ဖက်ဒရယ် ဒီမိုကရေစီ ဟာ နှစ်ပိုင်း ရှိတယ်

 ဖက်ဒရယ် ဒီမိုကရေစီ  ဟာ နှစ်ပိုင်း ရှိတယ်

ဖက်ဒရယ် နဲ့ ဒီမိုကရေစီ။


ဒီမိုကရေစီ
=========
ဒီမိုကရေစီဟာ (အများစု) ဆုံးဖြတ်ချက်ကို 
လိုက်နာပြီး အာဏာ ၃ ရပ် ထူထောင်တာ ဖြစ်တယ်။


ဒီမိုကရေစီမှာ လူတန်းစားအရ နှစ်မျိုးရှိတယ်။ 
(အရင်းရှင် ဒီမိုကရေစီနဲ့ ပြည်သူ့ဒီမိုကရေစီ - ဒါကို မပြောသေးဘူး )


ဒီမိုကရေစီမှာ နယ်မြေအရ နှစ်မျိုးရှိတယ်။ 
ပြည်ထောင်စုဒီမိုကရေစီနဲ့ ပြည်နယ်ဒီမိုကရေစီ။


ပြည်ထောင်စု ဒီမိုကရေစီဆိုတာ 
ပြည်ထောင်စုတခုလုံးက ပြည်သူတွေရဲ​့
 (အများ) သဘောဆန္ဒအတိုင်း 
ဆုံးဖြတ်တာ။ 


ပြည်နယ်ဒီမိုကရေစီက 
ပြည်နယ်တခုလုံးက ပြည်သူတွေရဲ​့
(အများ) သဘောဆန္ဒအတိုင်း 
ဆုံးဖြတ်တာ။ 

မတူဘူး။ 

တခါတလေ
ပြည်ထောင်စုပြည်သူအများ ဆန္ဒနဲ့ 
ပြည်နယ်ပြည်သူအများဆန္ဒ ကွဲပြားတဲ့ အခါ 

ဘယ်လို ဖြေရှင်းမလဲ။

ပြည်ထောင်စုပြည်သူက ဆုံးဖြတ်ရမယ့်  .. အကန့် နဲ့ 
ပြည်နယ်ပြည်သူက ဆုံးဖြတ်ရမယ့် .. အကန့် 
ခွဲခြားထားဖို​့  
အခြေခံဥပဒေ ရေးဆွဲထဲက
တိတိကျကျ ပြဒါန်းထားရင် ရတယ်

၂၀၀၈ ခြေ/ဥ အောက် ဝင်ပြီး
အခြေခံဥပဒေ ပြင်နိုင်မယ်လို​့ ထင်တလုံးနဲ့
စစ်တပ်ရဲ့ အာဏာချုပ်ကိုင်မှုနဲ့  ခြေထိုးမှုအောက်မှာ
ရသမျှ အာဏာအပိုင်းအစကို နွားပိန်တွယ်ပြီး 
စိတ်ကူးဖဲရိုက်ခဲ့တဲ့ NLD နဲ့

၂၀၀၈ ခြေ/ဥ ရဲ​့  သွေးခွဲမှု ၊ 
စစ်တပ်ရဲ့ သွေးထိုးမှုကို မမြင်ပဲ
ဒီမိုကရေစီ အနိုင်ကျင့်တယ်။ ဒီမိုကရေစီအာဏာရှင် လို့
ဘယ်နိုင်ငံရေး အဘိဓာန်မှာမှ မရှိတဲ့
မအလ အောက်လုံးထိုး စကားကို ကော်ပီကူးပြီး 
မပြောကြဖို့ လိုတယ်။ 

အထက်က ပြောတဲ့ အတိုင်း
ဖက်ဒရယ်အခြေခံဥပဒေမှာ
ပြည်ထောင်စု က ပိုင်စိုးရမယ့် ဆုံးဖြတ်ခွင့် အာဏာနဲ့
ပြည်နယ်က ပိုင်စိုးရမယ့် ဆုံးဖြတ်ခွင့် အာဏာကို
တိတိကျကျ ခွဲခြားထားဖို့ လိုတယ်


ဖက်ဒရယ်
==========

ဖက်ဒရယ်မှာလည်း နှစ်မျိုးရှိတယ်
အာဏာရှင် ဖက်ဒရယ်နဲ့
ပြည်သူ့ ဖက်ဒရယ် ဆိုပြီး နှစ်မျိုးရှိတယ်

​အာရပ်စော်ဘွားများပြည်ထောင်စုဟာ
အာဏာရှင်ဖက်ဒရယ် ဖြစ်တယ်


စစ်အာဏာရှင်တွေ နဲ့  EAO အာဏာရှင်တွေ
နယ်မြေခွဲဝေ အုပ်ချုပ်နေတဲ့ ပုံစံနဲ့
NCA မှာ သတ်မှတ်ထားတဲ့
နယ်မြေကို ခြေဥထဲ ထည့်ရေးပြီး
မအလက သိမ်းသွင်းမယ်ဆိုရင်
ဘာလုပ်မလဲ

နမူနာပြရရင် ဝ ပြည်နယ်။ 
( EAO တွေရဲ့ NCA နယ်မြေအရ 
ဝ လိုတော့ နယ်မြေ ကျယ်ကျယ် မရနိုင်ဘူး) 

ဝပြည်နယ်မှာ ဒီမိုကရေစီ ရှိသလား။ နိုး 👎 မရှိဘူး။ 
ဖက်ဒရယ် ရှိသလား။ ရက်စ် 👍

ဒီလို ပုံစံမျိုး မဖြစ်ကြဖို့ လိုတယ်

EAO တွေဟာ 
ပြည်နယ်ပြည်သူက ရွေးကောက်တင်မြှောက်တဲ့
ပြည်နယ်အစိုးရတွေရဲ့ လက်အောက်မှာ
အမှုထမ်းမယ့် လို့ ပိုင်းဖြတ်ရဲဖို့ လိုတယ်

ဖက်ဒရယ် ဒီမိုကရေစီမှာ
ကိုယ်ပိုင် အုပ်ချုပ်ရေး ဆိုတာ
လူထုလက်ထဲမှာပဲရှိရမယ်
နိုင်ငံရေး စီးပွါးရေး စစ်ရေးကို 
တယောက်ထဲက ကိုင်ထားတဲ့
စစ်ဘုရင်တွေ ဝေစုခွဲ အုပ်ချုပ်တာမျိုး မဖြစ်ဖို့လိုတယ်

ဒါဟာ ဖက်ဒရယ် ဒီမိုကရေစီပဲ
တကယ်လိုချင်ကြရဲ့လား

Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား