NUG ရဲ့ ကာကွယ်ဝန်ကြီးဌာန MOD က တယ်ဖင်ခေါင်းကျယ်တာပဲ။

NUG ကို ဝေဖန်သူ အများစုတွေဟာ
ကောင်းကွက် မှန်ကွက် ကို အပြစ်ရှာ၊ ညံ့ကွက် ပျင်းကွက် ကို လျှစ်လျှုပြုနေကြတယ်။
အဲဒါ ဝေဖန်တာ မဟုတ်၊ ထိုးနှက်တာ ဖြစ်တယ်။ ရန်သူအားပေး ဖြစ်တယ်
ဝေဖန်ရေး စစ်စစ်က
ညံ့ကွက် ပျင်းကွက် ကို ထောက်ပြ၊ ကောင်းကွက် မှန်ကွက် ကို ပိုကောင်းအောင် အကြံပေးရမှာ ဖြစ်တယ်။
NUG အနေနဲ့လည်း
ဘယ်သူက ဘယ်လို ဝေဖန်တယ် ဆိုတာ အမျိုးအစား ခွဲတတ်ရမယ် ။ အမှန်ကို ရင်ဆိုင်ရဲရမယ်။
အမျိုးအစား မခွဲတတ်ရင် ဝေဖန်ရေးစာမှန်သမျှ အမိုက်ပုံးထဲ ပစ်ထည့်ထည့်နေတတ်တယ်။


NUG ရဲ့ ကာကွယ်ဝန်ကြီးဌာန MOD က တယ်ဖင်ခေါင်းကျယ်တာပဲ။
ဒေသခံကာကွယ်ရေးအဖွဲ့တွေက ကာကွယ် ဝန်ကြီးဌာနက NUG ကို အဖွဲ့ဝင်အဖြစ် လျှောက်ကြတယ်။ လျှောက်လွှာတွေ တင်ကြတယ် NUG အစိုးရကို သူတို့အစိုးရအဖြစ် သတ်မှတ်ပြီး အားကိုးသလို ဒေါ်လာသန်းချီရ အလှူငွေတွေဆိုတာလည်း ကမ္ဘာအနှံ့က မြန်မာပြည်ဖွားတွေက လှူနေကြတော့ သူတို့က MOD အောက်ဝင်ရင် လက်နက်တွေ စားနပ်ရိက္ခာတွေ ရမယ်ပေါ့ အနည်းဆုံး စားနပ်ရိက္ခာနဲ့ ဆေးဝါးတော့ ရမယ်ပေါ့။ ဒါပေမဲ့ နှစ်သာပေါက်လာတယ် MOD ဆီက ဘာသံမှလဲ မကြားရဘူး၊ လက်ခံတာအကြောင်းပြန်တာလဲ မရှိတော့ အတော်စိတ်ပျက်လက်ပျက် ဖြစ်နေကြရှာတယ်။
အခုနောက်ပိုင်း သိလာရတာက သူတို့တင်လိုက်တဲ့လျှောက်လွှာကို နယ်မြေခံ NLD ပါတီနဲ့ ပကဖတွေက အပေါ်ကို မပို့ဘူးတဲ့ဗျ။ တချို့ ပကဖခေါင်းဆောင်တွေက သူတို့ လျှောက်လွှာတင်ပေးမယ် ဒါပေမဲ့ သူတို့ကိုအဖွဲ့တွေက လူတဝက်ခွဲ ပေးရမယ်ဆိုပဲ။ အဓိကက သူတို့မှာ လူမရှိဘူး။ ဒါကြောင့် သူတို့အင်အားရှိအောင်နဲ့ လျှောက်လွှာတင်တဲ့အဖွဲ့တွေက အင်အားသူတို့ထက်ကောင်းတော့ နယ်မြေမှာ MOD အောက်က တရားဝင်ဖြစ်လာရင် သူတို့က နေရာယူရုံ ယူထားသူတွေ ဆိုတော့ နေရာပျောက်မှာလဲ စိုးတာကြောင့်ပေါ့ဗျာ။
အခုလို သိလိုက်ရတော့ MOD က ဖင်ခေါင်းကျယ်တာမဟုတ်ဘူး ဂျင်းထည့်ခံနေရတာ။ အဓိက MOD က ယုံကြည်လို့ တာဝန်ပေးလိုက်တဲ့ မြေပြင်မှာရှိတဲ့ NLD အမတ် ဒါမှမဟုတ် NLD ပါတီဝင်က သူနဲ့နီးစပ်ရာ သူတွေသူတို့နဲ့ အဆင်ပြေတဲ့ သူတွေကို ထောက်ခံပြီး ပကဖတွေအဖြစ် ခန့်ထားလိုက်တာကြောင့် သူတို့က စည်းရုံးရေး နားမလည်ဘဲ အာဏာ အလွဲသုံးစားလုပ် သူတို့ကိုယ်ကျိုးအတွက် အာဏာပါဝါ ပြဖို့ အထက်ကိုပြန် ဂျင်းထည့်နေတာကို ခံနေရတာ ဖြစ်နေတာကိုးဗျ။
အဓိကပြဿနာက MOD က လူကြီးတွေက အောက်ခြေမှာ ဘာတွေ ဖြစ်နေတယ်၊ ဘာတွေလုပ်နေတယ်ဆိုတာကို သူတို့ခန့်ထားတဲ့ သူတွေက အစီရင်ခံတာ ပြောတာကိုသာ ယုံကြည်ပြီး ဆုံးဖြတ်ချက်တွေ ချနေရတဲ့ အနေအထား ဖြစ်နေလို့ပါပဲ။ နောက်တခုက သူတို့လူတွေကို အပြန်အလှန် ထိန်းကျောင်းကြပ်မတ်ရမဲ့ တခြားရင်းမြစ် မရှိတာလည်း ပါတယ်။ ဒါကြောင့် MOD အောက်မှာနေပြီး သေနတ်ကြီး တကားကားနဲ့ ပြည်သူတွေကို ခြိမ်းခြောက် ငွေကောက်နေတာတွေ၊ တိုက်ပွဲတွေ ဖြစ်လာရင် ဒေသခံတွေက ခေါက်ချိုး၊ လက်လုပ်၊ ပြောင်းချောတွေ၊ မိုင်းတွေအားကိုးနဲ့ တိုက်နေကြပြီး ပကဖတွေက အော်တိုသေနတ်တွေ ရှိရက်နဲ့ လှည့်ပတ်ပြေးနေတာ MOD က မသိနိုင်ဘူးဖြစ်နေတာပေါ့။
အကောင်းဆုံးက မြေပြင်က ဒေသခံအဖွဲ့တွေကို MOD က မထောက်ပံ့နိုင်သေးရင်တောင် သူတို့နဲ့ Zoom Meeting ခေါ်ပြီးတွေ့ဆုံ မေးမြန်းသင့်တယ်။ ကျနော်လည်း ခဏခဏ ပြောခဲ့ရေးခဲ့ဖူးပါတယ်။ အဖွဲ့ကြီးငယ်မဟူ တဖွဲ့နဲ့တဖွဲ့ကို ရင်းနှီးမှုတည်ဆောက်သင့်တယ် ပွင့်လင်းမြင်သာမှု ရှိသင့်တယ်၊ အပြန်အလှန် လေးစားမှု (Mutual respect) ရှိရမယ်။ ဒါမှ ချို့ယွင်းချက်တွေ သိမယ်၊ ပြင်နိုင်မယ် တိုးတက်မှု ရမယ်ပေါ့။ ကိုယ်ခန့်ထားတဲ့လူတွေကိုပဲ ဆက်သွယ်နေမယ်၊ ဒီလူတွေပြောသမျှကိုပဲ ယုံနေမယ်ဆိုရင်တော့ အောက်ခြေမှာ ဘာမှားနေလဲ ဆိုတာ သိလာမှာ မဟုတ်သလို ဆုံးဖြတ်ချက်အမှားတွေ သူခိုးဒါးရိုးကမ်းတာတွေပဲ ဖြစ်လာနိုင်ပါတယ်။
MOD အနေနဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေကို အစည်းအဝေးလုပ်ရင် ဝိုင်းအကူအညီတောင်းတာကို မပေးနိုင်တဲ့အတွက် ရှောင်နေတာ ထက်စာရင် ဒီအဖွဲ့အစည်းတွေကို တလတခါလောက် အစည်းအဝေးခေါ်ပြီး သူတို့ ဘာအခက်အခဲတွေ ဖြစ်နေတယ် MOD က ဘာတွေ ကူညီနိုင်တယ် ဘာတွေ မကူညီနိုင်ဘူးဆိုတာ ပြောနိုင်သလို နှုတ်၏ စောင်မခြင်း၊ လက်၏ စောင်မခြင်းတို့ကိုလည်း လုပ်ဆောင်ပေးနိုင်ပြီး သူတို့အဖွဲ့တွေကို မိမိတို့ကာကွယ်ရေးဝန်ကြီး ဌာနကအလေးထားတယ် အသိအမှတ်ပြုဆက်ဆံတယ်ဆိုတဲ့ သဘောလည်း ရောက်တဲ့အတွက် စည်းရုံးပြီးသားလည်း ဖြစ်ပါတယ်။ နောက်တခု စဉ်းစားသင့်တာက တော်လှန်ရေး မအောင်သေးပါဘူး။ အစိုးရလည်း တကယ်မဖြစ်သေးပါဘူး။ ဒါကြောင့် အစိုးရ တကယ်ဖြစ်လာဖို့ တော်လှန်ရေး အရင်အောင်အောင်လုပ်ရပါ့မယ်။ တော်လှန်ရေး အောင်မြင်အောင် တော်လှန်ရေး အဖွဲ့တွေကို စည်းရုံးရပါ့မယ်။ ကိုယ့်ပါတီအဖွဲ့အစည်းက အမတ်တိုင်းကို မဆိုလိုပေမဲ့ အမတ်တွေထဲမှာ အရည်အချင်းကြောင့်ထက် ပါတီအမည်ကြောင့် ပြည်သူက မျက်စိမှိတ်ပြီး မဲပေးခဲ့လို့ အရည်အချင်း မရှိပေမဲ့ အဖားကောင်းလို့ အကပ်ကောင်းလို့ အမတ်ဖြစ်လာသူတွေလည်း ရှိပါတယ်။
ဒီလူတွေဟာ အထက်ဖား အောက်ဖိ လုပ်ဖို့ကလွဲလို့ အခြား လောက်လောက်လားလား မလုပ်တတ်တာကြောင့် သူတို့လိုလူတွေ ဦးဆောင်နေရင် တော်လှန်ရေး ကြာရှည်လာမှာ ကျိမ်းသေနေပါတယ်။ ဒါကြောင့် မိမိအသက်ကို စွန့်ပြီး တိုက်နေတဲ့ဒေသခံတော်လှန်ရေးအဖွဲ့တွေကို ကိုယ်က မထောက်ပံ့နိုင်တောင် အသိအမှတ်ပြုတာလောက်လေးတော့ လုပ်ပေးသင့်တယ်။
မြေပြင်ဆင်းပြီး မစည်းရုံးနိုင်သေးသ၍ တော်လှန်ရေးဟာ အရှိန်အဟုန် ရလာပြီး ညီညွတ်လာဖို့ ခက်ပါတယ်။ မြေပြင် မဆင်းနိုင်ရင်တောင် အသက်စွန့် တိုက်နေတဲ့သူတွေကို ဆက်သွယ်ပြီး ခွန်အားပေးသင့်ပါတယ်။ ဆက်သွယ်အားပေးခြင်း၊ သူတို့ကို အစည်းအဝေးခေါ်ပြီး အားပေး စကားပြောကြားခြင်းဖြင့် သူတို့တိုက်ပွဲဝင်နေမှုကို စိတ်ခွန်အားပေးသင့်ပါတယ်။ MOD အနေနဲ့ ဒီကိစ္စကို ပေါ့ပေါ့ဆဆ မထားဘဲ လုပ်ဆောင်သင့်တယ်လို့ အကြံပြုလိုက်ပါတယ်။
ထွန်းအောင်ကျော် (၇၄ မျိုးဆက်)

=====

မနေ့က .. အာဠာဝက LpDF က AK အလက် ၁၀၀ ကိုယ်တိုင်လုပ်မယ် ဆိုပြီး ကမ်ပိန်းလုပ်တယ်။ အရမ်း စောလွန်း မနေဘူးလား
PSPT ပြည်သူ့စစ်သားထုတ်လုပ်ရေးအဖွဲ့ ဆိုတာလည်း အသံရော ပေ့ချ်ရော ပျောက်နေတယ်။ လျှို့ဝှက်လုပ်နေတယ်ဆိုလည်း PDF တွေ လက်ထဲ အကောင်အထည် တခုခု တွေ့ရတယ်။ အခုတော့ မတွေ့ရဘူး
လန စမ်းသပ်ရင်း ကျဆုံးတာ၊ ကျည် ထောင်ကျော် စကစ ဖမ်းမိတာ ၊ စခန်းသိမ်းခါနီးမှ ကျည်မရှိလို့ နောက်ပြန်ဆုတ်ရတဲ့ သတင်းတွေဟာ ကျည် ပြသနာကို ၂ နှစ်နီးပါး ပြသနေတယ်။ 
ဘယ်မှာလဲ ကျည် ...ထုတ်လုပ်ရေး ? စစ်ကိုင်းက PDF တွေ ခဲယမ်း ပြတ်လပ်နေတာ .. သတင်းတွေ ဖတ်ရတယ်။ ကျည် ပြသနာကို မဖြေရှင်းနိုင်ရင် AK ဟာ ဒုတ်တချောင်းထက် မပိုဘူး။ ဒါဲအတွက် ရိုင်ဖယ်ပြောင်းတပ် ဆုံလည်တူမီး ဟာ ကျည်ပြသနာရဲ့ အဖြေပဲ။ ဒါပေမယ့် ဒီဇိုင်းသစ် တီထွင်ဖို့လိုတယ်။ ဒီဇိုင်းသစ် ရဖို့ဟာ LpDF တွေ မလုပ်တတ်ဘူး။ အမေရိကန်က NUG ဝန်ကြီးတွေက ဦးဆောင်ပြီး အမေရိကန်မှာ သုတေသန ဝပ်ရှော့တခု တည်ထောင်ရမယ်။

NUG ဟာ ပြည်တွင်းပြည်ပက အင်ဂျင်နီယာတွေကို စုစည်းပြီး ပြည်ပအခြေစိုက် R&D Workshop တွေ လုပ်ဖို့ လက်တံခြေတံရှည်ပေမယ့် အဖြစ်မရှိခဲ့ဘူး။ 3D printer တွေနဲ့ Prototype တွေ ဆောက်ပြီး အလွယ်တတူ တီထွင် စမ်းသပ် နိုင်ပါရက်နဲ့ အဖြစ်မရှိခဲ့ဘူး။ တောထဲမှာ ပစ္စည်း ကိရိယာ လျှပ်စစ် ရှားပါး မပြည့်စုံသူတွေက လုပ်ကြရမယ်
NUG MOD ကို ကိုယ်တိုင် သုတေသနပြု၊ ထုတ်လုပ်ဖို့ကို ပြောနေတာ ၂ နှစ်ကျော်ပြီ ။ NUG ဟာ ထုတ်လုပ်ရေးအတွက် ရှေ့က စတင်တီထွင်မှုကို ဖြစ်ဖြစ်မြောက်မြော​က် မလုပ်ခဲ့တာ တွေ့ရတယ် ။ LpDF တွေရဲ့ နောက်လိုက်ဘဝရောက်နေတယ်။ ခုမှ ... LPDF က သနထုတ်တာကို .. အားပေးဖို့ စတင်တယ်။
ဦးရည်မွန်က NUG က လနထုတ်လုပ်ရေး ခရီးရောက်နေပြီဆိုလို့ ဝမ်းသာနေတာ လက်စသပ်တော့ LpDF ထုတ်မယ့် အလက် ၁၀၀ ကို ပြောဒါကိုး 😀😀 NUG ဟာ လေဖြတ်နေတဲ့ အဘိုးအိုကြီးလို ခြေတရွတ်ဆွဲ လိုက်နေတယ်။ 
မှောင်ခို လနတွေ ဝယ်ဖို့ လောက်ပဲ အာရုံစိုက်နေတယ်။ သူများနှာခေါင်းပေါက်နဲ့ အသက်ရှုနေတယ်။ အဲ့ နှာခေါင်းပေါက်တွေကလည်း တရုပ်လက်ခုပ်ထဲမှာ။ ဘာကို ဆိုလိုသလဲ သဘောပေါက်တယ် မဟုတ်လား။ 
ပထမတော့ NUG ဟာ ဖရီးမေဆင်လို အရမ်းတွေ လှျို့ဝှက်ထားတယ် ထင်ခဲ့တယ်။ထောက်ပို့လမ်းကြောင်း အဖြတ်ခံရမှာ စိုးလို့ အရမ်းတွေ လှျို့ဝှက်နေတယ် ထင်ခဲ့တာ။
မနေ့က live ကို ကြည့်ပြီးတော့မှ ... အထင်ကြီးခဲ့တဲ့ ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်မိတယ်။ လခွမ်း .. အဖိုးတန်တဲ့ ငါ့အချိန်တွေ ဟာ အလဟဿ ကုန်ခဲ့ပါလား

===



အကြံပြုတာ ၁ နှစ်ကြာမှ အကောင်အထည်ဖော်တာ သိပ်မမြန်လွန်း
ဘူးလား.. ဒါတောင် အပြည့်အဝ မလုပ်သေးဘူး.. မြေပြင်အလုပ်မို့ ဆိုလဲ ခက်တယ် ထားပါတော့ .. ကွန်ပြူတာရှိရင် လုပ်ရတာကို ဖင့်နွဲ့နေကြတာ .. လေပါတယ် 
https://minthitburma.blogspot.com/2022/03/blog-post_31.html

https://minthitburma.blogspot.com/2023/01/prf.html

အဲ့အကြံပြုစာတွေ မဖတ်ရဘူးတော့ မလုပ်နဲ့နော်။ ဖတ်ပြီး ပစ်ထားတာ





Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား