NLD ဟာ အကြမ်းဖက်သလား

NLD ဟာ အကြမ်းဖက်သလား လို​့ မေးရင် ..
NLD ဟာ ပါတီအနေနဲ့ တော့ ဘယ်တော့မှ အကြမ်းမဖက်ဘူး။ 
ခုလည်း အကြမ်းမဖက်ဘူး။ 
အရင်ကလည်း အကြမ်းမဖက်ဘူး။ 
နောင်လည်း အကြမ်းမဖက်ဘူး

ဒါပေမယ့် .. 
အစိုးရ ဖြစ်သွားတဲ့ NLD ပါတီဝင်တွေဟာ အကြမ်းဖက်တယ်။ 
လွှတ်တော်ထဲ ရောက်သွားတဲ့ NLD ပါတီဝင်တွေဟာ အကြမ်းဖက်တယ်။  
စစ်မှုမထမ်းမနေရ တာဝန်ပေးခံရတဲ့ NLD ပါတီဝင်တွေဟာ အကြမ်းဖက်တယ်။

NLD မှ မဟုတ်ဘူး ဒီကမ္ဘာပေါ်က ဘယ်ပါတီ မဆို အစိုးရဖြစ်တဲ့အခါ အကြမ်းဖက်တာချည်းပဲ။  လက်နက်ဝယ်ဖို့ ဘက်ဂျက်တွေ ချပေးတယ် ..  ဒေါ်စုလည်း သူ့အစိုးရ လက်အောက်ခံ မအလတပ်က ရိုဟင်ဂျာ ကို အကြမ်းဖက်မှုကြောင့် ICJ တက်ရောက်ပြီး ဖြေရှင်းရတယ် မဟုတ်လား။ တေမိမင်းသားလည်း အကြမ်းဖက်ရမယ့် "မင်း " မလုပ်ချင်လို့ ဆွ့ံ့ချင်ယောင်ဆောင်ပြီး တောထွက်ရဟန်းပြုရတယ် မဟုတ်လား။ 

အမေရိကန်မှာ ရီပက်ပလီကင်ပါတီရော၊ ဒီမိုကရက်ပါတီရော အကြမ်းဖက်မူဝါဒမရှိဘူး .. ဒါပေမယ့်  အစိုးရဖြစ်လာတဲ့အခါ  ဒရုန်းနဲ့ ပစ်ပြီး အကြမ်းဖက်tတ်ဖြတ်တာ၊ လုပ်ကြံရေးအဖွဲ့တွေ လွှတ်ပြီး လုပ်ကြံtတ်ဖြတ်တာ ဒင်းကြမ်းပဲ။ သမုဒ္ဒရာခြားနေတဲ့ အမေရိကန် ဟာ သူ့လုံခြုံရေး အတွက်ဆိုပြီး အာရပ်တခွင် ပြဲပြဲစင်အောင် စစ်တိုက်ခဲ့တာ အကြမ်းဖက်တာ မဟုတ်လို့ ပန်းနဲ့ပေါက်တာလား

စန္ဒာမင်း၊ တိုးလွင်၊ ကိုကိုကြီးကို မအလက စစ်မှုမထမ်း မနေရ ဆင့်ခေါ်ပြီး မလာရင်  စစ်ပြေးမှုနဲ့  အရေးယူခံရမယ် လို့ ခြိမ်းခြောက်ရင် လက်နက်ကိုင်ပြီး လူtတ်ကြမှာ သေချာတယ်
 

Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား