တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွ့ ( ၁၂ ဖွဲ့) ထိပ်သီးခေါင်းဆောင်တွေရဲ့ ၂၀၁၅ မေ ၆ ကြေညာချက်

သမ္မတ ဗခ သိန်းစိန် လက်ထက် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွ့ ( ၁၂ ဖွဲ့) ထိပ်သီးခေါင်းဆောင်တွေရဲ့ ၂၀၁၅ မေ ၆ ကြေညာချက်

၁၂ ဖွဲ့.   👉   KIO, KNPP, KNU, PSLF, PNLO, NMSP, MNDAA, AA, RCSS, SSPP, NDAA, UWSP


အဲဒီမှာ ဘာတွေ ရေးထားသလဲ ဆိုတော့

(၁) နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာရေး ။ ။ ဒီအချက်က ဘာကိုဆိုလိုသလဲ။ လွန်ခဲ့တဲ့ ၇ နှစ်က အခြေအနေ.. 
အစိုးရ၊လွှတ်တော်၊ တပ်မတော်၊ ပါတီ၊ ERO ဆိုတဲ့နေရာမှာ ..  အခုချိန်မှတော့ NUG၊ CRPH၊ PDF၊ CDF၊ KNDF တပ်မတော်၊ ပါတီ၊ ERO ဆိုတာ ဖြစ်လာပြီ။

 နိုင်ငံရေးနည်းလမ်း ဆိုတဲ့ ဝေါဟာရဟာ သူ့ချည်း သက်သက်ဆိုရင် ပရိယာယ်ဝေဝှစ်များတဲ့ စကားလုံးပဲ။ 

အစိုးရ ဆိုတာလည်း ၂၀၀၈ ခြေဥလို ပြည်သူ့ဆန္ဒမပါတဲ့ ဥပဒေနဲ့ ၂၀၁၀ နာဂစ် ကြိုတင်မဲ အတုယောင် ရွေးကောက်ပွဲက ဗခ သိန်းစိန်က ဦးသိန်းစိန် ဖြစ်လာတဲ့ အစိုးရမျိုးကို မရည်ရွယ်ဖို့ လိုတယ်။ 

ဒီလို အဆိုးကျော့ သံသရာ မလည်ကြဖို့ လုပ်ကြပါ။  👉https://www.facebook.com/ThePeopleUnion/videos/1712728552401583/


ဖက်ဒရယ်ပြည်နယ် နယ်နိမိတ် သတ်မှတ်ရေး မှာ တိုင်းသားအချင်းချင်း အငြင်းပွါးတဲ့ နေရာမှာ တကယ်သုံးရမယ်​့ ဝေါဟာရဖြစ်တယ်။ ဒါပေမယ့် စစ်ရေးကို သုံးနေကြတာ စိတ်မကောင်းစရာပဲ။

စကားမစပ် RCSS နဲ့ SSPP ဟာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဖြစ်ရင် ပြည်နယ် အရပ်သားအစိုးရ အောက်မှာ အမှုထမ်းမှာ မဟုတ်လား။ ဘာလို့ တိုက်နေကြတာလဲ။ ဪ.. ပြည်နယ် ဝန်ကြီးချုပ် လုပ်ချင်လို့လား။ ပြည်နယ် ရွေးကောက်ပွဲ ဝင်ကြပါလား။ ဒီမိုကရေစီကို မကြောက်ပါနဲ့။ 

(၂) ဖက်ဒရယ် ။ ။ ကွန်ဖက်ဒရိတ်၊ ခွဲထွက်၊ ကိုယ်ပိုင်အုပ်ချုပ်ရေး။ အထူးဒေသ စီးပွါးရေး မဟုတ်ဘူး ဆိုတာ သတိပြုရမယ်။ AA ရေ ရခိုင်က ခွဲမထွက်ဘူးလို့ သဘောတူခဲ့တယ် မဟုတ်လား။

(၃) ဝပြည်နယ်။ ။ ကိုလိုနီခေတ် မြေပုံတွေမှာ ဝပြည်နယ် ရှိတာ အမှန်ပဲ။ ဒါကို လက်ခံတာလည်း ဖြစ်သင့်တာပဲ။ 

ဒါပေမယ့် သတိပြုစရာ ၁ ချက် ရှိတယ်။ သန်းရွှေက ရှမ်း ခွန်ဆာကို တိုက်ဖို့ ဝ UWSA ကို မြောက်ပိုင်းက ခေါ်လာပြီး မင်းတို့ တိုက်၊ မင်းတို့ယူ ဆိုပြီး တရားလက်လွတ် လုပ်ရပ်ကြောင့် ဝနဲ့ ရှမ်းအကြား ပြသနာတက်ရတယ်။ ရှမ်းတောင်ပိုင်းက မိုင်းဆက် ခရိုင်အတွက် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံရေးနည်းနဲ့ အဖြေရှာရဦးမယ်။ 

(၄) ဗမာ နဲ့ အခြားတိုင်းရင်းသား အချင်းချင်း အမှီသဟဲ ပြုကြဖို့။ ။ မှန်ပါတယ်။ ဒါပေမယ့် ဗမာလူမျိုး မဟုတ်ဘူး။ မြန်မာလူမျိုး ဖြစ်ရမယ်။ ဝေါဟာရဟာ နေဝင်း ပြောင်းလဲတဲ့ အသုံးအနှုန်း ဖြစ်နေတယ်။ မြန်မာလူမျိုး ဆိုမှ လူမျိုးအချင်းချင်း လေးစားရာရောက်မယ်။  ဒီမှာ ဖတ်
ဒီနေရာမှာ လူမျိုး ကို ရည်ရွယ်တာ ဖြစ်တဲ့အတွက် အစိုးရတွေ၊ စစ်တပ်တွေရဲ့ အပေါ်ဆုံးမှာ လူမျိုး ဆိုတာ ရှိတယ်။ လူမျိုးဆိုတာမှာလည်း အဲဒီလူမျိုးထဲက လူအများစု သဘောထားကို သိဖို့ လိုအပ်တယ်။ 

လူမျိုး သဘောထားနဲ့ ထပ်တူမညီပဲ ခေါင်းဆောင် အချင်းချင်း အမှီသဟဲ ပြုတာမျိုး မရည်ရွယ်ဘူးလို့ ယူဆတယ်။ ကမ္ဘာတည်သရွေ့ အတူတူနေရမယ့် လူမျိုးအချင်းချင်း ရိုးသားဖို့ လီုတယ် ။   အင်တာနက်ခေတ်မှာ ခေတ်သစ်သမိုင်းဟာ  မှတ်တမ်းတင်နေပြီ။  

ချစ်ကြည် ငြိမ်းချမ်ရေး ဆိုတာလဲ   ဝိုင်ခွက်တိုက် အီလစ် ငြိမ်းချမ်းရေးကို မလိုချင်ဘူး။ လူမျိုးအသီးသီးရဲ့ အောက်ခြေ မျက်နှာမွဲတွေ ချစ်ကြည် ငြိမ်းချမ်းသာယာ နေဖို့ လိုတယ်။

(၅) NCA အကြောင်း။ ။ NCA က မအလ စစ်တပ်ဖောက်လို့ ပျက်ပြီ။ တချို့က လက်ထပ်စာချုပ် ချုပ်ပြီး လင်က ဖောက်ပြန်တော့ မယားက အိမ်ပေါ်က ဆင်းရမှာ စိုးလို့ သည်းခံနေကြတာပဲရှိတယ်။ ဗခ သိန်းစိန်လက်ထက် NCA ထိုးကြတာ NLD က all inclusive မဟုတ်လို့ သဘောမတူဘူး။ ၈ဖွဲ့က ဇွတ်လုပ်ကြတာ။ 

အဲဒီအကျိုးဆက်ကို ၂၀၁၅ အစိုးရလည်း ခံရတယ်။ AA လည်း ခံရတယ်။ အခုထိ ရွာလည်နေကြတုန်းပဲ။
ဦးဝင်းထိန်းပြောတာ ဒီမှာကြည့်  https://www.facebook.com/ThePeopleUnion/videos/1712728552401583/


(၆) တရားဝင်မှု။ ။ ကုလသမဂ္ဂ လူအခွင့်အရေး ကြေညာချက်အရ ပဲကြည့်ကြည့်၊ နိုင်ငံအသီးသီးက အခြေခံဥပဒေတိုင်း မဖြစ်မနေထည့်ရေးရတဲ့ ဒီမိုကရေစီအရပဲ ကြည့်ကြည့်၊ အချုပ်အခြာအာဏာ အစိုးရမှုဟာ ပြည်သူ့သဘောထားဆန္ဒအပေါ်မှာ မူတည်တယ်။ ( အတု အစစ်ပေါတဲ့ ဒီနိုင်ငံမှာ အစစ်ဆိုတဲ့ စကားလုံးအပိုတွေထည့်ရတာ စာလေးတယ်) ။ 

တရားဝင်ဆိုရင်တော့ သေချာတယ်။ ပြည်ထောင်စု လူထု ရဲ့ ရွေးကောက်ပွဲ၊ ဆန္ဒမဲပေးပွဲတွေ၊ ပြည်နယ် လူထု ရဲ့ ရွေးကောက်ပွဲ၊ ဆန္ဒမဲပေးပွဲတွေက mandate ကို ဆိုလိုတာပဲ။

ဒါပေမယ့် ဒီနိုင်ငံမှာ တရားဝင်မှုနဲ့ ဥပဒေဝင်မှု ကို မသဲကွဲကြတော့ ဆက်ပြောရဦမယ်။ ဥပဒေဝင်မှုဆိုတာလည်း ရှိတယ်။ အဖွဲ့အစည်းတခုက စည်မျဉ်းတခု ရေးလိုက်ရင် ဥပဒေတခု ဖြစ်တာပဲ။ မလိုက်နာရင် အပြစ်ဒဏ်ခတ်တယ်။ ဒါဟာ ဥပဒေပဲ။



J.G. Bartholomew - Imperial gazetteer of India. New edition, Clarendon Press, 1907-1909.










Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား