နိုင်ငံရေး သုံးသပ်သူတွေ တလွဲ ကောက်ယူနေကြတဲ့ အချက် (၃) ချ

နိုင်ငံရေး သုံးသပ်သူတွေ တလွဲ ကောက်ယူနေကြတဲ့ အချက် (၃) ချက်က ..
(၁) မအလဟာ သမတ လုပ်ချင်လို့ PR ရွေးကောက်ပွဲကို စီစဉ်နေတယ် .. ဆိုတဲ့ အချက်။ မှားတယ်။ မအလဟာ ၂၀၂၀ နိုဝင်ဘာ မတိုင်ခင်က သမတ ရူးတာ မှန်တယ်။ ဒါပေမယ့် ၂၀၂၁ နောက်ပိုင်းမှာ သမတ မရူးတော့ဘူး။ နှစ် ၂၀ အာဏာရှင် လုပ်ဖို့ ဘာမဆိုလုပ်တော့မယ်။ ရွေးကောက်ပွဲ ကို သန်ခေါင်စာရင်း၊ စမတ်မှတ်ပုံတင် ကိစ္စတွေနဲ့ အကြောင်းပြ အချိန်ဆွဲ မှာ ဖြစ်တယ်။ အခြေအနေ ငြိမ်ရင် .. ခြေဥ အသစ်ရေးမယ်ာပြောမယ်။ ဒုတိယ သန်းရွှေ ဖြစ်ချင်တာ။
(၂) သန်းရွှေဟာ မအလကို ကြိုးကိုင်နိုင်တယ်။ ... ဆိုတဲ့အချက်။ မှားတယ်။ စစ်တပ်မှာ တပ် လက်မဲ့ အငြိမ်းစားတယောက်ဟာ လက်ရှိကာချုပ်ကို ဘာမှ ဩဇာမရှိတော့ဘူး။ လက်ရှိကာချုပ်ဟာ သူတို့ကို ဟန်ပြ အသုံးချတာပဲရှိတယ်။ ဒါကို မသိပဲ ဒေါ်စုဟာ ရွှေမန်း လော်လို့ သန်းရွှေကို ပြေးကပ်တာ အသုံးမဝင်ဘူး။ အာဏာဟာ သေနတ်ပြောင်းဝမှာ ရှိတယ်။ ၂၀၁၀ ဝန်းကျင်မှာ သန်းရွှေ ဩဇာခံ သူတွေ မအလ အနိးအနားမှာ ကပ်ပြီး ချုပ်ထားပေမယ့် ၁၀ နှစ်အကြာမှာ မအလဟာ "ဖြုတ်ထုတ်ပြောင်း "နည်းနဲ့ သူ့ရဲ့ အာဏာနီကို ထူထောင်ပြီးပြီ
(၃) မအလ အာဏာသိမ်းတာ မအလ စဝ စစ်ဗိုလ်ချုပ် တသိုက် အကျိုးစီးပွားကြောင့် လို ထင်နေတာ တချက်။ တဝက်ပဲ မှန်တယ်။ တဝက် ကျန်နေသေးတယ်။ အာဏာသိမ်းတာ သန်းရွှေခေတ်တုန်းက DSA တက်နေတဲ့ ဗိုလ်လောင်းတွေ ၊ လက်ရှိ ဒုဗိုလ်မှူးကြီးနဲ့ အထက်တွေ ရဲ့ အကျိုးစီးပွားကြောင့် ဖြစ်တယ်။ သူတို့ဟာ DSA တက်တာ နိုင်ငံကို ကာကွယ်ဖို့ မဟုတ်ဘူး။ နဝတ နအဖခေတ် က တဝတပြဲ စားကြဝါးကြတဲ့ စစ်အုပ်ချုပ်ရေး စားဂွင်ကြီးကို သွားရည်ကျနေလို့ပဲ ဖြစ်တယ်။ လွှတ်တော်တက်ပြီး လခ ၂ ထပ်ထုတ်နေတာလောက်ကို မကျေနပ်ဘူး။ သူတို့ဟာ ဒုတိယ ခရိုနီအင်ပါယာကို ထူထောင်ချင်ကြတယ်။ ၃-၄ နှစ်နဲ့ ဘယ် ဝမလဲ ဘယ်ဆင်းမလဲ ခရိုနီဟောင်းတွေဆီက လုပ်ကွက်လုရဦးမယ်။ ခု သိမ်း ခုဆင်းရအောင် အရူးမှ မဟုတ်တာ။
▪️
၂၀၀၈ ခြေဥကို တကယ်ဖက်တွယ်နေတာ သန်းရွှေ အုပ်စု ဖြစ်တယ်။ သန်းရွှေဟာ နေဝင်း နေဝင်ခဲ့လို မဖြစ်ချင်လို့ ၊ မအလကို ဒုတိယသန်းရွှေ မဖြစ်စေချင်ဘူး။ သန်းရွှေဟာ ဒီမိုကရေစီလည်း မပေးချင်ဘူး။ ဖက်ဒရယ်ဆို ပိုဝေး။ သန်းရွှေဟာ သေနတ်ပြောင်း ကို မပိုင်၊ ဩဇာခံလည်း မရှိတော့ .. တရုပ်အားကိုးနဲ့ မအလကို ၂၀၀၈ ခြေဥထဲ ပြန်သွင်းတာ။ တရုပ်ရဲ့ ဒုတ်က မြောက်အဖွဲ့တွေ ဖြစ်တယ်။ ဒုတ်တချက်ပြပြီး မအလကို ခြိမ်းခြောက်တယ်။ မအလက ရုရှပြေးကပ်တယ်။ တရုပ်က မုန့်ကျွေးတယ်။
တရုပ်ကလည်း NLD ကို ၂၀၀၈ ခြေဥထဲ ပြန်သွင်းလိုတယ်။ ဒီပွဲဟာ တရုပ်- သန်းရွှေ အတွဲ က တဖက်၊ မအလ က တဖက် ဖြစ်နေတာပါ။
နှစ်ဖက်စလုံးက မဖက်ဒရယ်ဘူး။ မဒီမိုဘူး။ သူတို့ အကျိုးစီးပွားအတွက် ..
(၂၀၀၈ ခြေဥကို လက်တလုံးခြားလုပ် အာဏာထိန်းသလိုလို သိမ်းသလိုလို လုပ်နေတဲ့ ) .. မအလ စကစကို ရော ၊ ( ၂၀၀၈ ခြေဥဂွင်ထဲ ကျုံးသွင်းမခံ တော့တဲ့) NLD ရောကို .. ပြန်လည် ကျုံးသွင်းနေတာ ဖြစ်တယ်။  သူတို့က PR ရွေးကောက်ပွဲလုပ်ပြီး NUG ဟာ အလိုလို တရားမဝင် ဖြစ်သွားမယ် လို့ ယူဆကြတယ်။ UN၊ EU ၊ US ကတော့ PR ရွေးကောက်ပွဲအသစ် လက်မခံ တရားမဝင်လို့ ကြေညာတယ်
တရုပ်က ဘိုနေမြဲ EAO နေမြဲ .. စစ်ကျွန် ဖြစ်မြဲ.. တရုပ်ကျွန်ဖြစ်မြဲ .. သန်းရွှေ စာဖတ်မြဲ ကို ရည်ရွယ်ကြတာ ဖြစ်တယ်။ ဒီပွဲမှာ EAO တွေ ဆုံးဖြတ်ဖို့က NUG ဘက် ပုံအော မလား၊ တရုပ်- သန်းရွှေ တီးလုံးနဲ့ တွေဝေ မျောလိုက်ပြီး ... အပစ်ရပ် ၊ အထူးဒေသယူ၊ ၂၀၀၈ ခြေဥ ရေးတဲ့ ညောင်နှစ်ပင် တက်၊ မိစ္ဆာကို time and space အချိန်နဲ့ ဘောင်ချဲ့ခွင့် ပေး ခဲ့တဲ့ အမှားကို ထပ်မှားကြဦးမလား ဆိုတာပဲ


Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား