16 May 2021

16 May 2021  


အခြေခံပညာအဆင့်မှာ GCE  certificate exam ဖြေနိုင်အောင် သင်ပေးပါ.. မြန်မာသင်ရိုး နဲ့ နိုင်ငံတကာသင်ရိုး ခု ပေါင်းစပ်ပြီး hybrid system လုပ်ပေးပါ နိုင်ငံတကာသင်ရိုးကို မူလ စာသင်နှစ် နှစ်ဆိုရင် နှစ်ထားပါ။ ဆရာတွေက သင်ရင်း လေ့လာ လေ့လာရင် သင်စနစ်လုပ်ပါ။


တက္ကသိုလ်ကောလိပ်အဆင့်မှာ နိုင်ငံတကာ အဆင့် - ၁၀ တက္ကသိုလ်ကြီးတွေက အွန်လိုင်း univeristy တွေရှိနေပါပြီ။ သူတိူ့ ညွန်ပြတဲ့ စာအုပ်တွေကို ရှာပါ။ scan ဖတ်ပြီး လိုအပ်တဲ့အပိုင်းကို ဖြန့်ပါ။ သင်ပါ။ သူတို့ သင်ရိုးကို ယူပါ။ exam fee ဒေါ်လာ ၅၀ - ၁၀၀ သွင်းရင် ဖြေလို့ရပါတယ်။ နိုင်ငံတကာ လက်မှတ်ရှိရင် ပြည်တွင်းကုမ္ပဏီတွေက ပိုကြိုက်ပါတယ်။ ပြည်သူ့အစိုးရအနေနဲ့လည်း နိုင်ငံတကာလက်မှတ်ကို ဝန်ထမ်းခန့်အပ်ရေး အတွက် အသိအမှတ်ပြုပေးပါ။ 


ဝန်ထမ်းရွေးချယ်ရေးစည်းမျဉ်းက အသက်ကန့်သတ်ချက်ကို ပယ်ဖျက်ပါ။ နိုင်ငံတကာရောက် မြန်မာပညာရှင်တွေမှာ မဟာဘွဲ့၊ ပါရဂူဘွဲ့ရသူတွေရှိပါတယ်။ သူတို့ကို ပညာရေး သုသေတန၊ သင်ရိုး ပြုစုရေး သင်ကြားရေး အချိန်ပိုင်း အချိန်ပြည့် ဝန်ထမ်းခန့်အပ်ပါ။ ဗော်လံဒီယာလုပ်ပေးကြပါလိမ့်မယ်။


နိုင်ငံတကာက နိုင်ငံခြားသား ပါမောက္ခတွေကို ဧည့်ပါမောက္ခ ခန့်အပ်ပါ။ သူတို့နဲ့ အွန်လိုင်းသင်ပါ။ အင်တာနက်မရတဲ့ဒေသတွေအတွက် DVD , bluetooth , flash drive နဲ့ ဖြန့်ပါ


အခုခေတ်မှာ online university တွေ ပေါများနေပါပြီ။ NUG က အသိအမှတ်ပြု တက္ကသိုလ်နဲ့ ချိတ်ဆက်ပါ။ မြန်မာတက္ကသိုလ်ဘွဲ့ နဲ့ နိုင်ငံခြားဘွဲ့ တပြိုင်ထဲပေးတဲ့ dual degree programs လုပ်ပါ။


နောက်တခု ကျောင်းသားတွေကို အသိပေးချင်တာက သုသေတန လေ့လာမှု သိပ်ဝါသနာမပါရင် ဘွဲ့ degree ကို မကြိုက်ပါနဲ့။ vocational certificate ကို ကြိုက်ကြပါ။ အလုပ်ပိုပေါပါတယ် ပြည်တွင်းပြည်ပကုမ္ပဏီတွေမှာ နိုင်ငံတကာအသိအမှတ်ပြု သက်မွေးလက်မှတ်ရ ယောက်ရဲ့ လစာဟာ ဘွဲ့ရတယောက်နဲ့ သိပ်မကွာပါဘူး ဘွဲ့ရသူကတော့ ကြိုးစားရင် ဝန်ထမ်းသက်ကြာရင် အဆင့်မြင့်ရာထူးရတော့ အားသာပါတယ်။


နောက်ထပ်အကြံတခုက ကျောင်းသားတိုင်း တိုင်းရင်းသားဘာသာစကား တခုခုကို သင်ကြားပေးပါ။ ဖက်ဒရယ်အာမီအတွက် အရေးကြီးပါတယ်။ NUG လက်မှတ်ရ ပညာတတ်တွေဟာ တိုင်းရင်းသားဒေသ လူမူကယ်ဆယ်ရေး ပြန်လည်နေရာချထားရေး ဖွံဖြိုးရေးမှာ  UN လို နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး လုပ်ရမှာတွေလည်း တပြုံကြီး ရှိပါတယ်။


......


ကိုဗစ်မျိုးကွဲတွေပေါ်လာလို့ ကာကွယ်ဆေး ထုတ်တဲ့ အိန္ဒိယမှာ သိန်းချီသေနေပြီ။ အခြားနိုင်ငံတွေ မှာလည်း ကာကွယ်ဆေးထိုးပြီး ပြန်ဖြစ်နေပြီ။ မြန်မာနိုင်ငံမှာ အနှေးနဲ့အမြန် ဒီပြဿနာထပ်ပေါ်လာမယ်။ အဲဒီအခါ အွန်လိုင်းပညာရေးကလွဲလို့ ရွေးချယ်စရာမရှိဘူး။ NLD အစိုးရလက်ထက်ထဲက ပထမကိုဗစ်လှိုင်းမှာ အွန်လိုင်းပညာရေးကို လုပ်ဖို့ ပြောခဲ့တာ အကောင်အထည်မဖော်နိုင်ခဲ့ဘူး။ ပြောရရင် ပညာရေးဌာနထဲက မအလအလိုတော်ရိတွေ၊ ကျန်းမာရေးဌာနထဲက မအလအလိုတော်ရိတွေက  မလုပ်ဖို့ သပ်လျှိုခဲ့လို့  တနှစ်နောက်ကျသွားတယ်။ နိုင်ငံတကာမှာ work from home , home based learning  က new normal ဖြစ်နေပြီ။


ဒီတော့ သင် ရိုးညွန်းတမ်း syllabus  ကို အသစ်ရေးရပါမယ်။  ကျောင်းစာအုပ် textbook တွေကို အသစ်ရေးရပါမယ်။ ဒါပေမယ့် textbook အသစ်ရေးတာမှာ ချက်ချင်း လက်ငင်း တစုံလုံးကို ရေးစရာမလိုဘူး။  syllabus outline ချထားပြီး

တလချင်းစီအတွက် အပိုင်းလိုက်ကို  လက်တွေ့မြေပြင်မှာ CDM ဆရာတွေက 

သင်ရင်း လေ့လာ၊ လေ့လာရင်း သင်လို့ရတဲ့ Feedback တွေနဲ့  အမြဲတမ်း မွမ်းမံယူတဲ့ စနစ်ကို လုပ်သင့်ပါတယ်။


သင်ကြားရေးအထောက်အကူမှာ ရေဒီယိုနဲ့ တီဗီကို အဓိက ထားရပါမယ်။ ဖုန်း မျက်နှာပြင်ဟာ ကျဉ်းပါတယ်။ တီဗီ ဖန်သားနဲ့ ဖုန်း ကို ချိတ်ဆက်ရပါမယ်။ online မှာ zoom Google Classroom တွေကို သုံးပြီး , offline မှာ CD နဲ့ memory drive တွေ သုံးရပါမယ်။  ဘယ်လိုအခြေအနေမှာ ဖြစ်စြဖ် ပညာသင်ကြားရေး ပြတ်တောက်မသွားဖို့နဲ့ စစ်ဘေးရှောင် တိုင်းရင်းသားဒေသတွေပါ သင်ကြားနိုင်ဖို့ တီထွင်ကြံဆရပါမယ်။ 


သင်ကြားရေး material တွေကို ပြုစုရမှာ တပြိုင်ထဲ လုပ်ဖို့ နဲ့ အမြဲ ပြုပြင်နေဖို့ အပိုင်း ပိုင်းရှိပါတယ်

/ သင်ကြားရေးစနစ်တခုလုံးနဲ့ နိုင်ငံတကာ ချိတ်ဆက်မှု

/ ဆရာတွေကို မွမ်းမံသင်ကြားဖို့

/ ကျောင်းစာအုပ်တွေ၊ သင်ထောက်ကူ ကိရိယာတွေ ကို အမြဲပြုပြင်ဖြည့်စွတ်ဖို့


တစုံလုံး တခုပြီးမှ တခု လုပ်လို့ မရပါဘူး။ အဲဒီ ချက်ကို မြေစမ်းခရမ်းပျိုး အခြေတည်ပြီး တဖြည်းဖြည်း ပြုပြင် ဖြည့်စွတ် တည်ဆောက်ယူရမှာပါ။ 


ဒီအတွက် ပြည်တွင်းပြည်ပ ဆရာတွေ၊ ပညာတတ် ဗော်လံဒီယာတွေနဲ့ ပညာရေး အွန်လိုင်းကွန်ယက်ဖြစ်စေ၊ virtual office တွေဖြစ်စေ တာဝန်ပေး ခန့်အပ် ပြီး ဝိုင်းကြ ဝန်းကြရပါမယ်။ သင်ကြားရေးစနစ် သစ်ဟာ ဒေသကျောင်းက ဆရာက တပည့်ကို ၁၀၀% တာဝန်ယူ သင်တာ မဟုတ်ပဲ။ ဒေသကျောင်း၊ အိမ်ကျောင်းက CDM ဆရာကိုယ်တိုင် အပတ်စဉ် စာသင်ခံရပါမယ်။ CDM ဆရာက ကြားခံ တဆင့် ရှင်းလင်းသူ ဖြစ်ပါမယ်။  CDM ဆရာက Conference တွေ Workshop တွေ Training တွေ Group discuission တွေနဲံ စဉ်ဆက်မပြတ် မွမ်းမံရပါမယ်။ အဲဒီအတွက် point တွေ ထုတ်ပေးပြီး အရည်အသွေးကို အမြဲ သတ်မှတ်ပေးရပါမယ်။  မြေပြင်မှာ ကျောင်းသားတွေနဲ့ ထိစပ်မှာက CDM ဆရာတွေ ဖြစ်ပြီး သူတို့ရဲ့စားဝတ်နေရေးအတွက် မိဘတွေဆီက  ပညာရေးရံပုံငွေစနစ်တခု ထူထောင်ပြီး လစာပေးရပါမယ်

CDM ဆရာတွေက  'သင်ရင်း လေ့လာ၊ လေ့လာရင်း သင်" စနစ်ကို လုပ်ပါ။


သက်ဆိုင်ရာ တက္ကသိုလ်တွေက CDM ဆရာတွေအတွက် online class တွေ စီစဉ်ပေးပြီး  သက်ဆိုင်ရာ တက္ကသိုလ်တွေက ဘွဲ့လက်မှတ် အပ်နှင်းနိုင်ပါတယ်။  စာမေးပွဲစနစ်ကို ပြောင်းလဲရပါမယ်။ သုသေတနစာတမ်းတင်သွင်းတာ၊ အွန်လိုင်းစာမေးပွဲ စနစ်ပြောင်းလဲတာ လုပ်ရပါမယ်။ အဲဒီအတွက် အတုယူစရာ ကမ္ဘာ့တက္ကသိုလ်ကြီးတွေရဲ့ online univeristy စနစ်ကို လေ့လာလို့ရပါတယ်။ modular certificate စနစ်က ပိုသင့်တော်ပါတယ်။  CDM ကျောင်းသားတွေကို ကမ္ဘာ့တက္ကသိုလ်တွေက လက်မှတ်တွေ ဖြေနိုင်အောင်  ဆရာတွေ ပူးပေါင်းပြီး လေ့လာဆွေးနွေးပေးတဲ့ ပုံစံလုပ်ကြရပါမယ်။  

Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား