လွတ်လပ်ရေး အလံကို တလွဲ ပြောနေသူတွေ ဖတ်ဖို့


လွတ်လပ်ရေး အလံကို တလွဲ ပြောနေသူတွေ ဖတ်ဖို့ သမိုင်းသက်သေ
သမိုင်း မကျေပဲ လူမျိုးစွဲနဲ့ ရမ်းဖြီးနေသူတွေက
▪️"အလယ်က ကြယ်ဖြူကြီးကို ဗမာ တဲ့။ ကြယ်လေး ၅ လုံးက ရှမ်း၊ ရခိုင်၊ မွန်၊ ကရင်၊ ကချင်တဲ့" ...
ချင်းနဲ့ ကယားတောင် ဘယ်နေရာချရမှန်း မသိလို့ အသာလေး မသိချင်ယောင်ဆောင်နေကြတယ်

လူမျိုးစွဲနဲ့ ပြောနေကြတာ မြန်မာရော အခြားတိုင်းရင်းသားတွေမှာပါ မောဟဖုံးပြီး ဂျာအေး သူ့အမေရိုက်သလို မပြီးတော့ဘူး
တကယ့် အဓိပ္ပါယ် သတ်မှတ်ချက် အစစ်က ...
▪️"အလယ်က ကြယ်ဖြူကြီးဟာ တော်လှန်ရေး ကြယ်။ ဖက်ဆစ်တော်လှန်ရေး အလံက ကြယ်ဖြူကြီးကို ဆက်လက်သယ်ဆောင်လာတာ"
▪️ ဘေးပတ်လည်က ကြယ်ဖြူငါးလုံးက သူတို့ ရမ်းဖြီးသလို လူမျိုးအရေအတွက် မဟုတ်ဘူး၊ ဝန်းရံခြင်း သင်္ကေတ။
ဆိုလိုတာက "ကရင်၊ ကယား၊ ကချင်၊ ချင်း၊ မွန်၊ မြန်မာ ၊ ရခိုင်၊ ရှမ်း၊ ..... လဝ၊ ပလောင်၊ ပအိုးဝ်၊ လားဟူ၊ ထားဝယ်၊ .... ရိုဟင်ဂျာပါ ထည့်ချင် ထည့်လိုက်ဦး ..... အဲဒီ ရှိရှိသမျှ လူမျိုးစုတွေက ဝန်းရံခြင်း သဘောကို ဆောင်တယ်

ဟောဒီက လွတ်လပ်ရေး ရခါနီး ဖဆပလ သတင်းစဉ် ထဲမှာ သေသေချာချာ ရေးထားတယ်

ဖဆပလ သတင်းစဉ် ( ဦးစီးအယ်ဒီတာ - ဦးသန့်) အတွဲ (၁) ၁၃၀၉ ဝါခေါင်လဆုတ် ၈ ရက် ၊ ၉-၈-၁၉၄၇ အမှတ် (၃၅) တာဝန်ခံ အယ်ဒီတာ - ဗိုလ်အေးမောင်၊ မခင်စု ၁၉၄၇ ဇူလိုင် ၁၉ မှာ ဗိုလ်ချုပ်အောင်ဆန်းကျဆုံးတယ်။ ၂၁ ရက်အကြာ၊ ၁၉၄၇ ဩဂတ် ၉ ရက်မှာ ထုတ်ဝေဖော်ပြတာ။ ၁၉၄၈ ဇန်နဝါရီ ၄ မှာ လွတ်လပ်ရေးရတယ်။ ရက်စွဲတွေ မသိသူတွေ တခါတည်း နားလည်အောင် ရေပြတာ။ လွတ်လပ်ရေးမရခင်ကတည်းက ပြည်သူကို ကြေညာပြီးသား။ အဲဒီအချိန်က တိုင်းရင်းသားခေါင်းဆောင်တွေ မကန့်ကွက်တာ ဘာကြောင့်လဲ ဆိုတာ ခေါင်းနည်းနည်းသုံးတတ်ရင် အဖြေပေါ်တယ်

လူမျိုးနာမည်ပါ တခါတည်း အမှန် သိသွားကြဦး။ ၁၉၄၇ နိုင်ငံသားဥပဒေမှာ မြန်မာလူမျိုးလို့ တရားဝင်၊ (တဖန်) ဥပဒေဝင် ပြဒါန်းခဲ့တာကို 

နေဝင်းက ၁၉၈၂ နိုင်ငံသားဥပဒေနဲ့ ဗမာလူမျိုးဆိုပြီး တရားမဝင်၊ဥပဒေဝင် လုပ်ခဲ့တာ 

ဘယ်ဟာကို အမှန်ယူမလဲ။ အမယ်မင်း သောက်ကျွမ်းနဲ စစ်အာဏာရှင် တော်လှန်ရေးသမားကြီးတွေငဲ့

အကျယ်သိချင်ရင် ဒီမှာဖတ် 











 

Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား