အငြင်းပွားစရာ သမိုင်းကြောင်းတွေ၊ အမုန်းစကား မပြောပဲ ဖက်ဒရယ် ဒီမိုကရေစီကို တည်ဆောက်နိုင်တဲ့ အရည်အချင်း

အငြင်းပွားစရာ သမိုင်းကြောင်းတွေ၊ အမုန်းစကား မပြောပဲ ဖက်ဒရယ် ဒီမိုကရေစီကို တည်ဆောက်နိုင်တဲ့ အရည်အချင်း

ကချင် KIO နဲ့ တအေင်း PSLF က "အငြင်းပွားစရာ သမိုင်းကြောင်းတွေ၊ အမုန်းစကား မပြောပဲ " ( ..... ) အာဏာရှင်ကို တော်လှန်မယ် ဆိုတော့ ဝမ်းသာတယ်ဗျာ

ဒါပေမယ့် ကချင်နဲ့ တအောန်းကြားမှာပဲ ဒီလို သဘောထားရှိပြီး ... ဗမာအပေါ်မှာတော့ ပဒေသရာဇ် နောက်ပြန်စွဲ စိတ္တနာတွေနဲ့ ဗမာလူမျိူးကြီးဝါဒ တံဆိပ်ပြီး ဗမာကို စော်ကားနေတာတော့ မကောင်းပါဘူး

ဖြစ်သင့်တာက ဒီပြည်ထောင်စုထဲက လူမျိုးတွေ အားလုံးဟာ " အငြင်းပွားစရာ သမိုင်းကြောင်းတွေ အစ မဖော်ပဲ၊ လူမျိုးရေး အမုန်းစကား မပြောပဲ" ဖက်ဒရယ် ဒီမိုကရေစီကို တည်ဆောက်နိုင်တဲ့ အရည်အချင်း တွေရှိကြဖို့ လိုတယ်။

ဒါကြောင့် နိုင်ငံသား အခြေပြု ဖက်ဒရယ်ကို သွားကြဖို့လိုတယ်။

လူမျိုးစွဲ ဖက်ဒရယ် ကို သွားရင်တော့ "အငြင်းပွားစရာ သမိုင်းကြောင်း " ဟာ ဘယ်သူမှ မရှောင်လွဲနိုင်ဘူး။ ဥပမာ ကချင်တွေက ကချင် sub-state ကို တအောင်းနယ်တွေထဲမှာ ပါဝင်နေတယ် ပြန်လိုချင်တယ် ဆိုတာမျိုး။

ဒါတွေကို နိုင်ငံသား အခြေပြု ဖက်ဒရယ်မှာပါ တခါထည်း မေ့ပစ်လိုက်ဖို့ လိုတယ်။

သူတိူ့သဘော တူညီချက်က ကချင်လူမျိုးကြီးဝါဒ လို့ မပြောကြေး၊ တအောန်း လူမျိုးစွဲဝါဒလို့ မပြောကြေး၊ ကချင်sub state ကိစ္စ မပြောကြေး.. အဲ.. ဗမာကိုတော့ ပြောချင် ပြောလို့ ရတယ် ဆိုတာ ဖြစ်နေရင် တော့ ... မဟုတ်သေးဘူး

အမုန်းစကား ဆိုတာမှာလည်း "လူမျိုး ဘာသာ အမုန်းစကား " ဆိုပြီး နာမဝိသေသန တပ်သင့်တယ်။ ဒါ့အပြင် CRPH က လူမျိုး ဘာသာ အမုန်းစကား ကို ရာဇဝတ်မှုအဖြစ် ပြဒါန်းသင့်တယ်။ 

ဒါပေမယ့် အမုန်းစကား ဆိုတိုင်း ဝါးလုံးတန်း ရမ်း- ဘန်း မယ့် ဥပဒေတော့ မဖြစ်သင့်။ တော်ကြာ မအလကိုပါ မုန်းကြောင်း ၊ သူခိုး ဒမြ လူလိမ် မကောင်းကြောင်း မပြောရဆိုတာ ဖြစ်လာတတ်တယ်။ 

ဒါကြောင် " အမုန်းစကား "ဆိုတဲ့ ဝေါဟာရဟာ တလွဲဆံပင်ကောင်းတတ်တယ်။ ဘာကို မုန်းတာလဲ တိတိပပ ရေးသင့်တယ်။
 

Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား