအကြောင်း ပြောရမယ်ဆိုရင်တော့၊ Burma Commission ဆိုတာ ၁၉၄၅ ခုနှစ် သီဟိုကျွန်း Kandy ကန္ဒီမြို့မှာ Admiral Earl Louis Mountbatten အင်္ဂလိပ်ရေတပ်ဗိုလ်ချုပ်ကြီး အားလ်လူဝီမောင့်ဘက်တန်ဦးဆောင်တဲ့ ဗြိတိသျှကိုယ်စားလှယ်အဖွဲ့ နှင့် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ဖက်ဆစ်ဆန့်ကျင်ရေးပြည်သူ့လွတ်လပ်ရေး (ဖဆပလ) အဖွဲ့ချုပ် ကိုယ်စားလှယ်အဖွဲ့တို့ ချုပ်ဆိုခဲ့ကြတဲ့ ကန္ဒီစာချုပ် (Kandy Treaty) အရ ပြန်လည်ဖွဲ့စည်းဖို့ သဘောတူညီခဲ့ကြတဲ့၊ နောင် မြန်မာပြည်ရဲ့ တပ်မတော်ဖြစ်လာမည့် အင်္ဂလိပ်လက်အောက်ခံ မြန်မာပြည်တပ်မတော်မှာ ပညာအရည်အချင်း ကန့်သတ်ချက်အရ စံမှီတဲ့ မြန်မာနှင့်တိုင်းရင်းသားပေါင်းစုံ စစ်အရာရှိ‌တွေဟာ အင်္ဂလိပ်ဘုရင်၏ လခစား ခန့်အပ်လွှာရ Burma Commission များဖြစ်လာပါတယ်။ ပြန်တမ်း၀င်အရာရှိများအဖြစ် ခန့်အပ်ရာမှာ မြန်မာအရာရှိများကို BC-3501 ကနေ စတင်သတ်မှတ် ခန့်အပ်ခဲ့ပြီး ကရင်နှင့်အခြားတိုင်းရင်းသားများကို BC-5101 ကနေ စတင်သတ်မှတ် ခန့်အပ်ပေးခဲ့ပါတယ်။

၁၉၄၅ ခုနှစ်၊ နို၀င်ဘာလ(၁၅)ရက်နေ့မှာ မြန်မာကြည်းတပ်ရဲ့ ပထမဦးဆုံး ပြန်တမ်း၀င်အရာရှိအဖြစ် စတင်ခန့်အပ်ခြင်းခံရသူကတော့ ရဲဘော်သုံးကျိပ်၀င် ဗိုလ်လက်ျာဖြစ်ပြီး သူ့ရဲ့ ကိုယ်ပိုင်နံပါတ်က BC-3501 ပါ (နောင်တွင် ကြည်း-၃၅၀၁ ဖြစ်လာ)။ ဗိုလ်ချုပ်အောင်ဆန်းကတော့ တိုင်းပြည်လွတ်လပ်ရေးအတွက် နိုင်ငံရေးအရ ဦးဆောင်တိုက်ပွဲ၀င်ဘို့အတွက် တပ်မတော်ပြန်လည်ဖွဲ့စည်းရာမှာ မပါ၀င်တော့ပါဘူး။ ၁၉၄၅ အောက်တိုဘာ ၂၇ ရကိနေ့မှာ စစ်ဘက်မှ နုတ်ထွက်ကာ အရပ်ဘက်သို့ ကူးပြောင်းသွားခဲ့ပါတယ်။

ကရင်နှင့်အခြားတိုင်းရင်းသားအရာရှိတွေထဲက ထင်ရှားတဲ့တပ်မှူးကြီးများကတော့ BC-5105 ဗိုလ်မှူးချုပ်အောင်သင်း၊ BC-5106 ဗိုလ်ချုပ်စမစ်ဒွန်း၊ BC-5107 ဗိုလ်မှူးချုပ်စောကြာဒိုး တို့ပါ။ (ဗိုလ်မှူးချုပ်အောင်သင်းဆိုတာက တောင်ပိုင်းတိုင်း တိုင်းမှူးဟောင်းပါ)

၁၉၄၅ ခုနှစ်၊ ဒီဇင်ဘာလ(၁၅)ရက်နေ့မှာ မြန်မာကြည်းတပ်အရာရှိတွေထဲက နောက်ထပ် ၃၄ ဦးကို ပြန်တမ်း၀င်အရာရှိများအဖြစ် ထပ်မံခန့်အပ်ခဲ့ပါတယ်။ ကိုယ်ပိုင်နံပါတ် BC-3502 ကနေ BC-3535 အထိပါ။ Burma Commission (BC) နံပါတ်တွေဟာ မြန်မာကြည်းတပ်မတော်အရာရှိတွေရဲ့ကိုယ်ပိုင်နံပါတ်တွေဖြစ်လာပါတယ်။ ဥပမာ ဗိုလ်လက်ျာ BC-3501 မှ ကြည်း - ၃၅၀၁

ကြည်း-၃၅၀၂ ဗိုလ်နေ၀င်း  (ရဲဘော်သုံးကျိပ်၀င် - ဗိုလ်ချုပ်ကြီးနေ၀င်း)
ကြည်း-၃၅၀၃ ဗိုလ်ဇေယျ (ရဲဘော်သုံးကျိပ်၀င် - ၁၉၆၇ ခုနှစ် ပဲခူးရိုးမတွင်ကျဆုံး)
ကြည်း-၃၅၀၄ ဗိုလ်ကျော်ဇော (ရဲဘော်သုံးကျိပ်၀င် - ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော)
ကြည်း-၃၅၀၅ ဗိုလ်အောင်ရွှေ (NLD ဦးအောင်ရွှေ - ဗိုလ်မှူးချုပ်ဟောင်းအောင်ရွှေ)
ကြည်း-၃၅၀၆ ဗိုလ်ရဲထွဋ်  (ရဲဘော်သုံးကျိပ်၀င်)
ကြည်း-၃၅၀၇ ဗိုလ်မောင်မောင် (မြောက်ပိုင်းတိုင်း၊ တိုင်းမှူးဟောင်း ဗိုလ်မှူးချုပ်မောင်မောင်)
ကြည်း-၃၅၀၈ ဗိုလ်တင်ဖေ  (တော်လှန်ရေးကောင်စီ၀င် ဗိုလ်မှူးချုပ်ဟောင်းတင်ဖေ)
ကြည်း-၃၅၀၉ ဗိုလ်အောင်ကြီး  (တော်လှန်ရေးကောင်စီ၀င် ဗိုလ်မှူးချုပ်ဟောင်းအောင်ကြီး)
ကြည်း-၃၅၁၀ ဗိုလ်တင်ဦး  (ဒုဗိုလ်မှူးကြီးတင်ဦး၊ အမှတ်-၅ ဗမာ့သေနတ်ကိုင်တပ်ရင်း)
ကြည်း-၃၅၁၁ ဗိုလ်စိန်တင်  (အမှတ်-၅ ဗမာ့သေနတ်ကိုင်တပ်ရင်း)
ကြည်း-၃၅၁၂ ဗိုလ်အေးမောင်  (မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်းအုပ် - ၁၉၅၅-၁၉၅၇)
ကြည်း-၃၅၁၃ ဗိုလ်ထွန်းစိန်  (ဗိုလ်မှူးကြီးဟောင်းထွန်းစိန်၊ အမှတ်-၃ ဗမာ့သေနတ်ကိုင်တပ်ရင်း)
ကြည်း-၃၅၁၄ ဗိုလ်စိုးနိုင်  (အမှတ်-၄ ဗမာ့သေနတ်ကိုင်တပ်ရင်း)
ကြည်း-၃၅၁၅ ဗိုလ်စိန်မှန်  (ကျဆုံး၊ အမှတ်-၃ ဗမာ့သေနတ်ကိုင်တပ်ရင်း)
ကြည်း-၃၅၁၆ ဗိုလ်ကြည်မောင်  (ဗိုလ်မှူးကြီးဟောင်းကြည်မောင်၊ NLD ဦးကြည်မောင်)
ကြည်း-၃၅၁၇ ဗိုလ်တင်မောင်  (ဗိုလ်မှူးကြီးဟောင်း၊ စာရေးဆရာ မြတ်ထန်)
ကြည်း-၃၅၁၈ ဗိုလ်စောမြင့်  (ဗိုလ်မှူးကြီးဟောင်း၊ စာရေးဆရာ ဗိုလ်မှူးသမိန်)
 

လွတ်လပ်ရေးရပြီးခါစ ကာကွယ်ရေး၀န်ကြီးက ဗိုလ်ချုပ်လက်ျာ၊ ပထမဦးဆုံး စစ်ဦးစီးချုပ်က ဗိုလ်ချုပ်စမစ်ဒွန်း၊ ဒုတိယစစ်ဦးစီးချုပ်နှင့် ကြည်းတပ်ဦးစီးချုပ်က ဗိုလ်မှူးချုပ်စောကြာဒိုး၊ မြောက်ပိုင်းတိုင်း စစ်ဌါနချုပ်တိုင်းမှူးက ဗိုလ်မှူးချုပ်နေ၀င်း၊ တောင်ပိုင်းတိုင်းစစ်ဌါနချုပ်တိုင်းမှူးက ဗိုလ်မှူးချုပ်အောင်သင်း၊ လေတပ် ပထမဦးဆုံးဦးစီးချုပ်က ဒုဗိုလ်မှူးကြီးစောဆယ်မြူရယ်လ်ရှီးရှိုး၊ ရေတပ် ပထမဦးဆုံးဦးစီးချုပ်က ဒုဗိုလ်မှူးကြီးခင်မောင်ဘို၊ စစ်ရေးချုပ်က ဒုဗိုလ်မှူးကြီးကျော်၀င်း၊ စစ်ထောက်ချုပ်က ကရင်အမျိုးသား ဒုဗိုလ်မှူးကြီးစောဒေါ်န်နီ၊ လှုပ်ရှားစစ်ဆင်ရေးတွင် တိုက်ပွဲ၀င်နိုင်စေရန်အတွက် ဖွဲ့စည်းခဲ့သော ပထမဦးဆုံး 1st Infantry Division ကို ဦးစီးရသူက ကရင်အမျိုးသား ဗိုလ်မှူးချုပ်စောချစ်ခင်။

မြန်မာ့လေတပ်မတော်ကို အမှန်တကယ် စတင်ဖွဲ့စည်းတည်ထောင်ခဲ့တာက လွတ်လပ်ရေးမရခင် ၁၉၄၇ ခုနှစ် ဇန်နဝါရီလ(၁၆)ရက်နေ့(အင်္ဂလိပ်အစိုးရရဲ့ မှတ်တမ်းတွေ)  ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်ကြံသတ်ဖြတ်ခြင်းမခံရမှီကတည်းက ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဦးဆောင်ကြိုးပမ်းမှု၊ အင်္ဂလိပ်ဘုရင်ခံ ဆာဟူးဘတ်ရန့်ရဲ့ အားပေးကူညီထောက်ခံမှုနှင့် အင်္ဂလိပ်အစိုးရက အသိအမှတ်ပြုမှုတို့ဖြင့် ၁၉၄၇ ခုနှစ်အစပိုင်းကတည်းက မြန်မာ့လေတပ်မတော်ကို ဖွဲ့စည်းတည်ထောင်ခဲ့ပါတယ်။)

ဒါပေမယ့် မနှစ်က လေတပ်ရဲ့ ၇၁နှစ်မြောက် နှစ်ပတ်လည်နေ့ကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ(၁၅)ရက်နေ့မှာ ကျင်းပခဲ့တာကို တွေ့ရပါတယ်။ BVAF ကနေ UBAF အဖြစ် အမည်ပြောင်းခဲ့တဲ့နေ့ကို လေတပ်နှစ်ပတ်လည်နေ့အဖြစ် ပြောင်းလဲသတ်မှတ်လိုက်တယ်လို့ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လေတပ်စတင်ထူထောင်ပြီးတော့ တစ်နှစ်ခန့်အကြာ ၁၉၄၇ ခုနှစ်၊ ဒီဇင်ဘာလ(၁၅)ရက်နေ့မှာ လေတပ်အမည်ကို BVAF (Burma Volunteer Air Force) ကနေ UBAF (Union of Burma Air Force) အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့လို့ပါ။ အလားတူပဲ ကနဦးမြန်မာ့ရေတပ်ကိုလည်း BVN (Burma Volunteer Navy) ကနေ UBN (Union of Burma Navy) အဖြစ် ၁၉၄၇ ခုနှစ်၊ ဒီဇင်ဘာလ(၂၄)ရက်နေ့မှာ ပြောင်းလဲသတ်မှတ်ခဲ့ကြတယ်။

ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၁ ခုနှစ်မှာ အင်္ဂလိပ်ဘုရင့်လေတပ်မတော်ရဲ့ BVAU (Burma Volunteer Air Unit) of RAF (Royal Air Force) ကနေ လပိုင်းပဲခြားပြီး ပထမဦးဆုံးနှင့်ဒုတိယအသုပ် တိုက်လေယာဉ်မှူးတွေအဖြစ် သင်တန်းဆင်းခဲ့တဲ့ သူတွေကတော့ ဗိုလ်လှရီ၊ ဗိုလ်ကျော်သာ၊ ဗိုလ်ကျော်ထွန်း၊ ဗိုလ်တင်သိန်း(Teddy Tun Pe)၊ ဗိုလ်တော်မီကလစ်ဖ်၊ ဗိုလ်ဆယ်လွင်န်ဂျိမ်းစ်ခင်၊ ဗိုလ်ထင်ရိန်လော၊ ဗိုလ်စောရှီးရှိုး၊ ဗိုလ်လန်ဆန်မိန်း၊ ဗိုလ်ထွန်းသာ၊ ဗိုလ်ပယ်ရီအေးချိုနှင့် ဗိုလ်အောင်ညွန့်တို့ပါ။

သူတို့ထဲက အချို့ဟာ အင်္ဂလိပ်ဘုရင့်လေတပ် RAF ရဲ့ No. 257 - Burma Squadron (၂၅၇ - ဗမာ့လေတပ်အုပ်)ကိုရောက်သွားပြီး၊ ဒုတိယကမ္ဘာစစ်အတွင်း ဥရောပတိုက်နှင့် နာမည်ကျော် Battle of Britain အင်္ဂလန်နီုင်ငံကာကွယ်ရေး လေကြောင်းတိုက်ပွဲတွေမှာ ပါ၀င်တိုက်ခိုက်ခဲ့ကြပါတယ်။ ဗိုလ်လှရီက ၁၉၄၃ ခုနှစ်၊ ဒီဇင်ဘာလ(၃၁)ရက်နေ့မှာ ကျဆုံးသွားပြီး၊ ဗိုလ်ထင်ရိန်လောက ၁၉၄၅ ခုနှစ်၊ ဇန်နဝါရီလ(၂၀)ရက်နေ့တွင် နယ်သာလန်(ဟော်လန်)နိုင်ငံမှာ ကျဆုံးသွားခဲ့ကြပါတယ်။ ဗိုလ်ဆယ်လွင်န်ဂျိမ်းစ်ခင်ဟာ နာမည်ကျော် Battle of Britain မှာ ဂျာမန်လေယာဉ်ကို ပစ်ချနိုင်ခဲ့တဲ့ မြန်မာလေသူရဲတစ်ဦးပါ။
-----------------

The birth of Burma’s modern army

Susanne Prager-Nyein

The treatment of the Burma National Army (BNA) and its commander, Aung San, was one of the most contentious issues during the British reoccupation of Burma. Had the Governor of Burma, Dorman-Smith – still in exile in Simla – got his way, the BNA would have been declared illegal and dissolved. Aung San would have been arrested as a traitor for his cooperation with the Japanese and charged with war crimes. However, Supreme Allied Commander Mountbatten was anxious to avoid a civil war. He decided to secure the cooperation of Aung San, who was for him the key figure that controlled thousands of highly politicized troops. To neutralize the ‘revolutionary energy’ in the country, Mountbatten intended to incorporate capable troops of the BNA – renamed Patriotic Burma Forces (PBF) in June 1945 – into the regular Burma Army and offer Aung San the position of a Deputy Inspector General (DIG) at the rank of a Brigadier.

In early August, however, the strategy of co-optation failed. Aung San called off the process and demanded renegotiations. His political survival was at stake. The British selected only a small fraction of PBF troops for the Burma Army; the rest were discharged and sent home with two months’ pay. The dissolution of ‘his’ army meant losing his revolutionary posture and military capability; thus weakening him vis-à-vis both the British and his communist rivals in the AFFPL. Thakin Soe had already won cadres within the troops and was calling for an armed struggle. Therefore, Aung San’s whole focus became the preservation of a loyal army. At Naythuyain, he demanded that the PBF form the core of a new national army in which units of the regular Burma Army should be incorporated. He repeated this message in several venues, stressing the right of a nation to defend itself and to build its own national defense forces.

When the British noticed with alarm that PBF troops were withholding weapons, ready to go underground, renegotiations seemed critical. Thus, on 6 September, Mountbatten met with Aung San, six PBF commanders and four political representatives of the AFPFL at the headquarters of the Supreme Allied Command in Kandy, Ceylon. High-ranking British military and civilian officers including General Slim and Governor Dorman-Smith joined Mountbatten on the British side. At the outset, Mountbatten acknowledged the wartime contribution of Burma’s resistance troops, ostensibly an important gesture of accommodation. He affirmed that they had been on the Allied side before 1945, contrary to common accusations among the British of Burmese betrayal and opportunism.

The next day, a middle ground was found regarding the PBF. The ‘Kandy agreement’ allowed around five thousand troops and 200 officers of the PBF to form the core of a new ten-battalion national army into which colonial Karen, Kachin, and Chin battalions would be integrated. The British insisted on maintaining class battalions based on ethnicity. The future army would thus consist of three Burmese infantry battalions, two battalions of each ethnic group, and one ethnically mixed battalion. 

Within the Burmese field artillery regiment, a battery was to be reserved for Karens. The ethnic-based balance of power perpetuated the colonial divide et impera policy that eventually led to deep mistrust between the ethnic groups in the army. The arrangement fell apart when the Karen battalion joined the rebellion led by the Karen National Defense Organization after independence in 1949. Nevertheless, the Kandy agreements were an achievement for Aung San. Though a compromise, he accomplished the task of creating a national army that he envisioned.

In the end, the birth of Burma’s modern army neutralized the ‘revolutionary energy’ only temporarily. Given that Dorman-Smith’s civilian government was returning in October, Aung San declined the DIG position and shed his uniform to lead the AFFPL as a civilian. Mountbatten had warned Dorman-Smith in Kandy that actual political concessions were needed to gain the trust of the nationalists. But the governor rejected any departure from the White Paper or accommodating the AFPFL. In November, Aung San formed the People’s Volunteer Organization (PVO) mainly with discharged resistance fighters. The PVO quickly became the third-largest group within the AFPFL, soon reaching over 50,000 troops. Aung San resumed the strategy of political demands mixed with threats of armed struggle – only now with a more credible, militarized power base.

Susanne Prager-Nyein is a political scientist and independent scholar alternately residing in Chiang Mai, Thailand and Yangon, Myanmar. She is an Research Associate of Asia Research Center at Murdoch University, Perth and was a visiting scholar at the University of North Carolina at Chapel Hill. She has taught political science and history of Southeast Asia and global politics at Misericordia University in Pennsylvania. Her expertise and research interests are Burma's anti-colonial movement of the 1930s and 40s, civil-military relations and the political economy of military rule in Myanmar. She has written a political biography on Aung San, the leader of Burma's independence movement and articles on military rule in Myanmar.

Comments

Popular posts from this blog

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား

ဖ၊ဆ၊ပ၊လ ပဏာမ ပြင်ဆင်မှု ညီလာခံမိန့်ခွန်း